အရပ်ဘက် စစ်ဘက် ဆက်ဆံရေး- ၁
အရပ်ဘက် စစ်ဘက် ဆက်ဆံရေး- ၁
နိုင်ငံတော် တရပ် (သို့မဟုတ်) လူ့အဖွဲ့အစည်းတစ်ခုအတွက် မိမိဘဝအသက်ရှင်ရပ်တည်ရေးအား ထိခိုက်လာမည့် အန္တရာယ်များမှ ကာကွယ်ရန် စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတရပ်က လိုအပ်သည်။ သို့သော် ထိုလက်နက်ကိုင် အဖွဲ့အစည်းတရပ်က ၎င်းတို့၏ ပါဝါစွမ်းအားဖြင့် လူထုအား မဆန့်ကျင်ရန်၊ အာဏာမပြရန်လည်း လိုအပ်သည်။
အမှန်စင်စစ်အရ စစ်ဘက်ဟူသည် အုပ်ချုပ်ရေးအာဏာ၏ အောက်တွင်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့သော် စစ်ဘက္မှပင် အုပ်ချုပ်ရေးအာဏာအား ရယူလာသည့် နိုင်ငံအာဏာပုံစံ ပျက်ယွင်းမှုများကလည်း လူ့သဘာဝတွင် ဖြစ်တတ်သည်။
ဖြစ်ရိုးစဉ်လာအရ စစ်ဘက်သည် အရပ်ဘက်အုပ်ချုပ်မှုကို နာခံရသည်။ စစ်ဘက်က အရပ်ဘက်အုပ်ချုပ်မှုအား နာခံခြင်းဟူသော အဓိပ္ပါယ္မှာ ပြည်သူလူထုက ရွေးကောက်တင်မြောက်လိုက်သော သူများက စစ်ဘက်ဆိုင်ရာ ကိစ္စများအပေါ်တွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထိုဆုံးဖြတ်ချက်အား စစ်ဘက္မှ နာခံခြင်း ဖြစ်သည်။
စစ်ဘက်၏ မူလတာဝန်မှာ ပြည်သူလူထုအား ဘေးကင္းရန္ကာကွယ်ခြင်းဖြစ်သည်။ ပြည်သူလူထုအား ဘေးကင္းရန္ ကာကွယ်မှုဆိုသော အဓိပ္ပါယ္ထဲတွင္ ပြည်သူလူထု၏ လွတ်လပ်ခွင့်၊ စည်းစိမ်ဥစ္စာနှင့် အေးချမ်းမှုကို ကာကွယ်ခြင်းလည်းပါဝင်သည်။ ပြည်သူလူထုအား ကာကွယ်ရန် ဆိုသောအချက္မှ လမ်းချော်ပါက လက်နက်ကိုင်တပ်ဖွဲ့ဟူသည် ပြည်သူလူထုကို ဖိနှိပ်ပိတ်ပင် ရက်စက်သော အဖွဲ့အစည်းဘက်ကို ရုတ်တရက် ကူးပြောင်းသွားနိုင်သော အခြေအနေလည်း ရှိသည်။
ပြည်သူလူထုတွင် ၎င်းတို့၏ လွတ်လပ်ခွင့်၊ စည်းစိမ်ဥစ္စာနှင့် အေးချမ်းမှု အတွက် လိုအပ်ပါက လက်နက်ကိုင်တပ်ဖွဲ့၏ အင်အားကို သုံးခွင့်ရှိသည်။ လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်မှာ ပြည်သူလူထု၏ လိုအပ်သည့်အချိန်တွင် အသင့်ဖြစ်နေစေရန် မိမိ၏ စွမ်းရည်ကို ပြည့်ဝအောင် အမြဲတန်း လေ့ကျင့်တည်ဆောက်နေခြင်းသာ ဖြစ်သည်။ သို့သော် စစ်ဘက် အုပ်စုက ၎င်းတို့အကျိုးစီးပွားအတွက် ပြည်သူလူထုအပေါ် အင်အားသုံးလာမှုမျိုးသည်လည်း လူသားသမိုင်းတွင် ရှိထားသည်။
