တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်
အပိုင်း-2
နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ
တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း
တောင်ကိုးရီးယားသည် အာဏာရှင်စနစ်အောက်တွင်ပင် စီးပွားရေးစတင်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ အာဏာရှင် ပတ်ချွန်ဟီး (1961)ခုနှစ်မှ (1979) ခုနှစ် (18)နှစ်ကျော်ကာလနှင့် အာဏာရှင်ချွန်ဒူဝမ် (1980)ခုနှစ်မှ (1988) ခုနှစ် (8)နှစ်ကာလများတွင် တောင်ကိုးရီးယား၏ စီးပွားရေးတိုးတက်လာခ့ဲသည်။ တောင်ကိုးရီးယား၏ စီးပွားရေးတိုးတက်လာသော အဆိုပါကာလများတွင် အေးအေးလူလူရှိနေခ့ဲသည်တော့မဟုတ်ပေ။ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲက့ဲသို့ ပဋိပက္ခမျိုးသည် ကိုးရီးယားနှစ်နိုင်ငံကြားကသာ ဖြစ်နေခ့ဲသောပြဿနာ ဆိုခြင်းထက် ထိုအချိန်က ကမ်ဘာ့ကြီး၏ လက်ယာအုပ်စုနှင့် လက်ဝဲအုပ်စုကြားက အားပြိုင်မှု၏ ကစားကွင်းလည်းဖြစ်နေခြင်းပင်။ တောင်ကိုးရီးယား၌ ပတ်ချွန်ဟီး၊ ချွန်ဒူဝမ်က့ဲသို့ အာဏာရှင်များပေါ်လာခြင်းနှင့် မြောက်ကိုးရီးယား၌ ကင်မျိုးဆက်အာဏာရှင်ပေါ်လာသည်မှာလည်း လက်ယာအုပ်စုနှင့် လက်ဝဲအုပ်စုကြားအားပြိုင်မှု၏ အကျိုးဆက်ပင်ဖြစ်သည်။ သမိုင်းတစ်ကွေ့ဝယ် မြောက်ကိုးရီးယားကတော့ လက်ဝဲအယူအဆအောက်တွင် အာဏာရှင်ဇတ်လမ်းက ရှည်မျောနေသလောက် တောင်ကိုးရီးယားက ဒီမိုကေရစီဘက္ကို ပြန်ရောက်သွားခ့ဲသည်။ တောင်ကိုးရီးယားအနေဖြင့် အာဏာရှင်စနစ်ဘက်က ဒီမိုကရေစီဘက်ကိုပြန်ရောက်လာခြင်း၏ ဇစ်မြစ်များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း အကြောင်းရင်းခံများထဲမှ ဇစ်မြစ်တစ်ခုလည်းဖြစ်သည်။ ထိုသို့ စီးပွားရေးအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခ့ဲကြသူများမှာလည်း တောင်ကိုးရီးယား အာဏာရှင်များပင်ဖြစ်သည်။ တောင်ကိုးရီးယား၏ အာဏာရှင်များလက်ထက် (1961) ခုနှစ်မှ (1988) ခုနှစ်အထိ စီးပွားရေးအားတည်ဆောက်ရာတွင် အရေးပါသော အချက်အချို့အား သုံးသပ်ဖေါ်ပြလိုက်ပါ၏။
တောင်ကိုးရီးယားသည် စီးပွားရေးအားတည်ဆောက်ရာတွင် အစိုးရမွ စီးပွားရေးအား ဝင်ရောက်စွက်ဖက်မှုကြီးမားပြီး ဗဟိုချုပ်ကိုင်မှုကို တင်းကြပ်ထားခ့ဲသည်။ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်၊ စက်မှုလုပ်ငန်းများလည်ပတ်ရန်၊ ပြည်ပမှ တဝက်တပျက်ကုန်ကြမ်းများကို တင်သွင်း၍ တဆင့်ခံကုန်ချောထုတ်လုပ်ရန်၊ စက်မှုဓာတုထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် စသည့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် စီးပွားရေး အစီအမံရေးဆွဲရေးဘုတ်အဖွဲ့ (Economic Planning Board- EPB) ကိုအစိုးရမွ ဦးဆောင်ကာဖွဲ့စည်းခ့ဲသည်။ တောင်ကိုးရီးယား၏ စီးပွားရေးအစီအမံသည် အစိုးရမွ ဦးဆောင်သော အစီအမံဖြစ်သည်။ ထိုအစီအမံမ်ားက