အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

 အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1


ရက္ခိတအိပ်မက်၊ ရက္ခိတလမ်းစဉ်ဟူသည် အဘယ်နည်း။

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဟူသည် အဘယ်နည်း။

အာရကန် အခေါ်အဝေါ်၏ လွမ်းခြုံမှုသည် အဘယ်နည်း။

အာရက္ခ အခေါ်အဝေါ်၏ လွမ်းခြုံမှုသည် အဘယ်နည်း။

အချုပ်အခြာအာဏာဟူသည် အဘယ်နည်း။


1-ရက္ခိတအိပ်မက်

ရက္ခိတအိမ်မက်ဟူသည် ရခိုင်ပြည်၏ အချုပ်အခြာအာဏာကို မျှော်ရည်တွေးမှုဖြစ်သည်။ တချိန်က သမိုင်းတလျောက်ထွန်းကားခ့ဲသော ရခိုင်ပြည်ဆိုသော နေရာဒေသသည် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်သော အတိပ်ကိုပိုင်ဆိုင်ခ့ဲဖူးသည်။ ပညာရေး၊လူမှုရေး၊စီးပွားရေး အဖက်ဖက်မှ နှိမ့်ကျနေသော အခြေအနေအောက်မှ ပိုမိုကောင်းမွန်သော အနာဂတ်ကိုရရှိရန်ရခိုင်ပြည်အတွက် လိုအပ်သော လုပ်ပိုင်ခွင်မှာ အချုပ်အခြာအာဏာ ဖြစ်သည်။ (hints: https://youtu.be/k1u4lo5ZYF8?si=60bSBVLGIsbeEYk2 )


2-ရက္ခိတလမ်းစဉ် (ပထမ ပိုင်းကာလ ဖွင့်ဆိုချက်)

ရက္ခိတလမ်းစဉ်ဟူသည် ရခိုင်တို့၏ ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးခွင့်ကို ဆိုလိုရင်းဖြစ်ကြောင်း (22-3-2019) ရက်နေ့ BBC နှင့် အင်တာဗျူးတွင် ဗိုလ်မှုးကြီးကျော်ဟန်က ဖြေဆိုခ့ဲသည်။ (7-12-2017) ရက်နေ့တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရုပ်သံတွင် ရက္ခိတလမ်းစဉ်သည် ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးခွင့် ဖြစ်ကြောင်း ရှင်းပြထားသည်။ (hints: https://www.bbc.com/burmese/media-47675041.amp) 


3-ရက္ခိတအိပ်မက်နှင့် ရက္ခိတလမ်းစဉ် 

ရက္ခိတအိပ်မက်သည် အချုပ်အခြာအာဏာကို ရည်မှန်းချက် ပန်းတိုင်ဖြစ်သည်။ ရက္ခိတလမ်းစဉ်သည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် အတွက်လုပ်ငန်းစဉ်ဖြစ်သည်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်ရန် အချုပ်အခြာအာဏာကလိုသည်။ အချုပ်အခြာအာဏာရှိမှ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်မည်ဖြစ်သည်။ 


