ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

 



ဆိုရှယ်ဒီမိုကရေစီ

အပိုင်း-2


နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ


ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း


ကွန်မြူနစ်စနစ်စီးပွားရေးမှ အရင်းရှင်စနစ်စီးပွားရေးသို့


1991 ခုနှစ် ကွန်မြူနစ်စနစ်ကိုကျင့်သုံးသော ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားအနေဖြင့် နိုင်ငံတည်ဆောက်ရေးကို ပြန်လည်စတင်ခ့ဲရသည်။ ရုရှားအနေဖြင့်လည်း စီးပွားရေးစနစ်ကို ပြန်လည်ပြုပြင်ပြောင်းလဲမှုတွင် အခက်အခဲများကိုရင်ဆိုင်ခ့ဲရသည်။ ထိုက့ဲသို့ ကွန်မြူနစ်စနစ်စီးပွားရေးမှ အရှင်းရှင်စနစ်စီးပွားရေးဘက်သို့ ပြန်လည်ကူးပြောင်းရာတွင် ရုရှားအနေဖြင့် စနစ်၊ မူဝါဒ ယန္တယား အသစ္မ်ားကို ပြန်လည်တည်ဆောက်ခ့ဲရသည်။ ထိုသို့တည်ဆောက်ရာတွင် အရေးပါသော အစိတ်အပိုင်းအချို့ရှိနေပါသည်။


* Macroeconomic Stabilization (မက်ကရိုအဆင့် စီးပွားရေး တည်ငြိမ်မှုကို ဆောင်ရွက်ခြင်း)


စီးပွားရေးအား အကြီးစားအဆင့် ပြန်လည်တည်ငြိမ်အောင် ဆောင်ရွက်ရမှုတွင် ရုရှားရင်ဆိုင်ခ့ဲရသော ပြဿနာမှာ ရုရှားငွေတန်ဖိုး မြင့်တက်မှု (Inflation) ဖြစ်နေသည့် အချက်ဖြစ်သည်။ တိုင်းပြည်တစ်ခု နေရာဒေသတစ်ခုတွင် စီးပွားရေးတိုးတက်မှုမရှိဘဲ ခြွတ်ခြုံကျကာ ငွေသားတန်ဖိုးမြင့်တက်နေပါက ထိုအချက်သည် ပြည်သူလူထုလက်ထဲတွင် ငွေသားရှားပါးပြတ်လပ်မှုဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ငွေသားစီးဆင်းမှုပြတ်လပ်နေမှုမှာ အကြောင်းတရားအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်သည်။ တိုင်းပြည်မတည်ငြိမ်သောအခါ လူများသည် မိမိတို့၏သယ်ရ ပြောင်းရမလွယ်ကူသော ဥစ္စာပစ္စည်းများကိုရောင်းချကာ ငွေသားကိုသာ မိမိလက်ထဲ ကိုင်ထားခြင်း၊ ဘဏ်စနစ်များပြိုလဲနိုင်သည်ဟု ထင်မြင်ကာ ဘဏ်များတွင် အပ်နှံထားသော မိမိတို့၏ ငွေသားများအား ထုတ်ယူကာ ကိုင်ထားခြင်း စသည့်အချက်များက ငွေသားစီးဆင်းမှုကို ပြတ်တောက်စေသည်။ ဤက့ဲသို့ အချိန်မျိုးတွင် ကုန်ပစ္စည်းများဈေးနှုန်းကျသွားတတ်ပြီး ကုန်ထုတ်လုပ်မှုများလည်းရပ်ဆိုင်းသွားတော့သည်။  


အလွန်အမင်း ငွေသားပြတ်လပ်၍ ငွေသားတန်ဖိုးမာနေမှု (Hyperinflation)ကို  အစိုးရမွ အနာခံ၍ ဖြေရှင်းမှုဖြင့်သာ ရုရှားဖြေရှင်းပေးခ့ဲရသည်။ ပြည်သူလူထုအတွင်း ငွေသားစီးဆင်းမှုမှာ လိိုအပ်နေသည်။ ထိုလိုအပ္ခ်က္ကို ဖြည့်ဆည်းရန် ငွေစက္ကူရိုက်ထုတ်ပါက ငွေတန်ဖိုး ရုတ်တရက်ထိုးကျသွားသည့် (Depression) ဒဏ်ကိုခံရမည်ဖြစ်သည်။ ရုရှားကတော့ အဆိုပါပြုပြင်ပြောင်းလဲရေးကာလတွင် ငွေစက္ကူရိုက်ထုတ်မည့်အစား မိမိ၏ ဘတ္ဂ်က္ကို ဖြတ်တောက်ကာ ထိုအစိုးရဘတ်ဂျက်ငွေအား ပြည်သူလူထုထဲ ပြန်စီးဆင်းစေသည့်နည်းကို သုံးစွဲခ့ဲသည်။ အစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခ့ဲသော်လည်း လူထု၏ လိုအပ္ခ်က္ကို ဖြည့်စွက်နိုင်ခ့ဲကာ လူထုမွ အစိုးရနှင့် နိုင်ငံရေးအခြေအနေအပေါ် ယုံကြည်မှုပြန်ရှိလာခ့ဲသည်။ ယုံကြည်မှုရှိလာသောအခါ မိမိပိုင်ငွေသားများအား ဘဏ်ထဲတွင် ပြန်လည်အပ်နှံလာခ့ဲသည်။ ဤသို့ဖြင့် တဖြေးဖြေးချင်း ငွေသားလည်ပတ်မှုပုံမှန်အခြေအနေကို ပြန်ရောက်ရှိသွားတော့သည်။ 