အရင်းအမြစ်များအား ခွဲဝေမှုများ၊ ငွေသားနှင့် ပိုင်ဆိုင်မှုဆိုင်ရာအာမခံ စနစ်များအပါအဝင် ရည်ရွယ်ထားသောစီးပွားရေးနယ်ပါယ်များသို့ တိုက်ရိုက်ရင်းနှီးမြုပ်နှံ့မှုများ လည်ပတ်နိုင်စေရန် မောင်းနှင်သည်။ထိုသို့မောင်းနှင်မှုတွင် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများအား အပံအပိုးပေးမှုက တောင်ကိုးရီးယား၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကနဦးပိုင်းတွင် အားနည်းခ့ဲသည်။ ကနဦးပိုင်းစီးပွားရေးပြုပြင်ပြောင်းလဲမှု၏ ရည်ရွယ်ချက်မှာ တောင်ကိုးရီးယားအနေဖြင့် ပြည်ပသို့ အလုံးအရင်းဖြင့် ပို့ကုန်များတင်သွင်းနိုင်ရေးပင်ဖြစ်သည်။ ထိုရည်ရွယ်ချက်ကြောင့်လည်း ပုဂ္ဂလိက အသေးစားအလတ်စားလုပ်ငန်းများအား အပံအပိုးပေးမှုအားနည်းကာ လုပ်ငန်းစုကြီးများအတွက်သာ အရင်းအနှီးများ၊ အပံအပိုးမ်ားကိုအစိုးရမွ ပေးခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းစုကြီးများအတွက် ချေးငွေများ၊ အခွန်ကင်းလွတ်ခွင့်များ၊ အစီအမံမ်ားကို အစိုးရမွ အပံအပိုးများပေးထားသည်။ထိုအချက်များက အစိုးရကိုယ်တိုင်ရင်းနှီးမြုပ်နှံသော လုပ်ငန်းစုကြီးများအတွက် နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သော အရင်းအမြစ်များကိုရလာစေသည်။ အဆိုပါလုပ်ငန်းစုများ၏ ကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးအပေါ်တွင် အစိုးရမွ အမြဲတန်းစောင့်ကြည့်သည့် နည်းဗျူဟာကို အသုံးပြုသည်။
ချေယီဘို ခေါ်သူကောင်းပြုခံ မိသားစုမ်ား (Chaebols Family)
တောင်ကိုးရီးယား၏ အာဏာရှင်များ၏ စီးပွားရေးတည်ဆောက်မှုသည် ပုဂ္ဂလိက အေသးစား၊ အလတ်စားလုပ်ငန်းများကိုမျက်ကွယ်ပြုပြီး လုပ်ငန်းကြီးအုပ်စုများကိုသာ ဦးစားပေးမှု၏ လုပ်ရပ်က "သီးသန့် သူကောင်းပြုခံ လုပ်ငန်းစု လူတန်းစား" အလွှာတစ်ရပ်ကို ဖြစ်ပေါ်စေခ့ဲသည်။ ဆမ်ဆောင်း (Samsung)၊ ဟျွန်ဒိုင်း (Hyundai)၊ အယ်လ်ဂျီ (LG) စသည့် လုပ်ငန်းစုအုပ်စုများသည် သီးသန့် သူကောင်းပြုခံ လူတန်းစား (Chaebols) များဖြစ်သည်။ တောင်ကိုးရီးယားအာဏာရှင်များက ထိုလုပ်ငန်းများ၏ လိုအပ္ခ်က္ကို ထောက်ပံသည်။ နည်းပညာ၊ ငွေကြေးအလုံးအရင်းကိုပေးသည်။ ထိုလုပ်ငန်းစုများကို ယဉ်ပြိုင်မည့်အခြားနိုင်ငံကုန်ပစ္စည်းများ တောင်ကိုးရီးယားထဲသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည်။ ချေယီဘိုများသည် လုပ်ငန်းများကျယ်ပြန့်များပြားပြီး စီးပွားရေးကို အရှိန်ရစေခ့ဲသည်။ ပြည်ပမှနည်းပညာနှင့် ကုန်ထုတ်လုပ်မှုအရည်အသွေးများဖြင့် ချေယီဘိုများကို မွန်းမံခ့ဲသည်။ ချေယီဘိုများသည် လူသုံးကုန် လျှပ်စစ်ပစ္စည်းများထုတ်လုပ်လာနိုင်ပြီး ပြည်ပသို့ ထိပ်တန်းတင်ပို့သူများဖြစ်လာတော့သည်။ အာဏာရှင်ကာလတစ်လျှောက် တောင်ကိုးရီးယားအား ပြည်ပဝင်ငွေ၊ နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်သူများမှာလည်း ချေယီဘိုအုပ်စုများသာဖြစ်သည်။
