ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၂
ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီများ- ၂
၁- နာမည်သညာ ဖိုဘီးယား
ရိုဟင်ဂျာဆိုသော အမည်အပေါ်တွင် ရခိုင်များက လက္မခံလိုကြပေ။ ထိုနာမည်က သမိုင်းကြောင်းအရ ရခိုင်တို့၏ဖြစ်တည်မှုနှင့် အနှစ်သာရကို ထိခိုက်နိုင်သည်ဟု ခံစားချက်က ရှိသည်။ ရိုဟင်ဂျာ ဟူသော အမည်ကို စွဲကိုင်သူများကလည်း ထိုအမည်သည် အခေါ်အဝေါ်သက်သက္မဟုတ်၊ နိုင်ငံရေးဆိုင်ရာ အာမခံချက်အဖြစ်ရှူမြင်သည်။ ဤကား အမည်သညာ အပေါ်တွင် ပြဿနာ၏ တင်းမာမှုဖြစ်သည်။
၂- အာရက္ခပြည်သူ အဓိပ္ပါယ်
အာရက္ခပြည်သူဟူသည် ရခိုင်ဗုဒ္ဓဘာသာတမျိုးတည်းကို ခေါ်ဆိုခြင်းမဟုတ်။ ရခိုင်ပြည်အတွင်းနေထိုင်သော မည်သည့်လူမျိုးစုဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ အာရက္ခပြည်သူဟူသော အဓိပ္ပါယ္ကို ဖွင့်ဆိုပြကြသည်။ ဆိုလိုသည်က ရခိုင်ပြည်တွင် ရှင်သန်မှီတင်းနေထိုင်သော မည်သည့် လူမျိုးစုဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ ရခိုင် ဗုဒ္ဓဘာသာဝင်မြားနှငျ့ တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု အဓိပ္ပါယ်ဖွင့္ဆိုကြသည္။ ဤက့ဲသို့ အာရက္ခပြည်သူ အဓိပ္ပါယ်ကို မြေပြင်တွင် ပီပီပြင်ပြင် လက်တွေ့ အနှစ်သာရရှိရှိ အကောင်အထည်ဖော်ပြလာနိုင်လျှင်တော့ "နာမည်သညာ ဖိုဘီးယား" သည် လျော့ကျသွားနိုင်ချေရှိသည်။ အထူးသဖြင့် အာရက္ခပြည်သူဟူသော အဓိပ္ပါယ်၏ နက်ရှိုင်းမှုကို ရခိုင်လူမျိုးများကိုယ်တိုင် စတင်ဖော်ဆောင်ရမည် အခြေအနေမျိုးဖြစ်သည်။ အာရက္ခပြည်သူဟူသော အဓိပ္ပါယ်သည္ နိုင်ငံရေးသဘောအားဖြင့် ရခိုင်ဒေသတွင် မှီတင်းနေထိုင်သူ လူမျိုးစုတိုင်း၊ ဘာသာဝင်တိုင်းမှာ ရခိုင်ဒေသ၏ အမြဲတန်းအစိတ်အပိုင်း (permanent parts of land) များဖြစ်ကြောင်းကို ခိုင်မာသော အာမခံချက်နှင့် လူမှုပဋိညာဉ် (social contract) အဖြစ် ဖော်ဆောင်ပြရန် လိုအပ်သည်။
၃- ကျင့်ဝတ်ဆိုင်ရာ စံနှုန်း
ကျင့်ဝတ်ဆိုင်ရာ စံနှုန်းအရ ရခိုင်လူမျိုးများတွင် ရိုဟင်ဂျာ ဆိုသော အမည်အား သဘောမတူပိုင်ခွင့်ရှိသည်။ သို့သော် မည်သူပင်ဖြစ်စေ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက်ကြောင့် သေကြေပျက်စီးမှုကို မခံယူထိုက်ဆိုသည့် ကျင့်ဝတ်ကိုလည်း ရခိုင်များဘက္မှ လက်ကိုင်ထားနိုင်ရန်လည်း လိုအပ်သည်။ ဂျီနိုဆိုက်ဟူသော ဖြစ်စဉ်များ မဖြစ်လာစေရန် အတွက် မိမိတို့တွင်လည်း ကျင့်ဝတ်အရ တာဝန်ရှိသည်ဟူသော ခံစားချက်က ရခိုင်တို့တွင်လည်း အားကောင်းရန်လိုသည်။ ရိုဟင်ဂျာ ဟူသော အမည်ကို စွဲကိုင်သူများဘက္မှ ထိုနာမည်အား သတ်မှတ်ပိုင်ခွင့် ရှိသည်။ သို့သော် မိမိ၏ လူ့အခွင့်အရေးနှင့် လူသားဖြစ်တည်မှုအပေါ် ရပ်တည်ချက်သည် တပါးသူ၏ ဖြစ်တည်မှုနှင့် အခွင့်အရေးအပေါ် ထိခိုက်စေရန်မဟုတ်ဆိုသည့် ကျင့်ဝတ်ကိုလည်း ရိုဟင်ဂျာ ဆိုသူများဘက္မှလည်း အလေးအနက်ထားသင့်သည်။