လက်နက်ကိုင်တပ်ဖွဲ့အား အဘယ်ကြောင့် စည်းမျဉ်း စည်းကမ်းများဖြင့် အထပ်ထပ် ချုပ်ကိုင်ထားရပါသနည်း။ အဖြေမှာကား စစ်ဘက် အုပ်စုက ၎င်းတို့အကျိုးစီးပွားအတွက် ပြည်သူလူထုအပေါ် အင်အားမသုံးနိုင်ရန်အတွက် တင်းကြပ်ထားရခြင်း ဖြစ်သည်။ သာမန်ပြည်သူတစ်ဦး ဥပဒေကို ချိုးဖောက်လျှင် ချိုးဖောက်သော ဥပဒေဒဏ်ကို ခံရသည်။ လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦး ဥပဒေကို ချိုးဖောက်လျှင် ချိုးဖောက်သော ဥပဒေ၏ အပြစ်ဒဏ်နှင့် စစ်ဘက်ဆိုင်ရာ ဥပဒေ၏ အပြစ်ဒဏ်ကိုပါ ခံရသည်။
လက်နက်ကိုင်ထားသူတစ်ဦး စိတ်ထင်ရာကို လုပ်နေပါက ထိုပတ္ဝန်းကျင္ တွင္ မည်သူမှ စိတ်အေး လက်အေး နေနိုင်မည်မဟုတ်ချေ။ ထိုသို့ စိတ်ထင်ရာကို မပြုလုပ်စေရန် အတွက် စည်းကမ်း စည်းမျဉ်းကို တင်းကြပ်ထားရခြင်း ဖြစ်သည်။ ဤသို့မဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝင် ဖြစ်သောကြောင့် အမှားလုပ်သည်ဖြစ်စေ ကင်းလွတ်ခွင့်ပေးထားသည် ဆိုပါက လူ့အဖွဲ့အစည်းတွင် အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးတွင် အပြန်အလှန် ယုံကြည်မှုက ပျက်တော့သည်။
ပုံမှန်အားဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးသည် ပြည်သူတစ်ဦးအပေါ် ဥပဒေချိုးဖောက်ပါက ထိုလက်နက်ကိုင် တပ်ဖွဲ့ဝင်၏ လုပ်ရပ်သည် အရပ်ဘက် ပြည်သူနှင့် သက်ဆိုင်သည်ဖြစ်၍ စစ်ဘက္မှ ထို တပ်ဖွဲ့ဝင်အား အရပ်ဘက် တရားရုံးသို့ လွဲပြောင်းပေးရသည်။ အရပ်ဘက် တရားရုံးမှ ထိုတပ်ဖွဲ့ဝင်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက စစ်ဘက္မှ ထိုစီရင်ဆုံးဖြတ်မှုကို နာခံရသည်။ ထိုနောက် စစ်ဘက် ဆိုင်ရာ ခုံရုံး/ တရားရုံးဖြင့် ထို တပ်ဖွဲ့ဝင်အား ထပ်မံစစ်ဆေးကာ အပြစ်ဒဏ် ချမှတ်ရသည်။
ပုံသဏ္ဍာန်မှန်သော အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး၏ အမြင့်ဆုံး ပြယုဂ်မှာ စစ်ဘက်၏ အာဏာထိပ်ခေါင် စစ်သေနာပတိချုပ်မှာ လူထုမှ တိုက်ရိုက် သို့မဟုတ် ရွေးကောက်တင်မြောက်ထားသော အရပ်သား ဖြစ်နေခြင်းပင် ဖြစ်သည်။ အကယ်၍ စစ်ဘက္မှ ပုဂ္ဂိုလ်တစ်ဦးဦးမှ စစ်ဘက်ပါဝါဖြင့် နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲ နေရာကို ယူလာပါက ထိုဖြစ်စဉ်မှာ နိုင်ငံအာဏာပုံစံ ပျက်ယွင်းမှု ဖြစ်နေပြီ ဖြစ်သည်။
အရပ်ဘက်တွင် နိုင်ငံရေး၊ အာဏာဆိုင်ရာ ကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာ အင်အားအပေါ် မည်သို့ မည်ပုံအသုံးပြုမည်ကို ဆုံးဖြတ်သည်။ စစ်ဘက်၏ သဘောတွင်တော့ ထိုသို့မဟုတ္ဘဲ နိုင်ငံရေးနှင့် အာဏာဆိုင်ရာ ကိစ္စရပ်များမှ ကင်းလွတ်ကာ ကာကွယ်ရေး၊ လုံခြုံရေး တာဝန်ကိုသာ သီးသန့် ယူထားရခြင်း ဖြစ်သည်။
ဆက်ရန်
Comments
Post a Comment