ပညာရေးနှင့် လူ့သားအရင်းအမြစ်ဖွံ့ဖြိုးမှု
ပညာရေးနှင့် လူသားအရင်းအမြစ်များအပေါ်တွင်တော့ တောင်ကိုးရီးယားအာဏာရှင်များအာရုံစိုက်ခ့ဲသည်။ ပညာရေးကဏ္႑အားလုံးတွင် အစိုးရမွ ပံပိုးမှုရှိပြီး ထိုအခ်က္က တောင်ကိုးရီးယားအတွက် စာတတ်ပေတတ် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်လာနိုင်ခ့ဲသည်။ ထိုသို့မွေးထုတ်နိုင်ခြင်းက နည်းပညာနှင့်သုတေသနတွင် အခြေခံထားသော ချေယီဘိုလုပ်ငန်းစုများအတွက် အထောက်အကူကို ဖြစ်စေသည်။
စည်းကမ်းလိုက်နာမှု၊ အလုပ်ကြိုးစားမှု
စည်းကမ်းလိုက်နာပါ၊ အလုပ်ကြိုးစားပါ၊ မျိုးချစ်စိတ်ရှိပါ ဟူသော စကားလုံးများသည် တောင်ကိုးရီးယားအာဏာရှင်များ ပြည်သူလူထုအပေါ် ဝါဒဖြန့်ချီထားသော စကားလုံးများဖြစ်သည်။ တောင်ကိုးရီးယား အာဏာရှင်များလက်ထက်တွင် တောင်ကိုးရီးယားအလုပ်သမား သာမန်လူတန်းစားများမှာ နာရီပေါင်းများစွာ အလုပ်လုပ်ကြရသည်။
ပြည်ပမှ အရင်းအမြစ်နှင့် နည်းပညာအကူအညီရမှု
အမေရိကန်မှ ပေးသော အရင်းအနှီးများ၊ ချေးငွေများနှင့် နည်းပညာများက တောင်ကိုးရီယား၏ ချေယီဘို လုပ်ငန်းစုများကို မ်ားစြာ အထောက်အကူပေးခ့ဲသည်။ ထိုအရင်းအနှီး၊ အရင်းအမြစ်များကို မဟာဗျူးဟာကျကျ ကိုင်တွယ်နိုင်ခြင်းကလည်း အကျိုးများစေခ့ဲသည်။
ဆိုရှယ်ဒီမိုကရက်စံနှုန်းဘက်မှ တောင်ကိုးရီးယား၏ အာဏာရှင်လက်ထက် စီးပွားရေးပြောင်းလဲမှုအား သုံးသပ်ခြင်း
တောင်ကိုးရီးယား၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် တရုတ်ကွန်မြူနစ်များ၏ အပြောင်းအလဲထက် ဆယ်စုနှစ်တစ်ခုစာ စောသည်။ ကိုးရီးယားကျွန်းဆွယ်၌ အာဏာရှင်စနစ်ထွန်းကားမှုသည် ကမ်ဘာကြီး၏ စစ်အေးကာလ ကွန်မြူနစ်စနစ်နှင့် အရင်းရှင်စနစ်ကြား အားပြိုင်မှု၏ အကျိုးဆက်လည်းဖြစ်သည်။ အများသုံးစကားဖြင့်ပြောရပါမူ "နိုင်ငံရေးပထဝီဝင်၏ ဗျူဟာမြောက်နေရာ" သို့မဟုတ် "ပါဝါဆုံချက်" နေရာဖြစ်နေခြင်း၏ အကျိုးဆက်လည်းဖြစ်သည်။ ကိုးရီးယားကျွန်းဆွယ်မြောက်ပိုင်း၌ ကွန်မြူနစ်စနစ်ကိုကျားကန်ပေးမည့် အာဏာရှင်ထွန်းကားလာသက့ဲသို့ တောင်ပိုင်း၌ အရင်းရှင်စနစ်ကို ကျားကန်ပေးမည့် အာဏာရှင်များထွန်းကားလာခ့ဲသည်။ ကိုးရီးယားလူ့ဘောင်သည်လည်း မင်းလောင်းမျှော်၊ ကယ်တင်ရှင်မျှော် အလေ့အထဖြစ်ထွန်းခ့ဲသည်။ "မင်းလောင်းမျှော်၊ ကယ်တင်ရှင်မျှော်" အလေ့အထဟူသည် "မိမိ၏စားဝတ်နေရေးကိစ္စသည်ပင်လျှင် နိုင်ငံရေးဖြစ်သည်" ဟူသော အတွေးအမြင်အားနည်းသည့် အလေ့အထလည်းဖြစ်သည်။ ကိုးရီးယားလူ့အဖွဲ့အစည်းထဲ၌လည်း တရုတ်လူ့အဖွဲ့အစည်းက့ဲသို့ ကွန်ဖြူရှပ်စံနှုန်းများသည် ဘဝ နေနည်းအတွက် လမ်းညွှန်ချက်ဖြစ်ခ့ဲသည်။ ကွန်ဖြူရှပ်စံနှုန်းအရ "အုပ်ချုပ်သူအာဏာပိုင်များအား ဖီလာဆန့်ကျင်မှုမပြုသင့်ပေ"။ ကွန်ဖြူရှပ်စံနှုန်းများတွင် လိုက်လျောညီထွေဖြစ်မှု၊ လောကနှင့် လူသားကြား