နိုင်ငံတော် (သို့မဟုတ်) လူဖြစ်ရကျိုးနပ်သောနေရာ
နိုင်ငံတော် (သို့မဟုတ်) လူဖြစ်ရကျိုးနပ်သောနေရာ
"နိုင်ငံတော်"ဆိုသောစကားလုံး၏ အနက်အဓိပ္ပါယ်ကို လူထုသည် သိရန်ခံစားရန် လိုအပ်သည်။ " နိုင်ငံရေး" သို့မဟုတ် "အာသာဘေဒ" သည် ကိုယ်နှင့်မဆိုင်"၊ "နိုင်ငံရေး"သည် ထမင်းမစားရသောကိစ္စဟု အသိအမြင်အနည်ထိုင်နေသည့် လူ့အသိုက်အမြုံအတွက် နိုင်ငံတော် ဆိုသည့် အဓိပ္ပါယ်ကို သိရန်ပိုလိုအပ်သည်။
(State) ဟူသော စကားလုံး ဝေါဟာရ၏ အဓိပ္ပါယ်အား နိုင်ငံရေးသိပ္ပံဘာသာရပ်ဘက္မှ နိုင်ငံတော်ဟုသာ ဘာသာပြန်ဆိုသည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်ဘက္မှ State ဟူသော အဓိပ္ပါယ်သည် Nation၊ Country စသည့်စကားလုံးများနှင့် အနှစ်သာရ အတူတူဖြစ်သည်။ သို့သော် မြန်မာ့လူ့ဘောင်တစ်ခုလုံးသည် State ဟူသော စကားလုံး၏ အဓိပ္ပါယ်ကို "ပြည်နယ်" ဆိုသည့် အဓိပ္ပါယ်အောက်တွင် ပိတ်မိနေ ခ့ဲသည်မှာ ဆယ်စုနှစ်များစွာ ရှိနေ ခ့ဲပြီဖြစ်သည်။ ရခိုင့်လူ့ဘောင်သည်လည်း ထိုအဓိပ္ပါယ်အောက်တွင် ပိတ်မိနေ ခ့ဲသည်။ State ဟူသော ဝေါဟာရ၏ အဆင့်အတန်းသည် Nation၊ Country ဟူသော ဝေါဟာရတို့ထက် နှိမ့်သည်ဟုသာ ထင်နေ ခ့ဲသည်။
နိုင်ငံဟူသော ဝေါ်ဟာရနှင့် ပတ်သက်၍ ဘာသာဘေဒဘက္မှ ကြည့်လျှင် Nation သည် လက်တင်ဘာသာစကား ('Natio' မွေးဖွားခြင်း)ဟူသော စကားလုံးမှ ဆင်းသက်လာသည်။ Country သည် လက်တင်ဘာသာစကား ('Contrata terra' ရင်ဆိုင်ရပ်တည်နေခြင်း) ဟူသော စကားလုံးမှ ဆင်းသက်သည်။ State သည် လက်တင်ဘာသာစကား ('Status' ရပ်တည်နေ သော တည်ရှိနေ သော အခြေအနေ) ဟူသော စကားလုံးမှ ဆင်းသက်သည်။ ပါဠိဘာသာ အရ ဒေသ၊ ဌာန စ သော စကားလုံးများသည်လည်း တိုင်းပြည် နိုင်ငံဟူသော အဓိပ္ပါယ်မျိုး ထွက်ပါသည်။ ပါဠိဘာသာစကား နိဂါမ (Niggama) နှင့် သက္ကတစကား နာရ္ဂံ (Nirgam)သည် ("ရှေ့သို့ ဆက်သွားနေခြင်း") နှင့် (နိုင်ငံတော်) ဟူသော အဓိပ္ပါယ်ရပါသည်။
သို့ဖြစ်၍ နိုင်ငံဟူသောစကားလုံးသည် " ရှင်သန်ရပ်တည်နေ သော၊ ရှင်သန်ရန် ရှေ့ကို ဆက်လက်လှုပ်ရှားနေရ သော နေရာ၊ ဒေသ" ဟူ၍ ဘာသာဘေဒ ဘက္မှ အဓိပ္ပါယ်ရသည်။ ဥပမာ- ဂျပန် နိုင်ငံ ဆိုလျှင် ဂျပန်လူသားမျိုးနွယ်များ ရှင်သန်ရပ်တည်နေ သော၊ ရှင်သန်ရန် ရှေ့ကို ဆက်လက် လှုပ်ရှားနေရ သော နေရာ၊ ဒေသ ဟူသော အဓိပ္ပါယ်ဖြစ်သည်။
ရှင်သန် ရပ်တည်မှု နှင့် ရှင်သန်ရန် ဆက်လက်လှုပ်ရှားနေမှု