လက်ရှိ အခင်းအကျင်းသည် ဘင်္ဂလားဒုက္ခသည်စခန်းတွင် ရောက်နေသူများအား ပြန်လက်ခံရေးလုပ်ရမည်ဟူသော အချက်ကို ရောက်နေပြီဖြစ်သည်။ ဤသည်က အဆိုပါ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွင် ရှိနေသူများ မှာ မြန်မာ နိုင်ငံသားဟုတ်၊ မဟုတ်ဆိုသည့် အချက်ကို ကျော်လွန်သွားခ့ဲပြီဖြစ်သည်။ ထိုသူများသည် မိမိတို့နိုင်ငံသားမဟုတ်ဆိုသည့် အချက်ကို မြန်မာဘက်က ထိကျသော သက်သေအထောက်အထားဖြင့် မချေဖျက်နိုင်ပါ။ ထိုသို့ တိကျသော သက်သေ အထောက်အထားဖြင့် မချေဖျက်နိုင်ဘဲ မြေပြင်တွင် ပြည်သူများအား "ခိုးဝင်" များဟု ဂျင်းထည့် နေသူများက ရှိနေသည်။
သို့သော် ထိုသူများသည် မိမိတို့နှင့် အတူယဉ်တွဲနေထိုင်ရမည့် သူများ ဖြစ်သည်ကိုလည်း ဂရုပြုသင့်သည်။ Coexistence (အတူယှဉ်တွဲနေထိုင်မှု) ဟူသည်ပင် တဖက်တွင် Shared Soil ( မြေယာပေါ်တွင် တည်ရှိခြင်း) ကို အဓိပ္ပါယ်ဖွင့္ဆိုထားခြင်း ဖြစ်သည်ကိုလည်း နားလည်ထားသင့်သည်။
အထက်တွင် ဖောျပွခ့ဲသော အချက် (၁)၊ (၂)၊ (၃) တို့က လက်ရှိတွင်တော့ ထင်သာမြင်သာသော ချဉ်းကပ်မှု ရှူဒေါင့်ကို မရသေးပါ။ ICJ အနေဖြင့် အဆိုပါအချက္များအပေါ် စေ့ငုံကြားနားနိုင်သော်လည်း အမှုဖြစ်စဉ်၏ မူလရည်ရွယ်ချက်သည် ဂျီနိုဆိုက်ပစ်မှု ဟုတ်၊ မဟုတ်ကို စစ်ဆေးနေသည့် အချက်တွင်သာ မဏ္ဍိုင်ပြုထားသည်။ သို့ဖြစ်၍ ICJ သည် "တရားမျှတမှု (justice)" ကို ရှာဖွေပေးနိုင်ပါလိမ့်မည်။ ထို တရားမျှတမှုက အထက်တွင် ဖော်ပြထားသော အချက် (၃) ချက်ကို အားမဖြည့်လျှင် ငြိမ်းချမ်းမှု (peace)သည် ဖြစ်လာရန်မလွယ်ကူပေ။ ဆိုလိုချင်သည်က ရခိုင်နှင့် ရိုဟင်ဂျာကြားတွင် ဂျီနိုဆိုက်နှင့် စစ်ရာဇဝတ်မှုများကို ခံစားရသူများအတွက် တရားမျှတမှု က ပေါ်လာမည်။ သို့သော် ငြိမ်းချမ်းမှုလည်း ဖြစ်ရန်လိုသေးသည်။
ARSA ဇတ်ထုတ်
အာဆာ (ARSA) ဇတ်ထုတ်သည် ရှုပ်ထွေးလှသည်။ ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာမသိမ်းခင် အာဆာ (ARSA) နှင့် ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းအာဆာ ဟူ၍ နှစ်ပိုင်းခွဲ၍ ကြည့်ပါက အတော်အတန် အရည်လည်လာနိုင်သည်။ အာဆာ မပေါ်ခင်ကပင် ရိုဟင်ဂျာဟု အမည်ခံထားကြသော အစ္စလမ်ဘာသာဝင်များအတွက် မြန်မာအစိုးရသည် ကန့်သတ်ချုပ်ချယ်မှုများစွာဖြင့် ဖိနှိပ်ထားခ့ဲသည်။ တဖက်တွင် ရခိုင်နှင့် ရိုဟင်ဂျာ အမည်ခံသူ အစ္စလမ်ဘာသာဝင်များကြားတွင် အဖုအထစ်ပေါင်းများကလည်းရှိနေသည်။ ဤသို့ရေခံ မြေခံ အကြောင်းတရားများက ရှိနေသည်။ သို့မဟုတ် ထိုသို့ရှိနေစေရန် နိုင်ငံရေးစနစ်က အကြောင်းဖန်ထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာမသိမ်းခင် အာဆာ (ARSA) ကြောင့် သက်ရောက္မှု
