Posts

Showing posts from November, 2025

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- နိဂုံး

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- နိဂုံး "ရာဇဝတ်ကျူးလွန်သူက အုပ်ချုပ်နေသောအခါ" ထိုသို့ဖြစ်နေလျှင် မည်သည့်ရလဒ်ဖြစ်လာပါမည်နည်း။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွင်း အွန်လိုင်းမသာမာမှုလုပ်ငန်းဆိုသည်မှာ အခ​ြားအဓိပ္ပါယ်တစ်မျိုးအဖြစ်လည္းဖော်ပြနေသည်။ ထိုအဓိပ္ပါယ်က အာဏာဩဇာနှင့် ငွေကို ဘယ်လိုအသုံးချနေသည်ကို ဖော်ပြနေသည်။ ကမ္ဘောဒီးယား ဇတ်ခုံတွင်တော့ သစ္စာခံရန် အကျိုးစီးပွားတူတည်ဆောက်ရန် အသုံးချသည်။ မြန်မာဇတ်ခုံတွင်တော့ မြန်မာစစ်တပ်၊ ပြည်သူ့စစ် နှင့် စစ်ဘုရင်၊နယ်ပိုင်စားများအတွက် အချိန်မရွေးထုတ်ယူ၍ရသော ဘဏ်စာရင်း အဖြစ်အသုံးချသည်။ လာအိုဇာတ်ခုံတွင်တော့ တရားဝင်အကာအကွယ်ရသူ ဘဏ္ဍာတိုက် အဖြစ်အသုံးချသည်။ ဖိလစ်ပိုင်တွင်တော့ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရကြား အာဏာ ဟ ကြေးတွင် ဂွင်ဖန်ရသည့် ငွေကြေးသပိတ်ဝင် အိတ်ဝင်အဖြစ်အသုံးချသည်။ မည်သည့်ဇတ်ခုံကိုကြည့်ကြည့် သေချာသည့်အချက်ကရှိနေသည်။ ယင်းကား အာဏာပါဝါကို ကိုင်ထားသောသူများ မပါဘဲ ထိုဇတ်ခုံများတွင် ကကြိုးမဆင်နိုင်။ တနိုင်ငံလုံးကို လွမ်းခြုံနိုင်သော လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရှိသည့် အင်စတီကျူးရှင်းများကို နေရာယူထားသူများ မပါဝင်ဘဲ ပွ...

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၃

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၃ လာအို အရှေ့တောင္အာရှဒေသတွင္းနိုင္ငံများက့ဲသို့ လာအိုသည်လည်း အွန်လိုင်းလိမ်လည်မှုများရှိနေသည်။ တစ်ပါတီစနစ်က အွန်လိုင်းစီးပွားရေးဖြင့် ကုန်သွယ်ခွင့်၊ ရင်းနှှီးမြုပ်နှံခွင့်များကို ပေးထားသည်။ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုကနည်း၊ စက္မှုလုပ်ငန်းများက အားမကောင်း၊ နိုင်ငံသည်လည်း အကြွေးနွံ့ထဲနစ်ဝင်လာသည်။ ဤသည်က လာအို၏ တစ်ပါတီစနစ်နှင့် အုပ်ချုပ်သူများ၏ မူဝါဒ အားနည်းချက်ဖြစ်သည်။ အကြွေးပြဿနာကို ဖြေရှင်းပုံက အလွယ်လမ်းကိုင်လိုက်၍ စီးပွားရေးအချောင်နှိုက်အကွက်တွင် ဝဲလည်တော့သည်။ အခြားနိုင်ငံများမှ အပေါစားလျော့စျေးဖြင့်ပေးသော ကုန်ပစ္စည်းများကို တင်သွင်းသည်။ မြေယာနှင့် သယံဇာတကို နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူ များကို လျော့စျေးဖြင့် ထိုးပေးသည်။ ဤသို့ ဖြစ်သလို ပုံစံဖြင့် ဝင်ငွေရလမ်းအပေါ် လာအိုအစိုးရက မှီခိုနေရသည်။ ဤသို့ဖြင့် တရားမဝင်စီးပွားရေးများ ရှင်သန်ရာ ရေကန်အသင့် ကြာအသင့် ဖြစ်လာတော့သည်။ လာအို၌ တရားမဝင် စီးပွားရေးလုပ်ငန်းများက ထမင်းစားရေသောက် သမရိုးကျဆန်ဆန်ပင် စည်ပင်နေသည်။ တခါတရံ အစိုးရ၏ အကာအကွယ်ကိုပင် ရနေသေးသည်။  ရွှေ​တ​ြိဂံ အထူးစီး...