အစိုးရမွ မိမိ၏ ဘတ္ဂ်က္ကို ဖြတ်တောက်ကာ ဘတ်ဂျက်ငွေအား ပြည်သူလူထုထဲ ပြန်စီးဆင်းစေသည့်နည်းကိုသုံးရာတွင် အမှန်တကယ် ငွေသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ငွေသားဖြန့်ဝေထုတ်ပေးမှုအပေါ် တင်းကျပ်သော မူဝါဒမ်ားကို ကျင့်သုံးခ့ဲသည်။ ဤသို့ဖြင့် ရုရှားသည် ငွေသားစီးဆင်းမှုတည်ငြိမ်ခြင်း (Currency Stabilization) ကို ပြန်တည်ဆောက်နိုင်တော့သည်။


* Structural Reform (စီးပွားရေး စနစ်ယန္တယား အဆောက်အအုံအား ပြောင်းလဲမှု)


- ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ခြင်း (Privatization)


ရုရှားအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများအဖြစ် ပြောင်းလဲရာတွင် စီးပွားရေးမောင်းနှင်မှုကို အရှိန်မြင့်စေရန်၊ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် အရည်အသွေး ဝန်ဆောင်မှုကို ယှဉ်ပြိုင်မှုရှိစေရန်စသည့် အချက်များကို ဦးတည်၍ပြောင်းလဲခြင်းဖြစ်သည်။ သို့သော် ရုရှား၏ ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ခြင်းသည် လက်သင့်ရာစားတော်ခေါ်၊ မျက်နှာကြီးရာဟင်းဖတ်ပါ ပုံစံအောက်မှ ရုန်းမထွက်နိုင်ဘဲ (Oligarcy) ပုံစံမျိုးသာဖြစ်လာခ့ဲသည်။


- ကုန်ဈေးနှုန်းလွတ်လပ်ခွင့်ပေးခြင်း (Price Liberalization)


ဈေးကွက်၏ ရောင်းလိုအား ဝယ်လိုအားအတိုင်း ဈေးနှုန်းကိုလွတ်ပေးထားခြင်းဖြစ်သည်။ ဤသို့လွတ်ပေးထားခြင်းသည် ဈေးကွက်ကို ပိုမိုအားကောင်းလာစေရန်အတွက်ဖြစ်သည်။ အကယ်၍သာ ဤသို့လွတ်ပေးထားခြင်းကြောင့် ဈေးကွက်နှင့် လူထုအား အကြပ်အတည်းဖြစ်ပါက အစိုးရမွ ဝင်ရောက်ထိန်းကျောင်းပေးရပြန်သည်။ ဤအဆင့်သည် ခက်ခဲသိမ့်မွေ့သောအဆင့်ဖြစ်သော်လည်း ဆိုဗီယက်ကာလတလျှောက်ရင်ဆိုင်ခ့ဲရသော ကုန်ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ကုန်စည်ပြတ်လပ်မှုကိုတော့ တနည်းတဖုံပြန်လည်ကုစားပေးသည်။


- ဥပဒေနှေင့် ယန္တယားများအား ဖွံ့ဖြိုးစေခြင်း


ပုဂ္ဂလိကပိုင်ဆိုင်မှုအား အာမခံပေးသော ဥပဒေနှင့် ယန္တယားများကို တည်ထောင်ပေးခြင်းသည် တဖက်တွင်တော့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရသော အစိတ်အပိုင်းလည်းဖြစ်သည်။ စာချုပ်စာတမ်းနှင့် ကတိကဝတ်အာမခံချက် ဆိုင်ရာကိစ္စရပ်များတွင် တရားမျှတမှုကို ပေါ်လွင်စေရန် နှင့် ယုံကြည်အားကိုးလောက်သည် တရားရေးဥပဒေစနစ်ဖြစ်စေရန် ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေးတည်ငြိမ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရာရောက်သည်။ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာနှင့် ပတ်သက်သေဥပဒေများ၊ လူမွဲအဖြစ်ကြေငြာခြင်းက့ဲသို့ ဥပေဒမ်ားကို ရေးဆွဲလာနိုင်သည်။ ထိုဥပဒေများနှင့် ပတ်သက်၍ ထိခိုက်နစ်နာသူတစ်စုံတစ်ဦးသည် ရုရှားအစိုးရကို တရားစွဲနိုင်သည်အထိ တရားစီရင်ရေးအား သီးခြားလွတ်လပ်ခွင့်ပေးထားသည်။