ညီညွှတ်မျှတမှုဆိုသည့် ဝေဖန်ပိုင်းခြားခြင်းအနှစ်သာရများပါသော်လည်း ထိုအနှစ်သာရမှာ သာမန်လူထုကြားတွင် ပျောက်ကွယ်နေသည်။" စည်းကမ်းကိုလိုက်နာရမည်" ဆိုသည်အချက်ကိုသာ ဇောင်းပေးပြောဆိုတတ်ပြီး "ထိုစည်းကမ်းသည် ညီညွှတ်မျှတမှု မည်မျှရှိသည် ဆိုသည့် ပိုင်းခြားဆန်းစစ်မှု" က ဇောင်းပေးစရာမဟုတ်သည့် အလေ့အထမျိုးက တရုတ်၊ ကိုးရီးယား လူ့ဘောင်တွင် အားကောင်းနေခ့ဲသည်။ ဒေသန္တရ ပထဝီဝင်အရလည်း ကိုးရီးယားကျွန်းဆွယ်သည် တောင်၊ မြောက်ရှည်သော (Elongated Shape) ပုံစံရှိသည်။ ဤအချက်ကလည်း ကိုးရီးယားကျွန်းဆွယ်၏ လူမှုပထဝီဝင်တွင် တောင်ပိုင်းသား၊ မြောက်ပိုင်းသား ဆိုသည့် ဇာတိအစွဲအလန်းများကလည်း ရှိနေသည်ပင်။ ဤသို့ ကိုးရီးယားလူ့ဘောင်ထဲရှိ အခြေခံအချက်များနှင့် "နိုင်ငံရေးပထဝီဝင်အရ ပါဝါဆုံချက်" ဖြစ်လာသော်အခါ အာဏာရှင်စရိုက်သည် ပေါ်လာတော့သည်။
ပိုင်းခြားဝေဖန်မှုအပေါ်အားနည်းသော အလေ့အထရှိသည့် လူ့ဘောင်တစ်ခုအား ထိုသို့ အားနည်းနေခြင်းကိုပင် "ကယ်တင်ရှင် မဟာလူသား" အုပ္စုမ်ားက လူထုအပေါ် "စည်းကမ်းပြည့်ဝရန်၊ နားလည်သဘောပေါက်မှုရှိရန်"လိုအပ်ချက် ရှိနေသေးသည့် လူ့ဘောင်အဖြစ် ရှူမြင်လာပြန်သည်။ ထိုအခါ "ကယ်တင်ရှင် မဟာလူသား အုပ္စုမ်ား" ဤလူ့ထုအား ကယ်တင်ပေးမည့် မိမိတို့သည် "ဤလူထုအား စည်းကမ်းလိုက်နာတတ်စေရန်၊ နားလည်သဘောပေါက်မှုရှိစေရန်" မိမိတို့ကသာ သင်ကြားပြသပေးရမည်"ဟု အထင်ရောက်စေတော့သည်။ ဤသို့ဖြင့် လူထုအား " မိမိတို့ ကယ်တင်ရှင် မဟာလူသားမ်ား" ထက် တဆင့်နှိမ့်သောသူများအဖြစ် ရှူမြင်လာတော့သည်။ လူထုအား မိမိထက် တဆင့်နှိမ်သည်ဟု မာနဝင်နေသမျှတော့ လူထုနှင့် တသားတည်းနေရန်မှာ မဖြစ်နိုင်တော့ပေ။ ဆန်းစစ်ဝေဖန်ပိုင်းခြားအားနည်းခြင်းက "ကယ်တင်ရှင်မျှော်အလေ့အထ" ကိုဖြစ်စေပြီး ထိုအလေ့အထကပင် ဒီမိုကေရစီကို ပျက်သုန်းစေတတ်သည်။
ကိုးရီးယားကျွန်းဆွယ်၏ မြောက်ပိုင်းရော၊ တောင်ပိုင်းရော အာဏာရှင် အသီးသီးသည် ၎င်းတို့ကိုယ်ကို "ကိုးရီးယား လူ့ဘောင်၏ ကယ်တင်ရှင်များ" ဟု ထင်မှတ်ထားကြသည်။ မည်သည့်အာဏာရှိသူမဆို ခရိုနီလူတန်းစားတရပ်ကို မွေးထုတ်တတ်ကြသည်ပင်။ တောင်ကိုးရီးယား၏ အာဏာရှင်များ စီးပွားရေးကိုတည်ဆောက်ရာတွင် အထူးဦးစားပေးခံ လူတန်းစား ချေယီဘို အုပ္စုမ်ား ပေါ်ထွက်လာခြင်းမှာလည်း သိပ်အဆန်းတော့မဟုတ်ပေ။ ချေယီဘိုအုပ်စုများနှင့် တောင်ကိုးရီးယား အာဏာရှင်များ၏ လူထုကို ပေးသောဝါဒဖြန့်ချိရေး စကားလုံးများ (စည်းကမ်းလိုက်နာပါ၊ အလုပ်ကြိုးစားပါ၊ မျိုးချစ်စိတ်ရှိပါ) ဆိုသည့် နောက်ကွယ်တွင် တောင်ကိုးရီးယား သာမန်လူတန်းစားပြည်သူလူထုမှာ လုပ်အားခနည်းနည်းဖြင့် ချေယီဘိုများ၏ စက်ရုံအလုပ်ရုံများတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကြရတော့သည်။ အလုပ်သမားအခွင့်အရေးဟူ၍ သွားအော်၍မရ။ ဖိထောင်းနှိပ်ကွပ်ထားသည်။ နိုင်ငံရေးအရ မတူကွဲပြားမှုကိုလည်း တောင်ကိုးရီးယား အာဏာရှင်များ ဖိထောင်းနှိပ်ကွက်သည်။ ဤသို့ဖြင့် ပိပြားငြိမ်ဝပ်သည့် အခင်းအကျင်းတရပ်က တောင်ကိုးရီယားလူ့ဘောင်တွင်ပေါ်လာခ့ဲသည်။ ပိပြားငြိမ်ဝပ်မှုအား နိုင်ငံရေးတည်ငြိမ်မှုအဖြစ် မြင်လိုကမြင်နိုင်ပါသည်။