ထိုသို့ အကြောင်းဖန်ထားမှုအောက်တွင် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်၌ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခသည် ရှိလာခ့ဲသည္။ တဖက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း မြောက်ပိုင်းသုံးဖွဲ့ NCA စာချုပ်တွင် လက္မှတ်ရေးထိုးမှုကို မြန်မာစစ်တပ်မှ ငြင်းပယ္ခ့ဲသည္။ ၂၀၁၇ ခုနှစ် ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ ထွက်လာပြီး အာဆာ အကြမ်းဖက်တိုက်ခိုက္မှု စတင္လာခ့ဲသည္။ အာဆာအားနှိမ်နှင်းရန်အကြောင်းပြချက်ဖြင့် လက်လွန်ခြေလွတ် ဥပဒမေ့ဲ ဖြစ်ရပ်များကို မြန်မာစစ်တပ်မှ ကျူးလွန်ခ့ဲရာ လက်ရှိတွင် ICJ အပါအဝင် နိုင်ငံတကာ တရားရုံးများ၌ မြန်မာစစ်တပ်ကို တရားစွဲခံထိတော့သည်။ ထိုအချိန်က ခေတ်စားခ့ဲသော နိုင်ငံရေး ကစားကွက် တစ်ခုရှိသည်။ မြန်မာစစ်တပ်က အာဆာအား တိုက်ခိုက်နေချိန် AA ဘာလုပ်နေသနည်းဟူသော ထိုးနှက်ချက်ဖြစ်သည်။ AA သည် ARSA နှင့် ပေးစားခံထားရသည့် အချိန်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းသောအခါ နှေဦးတော္လှန္ရေး လှိုင်းထခ့ဲ ပြီး ARSA အပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင်တပ်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု ကြေငြာချက် ထုတ္ခ့ဲ ကြသေးသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ARSA ကြောင့် သက်ရောက္မှု
ARSA နှင့် AA ကို မြန်မာစစ်တပ်ထောက်ခံသူများမှ ပေးစားခ့ဲသည္။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင်တော့ ARSA အပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင် တပ်များသည် မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်သွားသည်။
လက်ရှိ ICJ ကြားနာမှုတွင် စိတ်ဝင်စားစရာကောင်းသော အချက်တစ်ခုရှိသည်။ ထိုအချက်က ARSA အပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင်တပ်များသည် မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်နေမှု၏ အဓိပ္ပါယ်ကို တရားခွင်က မေးခွန်း မည်မျှ ထုတ်/မထုတ် ဆိုသည့် ကိစ္စဖြစ်သည်။
ဥပမာ-