- လွတ်လပ်သော ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်ခြင်းမူဝါဒများ (Competition Policy)


ဈေးကွက်အပေါ် လက်ဝါးကြီးအုပ်စနစ် (monopolies) ကိုတားဆီးခြင်း၊  ကုန်ပစ္စည်းတစ်ခုဖြစ်စေ၊ လုပ်ငန်းတစ်ခုဖြစ်စေ အရည်အသွေးမြင့်၊ ဈေးနှုန်းသက်သာဖြင့် ထုတ်လုပ်နိုင်ပါက မည်သူမဆို ဈေးကွက်တွင် ရောင်းချခွင့်ရှိခြင်းအား တရားမျှတမှုရှိစေရန် ဆောင်ရွက်လာနိုင်သည်။ ဤအခ်က္က တီထွင်ဆန်းသစ်မှုနှင့် စားသုံးသူဗဟိုပြုစနစ်ကို အားကောင်းလာစေသည်။


* ကမ်ဘာစီးပွားရေးသို့ ဝင်ရောက်ခြင်း (Integration into the Global Economy)


- နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးအား တံခါးဖွင့်ပေးခြင်း (Opening to International Trade and Investment)


နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးအား တံခါးဖွင်ပေးခြင်းတွင် ရုရှားသည် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးမ်ားကို ဖယ်ရှားပေးခ့ဲရသည်။ မိမိ၏ပြည်တွင်း၌ မိမိ၏ထုတ်ကုန်ကိုသာလည်ပတ်စေချင်မှုသည် နိုင်ငံတိုင်း၏ အာသီသဖြစ်သည်။ မိမိထုတ်ကုန်အား ကာကွယ်လိုမှုကြောင့် အခြားနိုင်ငံမှ တင်သွင်းလာသော အမျိုးအစားတူ အရည်အသွေးတူသည့် ကုန်ပစ္စည်းများကို အခွန်တိုးကောက်ခြင်း၊ ပိတ်ပင်ခြင်း စသည့်တို့ကို ပြုလုပ်လေ့ရှိကြသည်။ လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်တွင် ထိုသို့ ပိတ်ပင်မှုသည် နှစ်ဖက်သွားပါသောဓားနှင့်တူ၍ ကိုင်တွယ်မတတ်ပါက ပြဿနာရှိသော အချက်ပင်ဖြစ်သည်။ နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရာတွင် ထိုအချက်များ၌လည်း ဖြေလျော့ပေးတတ်ရသည်။ ဤသို့ဖြင့် ရုရှားသည် ဈေးကွက်အား အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို လမ်းဖွင့်ပေးခ့ဲရသည်။ ကောင်းကျိုးမှာ ပြည်ပမှ နည်းပညာ၊ အရင်းအနှီးနှင့် နောက်ထပ်ဈေးကွက်အသစ်များကို ရရှိလာတော့သည်။


- ပို့ကုန်၌ ယှဉ်ပြိုင်မှုကို တိုးတက်စေခြင်း (Developing Export Competitiveness)


သဘာဝအရင်းအမြစ်များကို တင်ပို့ခြင်းထက် အခြားသောစီးပွားရေးထုတ်ကုန်များကိုလည်း ရုရှားသည် ကမ်ဘာ့ဈေးကွက်သို့တင်ပို့နိုင်လာသည်။ ဤအခ်က္က စီးပွားရေး ရေရှည်တည်တံလည်ပတ်မှုကို အားကောင်းလာစေသည်။


* ငွေကြေးဘဏ္႑ာရေးဆိုင်ရာ မူဝါဒနှင့် ငွေကြေးဆိုင်ရာအုပ်ချုပ်မှုစနစ် ( Fiscal Policy and Governance)


- အံဝင်ဆီလျော်သော ဘဏ္႑ာရေးစီမံခန့်ခွဲမှု ( Prudent Fiscal Management)


အစိုးရ၏ ငွေသုံးမှုအပိုင်းတွင် ဝင်ငွေ ထွက်ငွေကို မျှတအောင်သုံးစွဲနိုင်သော စီမံခန့်ခွဲမှုက ရုရှား၏စီးပွားရေးကိုများစွာအထောက်အကူပြုခ့ဲသည်။အစိုးရနှင့် ပြည်သူ၏ ကြွေးတင်မှုများကို ထိန်းချုပ်လာနိုင်သည်။ ရုရှား၏ နည်းနာတွင် ဘတ်ဂျက်အားအစိုးရမှလျော့သုံး၍ ပြည်သူများ၏ အရင်းအနှီးများဘက်တွင် ငွေပိုသုံးခြင်းဖြစ်သည်။ အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများအားနည်းသော်လည်း ပြည်သူအတွက် စီးပွားရေးဆိုင်ရာ အရင်းအနှီးများ ရှိလာခ့ဲသည်။ ထိုအရင်းအနှီးများဖြင့် ပြည်သူများ၏ လုပ်ငန်းလည်ပတ်လာသောအခါ အခွန်ငွေရရှိလာပြီး အစိုးရ၏ လုပ်ငန်းများကို တဖန်ပြန်လည်ပတ်လာနိုင်သည်။