တောင်ကိုးရီးယားသည် သဘာဝသယံဇာတ အားကောင်းသည့်နေရာမဟုတ်။ သို့ဖြစ်၍ သဘာဝသယံဇာတမွ ဝင်ငွေကို တောင်ကိုးရီးယားအာဏာရှင်များမရခ့ဲ။ အာဏာပိုင်ဟူသည် မရှိလျှင် ရှိတာကို ထုတ်ယူတတ်သည့်သဘောရှိသည်။ သဘာဝသယံဇာတမရှိလျှင် လူသားအရင်းအမြစ်မှ အကျိုးအမြတ်ကို ထုတ်ယူလာတော့သည်။ ဤတခ်က္က တောင်ကိုးရီးယားလူ့ဘောင်အား ကံဆိုး၊ ကံကောင်းစေသည်ဟု ဆိုရမည်ဖြစ်သည်။ လူသားအရင်းအမြစ်မှ အကျိုးအမြတ်ကို ထုတ်ယူချင်သောအခါ တောင်ကိုးရီးယားအာဏာရှင်များသည် ပညာရေးကို ရင်းနှီးမြုပ်နှံရတော့သည်။ တောင်ကိုးရီးယား အာဏာရှင်များ စီးပွားရေးတည်ဆောက်မှုထဲတွင် ဆိုရှယ်ဒီမိုကရေစီစံနှုန်းနှင့် ကိုက်သောအစိတ်အပိုင်းကိုပြပါဆိုလျှင် "ပညာရေးနှင့် လူသားအရင်းအမြစ်အပေါ် ရင်းနှီးမြုပ်နှံမှု" သာရှိသည်။ ကျန်အချက်များကတော့ ကိုက်ညီမှုမရှိပေ။ သယံဇာတအားမကောင်းသည့်အတွက် တောင်ကိုးရီးယားအာဏာရှင်များက လူသားအရင်းအမြစ်များထံမှ အကျိုးအမြတ်ကိုထုတ်ယူရန် ဆောင်ရွက်မှုက "တောင်ကိုးရီးယားလူ့ဘောင်အား ထုတ်ကုန်ရှိသောလူ့ဘောင်" တရပ်တော့ ဖြစ်လာစေခ့ဲသည်။
တောင်ကိုးရီးယား စီးပွားရေးတိုးတက်ရသည့် အချက်များထဲတွင် အရေးကြီးဆုံးအချက်မှာ အမေရိကန်မှ ကာကွယ်ရေးနှင့် စီးပွားရေးတွင် ကျားကန်ပေးမှုဖြစ်သည်။ "စစ်အေးကာလွန်နိုင်ငံရေးပထဝီဝင်၏ မဟာဗျူဟာမြောက်" မှုတွင် အမေရိကန်က့ဲသို့ အရင်းရှင်အုပ်စုဘက်ကို ကပ်ခ့ဲသည့် အကျိုးရလဒ်လည်းဖြစ်သည်။ အမေရိကန်၏ အရင်းအနှီးနှင့် နည်းပညာအကူအညီများကြောင့် တောင်ကိုးရီးယားသည် ကမ်ဘာဈေးကွက်ထဲဝင်လာနိုင်သည်။ ကနဦးတွင် တောင်ကိုးရီးယားအာဏာရှင်များက လွတ်လပ်သောဈေးကွက်ကို ပိတ်ပင်ကာ "ပြည်တွင်းဖြစ်ကိုအားပေးကြ" လုပ်နေသော်လည်း ကမ်ဘာဈေးကွက်ထဲ ရောက်လာသောအခါ ဈေးကွက်အား လွတ်လပ်ခွင့် ပေးလာရတော့သည်။ အမေရိကန်ဘက်ကကြည့်လျှင်လည်း သူ့ဘက်တော်သားတစ်ယောက် သူ့ဖာသူ ရပ်တည်နိုင်လာလေ ဝန်ပေါ့လေဖြစ်သောကြောင့် တောင်ကိုးရီးယားအာဏာရှင်များကို ကမ်ဘာဈေးကွက်ထဲ ဆွဲခေါ်ခြင်းဖြစ်သည်။
အမေရိကန်က့ဲသို့ အရင်းရှင်အုပ်စု၏ ဘက်တော်သားဖြစ်၍ အရင်းရှင်စီးပွားရေးကိုကျင့်သုံးခြင်း၊ ထုတ်ကုန်အတွက် ပညာရေးကို ပံပိုးလာရခြင်း၊ ပညာရေးအားကောင်းမှုက တောင်ကိုးရီးယားကို ဝေဖန်ဆန်းစစ်ပိုင်းခြားတတ်သောလူ့ဘောင်ဘက်ကို တွန်းပို့လာခြင်း စသည်တို့က တောင်ကိုးရီးယားအား ထုတ်ကုန်ရှိသော ပညာအခြေခံလူ့အဖွဲ့အစည်းဘက်ကို ရောက်ရှိလာစေတော့သည်။ ထိုအချက်များက တောင်ကိုးရီးယားပြည်သူတို့အား အာဏာရှင်ကို ဖြုတ်ချကာ ဒီမိုကရက်လူ့အဖွဲ့အစည်းကို ထည်ထောင်ရန် အပံအပိုးများဖြစ်စေတော့သည်။ ယခုတောင်ကိုးရီးယားကား ဒီမိုကရေစီရင့်သန်သော စီးပွားရေးတောင့်တင်းသော လူ့ဘောင်ဖက်ကို ရောက်နေလေပြီ။