- မြန်မာစစ်တပ်သည် ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက္မရှိ၊ ARSA ကိုသာ နှိမ္နှိင္းခ့ဲခြင်းဖြစ်သည္ဟု ဆိုထားသည်။ ယခု ARSA နှင့် မြန်မာစစ်တပ်သည် အဘယ်ကြောင့် မဟာမိတ်ဖြစ်နေရပါသနည်း ဆိုသော မေးခွန်းမျိုးဖြစ်သည္။
ICJ တရားသူကြီးများ ၏ ARSA ဆိုင်ရာ မေးခွန်းများထဲမှ အချို့
ICJ ကြားနာပွဲတွင် တရားသူကြီးများ ဖြစ်ကြသော Judge Cleveland၊ Judge Charlesworth နဲ့ Judge Brant က အောက်ပါအတိုင်း မေးမြန်းခ့ဲသည္။
- ဂမ်ဘီယာနှင့် မြန်မာတို့ဘက္မှ ARSA၏ သဘောသဘာဝ ကို မည္သို့အဓိပ္ပါယ္ ဖွင့်ဆိုပါသနည်း။ အထူးသဖြင့် ရိုဟင်ဂျာ လူ့မှုအသိုင်းအဝန်းအတွင်း ARSA ကို ကိုယ်စားပြုသူ၊ အင်အား၊ ဖွဲ့စည်းပုံ၊ လက်နက်တပ်ဆင်မှု တို့ကို မည်သို့ ဖွင့်ဆိုပါသနည်း။
- မြန်မာ အနေဖြင့် အဆိုပါကာလအတွင်း ARSA ပကြျစီးခ့ဲရသော လူအရေအတွက်၊ ပစ္စည်းဥစ္စာ တို့နှင့် ARSA ၏ တိုက်ခိုက္မှု စွမ်းရည်ကို ဖော်ပြနိုင်ပါသလား။
- ARSA အဖွဲ့ဝင်ဟူသည်ကို မြန်မာဘက္မှ မည်သို့ တိတိကျကျ အဓိပ္ပါယ္ဖွင့္ဆိုပါသနည္း။
- မြန်မာစစ်တပ်ဘက်မှ စစ်ဆင်ရေးကာလအတွင်း စစ်ရေးဆိုင်ရာပစ်မှတ်များကို မည်သည်စံနှုန်းဖြင့် သတ်မှတ်၍ အရပ်သားများကို ကာကွယ်ပေးထားပါသနည်း။
- မြန်မာဘက္မှ တင်ပြသော စစ်ဆင်ရေးကာလ ပျက်စီးမှုထဲတွင် ARSA အဖွဲ့မည်မျှပါသနည်း။ ARSA နဲ့မဆိုင်ဘဲ ပျက်စီးခ့ဲရသူ မည်မျှရှိသနည်း။ အရပ္သား မည်မျှသေခ့ဲသနည်း။
ထိုမေးခွန်းအပေါ် ဂမ်ဘီယာနှင့် မြန်မာဘက္မှ အောက္ပါအတိုင္း ဖြေခ့ဲသည်။
၁။ ARSA ၏ သဘောသဘာဝနှင့် ပတ်သက်၍
ဂမ်ဘီယာ ဘက္မှ ARSA သည် လက်နက်ကိုင်အဖွဲ့ငယ်လေးသာဖြစ်ပြီး ရိုဟင်ဂျာလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း၊ ၎င်းတို့တွင် ခေတ်မီလက်နက္များမရှိဘဲ တုတ်၊ ဓား နှင့် လက်လုပ်မိုင်းများသာ အဓိကရှိကြောင်း တင်ပြခဲ့သည်။ မြန်မာဘက်က ARSA ကို အကြောင်းပြကာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် "ဆင်ခြေ" (Pretext) အဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာဘက်မှ ARSA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အခိုင်အမာ ပြောဆိုသည်။ ၎င်းတို့တွင် စနစ်တကျ ဖွဲ့စည်းပုံရှိပြီး ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချကာ စခန်းပေါင်းများစွာကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဖြေကြားခဲ့သည်။
၂။ ARSA အဖွဲ့ဝင် သတ်မှတ်ချက်နှင့် အရပ်သားကာကွယ်မှု