- အာဂတိတရားမ်ားကို တိုက်ဖျက်နိုင်ခြင်း (Reducing Corruption)


စီးပွားရေးအားပြန်လည်တည်ဆောက်မှုနှင့် ပြည်သူအား အရင်းအနှီးများပံပိုးမှုများတွင် အဂတိတရားနှင့် လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ဖျက်နိုင်သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များက ရုရှားကို များစွာအထောက်အကူပြုခ့ဲသည်။ အစိုးရအဆင့်အသီးသီးနှင့် စီးပွားရေးဆိုင်ရာ ကဏ္႑အသီးသီးတွင် တရားမျှတမှု၊ တန်းတူညီမျှမှုကို ဖော်ဆောင်ပြခြင်းက နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို စွဲဆောင်လာစေသည်။

 

 - အုပ်ချုပ်မှုအရည်အသွေးနှင့် ပွင့်လင်းမြင်သာမှုစသည့်နယ်ပါယ်များ တိုးတက်လာခြင်း (Improving Governance and Transparency)


အစိုးရ၏ ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းသည် ရုရှားအတွက် စီးပွားရေးဖြစ်စဉ်များ၌ ယုံကြည်မှုပိုရစေသည်။ ထိုပြင် စီးပွားရေးတိုးတက်ရန်လည်း ရေခံ မြေခံ ကောင်းများကိုဖြစ်လာစေသည်။

 

* လူသားအရင်းအမြစ်တိုးတက်ဖြစ်ထွန်းမှု (Human Capital Development)


- ပညာရေးနှင့် ကျမ်းမာရေးစောင့်ရှောက်မှုတွင် အစိုးရမွ ရင်းနှီးမြုပ်နှံကာ ငွေပိုသုံးခြင်း (Investing in Education and Healthcare)


ပညာရေးနှင့် ကျမ်းမာရေးက့ဲသို့ ဖြစ်စဉ်များတွင် ငွေပိုသုံးခြင်းက ပညာတတ်၍ ကျမ်းမာသန်စွမ်းသော လုပ်သားအင်အားစုကို ဖြစ်ထွန်းစေသည်။ ထိုက့ဲသို့ ပညာတတ်လုပ်သားစုများက ရုရှား၏ စီးပွားရေးဖွံ့ဖြိုးမှုကို များစွာအရှိန်ရစေခ့ဲသည်။


 - စွမ်းရည်မြင့် လိုက်လျော့ညီထွေ လုပ်သားစုဖြစ်ရန် စီမံခန့်ခွဲနိုင်ခြင်း (Promoting Labor Mobility and Flexibility)


ကုန်ထုတ်လုပ်ရာတွင် ကုန်ပစ္စည်းတစ်မျိုးတည်းသာထုတ်လုပ်ရန် ကျွမ်းကျင်သော လုပ်သားစုမဟုတ်ဘဲ ဈေးကွက်က တောင်းဆိုလာသည့် အခြားလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်သော အရည်အချင်းရှိရန်အတွက် သင်တန်းများကို ရုရှားသည် ငွေသုံး၍ အကောင်အထည်ဖော်ခ့ဲသည်။ အကျိုးဆက်က ရုရှားတွင် နည်းပညာ၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နယ်ပါယ်စုံ ကျွမ်းကျင်သော လူသားအရင်းအမြစ်များကိုရရှိလာပြီး စီးပွားရေးကို များစွာအထောက်အကူဖြစ်စေတော့သည်။


အထက်တွင်ဖော်ပြခ့ဲသော အချက်များက 1991 ခုနှစ်နောက်ပိုင်းတွင် ရုရှားအနေဖြင့် ကွန်မြူနစ်စီးပွားရးမှ အရင်းရှင်စီးပွားရေးသို့ ပြောင်းလဲရာတွင် ဆောင်ရွက်ခ့ဲသောအချက်များဖြစ်သည်။ ရုရှား၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် တရုတ်၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထက် နှစ်ပေါင်း (20) လောက်နောက်ကျသည်။ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုများမှ အကောင်းအဆိုးကို ရုရှားအနေဖြင့် သင်ခန်းစာယူနိုင်ခ့ဲပုံရသည်။ ရုရှား၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွင် အားသာခ်က္တစ္ခုမွာ သဘာဝဓာတ်ငွေ့ဖြစ်သည်။ သဘာဝဓာတ်ငွေ့ရောင်းရငွေက ရုရှားကို များစွာအထောက်အကူဖြစ်စေခ့ဲသည်။ နောက်ထပ်အားသာချက်တစ်ခုမှာ နည်းပညာထွန်းကားမှုဖြစ်သည်။ ကွန်မြူနစ်ကာလများတွင်ပင် စီးပွားရေးစုတ်ပြတ်သတ်နေသော်လည်း သိပ္ပံနှင့်နည်းပညာ၌ ရုရှားသည်ရှေ့ရောက်နေသည်။ ကွန်မြူနစ်အုပ်ချုပ်သူများအနေဖြင့် သယံဇာတမွ ရောင်းရငွေများကို သိပ္ပံနှင့်နည်းပညာနယ်ပါယ်တွင် သုံးစွဲခ့ဲခြင်း၏ အကျိုးရလဒ်ပင်ဖြစ်သည်။ နောက်အားသာချက်တစ်ခုမှာ အခြေခံအဆောက်အအုံများ အလုံအလောက်ရှိခြင်းဖြစ်သည်။


