ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၂
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၂ ၁- နာမည်သညာ ဖိုဘီးယား ရိုဟင်ဂျာဆိုသော အမည်အပေါ်တွင် ရခိုင်များက လက္မခံလိုကြပေ။ ထိုနာမည်က သမိုင်းကြောင်းအရ ရခိုင်တို့၏ဖြစ်တည်မှုနှင့် အနှစ်သာရကို ထိခိုက်နိုင်သည်ဟု ခံစားချက်က ရှိသည်။ ရိုဟင်ဂျာ ဟူသော အမည်ကို စွဲကိုင်သူများကလည်း ထိုအမည်သည် အခေါ်အဝေါ်သက်သက္မဟုတ်၊ နိုင်ငံရေးဆိုင်ရာ အာမခံချက်အဖြစ်ရှူမြင်သည်။ ဤကား အမည်သညာ အပေါ်တွင် ပြဿနာ၏ တင်းမာမှုဖြစ်သည်။ ၂- အာရက္ခပြည်သူ အဓိပ္ပါယ် အာရက္ခပြည်သူဟူသည် ရခိုင်ဗုဒ္ဓဘာသာတမျိုးတည်းကို ခေါ်ဆိုခြင်းမဟုတ်။ ရခိုင်ပြည်အတွင်းနေထိုင်သော မည်သည့်လူမျိုးစုဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ အာရက္ခပြည်သူဟူသော အဓိပ္ပါယ္ကို ဖွင့်ဆိုပြကြသည်။ ဆိုလိုသည်က ရခိုင်ပြည်တွင် ရှင်သန်မှီတင်းနေထိုင်သော မည်သည့် လူမျိုးစုဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ ရခိုင် ဗုဒ္ဓဘာသာဝင်မြားနှငျ့ တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု အဓိပ္ပါယ်ဖွင့္ဆိုကြသည္။ ဤက့ဲသို့ အာရက္ခပြည်သူ အဓိပ္ပါယ်ကို မြေပြင်တွင် ပီပီပြင်ပြင် လက်တွေ့ အနှစ်သာရရှိရှိ အကောင်အထည်ဖော်ပြလာနိုင်လျှင်တော့ "နာမည်သညာ ဖိုဘီးယား" သည် လျော့ကျသွားနိုင်ချေရှိသည်။ အထူးသဖြင့် အာရက္ခပြည်သူဟူသော အဓိပ...