အာရက္ခလူ့ဘောင်အပေါ်နှိုင်းယှဉ်ခြင်း
တောင်ကိုးရီးယား၏ အာဏာရှင်များလက်ထက် စီးပွားရေးတည်ဆောက်မှုသည် အားပြိုင်မှုများကြား တည်ဆောက်ရခြင်းဖြစ်သည်။ ကိုးရီးယားကျွန်းဆွယ်၌ တိုက်ပွဲများမရှိသည့်နောက်ပိုင်းတွင်လည်း အားပြိုင်မှု၊ တေ့ဆိုင်မှုနှင့် စစ်ရေးအသင့်ပြင် ဟန်ရေးပြမှုက လက်ရှိအခြေအနေထိရှိနေသည်။ တိုက်ပွဲမရှိသော်လည်း တိုက်ပွဲအတွက်အမြဲအသင့်ပြင်ထားရသော အခြေအနေမျိုးဖြစ်သည်။ ထိုအခြေအနေအောက်တွင်ပင် တောင်ကိုးရီးယားသည် ဒီမိုကရက်လူ့ဘောင်တစ်ခုအဖြစ်တည်ဆောက်လာနိုင်ခ့ဲသည်။ အကြပ်အတည်းများ၊ အားပြိုင်မှုများကြားတွင် တောင်ကိုးရီးယားလူ့ဘောင်က့ဲသို့ စီးပွားရေးတောင့်တင်းမှုနှင့် လွတ်လပ်မှုကို အာရက္ခလူ့ဘောင်သည်ရရှိနိုင်ပါမည်လောဟု ဆန်းစစ်စရာရှိသည်။ "နိုင်ငံရေးပထဝီဝင်၏ မဟာဗျူးဟာမြောက်အရေးပါမှု"က တောင်/မြောက်ကိုးရီးယားကို အာဏာရှင်များပေါ်ထွက်လာစေခ့ဲသည်။ "အာရက္ခဒေသသည်လည်း "နိုင်ငံရေးပထဝီဝင်အရ မဟာဗျူဟာမြောက်သည့်နေရာ၊ ပါဝါဆုံချက်ဖြစ်သည့်နေရာဟု" ဆိုကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင်တော့ စူပါ ပါဝါမ်ား၏ အားပြိုင်မှုသည်ထင်သာမြင်သာဖြစ်ခ့ဲသည်။ ဆိုဗီယက်၊ တရုတ်စသော လက်ဝဲအုပ်စုများက မြောက်ကိုးရီးယားကို ကျားကန်မှုပေးခြင်းနှင့် အမေရိကန်နှင့် လက်ယာ အရှင်းရှင်အုပ်စုက တောင်ကိုးရီးယားကို ကျားကန်ပေးခြင်းတို့က ထင်သာမြင်သာသည်။ အာရက္ခဒေသတွင်တော့ စူပါပါဝါမ်ား၏ အားပြိုင်မှုသည် ကိုးရီးယားကျွန်းဆွယ်က့ဲသို့ ထင်သာမြင်သာ ပြင်းထန်မှုမရှိပေ။ တရုတ်၏ ခြေတံ၊ လက္တံ ဆန့်ထွက်မှုသည် သက္ကရာဇ် 2000 ပြည့်လွန်ကာလများတွင် ရှိလာခ့ဲသည်။ မလက္ကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်သည် ဒေသတွင်းနိုင်ငံများအပေါ် အင်အားပြ လူစွာလုပ်လာသည်။ မလက္ကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နှင့် အမေရိကန် နောက်ခံပေးထားသော နိုင်ငံများ အားပြိုင်ကြသလောက် အာရက္ခဒေသတွင် ထိုသို့မရှိခ့ဲပေ။ ဤအခ်က္က အာရက္ခဒေသသည် တရုတ်အတွက်သာ အရေးကြီးကောင်းကြီးမည်ဖြစ်သော်လည်း အနောက်အုပ်စုအတွက်တော့ သိပ်အရေးပါမည်မဟုတ်ဟူသော ကောက်ချက်တစ်ခုကိုဖြစ်ပေါ်စေသည်။ အိန္ဒိယအတွက်သာ အာရက္ခဒေသသည် ထည့်သွင်းစဉ်းစားစရာဖြစ်နေနိုင်သော်လည်း အိန္ဒိယအဖို့တော့ လက်ရှိအနေအထားထိ ကုလားတန်စီမံကိန်းအပေါ် အေးအေးလူလူ အနေအထားမျိုးသာ ချဉ်းကပ်နေသည်။ ဤအခ်က္က တောင်ကိုးရီးယားရရှိခ့ဲသော အနောက်အုပ်စု၏ အထောက်အပံမျိုးက အာရက္ခဒေသတွင် ရလာစရာမရှိဟု လက်ရှိတွင် ကောက်ချက်ချနိုင်သည်။