ဆိုရှယ်ဒီမိုကရေစီစံနှုန်းဖက်က ရုရှား၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ချဉ်းကပ်ခြင်း


ရုရှားသည် ဆိုရှယ်ဒီမိုကရေစီကျင့်သုံးသော နိုင်ငံမဟုတ်ပေ။ သို့ရာတွင် ရုရှား၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး၌ ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းများ တစ်စိတ်တစ်ပိုင်းပါဝင်နေခ့ဲပါသည်။ ဥပမာ- အစိုးရမွ ဘတ်ဂျက်ကိုလျော့သုံး၍ လူထုအတွက် စီးပွားရေး အရင်းအနှီးများပံပိုးမှုများအဖြစ်ပြောင်းလဲခြင်း၊ ပညာရေးနှင့် ကျမ်းမာရေးတို့တွင် အစိုးရမွ တာဝန်ယူသည့်ကဏ္႑များရှိခြင်းစသည့်အချက်များဖြစ်သည်။ သို့သော်ရုရှားအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ရာတွင် မည်မျှပင်တရားမျှတသော ဥပေဒမ်ားကို တည်ဆောက်ထားစေကာမူ မျက်နှာများရာ ဟင်းဖတ်ပါသည့် အလေ့အကျင့်များက ပျောက်မသွားခ့ဲပေ။ ဤသို့ဖြင့် ခရိုနီအုပ်စုများ ပေါ်ပေါက်လာတော့သည်။ ရုရှား၏ စီးပွားရေးတွင် ထုတည်အင်အားကြီးမားသော အာဏာပိုင်များနှင့်နီးကပ်သော ခရိုနီအုပ်စုများရှိနေပါသည်။ ရုရှားခရိုနီများသည် ရုရှားသဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ဆက်နွယ်မှုကြီးမားသည်။ လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်များနှင့်နီးကပ်သော ခရိုနီများပေါ်ထွက်ခြင်းသည် "စီးပွားရေး၌ အတိုင်းအတာတစ်ခုထိ လွတ်လပ်မည်ဖြစ်သော်လည်း နိုင်ငံရေးနယ်ပါယ်၌ ဒီမိုကရေစီဆိတ်သုန်းသည့် လက္ခဏာလည်းဖြစ်သည်"။ 


ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ရောက်လာခ့ဲသော်လည်း အဘယ်ကြောင့် အာဏာရှင်ပုံစံဘက်သို့ ရုရှားပြန်ရောက်နေရသနည်း ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ ရုရှားသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကေရစီ၊ ဖက်ဒရယ်နှင့် ပါတီစုံစနစ်ကို ကျင့်သုံးသောနိုင်ငံဖြစ်သည်။ တရုတ်က့ဲသို့ တပါတီစနစ်နိုင်ငံမျိုးမဟုတ်ပေ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့သည် ရုရှား၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(1)၊ ပုဒ္မ(2) တွင် ခန့်ထည်စွာပါဝင်နေပါသည်။ 