ပထမပိုင်းဖွင့်ဆိုချက်အ ပေါ်သက်ရောက်မှု

ပထမပိုင်းကာလ ဖွင့်ဆိုချက်အပေါ်ပြန်လည်ထိုးနှက် ဝေဖန်မှုများရှိခ့ဲသည်။ ရခိုင်ပြည်ဟုခေါ်တွင်သော နေရာဒေသထဲတွင်နေထိုင်သည့် လူတိုင်း၏ အချုပ်အခြာ အာဏာနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ဆိုသော စကားလုံးသည် နိုင်ငံရေးနယ်ပါယ်ထဲမှ စကားလုံးသာ ဖြစ်သော်လည်း " ဘုရင်စနစ်၊ ပဒေသရာဇ် စနစ္ကို ပြန်သွားနေခြင်း" ဆိုသည့် ထိုးနှက် ဝေဖန်မှုများရှိခ့ဲသည်။ "အချုပ်အခြာ အာဏာနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်သည် " ဘုရင်စနစ်၊ ပေဒသရာဇ် စနစ်ကိုပြန်သွားနေခြင်း" မဟုတ်ပေ။ ထိုအချက်သည် လူသားတိုင်း၏ သဘာဝ တရားအရ ရပိုင်ခွင့် ဖြစ်သည်။ လူမျိုးတစ်မျိုးသည် မိမိ၏ အချုပ်အခြာ အာဏာနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင်အား ရရှိခွင့်ကို နိုင်ငံတကာစံနှုန်းများတွင်လည်း UN Charter အခန်း (11) အပိုဒ် (73)၊ အပိုဒ် (74) ၊ United Nations General Assembly Resolution 1541 (XV), 1960:" နှင့် ICJ ၏ The Chagos Archipelago Case စီရင်ထုံးများတွင် ဖေါ်ပြထားပါသည်။ (hints: https://burma.irrawaddy.com/article/2019/05/21/191882.html)

4-ရက္ခိတလမ်းစဉ် (ဒုတိယ ပိုင်းကာလ ဖွင့်ဆိုချက်)

(7-2-2024) ရက်နေ့ BBC နှင့်အင်တာဗျူးတွင် တော့ ရက္ခိတအိပ်မက်၊ ရက္ခိလမ်းစဉ်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပိုမို၍ အဝိုင်းအဝန်းကျယ်ပြန့်လာသည့်သဘောကို အေ အေ ခေါင်းဆောင်ပိုင်းမှ ပြောကြားခ့ဲသည်။ အဆိုပါအင်တာဗျူးတွင် ပါရှိသော ပြောကြားချက်အရ ရက္ခိတလမ်းစဉ်သည် ရခိုင်ဒေသရှိ ရခိုင်လူမျိုးတစ်ခုတည်း ဗုဒ္ဓဘာသာတစ်ခုတည်းကို ကိုယ်စားပြုသော အသုံးအနှုန်းမဟုတ်ကြောင်း၊ ရခိုင်ဒေသမှာနေထိုင်သော လူမျိုးမခွဲ ဘာသာမခြဲ လူမျိုးပေါင်းစုံအတွက် လွတ်လပ်သော၊ တရားမ်ွတေသာ၊  ကြီးသည်ငယ်သည် မခွဲခြားဘဲငြိမ်းချမ်းတဲ့ အနာဂတ္ကို အတူတကြ ဖန်တီးသော လူမျိုးရေးအမြင်ထက်ကျယ်ပြန့်တဲ့အတွေးအခေါ်လမ်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုပါသည်။ ရက္ခိတအိပ်မက်အား တော်လှန်ရေးနည်းနာ၊ စစ်ရေးနည်းနာနဲ့တည်ဆောက်နေရချိန် အနာဂတ်ရခိုင်လူ့အဖွဲ့အစည်းအား စစ်ပုံသွင်းထားတ့ဲ လူ့အဖွဲ့အစည်းထက် ဒီမိုကရက်တစ်စံနှုန်းများ၊ လူ့အခွင့်အရေးစံနှုန်းများ သမဟန်ချက်ညီသော လူ့အဖွဲ့အစည်းတရပ်ဖြစ်လာရန် Nation Building၊ State Building ကိစ္စရပ်များကို အချိန်ပေးရမည်ဖြစ်ကြောင်း၊ အတွေးအခေါ် အခြေ ခံအုတ်မြစ်များအတွက် မှန်ကန်တ့ဲစေတနာလိုကြောင်း၊ သမိုင်းထဲမှ လူမျိုးစွဲဆိုင်ရာ သမိုင်းအမှားများကို သင်ခန်းစာယူ၍ လူငယ္မ်ားအား ထိုသို့မဖြစ်စေရန် ရှင်းပြရမည်ဖြစ်ကြောင်း စသဖြင့် ဖွင့်ဆိုထားပါသည်။ (hints: https://www.bbc.com/burmese/articles/cd1wj7vqw50o) 