မြန်မာဘက်က ဖြေကြားရာတွင် "ARSA အဖွဲ့ဝင်" ဆိုသည်မှာ လက်နက်ကိုင်ဆောင်ပြီး တိုက်ခိုက္မှုတွင် တိုက်ရိုက်ပါဝင်သူများကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်တပ်အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် ညွှန်ကြားထားပြီး Rules of Engagement (ROE) ကို လိုက်နာသည်ဟု ဖြေဆိုခဲ့သည်။ သို့သော် တရားသူကြီးများ မေးမြန်းသည့် "တိကျသော စံနှုန်း" နှင့် ပတ်သက်၍မူ ဝေဝေဝါးဝါးသာ ဖြေကြားနိုင်ခဲ့သည်ကို တွေ့ရသည်။
ဂမ်ဘီယာဘက်က စစ်တပ်သည် ARSA နှင့် သာမန်အရပ်သားကို ခွဲခြားခြင်းမရှိဘဲ ရိုဟင်ဂျာဖြစ်နေလျှင်ပင် ရန်သူဟု သတ်မှတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု တန်ပြန်တင်ပြခဲ့သည်။
၃။ ပျက်စီးဆုံးရှုံးမှုနှင့် ကိန်းဂဏန်းများ
မြန်မာဘက္မှ စစ်တပ်၏ စစ်ဆင်ရေးကြောင့် သေဆုံးသူအရေအတွက်တွင် ARSA အဖွဲ့ဝင် အများအပြားပါဝင်ပြီး အရပ်သား သေဆုံးမှုမှာ "မတော်တဆ" သို့မဟုတ် "ဘေးထွက်ဆိုးကျိုး" (Collateral Damage) သာ ဖြစ်သည်ဟု လျှော့ချဖြေကြားခဲ့သည်။ သို့သော် တရားသူကြီး Cleveland မေးမြန်းသည့် "ARSA မဟုတ်သော သေဆုံးသူ အရေအတွက် တိတိကျကျ" ကိုမူ ခိုင်လုံသော စာရင်းဇယား တင်ပြနိုင်ခြင်း မရှိခဲ့ပေ။
ဂမ်ဘီယာဘက္မှ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများကို ကိုးကား၍ သေဆုံးသူ သောင်းဂဏန်းရှိကြောင်းနှင့် ၎င်းတို့မှာ ARSA မဟုတ်ဘဲ အပြစ်မဲ့ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း အထောက်အထားများ ပြသခဲ့သည်။
ဤသို့ဖြင့် မြန်မာဘက်က ARSA ၏ ခြိမ်းခြောက္မှုကို ချဲ့ကားတင်ပြပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း ထုချေခဲ့သော်လည်း၊ အရပ်သားနှင့် တိုက်ခိုက်ရေးသမားကို မည်သို့ ခွဲခြားသနည်း ဆိုသည့်အချက်တွင် တရားသူကြီးများကို ကျေနပ်လောက်သော အဖြေ မပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်၍ အဆိုပါ အဖြေများတွင် "ဂမ်ဘီယာ ဘက္မှ ARSA အား မြန်မာဘက်က ARSA ကို အကြောင်းပြကာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် "ဆင်ခြေ" (Pretext) အဖြစ် အသုံးချခဲ့သော အရာ" ဟု ဆိုထားသည်။
ဤသို့ဆိုပါလျှင် - မြန်မာစစ်တပ်သည် ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက္မရှိ၊ ARSA ကိုသာ နှိမ္နှင်းခ့ဲခြင်းဖြစ်သည်ဟု ဆိုထားသည်။ ယခု ARSA နှင့် မြန်မာစစ်တပ်သည် အဘယ်ကြောင့် မဟာမိတ်ဖြစ်နေရပါသနည်း ဆိုသော မေးခွန္းမျိုးကို မည်သို့ဖြေကြပါမည်နည်း။
ICJ ကြားနာမှုတွင် ဤသို့အရေးကြီးသော အချက္များကို အီလိုက်အလွှာများက လူမှုကွန်ရက် ပလက်ဖောင်းတွင် လူထုသိရန် သိပ်မပြောကြ။ ဂကျိုး ဂကြောင် အက်ကြားအို ဟာမိုနီများ ကြားတွင် ထိုက့ဲသို ICJ တရားခွင်၏ အနှစ်သာရကို မှိန်ဖျော့ထားကြသည်။
ဆက်ရန်
Comments
Post a Comment