ဤသို့ဆိုပါလျှင် အဘယ်ကြောင့် ရုရှားသည် အာဏာရှင်ပုံစံဘက်ကို ပြန်၍ ရောက်ရှိလာရပါသနည်း ဆိုသောမေးခွန်းအပေါ် ကောက်ချက်အမျိုးမျိုးရှိကြသော်လည်း ဤဆောင်းပါး၌ ရုရှားတို့၏ ဇာတိမာန်စိတ်နှင့် သယံဇာတ အချက်နှစ်ချက်ကိုသာ ကောက်ချက်ဆွဲပြထားပါမည်။ ရုရှားတို့သည် ဇာတိမာန်စိတ်ကြီးကြသည်။ ကွန်မြူနစ်ခေတ်ကာလတစ်လျှောက် ရုရှားပြည်သူလူထုသည် စုတ်ပြတ်သတ်သွားခ့ဲသည်။ သို့သော်တဖက်တွင်လည်း သိပ္ပံနှင့်နည်းပညာက တိုးတက်နေခ့ဲသည်။ ရုရှား ကွန်မြူနစ်အစိုးရများသည် သယံဇာတမွ ရသောငွေကြေးအချို့တဝက်ကို နည်းပညာ၊သုတေသနအတွက် အသုံးပြုကြသည်။ ဤအကျိုးဆက်က ရုရှားလူ့အဖွဲ့အစည်းတွင် အနောက်ကမ်ဘာနှင့်ယှဉ်နိုင်လောက်သော ပညာတတ်အလွှာတရပ်ရှိနေခ့ဲခြင်းပင်။ တဖက်တွင်လည်း ရုရှားပြည်သူများငတ်ပြတ်နေကြသဖြင့် အနောက်ကမ်ဘာတွင် သွား၍အလုပ်လုပ်ရသည်။ ယင်းခေတ်ကာလက ရုရှားဆိုသည်နှင့် ပြည့်တန်ဆာပေါသောနေရာဟုပင် ကင်ပွန်းတတ်ခံခ့ဲရသည်။ ဤအခ်က္က ရုရှားပညာတတ်အလွှာအတွက် ခံပြင်းစရာဖြစ်မည်ဖြစ်သည်။ ယင်းသို့ခံပြင်းချက်က ဇာတိမာန္ကို ရိုက်ခတ်လာပုံရသည်။ အနောက်ကမ်ဘာသည် ရုရှားတို့အတွက် သက်တောင့်သက်သာဖြစ်စရာ ရပ်ဝန်းမဟုတ်ဟူသောခံစားချက်က ရှိနေမည်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုက့ဲသို့ သက်ရောက်မှုသည် ဇာတိမာန်ကြီးသည့် ရုရှားအဖို့ ကသိကအောင့်ဖြစ်စရာသမိုင်းလည်း ဖြစ်နေမည်ဖြစ်သည်။ ဤအခြေအနေခံစားချက်များက ရုရှားတို့အဖို့ အနောက်ကမ်ဘာကို သူတင်ကိုယ်တင် ရင်ဆိုင်ရဲသော ခေါင်းဆောင်မျိုးကို သဘောကျကြမည်လည်းဖြစ်သည်။ ဤသို့ဖြင့် ပူတင်လိုမျိုးခေါင်းဆောင်သည် ရုရှားလူ့အဖွဲ့အစည်းထဲတွင် နေရာရလာသည်။ နေရာရလာရန်လည်း ခရိုနီအုပ်စုများကသြဇာကြီးသည်။ ခရိုနီအုပ်စုများက သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည်။ အာဏာရပ်ဝန်းနှင့် ခရိုနီဆိုသည်က အပြန်အလှန် အကျိုးစီးပွားအရ မိတ်ဖက်များဖြစ်တော့သည်။ သဘာဝဓာတ်ငွေ့ မွရေသာ အကျိုးအမြတ်က ရုရှားအစိုးရကို ကိုလည်ပတ်စေနိုင်သည်။ ရုရှားလူထုထံမှ အခွန်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ သဘာဝဓာတ်ငွေ့မှ ဝင်သောဝင်ငွေသည် ရုရှားအစိုးရအဖို့ အတိုင်းအတာတစ်ခုထိလည်ပတ်နိုင်သည်။ သယွဇာတကျိမ်စာသဘောမျိုးဟုဆိုရမည်။ ပြည်သူလူထုတွင် ဇာတိမာန်စိတ်ကြီးခြင်း၊ ထိုဇာတိမာန်အား အာဏာပိုင်များနှင့် ခရိုနီများက ၎င်းတို့အကျိုးစီးပွားအတွက်အသုံးချနိုင်ခြင်း၊ သဘာဝသယံဇာတမွ ဝင်ငွေဖြင့် အာဏာပိုင်များနှင့် ခရိုနီများရပ်တည်နိုင်ခြင်း စသည့်အချက်များက ရုရှားအား အာဏာရှင်နိုင်ငံမျိုးဘက်သို့ ပြန်သွားစေခ့ဲသည်ဟု ဆိုရမည်ပင်။


ရုရှားတစ်ဦးအတွက် ဒီမိုကရေစီကိုလိုချင်သည်၊ ပူတင်ကို မကြိုက် ဟူသောအဓိပ္ပါယ်မှာ အနောက်ကမ်ဘာအား ဆရာတင်၍ သြဇာခံအဖြစ် နေရမည်ကိုဆိုလိုခြင်းမဟုတ်ပေ။ လွတ်လပ်သည့် ဂုဏ်သိက္ခာရှိသည့် အခြေအနေကို ရချင်သည်ဟု ဆိုလိုရင်းမျိုးသာဖြစ်သည်။


