ဘင်္ဂလားဒေရှ့် အစိုးရအဖွဲ့သစ် ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီးက သတင်းလွတ်လပ်ခွင့်ကို အာမခံ
ဘင်္ဂလားဒေရှ့် အစိုးရအဖွဲ့သစ် ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီးက သတင်းလွတ်လပ်ခွင့်ကို အာမခံ မကြာသေးမီက ရွှေးကောက်တင်မြောက်ခံရတ့ဲ ဘင်္ဂလားဒေရှ့်ရဲ့ အစိုးရအဖွဲ့သစ်ရဲ့ ဆက်သွယ်ရေးနှင့် အသံလွင့်ဝန်ကြီး ဇဟာရ် အူဒင် ဆွာပန် ( Zahir Uddin Swapan) က သတင်းသမားတွေအတွက် အကြောက္တရားကင်းတ့ဲ ပတ်ဝန်းကျင်ကို ဖန်တီပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဘာရိရှောလ် (Barishal) ခရိုင်ရှိ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ခန်းမမှာ မိခင်ဘာသာစကားနေ့ နဲ့ အာဇာနည်နေ့ကို ပူးတွဲ ကျင္းပခ့ဲပါတယ္။ အဲဒီ အစိုးရသစ်ရဲ့ လုပ်ငန်းစဉ်တွေကိုပါအခမ်းအနားမှာ ဝန်ကြီးက အခုလိုပြောသွားတာပါ။ BNP ပါတီရဲ့ ရွေးကောက်ပွဲ ကြေ ငြာစာတမ်းမှာ ပါတ့ဲအချက်တွေကို အကောင်အထည်ဖော်သွားမယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးကို ဖော်ဆောင်တာ၊ အိမ်ထောင်စုတိုင်းအတွက် မိသားစုကဒ်တွေ ပေးတာ၊ အလုပ်လက္မ့ဲအတွက္ အလုပ်အကိုင်သစ်တွေ ဖော်ထုတ်တာ၊ လယ်သမားများအတွက် ချေးငွေနှင့် လယ်သမားကဒ် ထုတ်ပေးတာတွေကို ဦးစားပေးဆောင်ရွက္မယ်လို့ သူကဆိုပါတယ်။ ပြီးရင် ကီလိုမီတာ ၂၀၀၀၀ လောက္ရှည္တ့ဲ နိုင်ငံကို ဖြတ်သွားတ့ဲ တူးမြောင်းတစ်ခုကိုလည်...