5-အာရကန် (Arakan)

အာရကန် ဆိုရာတွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးစုတစ်ခုကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း၊ ရခိုင်ဒေသအတွင်း နေထိုင်သော ပြည်သူများအားလုံးကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဗိုလ်ချုပ် ထွန်းမြနိုင်၏ ပြောကြားချက်အား 28-4-2019 ရက်နေ့ BBC သတင်းဌာန အင်တာဗျူးတွင် ဖေါ်ပြထားသည်။ ၎င်းအင်တာဗျုးတွင်ပင် လူမျိုးတစ်မျိုးနဲ့တစ်မျိုးဖြစ်စေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုပဲဖြစ်စေ အတူတူနေကြသည့်အချိန်တွင် နှစ်ဦးနှစ်ဖက်လုံး၌ အကောင်းမြင်တဲ့အမြင် ရှိဖို့လိုကြောင်း၊ ပို၍သဟဇာတဖြစ်ရန် ယခုအချိန်၌ မိမိတို့ ရခိုင်နိုင်ငံ ရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်များ၏ အတွေးအခေါ်များတွင် " လူဆိုတာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံရမည်ဖြစ်ကြောင်း၊ လူကိုလူလိုမြင်တတ်ရမည် ဖြစ်ကြောင်း၊ မတူကြဲ ပြားမှုကို ကိုယ်ကနားလည်သည်းခံရမည်ဖြစ်ကြောင်း၊ ဤအချက်များသည် မိမိတို့ဘက်က အေတြး အခေါ်ဖြစ်ကြောင်း" စသဖြင့် ဖြေဆိုထားပါသည်။ (hints: https://www.bbc.com/burmese/burma-48056083 )


6-အာရက္ခ (Arakha)

အာရကန် ဟူသော အခေါ်အဝေါ်သည် ရခိုင်လူမျိုးအား ခေါ်ဝေါ်သုံးစွဲကြလေ့ရှိသည်။ Arakan သည်  ကာလတစ္ခု၏ လူမှုနိုင်ငံရေးဖြစ်စဉ်အရ ရခိုင် ဗုဒ္ဓဘာသာဝင် မ်ားကို ရည်ညွှန်းရာ ဖြစ်ခ့ဲသည်။ သို့ရာတွင် နိုင်ငံရေးနယ်ပယ်ရှူ ဒေါင့်အရ အာရကန်သည် ရခိုင်လူမျိုးထက်ကျော်လွန်ကာ ရခိုင်ပြည်ရှိ ပြည်သူအားလုံးကို ခေါ်ဆိုမှုအဖြစ် ULA/AA ဘက်မှ အဓိပ္ပါယ်ဖော်ဆောင်လာပါသည်။ နောက်ပိုင်းတွင် အာရက္ခဟု သုံးနှုန်းခြင်း သည် Arakan (အာရကန်) အား ရခိုင်ပြည်ရှိ နေထိုင်သော မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးစု သရုပ်လက္ခဏာပင်မဆို ရည်ညွှန်းချက်အဖြစ် ပုံဖေါ်မှုဖြစ်သည်။ 

"ရက္ခိုင့်တပ်တော်ကို အာရက္ခတပ်တော် သို့ နာမည်ပြောင်းလဲခြင်းမှာ ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးကို ကိုယ်စားပြုလို၍ ဖြစ်ကြောင်း တပ်တော်တာဝန်ရှိသူပြောကြား" သည်ဟု (11-4-2024) ရက်နေ့တွင် ဦးခိုင်သုခ၏ ပြောကြားချက်အား နရဉ္စာရာ သတင်းဌာနတွင် ဖေါ်ပြထားပါသည်။ (hints: https://burmese.narinjara.com/news/detail/66179a80d7eb939a87e4cdf3)








Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?