အာရက္ခလူ့ဘောင်အား သုံးသပ်ခြင်း


ရုရှားတို့၏ ဖွဲ့စည်းပုံအခြေခံ နိဒန်းပိုဒ်တွင်ပင် "ပြည်သူလူထု၏ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှခွင့်ကို ဦးတည်လျှက်၊ တရားမျှတမှုနှင့်ကောင်းမြတ်သန့်စင်မှုအပေါ်တွင်ယုံကြည်သော၊  အဖမြေအပေါ်တွင်ချစ်မြတ်နိုးသော ဘိုးဘွားစဉ်ဆက်တို့ကို အောက်မေ့သတိရလျှက်၊ ဒီမိုကရက်စံနှုန်းများကိုအခြေတည်လျှက် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်ရပ်တည်လျှက်...".စသဖြင့် ဇာတိမာန္ကို ဟစ်ကြွေးထားသည်။ အာရက္ခလူ့ဘောင်သည် ရုရှားလူ့ဘောင်ကဲသို့ ဇာတိမာန်အပေါ်တွင် ဟစ်ကြွေးတတ်သော လူ့ဘောင်ဖြစ်သည်။ သို့သော် ရုရှားတို့က့ဲသို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကား အာရက္ခလူ့ဘောင်တွင် ဖြစ်မလာသေးပေ။ ဆိုဗီယက်ခေတ်လွန်ကာလ ကွန်မြူနစ်စီးပွားရေးမှ အရင်းရှင်စီးပွားရေးသို့ ပြောင်းလဲရာတွင် ရုရှားသည် နိုင်ငံတည်ဆောက်ရေး (state building ) ဖြစ်စဉ်အားဖြတ်သန်းခ့ဲရသည်။ 1991 ခုနှစ်တွင် အပြောင်းအလဲစတင်ပြီး 1993 ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကိုအတည်ပြုလာနိုင်ခ့ဲသည်။ ရုရှား၏ ပြုပြင်ပြောင်းလဲရေးအစတွင် ရင်ဆိုင်ရသောပြဿနာမှာ ရုရှားငွေသားစီးဆင်းမှုပြတ်တောက်ခြင်းဖြစ်သည်။ လက်ရှိ အာရက္ခလူ့ဘောင်တွင်လည်း ငွေသားစီးဆင်းမှုသည်ပြတ်တောက်နေပါသည်။ ရုရှားများက ငွေသားတန်ဖိုးမာ၍ ပြတ်တောက်ခြင်းဖြစ်သော်လည်း အာရက္ခလူ့ဘောင်တွင်တော့ ငွေသားတန်ဖိုးကျဆင်းကာ ပြတ်တောက်မှုဖြစ်သည်။ ရုရှားက့ဲသို့ သဘာဝသယံဇာတမှဝင်ငွေအား ကိုင်တွယ်သုံးစွဲနိုင်ခြင်းမျိုးကား အာရက္ခလူ့ဘောင်တွင်ရှိမနေပေ။ ရုရှားတို့၏ 1991 ခုနှစ်နောက်ပိုင်းဖြတ်သန်းမှုနှင့် လက်ရှိအာရက္ခလူ့ဘောင်အခက်အခဲအား ထပ်တူပြု၍နှိုင်းယှဉ်ပါကတရားမျှတမည်လည်းမဟုတ်ပေ။ သို့ရာတွင် ရုရှားနမူနာများမှ အာရက္ခလူ့ဘောင်အတွက် သင်ခန်းစာယူစရာအချက်အချို့တော့ရှိနေပါသည်။ 