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၂

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၂ ခရစ်တိုငွေကြေးနှင့် ဒီဂျက်တယ်ငွေပေးချေမှု စနစ်က မျှော်မှန်းနိုင်သည်ထက်ပင် ပို၍ ကျယ်ပြန့်လာခ့ဲသည္။ ထိုအခြေအနေအား အွန်လိုင်းလိမ်လည်မှုက အသုံးချသွားသည်။ ကွန်ပြူတာ၊ဖုန်း မျက်နှာပြင်ကိုဖြတ်သန်း၍ မကောင်းသောရည်ရွယ်ချက်ဖြင့် ဖောက်ထားသော ဘဏ်အကောင့် (mule bank account) များ၊ အွန်လိုင်းငွေကြေးဖလှယ်မှု (virtual currency)များ၊ အမျိုးမျိုးသော ခရစ်တို ငွေပေးချေရေး အက်ပလီကေးရှင်းများ၊ ခရစ်တိုနှင့် ငွေသား ရောထွေးငွေကြေး စုဆောင်းသိုလှောင်မှုများ၊ ကြားပွဲစားများမှ ငွေမဲမှ ငွေ ဖြူ ပြောင်းလဲမှုများ၊ ထိုမှတဆင့် တရားဝင် ဘဏ်လမ်းကြောင်းထဲသို့ ပြန်စီးဝင်မှုများ စသည့်အချက္များကို အသုံးချ၍ လည်ပတ်လာတော့သည်။ ထို ပလက်ဖောင်းများမှ မဟုတ်တမ်းတရားဖြင့် ရှာထားသော ငွေသည် စက္ကန့်မခြား နိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်၍ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဖြတ်သန်းသွားနိုင်သည်။ ဤသို့ ခေတ်ရေစီးကြောင်းတိုးတက္မှုက ရှေးဟောင်းနှောင်းဖြစ် လာဘ်စား လာဘ်ယူမှုကို အစားထိုးနိုင်သည့်မဟုတ်ပေ။ သို့သော် ရှေးဟောင်းနှောင်းဖြစ် လာဘ်ပေးလာဘ်ယူမှုကို ပိုမိုကျယ်ပြန့်စေသည်။ အရှေ့တောင်အာရှ၏...

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း-၁

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း-၁ ဝါရှင်တန်နှင့် လန်ဒန်အတွက် လက်ရှိမကြုံစဖူးဆောင်ရွက်ချက်က ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အောင်မြင်နိုင်မှုကိုပြသနေသည်။ ထိုပြင် ဆက်လက်ဆောင်ရွက်ရန်ရှိသော အချက္များကိုလည်းပြသနေသည်။ ပြီးခ့ဲသော လ က အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ရန် တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက္မှုကို မြင့်တင်လိုက်ကြသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကမ္ဘောဒီးယား မင်းသားအုပ်စု (Cambodias Prince Group- CPG) နှင့် ဆက်စပ်သော လူပုဂ္ဂိုလ် ၁၄၆ ဦးနှင့် လုပ်ငန်းစုများကို ပိတ်ဆို့အရေးယူလိုက်သည်။ CPG ၏ ဥက္ကဌမှာ ချင်ဇီ (Chen Zhi) ဖြစ်သည်။ CPG သည် ပျံနှံ့လာသော သတင်းများအရ အွန်လိုင်းပေါ်တွင် ပစ်မှုများ၊ ငွေကြေးခဝါချမှုများနှင့် လူကုန္ကူးမှုများကထိုသို့လုပ္ငန်းများနှင့် သက်ဆိုင်နေသည်ဟုဆိုသည်။ စုံစမ်းစစ်ဆေးသူများက ဗြိတိန်ရှိ တန်ဖိုးကြီး အိမ်ခြံမြေ လုပ်ငန်းတွင်  အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၄ ဘီလီယံတန်ဖိုးရှိ ဘစ်ကွိုင်ပေါင်း တစ်သိန်းနှစ်သောင်းခုနှစ်ထောင် (၁၂၇,၀၀၀) ကို ထိန်းသိမ်းထားသည်...