တောင်ကိုးရီးယားကား သဘာဝသယံဇာတထွက်မှုအားနည်းခ့ဲသည်။ ကျောက်သားကျောက်ဆောင်များပေါ်ခ့ဲသည်။ ကျောက်သားများကို ထုခြဲကာ ထွန်ရက်စိုက်ပျိုးနိုင်သောမြေကိုပြုပြင်ယူခ့ဲရသည်။ အာရက္ခလူ့ဘောင်တွင်တော့ ပင်လယ်ပြင်သဘာဝဓာတ်ငွေ့တော့ရှိသည်။ သို့သော် ထုတ်ယူနိုင်သောနည်းပညာ၊ လူသားအရင်းအမြစ်၊ ငွေကြေး၊ လုပ်ပိုင်ခွင့်ကမရှိခ့ဲ။ လက်ယက်ရေနံတွင်းများတူးသလိုတော့ ပင်လယ်ပြင်ကိုသွားတူး၍လည်းမရ။ အာရက္ခလူ့ဘောင်၏ သယံဇာတမွာ တောင်ကိုးရီးယားထက်တော့ အထိုက်အလျောက်ပေါပါသည်။ လူသားဗီဇအရ မည်သည့်အုပ်ချုပ်သူမဆို သူ့နှင့်နီးကပ်သော စီးပွားရေးအုပ်စုတစ်ခုကိုတော့ ဖန်တီးတတ်ကြစမြဲပင်ဖြစ်ရာ တောင်ကိုးရီးယား၏ ချေယီဘိုအုပ်စုများက့ဲသို့ ခရိုနီလူတန်းစားအသစ်တရပ်ကတော့ အာရက္ခလူ့ဘောင်တွင်လည်း ပေါ်လာနိုင်စရာရှိနေပါသည်။ သို့သော် တောင်ကိုးရီးယားတွင်တော့ သယံဇာတနည်းပါးမှုကြောင့် အာဏာရှင်များနှင့် ချေယီဘိုများသည် လူသားအရင်းအမြစ်ကို ဗဟိုပြုခ့ဲရသည်။ အာရက္ခလူ့ဘောင်တွင် ပညာရေးနှင့် လူသားအရင်းအမြစ်ကို ဗဟိုပြုစာရာမလိုဘဲ ကုန်ကြမ်းသက်သက်ကို ရောင်းစားသည့် လုပ်ကွက်များအား လက်ဝါးကြီးအုပ်သည့် အခွင့်ထူးခံ စီးပြားရေးအုပ်စုများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောက့ဲသို့ ကဏ္႑များတွင် ပေါ်လာနိုင်ချေများပါသည်။
အာရက္ခလူ့ဘောင်သည်လည်း ပိုင်းခြားဝေဖန်ဆန်းစစ်မှုအားနည်းသည့် "ကယ်တင်ရှင်မျှော်" အလေ့အထရှိသည်။ ထိုအလေ့အထသည်လည်း မိမိကိုယ္ကို လူထုထက် အဆင့်မြင့်သည်၊ လူထုအား မိမိတို့မှ နားလည်သဘောပေါက်လာရန်ဆောင်ရွက်ရမည်ဟု မာနရှိသော "ကယ်တင်ရှင် မဟာလူသားမ်ား" ကိုပေါ်လာစေရန်ရေခံ မြေခံတစ်ခုဖြစ်သည်။ အရာအားလုံးသောပြဿနာများကို အဆိုပါ "ကယ်တင်ရှင် မဟာလူသားမ်ား"က ဖြေရှင်းပေးလိမ့်မည်၊ သို့ဖြစ်၍ ကယ်တင်ရှင် မဟာလူသားမ်ား၏ စည်းဘောင်ကို ဝေဖန်စရာမလို၊ ထိုသို့ ဝေဖန်မှုမပြုခြင်းကပင် ကယ်တင်ရှင် မဟာလူသားမ်ား၏ စွန့်လွတ်အနစ်နာခံမှုကို ဂါဝရတရားပြုရာရောက်သည် ဟူသော ပေါ်ပြူလာယဉ်ကျေးမှုက အလိုက်အထိုက်ပင် အာရက္ခလူ့ဘောင်၌ စည်ပင်ဝေဆာအုံးမည့်သဘောရှိသည်။ တောင်ကိုးရီးယားလူ့အဖွဲ့အစည်းရင်ဆိုင်ခ့ဲရသော "စည်းကမ်းရှိပါ၊ အလုပ်ကြိုးစားပါ၊ မျိုးချစ်စိတ်ရှိပါ၊ ပြည်တွင်းဖြစ်ကိုအားပေးပါ" ဟူသော စကားလုံးများဖြင့် လုပ်အားနှင့် ဈေးကွက်ကို ခေါင်းပုံဖြတ်ခံရမည့် အလားအလာမျိုးလည်း အာရက္ခလူ့ဘောင်တွင် ပေါ်လာနိုင်ချေရှိပါသေးသည်။
ကမ်ဘာကြီး၏ လူသားသမိုင်းဇတ်ခုံတွင် 1940 ခုနှစ်မှ 1970 ခုနှစ် ဝန်းကျင်ကာလသည် ကိုလိုနီဘဝမွ လွတ်မြောက်စနိုင်ငံများ၏ လူ့အဖွဲ့အစည်းအသီးသီး၌ "ကယ်တင်ရှင် မဟာလူသားမ်ား" ကိုယ်စီရှိခ့ဲသည်။ ထိုအထဲမွ အချို့သော ကယ်တင်ရှင် မဟာလူသားများအနေဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွက် လုပ်နေရင်း ကိုင်နေရင်းမှပင် အာဏာရှင်ဇတ်ရုပ်ထဲ ခုန်ကူးသွားကြသည်။ 1970 ခုနှစ်မှ 1980 ခုနှစ်ကာလများသည် ထိုကယ်တင်ရှင် မဟာလူသားတို့၏ အာဏာရှင်ဖြစ်မှုကို