တောင်အာရှ

 နီပေါနိုင်ငံ၏ ပထမဆုံး အထက်လွတ်တော် အမျိုးသမီးလွှတ်တော်အမတ္ဖြစ်သူ ကာမဲလ် ရာနာ ကွယ်လွန်


နီပေါနိုင်ငံရဲ့ ဒီမိုကရေစီခရီးကြမ်း အစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက် ဦးဆောင္လမ္းပြဖြစ်ခ့ဲတ့ဲ ကာမဲလ် ရာနာ (Kamal Rana) ဟာ  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ အသက် ၉၈နှစ်အရွယ်မှာ ကွယ်လွန်သွားခ့ဲပါပြီ။ သူမဟာ နိုင်ငံအဆင့် ဆုံးဖြတ်ချက် (National decision- making) တွေ ချမှတ်တ့ဲ နေရာတွေမှာ အမျိုးသမီးများဟာလည်း စွမ်းရည်ရှိတယ်ဆိုတာကို ယဉ်ကျေးမှု အစဉ်အလာတွေကို အာခံပြီး ပြသနိုင်ခ့ဲသူလည်း ဖြစ်ပါတယ်။


သူမကို နီပေါနိုင်ငံ တန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခ့ဲပါတယ်။ သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah) ဟာလည်း နီပေါနိုင်ငံရေးသမား တစ်ဦးဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်လာတ့ဲနောက္ပိုင္းမှာ အဲဒီအချိန်တုန်းက နီပေါ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သူ မင်း ရှုမ်ရှာ ဂျေဘီ ရာနာ (Meen Shumsher J.B. Rana) ဆိုတ့ဲ စစ်ဗိုလ်တစ်ဦးနဲ့ လက္ထပ္ခ့ဲပါတယ္။ သူမဟာ ထရိဘူဝမ် တက္ကသိုလ် ( Tribhuvan University) မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင္ယူခ့ဲပါတယ္။ ၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက် ပါတီက ဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီစနစ်ဘက်ကို ပိုသွားဖို့နဲ့ ဘုရင်စနစ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်အချို့ရလာပြီး နီပေါနိုင်ငံရဲ့ အပြောင်းအလဲက တချိုးကွေ့ဖြစ်လာခ့ဲပါတယ္။  ၁၉၅၂ ခုနှစ်မှာ ရာနာဟာ  အမျိုးသမီးစေတနာ ဝန်ထမ်းအဖွဲ့ကို ထူထောင္ခ့ဲပါတယ္။ သူမကို အမျိုးသား လွတ်တော် (National Assembly) မှာ ဒု ဥက္ကဌ အဖြစ် ခန့္အပ္ခံရပါတယ္။ အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်ကနေ ၁၉၅၉ ခုနှစ်အထိ သူမဟာ အကြံပေး အတိုင်ပင်ခံ လွတ်တော် (Advisory Assembly) မှာ တာဝန်ဆက်ပြီး ထမ်းဆောင်ခ့ဲပါတယ်။


၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ နီပေါမှာ လွတ်တော်နှစ်ရပ်စနစ် (Bicameral Parliament) ကို ကျင့်သုံးလာပါတယ်။ အဲဒီလွတ်တော်နှစ်ရပ်မှာ တစ်ခုက လူထုက ရှေးကောက္တင္မြှောက္ထားတ့ဲ အမတ်တွေနဲ့ ဖွဲ့စည္းထားတ့ဲ လွတ်တော် ( House of Representatives) ဖြစ်ပြီး နောက်တစ်ခုက ခန့္အပ်ခံရတ့ဲ အမတ်တွေနဲ့ ဖွဲ့စည္းထားတ့ဲ  အထက်လွတ်တော် မဟာဆဘာ( Maha Sabha (Senate)) ဖြစ်ပါတယ်။ ရာနာကို ဘုရင် မဟင်ဒရာ က မဟာဆဘာမှာ အဖွဲ့ဝင္အမတ်အဖြစ် ခန့်အပ်ခံရပါတယ္။ House of Representatives  ထဲမှာတော့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ ( Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင် အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်လာပါတယ်။ ၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွတ်တော်ရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ကြပါတယ်။ နောင် သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလ အထွေထွေညီလာခံကို နီပေါကိုယ်စားပြု သွားတက်ရပါတယ်။ ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာ ကော်မရှင် (United Nations Commission on the Status of Women) ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝန်းက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက် အသံတွေထုတ္ပေးခ့ဲပါတယ္။ ကမ္ဘာတဝန်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့ အသံဟာ ကျယ္လောင်လာခ့ဲပါတယ္။