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နွံ့ထဲသို့ ထပ်ဝင်မည်လား

 လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နွံ့ထဲသို့ ထပ်ဝင်မည်လား ARA အမည်ရသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သော လူမှုကွန်ရက္မှ ဖမ်းဆီးခံထားရသော သူနှစ်ဦးကို နှိပ်စက်နေသော ဗွီဒီယိုဖိုင်တစ်ခုအား နိုဝင်ဘာလ ၂၁ ရက်နေ့က တင္လာခ့ဲသည္။ တိုက်ဆိုင်မှုကား နိုဝင်ဘာလ ၁၉ရက်တွင် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ တတိယကော်မတီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကြားနာမှုတစ်ခု ပြုလုပ်ခ့ဲသည်။ ထိုကြားနာမှုမှ  "Situation of human rights of Rohingya Muslims and other minorities in Myanmar" (မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင်များနဲ့ အခြားလူနည်းစုများရဲ့ လူ့အခွင့်အရေးအခြေအနေ) ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက္တစ္ရပ် ချမှတ္ခ့ဲသည်။ ထိုနိုဝင်ဘာလ ၁၉ ရက်တွင်ပင် အမေရိကန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ (House Foreign Affairs Committee) လက်အောက်ခံ ကော်မတီငယ်များက ပူးပေါင်းကာ  "No Exit Strategy: Burma's Endless Crisis and America's Limited Options" (ထွက်ပေါက္မရှိသော မြန်မာ့အဆုံးမရှိအကျပ်အတည်းနှင့် အမေရိကန်၏ ကန့်သတ်ရွေးချယ်စရာများ) ခေါင်းစဉ်ဖြင့် ကြားနာမှုတစ္ခုကိုပြုလုပ္ခ့ဲသည္။ အမေရိက...

နီပေါနိုင်ငံရေးပါတီများ

 နီပေါနိုင်ငံရေးပါတီများ လက်ရှိနီပေါနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပါတီများထောင်နေကြပါ၏။ နိုင်ငံရေးအတွေးအခေါ်တစ်ခုကိုပင် မချပြဘဲ ပါတီများကိုအလျင်စလိုထူထောင်နေမှုက နိုင်ငံရေးဩဇာနှင့် ရေရှည်ခံမှုတို့က မရှိနိုင်ဟု Napali Times သတင်းစာက ဆိုထားသည်။  တနင်္ဂနွေနေ့မတိုင်မှီ ရွေးကောက်ပွဲကော်မရှင်ထံစီးပွားရေးသမားများ၊ သံအမတ်ဟောင်းများ၊ အင်ဂျင်နီယာများ၊ ပညာရှင်များ အစရှိသဖြင့် စိုင်းပြင်း မှတ်ပုံတင်နေကြပြီဖြစ်သည်။ လက်ရှိကြာသာပတေးနေ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီသစ်ငါးခုက မှတ်ပုံတင်ပြီးပြီဖြစ်သည်။ နောက်ထက် အသစ် ၂၁ ပါတီက မှတ်ပုံတင်လုပ်ငန်းစဉ်များကို ဖြတ်သန်းနေဆဲဖြစ်သည်။ ကန့်လန့်ကာနောက်ကွယ်တွင်တော့ ပါတီသစ်များက ပြယုဂ်ကောင်းမည့်သူများကို ရှာနေကြသည်။ ပါတီထဲဝင်ရန် ဆွယ်နေကြသည်။ ပါတီဟောင်းများကတော့ ကွဲအက်နေကြသည်။ ပါတီသစ်ပြန်လည်ထူထောင်ရန် စည်းရုံးနေကြသည်။ ထိုအခြေအနေမျိုးကပင် လူများ နိုင်ငံရေးပါတီတွေထောင်လာအောင် စိတ်အားထက်သန်မှုကို ဖြစ်စေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အင်ဒရာ အဒီကာရိ (Indra Adhikari)က သုံးသပ်သည်။ သို့ရာတွင် လူသိများခြင်းပုံရိပ်ရှိခြင်းဖြင့် ရွေးကောက်ပွဲနိုင်ပြီး နိုင်ငံရေးတွင် အော...