လူထုကမခံမရပ်နိုင်၍ လွတ်လပ်ခွင့် ဒီမိုကေရစီကို စတင် တောင်းဆိုသော ကာလများဖြစ်ကြသည်။ 1990 ပြည့်လွန်ကာလများ၌ အချို့သော လူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီသို့ ခုန်ကူးသွားနိုင်ပြီး အချို့လူ့အဖွဲ့အစည်းများမှ အာဏာရှင်စနစ်အောက်တွင် ဆက်ရှိနေခ့ဲသည်။ အချို့လူ့အဖွဲ့အစည်းများကား အာဏာရှင်စနစ်ဘက်ရောက်လိုက် ဒီမိုကရေစီဘက်ရောက်လိုက်နှင့် ယိမ်းထိုးနေကြသည်။ တောင်ကိုးရီးယားလူ့ဘောင်ကတော့ ဒီမိုကေရစီကို ခုန်ကူးသွားနိုင်သော်လည်း မြန်မာလူ့ဘောင်နှင့် အာရက္ခလူ့ဘောင်ကတော့ မခုန်ကူးနိုင်ခ့ဲပေ။
ထိုသို့ အာဏာရှင်စနစ်များမှ ဒီမိုကေရစီကို ခုန်ကူးနိုင်သော လူ့အဖွဲ့အစည်းများကိုကြည့်ပါက "ပိုင်းခြား ဝေဖန်ဆန်းစစ်မှုနှင့် တီထွင်ကြဆမှုကို အားပေးသော ပညာရေးရှိနေခြင်း၊ ထိုပညာရေးကြောင့် ပေါ်ထွက်လာသော ပညာတတ်လူတန်းစားများရှိလာခြင်းနှင့် ထုတ်ကုန်ရှိသောလူ့ဘောင်ဘက်ကို ရောက်လာခြင်း" ဆိုသည့်အချက်များ ရှိနေသည်ကိုတွေ့ရသည်။
တောင်ကိုးရီးယား၏ စီးပွားရေးကိုတည်ဆောက်ရာတွင် အုပ်ချုပ်သူများက လုံးဝချုပ်ကိုင်ထားသော အစီအစဉ်နှင့် ဗဟိုချုပ်ကိုင်မှုတင်းကြပ်ခြင်းကို လက်ရှိအာရက္ခလူ့ဘောင်၏ အုပ်ချုပ်သူများကလည်း သဘောကျကြမည်ဖြစ်သည်။ လက်ရှိအာရက္ခလူ့ဘောင်သည်လည်း အုပ်ချုပ်သူများမှတင်းပြည့်ကျပ်ပြည့် ဗဟိုချုပ်ကိုင်ထားသော စနစ်အောက်ကို ကာလတစ္ခုထိ ဖြတ်သန်းရမည့်ပုံရှိနေပါသည်။ တောင်ကိုးရီးယားတွင်တော့ အာဏာရှင်လက်ထက်တွင် ပိပြားငြိမ်ဝပ်အောင်ပြုလုပ်ထားမှုအား နိုင်ငံရေးတည်ငြိမ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခံရသည်။ ထိုပိပြားငြိမ်ဝမ်အောင်ပြုလုပ်မှုတွင် တောင်ကိုးရီးယားလူ့ဘောင်အဖို့ ဒီမိုကရေစီဆိတ်သုန်းမှုနှင့် နိုင်ငံရေးအာဂျင်တာထဲသို့ အတင်းအကြပ်ဖိနှပ်သွပ်သွင်းမှုများကို ခါးစည်းခံလိုက်ရသည်။ တောင်ကိုးရီးယာလူ့ဘောင်အတွက်တော့ ဒီမိုကရေစီအခွင့်အရေးသည် အသက်၊ သွေး၊ ချွေးဖြင့် အထိနာခံကာ ပေးဆပ်ရယူခ့ဲရသည်။ အာရက္ခလူ့ဘောင်တွင်တော့ မည်သို့ဖြစ်လာမည်ကိုမသိနိုင်၊၊ အကယ်၍သာ အာရက္ခလူ့ဘောင်၏ ဗဟိုချုပ်ကိုင်မှုနှင့် တစ်စုတစ်ဖွဲ့မှ ဦးဆောင်သော နိုင်ငံတည်ဆောက်မှုသည် နိုင်ငံရေးအရမတူကွဲပြားမှုကိုလက်ခံသည့်၊ ပညာနှင့် လူ့သားအရင်းအမြစ်အပေါ် ရင်းနှီးမြုပ်နှံလိုသည့်၊ စီးပွားရေးတည်ဆောက်မှုတွင် တန်းတူညီမျှမှုကို ဦးတည်သည့် လုပ်ငန်းစဉ်များအတွက် အစပြုအုတ်မြစ်ချရန် ဆယ်စုနှစ်တစ်ခုစာချိန်ကာလအကန့်အသတ်တစ်ခုဖြင့် တည်ဆောက်မှုဖြစ်ပါက အာရက္ခလူ့ဘောင်၏ လူထုသည် တောင်ကိုးရီးယားလူ့ဘောင်လောက်တော့ အထိနာမည်မဟုတ်ပေ။ နှောင်းကာလ အာရက္ခလူထုအတွက်တော့ "ကယ်တင်ရှင် မဟာလူသားမ်ား"ပုံရိပ်များထက် "အဖမြေအား တည်ထောင်သူဖခင်များ" ဟူသော ပုံရိပ်ကသာ ပို၍ ဂါဝရထားစရာဖြစ်နေမည်ဖြစ်သည်။
Comments
Post a Comment