သူမရဲ့ နီပေါနိုင်ငံဟာ နိုင်ငံရေးအချိုးအကွေ့တွေနဲ့ ပဋိပက္ခတွေများပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ နီပေါနိုင်ငံရဲ့ အုပ်ချုပ်ရေး အစိုးရ ဖွဲ့စည်းပုံစနစ် ( system of government) ကို လူထုဆန္ဒခံယူပွဲ လုပ္ခ့ဲပါတယ္။ အဲဒီကနေတဆင့် ဘုရင်က လူပုဂ္ဂိုလ် ၁၂ ဦးပါတ့ဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ကော်မရှင်ကို ဖွဲ့စည္းတ့ဲအခါ အဲဒီကော်မရှင်ထဲမှာ သူမပါဝင္ခ့ဲပါတယ္။


သူမရဲ့ ဘဝတစ်လျှောက်လုံးဟာ လူမှုရေး၊ ဥပဒေပြုပြင်ပြောင်းလဲရေး၊ အမျိုးသမီးအခွင့်အရေး တွေနဲ့ပဲ လုံးခ​ြာလည်နေ ခ့ဲပါတယ္။ ဒီအချက်ကပဲ အုပ်ချုပ်ရေးလိုမျိုး စီမံခန့်ခွဲမှုနယ်ပါယ်တွေမှာ အမျိုးသမီးများမှာလည်း လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို နီပေါလူ့အဖွဲ့အစည်းအတွင်း ပုံပေါ်ပြသလိုဖြစ်နေပါတယ်။ ကမဲလ်ရာနာ က ဘဝတပါးကို ကူးသွားခ့ဲပါပြီ။ ဒါပေမယ့် သူမ ချန်ထားပေးခ့ဲတ့ဲ အမွှေတွေက သူမတည္ထောင္ခ့ဲတ့ဲ၊ သူမပါဝင္ခ့ဲတ့ဲ အဖွဲ့အစည်းတွေလောက်သာမဟုတ်ပါဘူး။ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချမှတ္နိုင္တ့ဲ နယ်ပါယ်တွေမှာ အမျိုးသမီးများဟာလည်း အရည်အချင်းရှိရင် လုပ်ကိုင်နိုင်စွမ်းရှိတယ် ဆိုတ့ဲ အချက်ကို မျိုးဆက်သစ် အမျိုးသမီးများအတွက် တံခါးဖွင့္ပေးခ့ဲသူလည်းဖြစ်ပါတယ်။


Source : 

Nepal journal

https://en.wikipedia.org/wiki/Kamal_Rana


--------------------------------------------


ဘင်္ဂလားဒေရှ့် တသီးပုဂ္ဂလ အမျိုးသမီးအမတ် အာဇာနည်အထိန်းအမှတ်နေရာ ဂါရဝပြုမှုကို ဟန့်တားတိုက်ခိုက်ခံရ


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဟာ နိုင်ငံတကာ မိခင်ဘာသာစကားနေ့ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံတကာက အသိအမှတ္ပ​ြုထားတ့ဲ မိခင်ဘာသာစကားနေ့ရဲ့ ဇစ်မြစ်ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံက စခ့ဲတာပါ။ အထူးသဖြင့် ပါကစ္စတန်ကို အာခံတ့ဲ ဘင်္ဂလီဘာသာစကားလှုပ်ရှားမှု (Bangali Language Movement) ဘင်္ဂလားဒေရှ့်ရဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲက စခ့ဲတာလို့ ပြောလို့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံရေးမှာ အရေးက​ြီးတ့ဲ အခန်းဂဏ္ဍကပါဝင်နေပါတယ်။ အဲဒီနေ့ကို ရောက်တိုင်း ဘင်္ဂလီဘာသာစကားလှုပ်ရှားမှုနဲ့ အမျိုးသားလွတ်မြောက်ရေးမှာ အသက္ပေးသွားခ့ဲတ့ဲသူတွေကို ဘင်္ဂလားဒေရှ့်ရဲ့ နိုင်ငံရေးအသိုင်းအဝန်းများဟာ ဂါဝရပြု လွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ် ဖော်လေ့ရှိကြပါတယ်။


လတ်တလော ကျင္းပပြီးစီးခ့ဲတ့ဲ ၁၃ ကြိမ်မြောက် "Jatiya Sangsad" (ဂျာတီယာ ဆန်ဆတ်) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင္ရလာတ့ဲ တသီးပုဂ္ဂလ အမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana) ဟာ ပ​ြီးခ့ဲတ့ဲ သောကြာနေ့ ည ၁၂ နာရီမှာ အာဇာနည် အထိန်းအမှတ်နေရာ ဗဟို ရှာဟီဒ် မိနာ  ( Central Shaheed Minar) ကို သွားပြီး ဂါဝရပ​ြုခ့ဲတယ္လို့ ဆိုပါတယ်။ "Jatiya Sangsad" (ဂျာတီယာ ဆန်ဆတ်) ဆိုတာဟာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုးသားလွတ်တော်ပါလီမန်ကို ခေါ်တာပဲ ဖြစ်ပါတယ်။ 