စီးပွားရေးအားပြန်လည်တည်ဆောက်မှုတွင် ရုရှားအစိုးရသည် မိမိ၏အသုံးစာရိတ်ကိုလျော့ကာ ပြည်သူလူထုနှင့် ဈေးကွက်အတွက် အရင်းအနှီးများအဖြစ်အသုံးပြုခ့ဲသည်။ အာရက္ခလူ့ဘောင်အား အုပ်ချုပ်နေသူများအနေဖြင့် လက်ရှိတွင် ထိုနည်းအတိုင်းပြုလုပ်နိုင်မည်မဟုတ်ပေ။ သို့ရာတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ၌ အခွန်အခကိုဖြေလျော့ခြင်း၊ အာရက္ခပြည်တွင်း ကုန်စည်သယ်ယူမှုကုန်ကျစာရိတ်အား သက်သာစေရန်အားထုတ်ခြင်း၊ ပြန်လည်နာလန်ထူနိုင်သော လုပ်ငန်းငယ်များအား လည်ပတ်နိုင်ရန်ပံပိုးပေးခြင်း၊ ငွေသားသိုလှောင်၍ ဟောင်းနွမ်းငွေကြေးများကို လှဲလှယ်ပေးခြင်း၊ ငွေသားစီးဆင်းမှုကို တည်ငြိမ် အထောက်အကူဖြစ်စေရန် စီစဉ်ခြင်း၊ ငွေသားပြတ်လပ်မှုနှင့် ငွေစက္ကူအတုဒဏ်ကိုမခံရအောင် စီမံခြင်းစသည့် အချက်များကိုတော့ အနာခံကာ ဆောင်ရွက်နိုင်သည်။ ရုရှားက့ဲသို့ နည်းပညာထွန်းကားသော လူတန်းစားဆိုသည်မှာက အာရက္ခလူ့ဘောင်တွင် ပေါ်ထွက်လာရန် များစွာသော အချိန်ကြာအုံးမည်ဖြစ်သည်။ ပညာတတ်အလွှာကသာ ရှားပါးသော်လည်း လက်ရှိ အာရက္ခပြည်၏ စီးပွားရေးတွင် ရုရှားက့ဲသို့ ခရိုနီလူတန်းစားကတော့ ပေါ်ထွက်လာနိုင်ချေကရှိနေပါသည်။ ထိုခရိုနီလူတန်းစားသည် ရုရှားက့ဲသို့ သဘာဝဓာတ်ငွေ့ကို မရောင်းနိုင်သော်လည်း သစ်တောက့ဲသို့ သယံဇာတများကိုတော့ လက်ဝါးကြီးအုပ်လာနိုင်ချေလည်းရှိပါသည်။ ထို့ပြင် လက်ရှိတွက်ချေကိုက်သော သက်ရှိသက်မ့ဲကုန်ပစ္စည်းများ ကူးသန်းဖလှယ်မှုများ၌ လက်ဝါးကြီးအုပ်ကာ စီးပွားရေးတန်းတူညီမျှလုပ်ပိုင်ခွင့်များတွင် ဟန်ချက်မညီမှုများရှိလာနိုင်ချေလည်းများပါသည်။ ရုရှားက့ဲသို့ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်တော့ အာရက္ခလူ့ဘောင်သည် မစွမ်းဆောင်နိုင်သေးချေ။ အရည်အသွေးနှင့် ဈေးနှုန်းသက်သာပါက မည်သည့်ကုန်ပစ္စည်းမဆို အာရက္ခပြည်ဈေးကွက်တွင် ရောင်းချခွင့်ဆိုသည်မှာလည်း အလှမ်းဝေးလွန်းနေသေးသည်။ ဤသို့ဖြင့် အာရက္ခပြည်ဈေးကွက်တွင် ပိတ်ပင်ထားသော ကုန်ပစ္စည်းတချို့သည် မှောင်ခိုဈေးကွက်ဘက်ကိုသာရောက်လာပြီး အုပ်ချုပ်သူများအတွက် အခွန်အခ လေလွင့်မှုကသာ အဖတ်တင်မည့် အနအေထားမျိုးကလည်းရှိနေသည်။ တရုတ်၊ရုရှားတို့၏ အပြောင်းအလဲကာလတွင် အုပ်ချုပ်သူများမှ ဈေးကွက်အသစ်များရှာဖွေကာ စီးပွားရေးဆိုင်ရာစာချုပ်စာတမ်းများနှင့် ပတ်သက်၍ တရားမျှတမှုကို ရရှိရန် ဥပဒေယန္တယားများကိုပါ တည်ဆောက်ကိုင်တွယ်ခ့ဲသော်လည်း အာရက္ခလူ့ဘောင်တွင်တော့ ငွေပေး ငွေယူ ချေးငှါး ကိစ္စများ အမှုအခင်း အဆင့်တွင်သာ လက်မလည် ကိုင်တွယ်နေရဆဲဖြစ်နေပုံရသည်။ စီးပွားရေးဆိုင်ရာနှင့် ဆက်နွယ်သော ကိစ္စများအား ပြစ်မှုဆိုင်ရာအောက်သာချဉ်းကပ်နေပါက social justice ဟူသည် အဓိပ္ပါယ်မရှိပြန်တော့ပေ။ 


ရုရှား၏ အပြောင်းအလဲကာလတွင် အစိုးရ၏ အုပ်ချုပ်မှုအရည်အသွေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ဆောင်ရွက်ခ့ဲသော်လည်း အာရက္ခလူ့ဘောင်အတွက်တော့ မူဝါဒမ်ားအား ချပြရန်မှာပင် ဝေဝါးနေဆဲဖြစ်သည်။ အုပ်ချုပ်မှုအရည်အသွေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုကိုအာမခံချက်ပေးမှုများက ရုရှားအတွက် ယုံကြည်မှုကို ဖြစ်လာစေကာ အသိပညာ၊ အတက္ပညာ၊ နည်းပညာများ၊ အရင်းအနှီး အရင်းအမြစ်များက ရုရှားထံ ပြန်လည်စီးဆင်းလာရန် အထောက်အကူဖြစ်စေခ့ဲသည်။ အာရက္ခလူ့ဘောင်တွင်တော့ မူဝါဒမ်ားကို သိုဝှက်လျက် အသိပညာ၊ အတတ်ပညာနှင့် အရင်းအမြစ်များကို ရှာပုံတော်ဖွင့်နေတော့သည်။ ဒီမိုကရက်စံတန်ဖိုးနှင့် မူဝါဒ ဆိုင်ရာပွင့်လင်းမြင်သာမူအပေါ် အာမခံချက်မရှိဘဲ အသိပညာ၊ အတတ်ပညာနှင့် အရင်းအမြစ်များက ရှင်သန်ရန်လည်းမလွယ်ကူနိုင်ပေ။


ရုရှားနှင့် အာရက္ခလူ့ဘောင်အား ညီမျှခြင်းထိုးချဉ်းကပ်ကာ ဤပုံဤနည်းမဖြစ်ရမည်လားဟု ကောက်ချက်ချနေပါကလည်း တရားမျှတမည်တော့မဟုတ်ပေ။ သို့ရာတွင် သင်ခန်းစာအမြင်ဘက်မှကြည့်လျှင်တော့ ရုရှားလူ့ဘောင်၏ 1991 ခုနှစ်အလွန် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် အာရက္ခလူ့ဘောင်အတွက်တော့ အကျိုးမယုတ်နိုင်ပေ။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)

Can ULA/AA give back justice for war crimes in Arakan (Rakhine) State by themself lonely?