ရှင်သန် ရပ်တည်မှုနှင့် အသက်ရှင်သန်ရန် ရုန်းကန်လှုပ်ရှားနေမှုသည် "ဘဝဖြစ်စဉ်" ဖြစ်သည်။ " ဘဝဖြစ်စဉ်" ဟူသည်ကား "စား၊ ဝတ်၊ နေ ရေး ဖြစ်စဉ်" ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံဟူသည် " လူမ်ား၏ စား၊ ဝတ်၊ နေ ရေး ဘဝဖြစ်စဉ်အတွက် ရှင်သန် ရုန်းကန်လှုပ်ရှားနေရ သော နေရာ၊ ဒေသ" ဖြစ်သည်။ ထပ်၍ ဥပမာပြုရ သော်- ဂျပန် နိုင်ငံဟူသည် ဂျပန်လူသားမျိုးနွယ်တရပ်၏ စား၊ ဝတ်၊ နေ ရေး ဘဝဖြစ်စဉ်အတွက် ရှင်သန်ရုန်းကန်လှုပ်ရှားနေရသော နေရာ၊ ဒေသဖြစ်သည် ဟူသော သဘောပင်။
မည်သည့်လူသားတိုင်းမဆို မိမိတို့၏ စား၊ ဝတ်၊ နေ ရေး ဘဝဖြစ်စဉ်အပေါ်တွင် မ တောင့်မတ၊ မကြောင့်မကြ ဘဲနေလိုကြသည်။ ရှင်သန်လိုကြသည်။ မိမိ၏ စားရေး၊ ဝတ် ရေး၊ နေ ရေး အပေါ် ပြည့်စုံ ဖူလုံလိုကြသည်။ မိမိ၏ ရှင်သန်မှုကို ထိခိုက်ပျက်စီးယုတ်လျော့ သွားမည့် အခြေအနေမျိုးကို မလိုလားကြ။ မည်သည့်လူသားတိုင်းမဆို ယင်းသို့ အာသာဆန္ဒရှိကြသည်။ သို့ဖြစ်၍ နိုင်ငံရေးဟူသော ဝေါ်ဟာရအား သက္ကတဘာသာတွင်
အာသာချက္ကရ/ အာသာဘေဒ (Arthashastra/ Arthaveda) ဟုလည်းခေါ်ကြသည်။( အာသာ (Artha)= စိတ်ဆန္ဒ၊ ချက္ကရ၊ ဘေဒ( shastra/ veda)= သီအိုရီ/ သ ဘောတရား) ဖြစ်သည်။ လူမ်ား၏ စား၊ ဝတ်၊ နေ ရေး ဘဝ ဖြစ်စဉ်ပေါ်တွင် မ တောင့်မတ၊ မ ကြောင့်မကြဘဲ နေနိုင်ရန် စီမံခန့်ခွဲ ရ သော သ ဘောတရားသည် နိုင်ငံရေးဖြစ်သည်။
လူများသည် ထိုသို့ မ တောင့်မတ၊ မ ကြောင့်မကြဘဲ နေနိုင်ရန်အတွက် "အချုပ်အခြာ အာဏာ" ကို ဖန်တီးကြသည်။ အချုပ်အခြာ အာဏာအား ဖန်တီးပြီးနောက် စီမံခန့်ခွဲမည့် အုပ်ချုပ်သူအစိုးရလုပ်မည့်သူ အား တာဝန်ပေးကြသည်။ သို့ဖြစ်၍ အချုပ်အခြာ အာဏာ၏ ပင်ကို မူလ တာဝန်သည် "လူမ်ား၏ စား၊ ဝတ်၊ နေ ရေး ဘဝ ဖြစ်စဉ်ကို မ တောင့်မတ၊ မ ကြောင့်မကြ စေရန် ဆောင်ရွက်ရမည့် တာဝန်" ဖြစ်သည်။
နိုင်ငံတော် တည်ဆောက်ခြင်း (State Building)
နိုင်ငံတော်တည်ဆောက်ခြင်း ဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ဆောက်ခြင်းဖြစ်သည်။ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးသည် ဆိုသည်မှာ " ရှင်သန်နေထိုင်သော နေ့စဉ်လူမှုဘဝ၏စား၊ဝတ်၊နေရေး ဖြစ်စဉ် တိုးတက်ဖွံ့ဖြိုးမှုပင်" ဖြစ်သည်။ လူသားများအတွက် စား၊ဝတ်၊နေရေး အဆင်ပြေသော၊ ရှင်သန်နေထိုင်ရာနေ့စဉ်လူမှုဘဝအဆင်ပြေသော နေရာဒေသသည် နေထိုင်စရာကောင်းသော၊ လူဖြစ်ရကျိုးနပ်သောဒေသဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ခြင်းဟူသည် လူဖြစ်ရကျိုးနပ်သော နေရာ၊ ဒေသဖြစ်လာရန် တည်ဆောက်ရ သော ကိစ္စဖြစ်သည်။
နိုင်ငံရေး ဆိုသည့်ဝေါ်ဟာရအား နှစ်ဆယ်ရာစုအထိ " ဖိနှိပ်အုပ်ချုပ်သူအား ဖိနှိပ်ခံရသူများမှ ပြန်လည်တော်လှန်သည့် သ ဘော" မျိုးကို အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ သို့်သော် နိုင်ငံရေး အပေါ် အဓိပ္ပါယ်ဖွင့် ဆိုမှုသည် ထိုမ်ွ လောက်ဖြင့် ရပ်တန့်မနေဘဲ နှစ်ဆယ်တစ်ရာစုတွင် ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆိုလာကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံရေးအား
- လူအချင်းချင်းကြား ဟဇာတဖြစ်စေရန်နှင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရန် စီမံခန့်ခွဲနိုင်ခြင်း
- နေစဉ်ဘဝရှင်သန်မှုနှင့် လူမှုဘဝဖြစ်စဉ်အတွက် စိုးရိမ်မှုများ၊ လိုအပ်ချက္များ၊ တောင့်တမှုများ နည်းနိုင်သမျှနည်းရန် စီမံခန့်ခွဲနိုင်ခြင်း
- လူတစ်ဦးချင်း၏ အခွင့်အရေးနှင့် လူအမ်ား၏ အခွင့်အရေးကြားတွင် သဟဇာတဖြစ်စေရန် စီမံခန့်ခွဲနိုင်ခြင်း
- လူနည်းစု၏ အခွင့်အရေးနှင့် လူအမ်ား၏ အခွင့်အရေးကြားတွင် သဟဇာတဖြစ်စေရန် စီမံခန့်ခွဲနိုင်ခြင်း
- လူတစ်ဦးချင်း၏ ကောင်းမှုစက်ဝန်း၊ မွေးရာပါဗီဇစွမ်းရည်ပါရမီကို မြှင့်တင်နိုင်သော ထောက်ပံပေးနိုင်သော လူ့ပတ်ဝန်းကျင်ကို ဖြစ်စေရန် ဖန်တီးစီမံခန့်ခွဲနိုင်ခြင်း
- လူတစ်ဦးချင်းစီ၏ ပါရမီအလိုက်၊ ဆန္ဒအလိုက် အသက္မွေးမှုများကို ရွေးချယ်လုပ်ကိုင်နိုင်ပြီး ထိုအသက္မွေးမှုဖြင့် လူတန်းစေ့နေထိုင်နိုင်ရန်၊ လူ့ဂုဏ်သိက္ခာအပြည့်ဖြင့်နေထိုင်နိုင်ရန် စီမံခန့်ခွဲနိုင်ခြင်း
စသည့် အချက္များဖြင့် ဖွင့်ဆိုလာကြသည်။ ဤစီမံခန့်ခွဲမှုစံနှုန်းများမှာ- ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်ဖြစ်သည်။ ထိုစီမံခန့်ခွဲမှုစံနှုန်းများနှင့် ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်ကို လူ့အသိုက်အဝန်းတစ်ရပ်သည် မိမိတို့ဘာသာ မိမိတို့ပုံစံဖြင့် ဖန်တီးခွင့်သည်ပင်လျင် " ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်" ဖြစ်သည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် အချုပ်အခြာအာဏာကို တည်ထောင်ရသည်။ သို႔ျဖစ္၍ အချုပ်အခြာ အာဏာ၏ ပင်ကို မူလ တာဝန်သည် "လူမ်ား၏ စား၊ ဝတ်၊ နေ ရေး ဘဝ ဖြစ်စဉ်ကို မ တောင့်မတ၊ မ ကြောင့်မကြ စေရန် ဆောင်ရွက်ရမည့် တာဝန်" ဖြစ်သည်။ တနည်း လူဖြစ်ရကျိုးနပ်အောင် စီမံခန့်ခွဲရမည့် တာဝန်ဖြစ်သည်။ အချုပ်အခြာအာဏာ၏ ခက္မသုံးဖြာဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ မ်ား၏ မူလတာဝန်များသည် လည်း ထို့အတူဖြစ်သည်။
အောက်တွင် ဖေါ်ပြသော မေးခွန်းများသည် အာရက္ခဒေသ၏ လူမှုနေ့စဉ်ဘဝ စားဝတ်နေရေး ဘဝဖြစ်စဉ် အတွက် အရေးကြီးသော မေးခွန်းများဖြစ်ပါသည်။ ဤမေးခွန်းများကို စဉ်းစား၍ အဖြေရှာကြည့်ခြင်းပင်လျှင် နိုင်ငံတည်ဆောက်ရေး (State Building) အတွက် ပါဝင်ပတ်သက်နေခြင်းလည်းဖြစ်သည်။
အာရက္ခဒေသအတွင်း
- ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည်သည့်ပုံစံဖြင့် အုပ်ချူပ်ရေးအာဏာကို တည်ဆောက်ကြမည်နည်း။
- ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည်သည့်ပုံစံဖြင့် ဥပဒေ ျပဳရေးအာဏာကိုတည်ဆောက်ကြမည်နည်း။
- ပြည်သူလူထု၏ နေမှုထိုင်မှုဘဝ ကောင်းမွန်စေရန် မည့်သည့်ပုံစံဖြင့် တရားစီရင်ရေးအာဏာကိုတည်ဆောက်ကြမည်နည်း။
- ပြည်သူအချင်းချင်းကြားတွင် ဒီမိုကေရစီ၊ တန်းတူညီမျှမှု၊ လွတ်လပ်တရားမျှတမှုအတွက် မည်သို့သော ပဋိညာဉ်များကို ျပဳကြမည်နည်း။
- ပြည်သူ့နှင့် အာဏာသုံးရပ်ကြားတွင် မည်သည့်အချက်များကို ပဋိညာဉ်ပြုကြမည်နည်း။
ဤ ဆောင်းပါးအား အောက်တွင် ဖေါ်ပြထားသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ တပ်မှုးချုပ်မိန့်ခွန်းအချို့တဝက်ဖြင့် နိဂုံးချုပ်ပါသည်။
ရက္ခိုင့်လူ့ဘောင်
အာရကန်နယ်နိမိတ်ဒေသအသီးသီးတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးသည် အာရကန်ပြည်သူများသာဖြစ်ကြောင်း၊ ရက္ခိုင်ဒေသအတွင်း လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီအနှစ်သာရနှင့် လူမှုတရားမျှတမှုဆိုင်ရာအသီးအပွင့်များကို မခွဲမခြားခံစားခွင့်နှင့် လူဖြစ်ရကျိုးနပ်စေရမည်ဖြစ်ကြောင်းကို (11)ကြိမ်မြောက် တပ်တော်နိ့မိန့်ခွန်း စာမျက်နှာ (3)တွင် ဖေါ်ပြထားသည်။ ရက္ခိုင်သား ကံကြမ္မာကို ရက္ခိုင်သားလက်နဲ့ အလှဆင်နိုင်ရန် အမှီအခိုကင်းသည့် ရက္ခိုင်လူ့ဘောင်ကို တည်ဆောက်ခြင်းသည် ပြဿနာများအတွက် အကောင်းဆုံးအဖြေဖြစ်ကြောင်း၊ ဘိုးဘွားပိုင် ရက္ခိုင်မြေပြင်၊ဝေဟင်တွင် ရက္ခိုင့်အောင်လံကို လွတ်လပ်စွာလွင့်ထူနိုင်ရန်နှင့် က မၻာ့သမိုင်းတွင် အာရကန်သားများလူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်မှာ ရက္ခိုင်လူမျိုးတစ်ယောက်ချင်းစီ၏ ရင်ထဲမှလာသော ဆန္ဒ (Arakan Dream) ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း စာမျက်နှာ (5) တွင်ဖေါ်ပြထားသည်။
ရက္ခိုင့်လူမှုဘဝ သာယာ လွပ ေရး
ယခင်က တော်လှန်ရေးအတွက်စစ်ရေး၊ နိုင်ငံရေးကို ဦးစားပေးလုပ်ဆောင်နေရသော်လည်း ယခုအချိန်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့လုံခြုံရေးအပါအဝင် အခြားသောပြည်သူ့ဝန်ဆောင်မှုများ၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building)၊ အစိုးရယန္တရားတည်ဆောက်ရေး (State Building)၊ အစိုးရယန္တရားများ၊အင်စတီကျူးရှင်းများဖြင့် လည်ပတ်နိုင်ရေးတို့ကို တစတစ စတင်အကောင်အထည်ဖေါ်နေကြောင်း၊ ပြည်သူများ၏ စား၊ဝတ်၊နေရေး၊ အလုပ်အကိုင်မြင့်မားရေး၊ တစ်ဦးချင်းဝင်ငွေယခင်ကထက် မြင့်မားရေး၊ ရက္ခိုင့်လူမှုဘဝ သာယာလှပရေးတို့အတွက် နည်းလမ်းများကို ရှာဖွေနေကြောင်း (12) ကြိမ်မြောက် တပ်တော်နေ့မိန့်ခွန်း စာမျက်နှာ (2) တွင်ဖေါ်ပြထားသည်။
Comments
Post a Comment