တသီးပုဂ္ဂလ အမျိုးသမီးအမတ်  ရုမင် ဖာဟာနာ ( Rumeen Farhana) နဲ့ သူမကို ဝိုင်းရံထောက်ခံသူများဟာ အာဇာနည် အထိန်းအမှတ်နေရာကို ရောက်တာနဲ့ တပြိုင်နက် ဒေသခံ BNP ပါတီဝင်များက သူမကို ပစ်မှတ်ထားပြီး အယောင်ဆောင် အတု (Fake)၊ (Fake) ဆိုပြီး အော္ဟစ္ကြွေးကြော်ကြတယ္လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် သူမကိုဝိုင်းရံသူများနဲ့ ဒေသခံ BNP ပါတီဝင်တွေကြားမှာ အချေအတင် ဖြစ်ကြပါတယ်။ 


သူမယူဆောင္လာတ့ဲ လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တစ်ဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။ သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက္မရနိုင္တ့ဲအခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိန်းအမှတ်နေရာက ပြန်လည်ထွက်ခွာ ခ့ဲရပါတော့တယ္။


"ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ"


ပြဿနာရဲ့ ဇစ်မြစ်က လက်ရှိ ဘင်္ဂလားဒေရှ့်ရဲ့ ပါတီနိုင်ငံရေးဇတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။ အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင် တစ်ဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေးမှုး လုပ္ခ့ဲသူပါ။ 


ဘရာမန်ဘာရီယား အမှတ် (၂) နယ်မြေ မဲဆန္ဒနယ်


သူမက ဘရာမန်ဘာရီယား အမှတ် (၂) နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat) မှာ ဝင်ရောက်အရွေးချယ်ခံဖို့အတွက် BNP ပါတီကို အမည္စာရင်းပေးခ့ဲပါတယ္။ BNP ဟာ ဂျမတ် အီ အူလမာ အီ အစ္စလမ် ဘင်္ဂလားဒေရှ့် ( Jamiat-e-Ulama-e-Islam Bangladesh) ပါတီနဲ့ မဟာမိတ် (Alliance Partner) ပြုထားပါတယ်။ သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် (၂) နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီ အစ္စလမ် အီ ဘင်္ဂလားဒေရှ့်ပါတီဝင် ဂျူနာယဒ် အဲလ် ဟာဘဘ် ( Junayed Al Habib) ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။ အဲဒီလို အဆိုပ​ြုရတ့ဲအတွက္ သူမ ကို အမည်စာရင်းက ပါယ်လိုက်ရပါတယ်။ အဲဒီလို ပါယ္လိုက္တ့ဲအခါ သူမက တသီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ဖို့ အမည်စာရင်းတင်လိုက်ပါတယ်။ BNP ပါတီဘက်က သူမကို ပါတီရဲ့ ဆုံးဖြတ်မှုကို လက်ခံဖို့ပြောပေမယ့် သူမက လက္မခံပါဘူး။ 


ဒီလိုနဲ့သူမဟာ BNP ပါတီနဲ့ရော  ဂျမတ် အီ အူလမာ အီ အစ္စလမ် ဘင်္ဂလားဒေရှ့် ( Jamiat-e-Ulama-e-Islam Bangladesh) နဲ့ပါ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ပါတီနှစ်ခုက ရွေးကောက်ပွဲမှာ ငွေကြေးနဲ့ လူအင်အားက သူမထက်သာပါတယ်။ ဒါပေမယ့် သူမကသာ အနိုင်ရသွားပါတော့တယ်။ 


သူမက အာဇာနည်အထိန်းအမှတ်နေရာမှာ ဖြစ်ခ့ဲတ့ဲ ကိစ္စကို တမင်ကြိုတင်ကြံစည်ပြီး လုပ်ခံရတာလို့ပြောပြီး တရားမျှတမှုကို တောင်းဆိုလိုက်ပါတယ်။ အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်​ေနတေ့ဲ အချိန်မှာ ရဲကလည်း မဟန့္တားနိုင္ခ့ဲပါဘူး။


BNP ပါတီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကို ဒီရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းတ့ဲအခါမှာတော့ ဘာမှ မဖြေကြားကြပါဘူး။


Source:

https://www.newagebd.net/post/country/291919/rumeen-farhana-obstructed-from-paying-tribute-at-shaheed-minar?



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း