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- နိဂုံး

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- နိဂုံး နှင်းရထား၏ အမြီးပိုင်း (Tail Section Of Snowspiercer) ရခိုင်ဒေသတစ်ခုလုံးကိုကြည့်လျှင် ရခိုင်လူမှုအသိုင်းအဝန်းမှာ ပြဿနာ ဖိုခလောက်ဆိုင်၍ မီးမွှေးခံထားရသည်က များစွာကြာခ့ဲပြီဖြစ်သည္။ မည်သို့ပင် ဖြစ်စေ ရိုဟင်ဂျာ လူမှုအသိုင်းအဝန်းအပေါ် လူ့အဖွဲ့အစည်း၏အနှိမ့်ဆုံး၊ အညစ်အကြေး၊ အမိုက်သရိုက္များက့ဲသို့ ဆက္ဆံခံခ့ဲရသည္။ လက်ရှိ ရခိုင်လူ့မှုအသိုင်းအဝန်းတစ်ခုလုံးကို ခြုံကြည့်ပါက နှင်းရထား၏ အမြီးပိုင်း (Tail Section Of Snowspiercer) နှင့်သာတူပါသည်။ Snowspiercer ဇတ်ကားတွင် ကမ္ဘာကြီးရေခဲခေတ်ကို ပြန်ရောက်ကာ လူသားသက်ရှိမျိုးစိတ်တို့ အသက်ဆက်ရှင်ရန် အတွက် ရထားတစ်စီးပေါ်တွင် နေထိုင်နေရသည်။ ရထား၏ လူ့မလှိုင်များ အာဏာရှိသူများအတွက် အထူးခန်းတွဲများ၊ လူလတ်တန်းစား အခန်းတွဲများ၊ အလုပ်သမားအခန်းတွဲများ စသဖြင့် ရှိနေကြသည်။ ရထား၏ နောက်ဆုံး အခန်းတွဲ (Tail Section) ကား စုတ်ပြတ်သတ်လျှက်၊ ရာဇဝတ်မှုများ၊ အပြစ်ပေးအရေးယူမှုများ၊ လျင်သူစားစတမ်း၊ ကြီးနိုင်ငယ်ညှင်း တောကြီးဥပဒေသများကြီးစိုးလျှက်ရှိသည်။ ထိုနောက်ဆုံးအခန်းတွဲမှ သူများသည် အခြားသော အတွဲများကို လုံးဝသွားရောက်ခွင...

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၈

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၈ Zero Tolerance ၂၀၁၈ခု နှစ်၊ ဇူလိုင်လ ၁၅ ရက်တွင်  ဘင်္ဂလားဒေရှ့် အနေဖြင့် ရှိုတ်ဟာဇီနာ လက်ထက် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာဂျ်နတ်သ် ဆင်းဂ် ( Rajnath Singh) ကိုတော့ ဂတိစကားတစ်ခွန်းပြောဖူးသည်။ မည်သည့်နိုင်ငံ၏ ပြည်သူလူထုကိုဖြစ်စေ၊ မည်သည့်နိုင်ငံကိုဖြစ်စေ ဆန့်ကျင်အကြမ်းဖက်နေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို ဘင်္ဂလားဒေရှ့်၏ နယ်မြေတွင် ခြေချခွင့္ပေးမည္မဟုတ္၊ ထိုသို့ ပြုလုပ်မည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း ဘင်္ဂလားဒေရှ့်သည် သည်းမခံ (Zero Tolerance)မူဝါဒကျင့်သုံးသည် ဟု ဆိုခ့ဲသည္။  ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ၏ ရိုဟင်ဂျာဆိုင်ရာ မူငါးချက် (Five-Point Proposal) ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ (Sheikh Hasina) သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၌ ရိုဟင်ဂျာအရေး အမြဲတမ်းဖြေရှင်းနိုင်ရန်အတွက် မူငါးချက်ပါ အဆိုပြုချက်ကို တင်သွင်းခဲ့သည်။ ထိုမူငါးချက္မှာ အောက်ပါအတိုင်း ဖြစ်သည်- ၁။ အကြမ်းဖက္မှု ချက်ချင်းရပ်စဲရေးနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ...

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၇

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၇ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများနှင့် သာမန်ရိုဟင်ဂျာလူထုအားခွဲခြားရန်လိုအပ်သေးသည်။ သာမန် အရပ်သားလူထုတိုင်းသည်  ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုတိုင်းကို ထောက်ခံသည်တော့မဟုတ်ပေ။ ဒုက္ခသည်စခန်းရှိနှင့် ရခိုင်မြောက်ပိုင်းရှိ သာမန်အရပ်သူ အရပ်သားများအပေါ်တွင် ရိုဟင်ဂျာလက်နက်ကိုင် အုပ်စုများက အကြောက်တရားဖြင့် ဖြန့်ကျက္မှုက ရှိနေသည်။ လာခြင်းမကောင်းသည့် အာဆာ ကိုဖီအာနန် ကော်မရှင်အစီရင်ခံစာ ထွက်လာပြီး နောက်တနေ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာ့စစ်တပ်လက်အောက်ခံ စခန်းငယ် ၃၀ ခန့်အား တပ​ြိုင်နက်တိုက်ခိုက်ခ့ဲသည္။ ယင်းမတိုင်ခင် ၂၀၁၆ခု နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်  Harakah al-Yaqin (ဟာရခါ အဲလ် ယာကင်) ယုံကြည်သူများ လှုပ်ရှားမှုအဖွဲ့ အမည်အောက်က မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ခ့ဲဖူးသေးသည္။ ၂၀၁၇ ခုနှစ် တိုက်ခိုက္မှုက အာဆာအပေါ် နိုင်ငံတကာ မျက်နှာစာ တွင် လာခြင်း မကောင်းတော့ပေ။ နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံးက အာဆာ အပေါ် ရှုတ္ချခ့ဲသည္။ ထိုအချိန်ကာလက နိုင်ငံတကာ၏ ထုတ်ပြန်ချက္များကို ကြည့်လျှင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်း...

