မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ မြေသိမ်းယူမှုအား ဖောျပွခ့ဲ ပြီးနောက် မြို့ပြမြေယာနှင့် အိမ်ရာသိမ်းယူခြင်း (Urban Expropriation) ကို ထပ်မံ တင်ပြပါမည်။ တရုတ်ပြည်၏ မြို့ပြဒေသတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်း ဖြစ်စေ၊ နေထိုင်ခွင့်သက်တမ်း ဖြစ်စေ၊ မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်တစ်ခုခု ရရှိထားသောမြေပေါ်ရှိ အိမ်ရာ၊ အဆောက်အအုံ များကို ဖျက်သိမ်းသောအခါ လျှော်ကြေးစနစ် (၂) မျိုးရှိသည်။ ထို ၂ မျိုးထဲမှ ကြိုက်ရာ ရွေးချယ်ခွင့်ရှိသည်။ ပထမ စနစ်မှာ ငွေကြေးအလိုက်ပေးခြင်း (Monetary Compensation) ဖြစ်သည်။ ဖျက်သိမ်းခံရသော အိမ်ယာ၊ အဆောက်အအုံ၏ ဈေးကွက်ပေါက်ဈေးကို တွက်ချက်ကာ ငွေသားအပြည့်အဝ ပေးသည်။ ( အရေးကြီးဆုံးအချက္မှာ အိမ်ခြံမြေတန်ဖိုး ဖြတ်ရာတွင် အစိုးရမှ စွက်ဖက္မှုကင်းသော လွတ်လပ်သည့် အကဲဖြတ်အဖွဲ့မျက တွက်ချက်ရခြင်း ဖြစ်သည်။) ဒုတိယ စနစ်မှာ အိမ်ရာချင်း အစားထိုးလဲလှယ်ခြင်း (Property Title Exchange) ဖြစ်သည်။ အစိုးရက တည်ဆောက်ပေးသော တခြားနေရာရှိ အိမ်ရာအသစ် (သို့မဟုတ်) တိုက်ခန်းအသစ်ကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်သည်။ တန်ဖိုးချင်း ကွာဟချက်ရှိလျှင...