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၆

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၆ ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့မှ ငွေထုတ်စက်ဟုသာ မြင်နေသည်။ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ပြီး ငွေညစ်နေကြသည်။ ဒါကာရှိ အာဏာပိုင်များအနေဖြင့် ရဲတပ်ဖွဲ့အား ချက်ချင်းကိုင်တွယ်သင့်ပြီး ကျူးလွန်သူရဲတပ်ဖွဲ့ဝင်များ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်သင့်သည်။ ဘင်္ဂလားဒေရှ့် အစိုးရအနေဖြင့် APBn ရဲတပ်ဖွဲ့အပေါ် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟု Fortify Rights (အခွင့်အရေးခံတပ်) အဖွဲ့က ၂၀၂၃ခု နှစ်၊ ဩဂုတ်လ (၁၀)နေ့က ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေရှ့်အာဏာပိုင်များ၏ အခက်အခဲ ဒုစရိုက္မှုများ၊ ရာဇဝတ်မှုများအား ဒုက္ခသည်စခန်းအတွင်းတွင် ထိထိရောက်ရောက်ကိုင်တွယ်မှုမရှိသည်မှာလူအင်အား၊ ငွေကြေး၊ အထောက်အကူပစ္စည်းများမလုံလောက္မှုကြောင့္ဟု ဘင်္ဂလားဒေရှ့်အာဏာပိုင္များက အကြောင်းပြချက်ပေးသည်။ လက်ရှိနိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်သော အစီရင်ခံစာ မှတ်တမ်းများအရ ဒုက္ခသည် ခြောက်ရာကျော်တွင် APBn ရဲတပ်ဖွဲ့ဝင် တစ်ဦးရှိသည်ဟုဆိုထားသည်။ အချိုးနှုန်းထား (၁:၆၀၀) ဖြစ်သည်။ ရဲလုပ်ငန်းသဘောသဘာဝအရ နေရာဒေသ...

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၅

 ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၅ ယခင်ရှေးဦးမဆွကပင် အကြမ်းဖက္မှု ဘင်္ဂလားဒုက္ခသည်စခန်းအတွင်း ARSA၏ ခြိမ်းခြောက်ဖိနှိပ်မှု၊ အကြမ်းပတမ်း သွေထွက်သံယို သတ်ဖြတ်မှုများက AA မြို့သိမ်းတိုက်ပွဲမတိုင်ခင်ကပင်ရှိနေသည်။ အင်ဒိုနီရှားသို့ရောက်လာသော လှေစီးဒုက္ခသည် ရိုဟင်ဂျာများ၏ ပြောဆိုချက္များရှိကြောင်း BBC Burmese က ဆိုသည်။ အဆိုပါ အကြမ်းဖက္မှုများအပေါ် ခွဲခြမ်းလေ့လာသုံးသပ်ထားသော ICG က့ဲသို့ နိုင်ငံတကာ အဖွဲ့အစည်းများရှိသည်။ ICG မှ မြန်မာနှင့် ဘင်္ဂလားဒေရှ့်ဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ်ကိန်းက ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုသည် တနှစ်၊ နှစ်နှစ်လောက်သာ ခံခ့ဲသည္ဟု (၂၀၂၅ခု နှစ်၊ ဇွန်နဝါရီလ (၁၈)ရက်နေ့) BBC နှင့် အင်တာဗျူး တွင်ပြောဆိုထားသည်။  ဝေဖန်မှုကို လက္ မခံနိုင်မှုနှင့် အကြမ်းပတမ်းနည်းဖြင့် ဩဇာချဲ့ထွင်မှု နောက်ပိုင်းကာလများတွင် ARSA မှ ဒုက္ခသည်စခန်းအတွင် ဩဇာထူထောင်လာပြီး အခွန်အခသဘောမျိုးထိ ကောက်ခံမှုများ ရှိလာသည်။ ၎င်းတို့၏ ဩဇာအာဏာကို လက္မခံသူ ဆန့်ကျင်သူများကို အကြမ်းပတမ်းနည်းလမ်းများသုံး၍ ကိုင္ တွယ်လာခ့ဲသည္။ ARSA ၏ လုပ်ရပ်အပေါ် အထူးသ...