ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၈
ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာ အလည်ရပ်စေဖို့- ၈
Zero Tolerance
၂၀၁၈ခု နှစ်၊ ဇူလိုင်လ ၁၅ ရက်တွင်
ဘင်္ဂလားဒေရှ့် အနေဖြင့် ရှိုတ်ဟာဇီနာ လက်ထက် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာဂျ်နတ်သ် ဆင်းဂ် ( Rajnath Singh) ကိုတော့ ဂတိစကားတစ်ခွန်းပြောဖူးသည်။ မည်သည့်နိုင်ငံ၏ ပြည်သူလူထုကိုဖြစ်စေ၊ မည်သည့်နိုင်ငံကိုဖြစ်စေ ဆန့်ကျင်အကြမ်းဖက်နေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို ဘင်္ဂလားဒေရှ့်၏ နယ်မြေတွင် ခြေချခွင့္ပေးမည္မဟုတ္၊ ထိုသို့ ပြုလုပ်မည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း ဘင်္ဂလားဒေရှ့်သည် သည်းမခံ (Zero Tolerance)မူဝါဒကျင့်သုံးသည် ဟု ဆိုခ့ဲသည္။
ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ၏ ရိုဟင်ဂျာဆိုင်ရာ မူငါးချက် (Five-Point Proposal)
ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ (Sheikh Hasina) သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၌ ရိုဟင်ဂျာအရေး အမြဲတမ်းဖြေရှင်းနိုင်ရန်အတွက် မူငါးချက်ပါ အဆိုပြုချက်ကို တင်သွင်းခဲ့သည်။
ထိုမူငါးချက္မှာ အောက်ပါအတိုင်း ဖြစ်သည်-
၁။ အကြမ်းဖက္မှု ချက်ချင်းရပ်စဲရေးနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု အဆုံးသတ်ရေး
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက္မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ချွင်းချက္မရှိ၊ ချက်ချင်းနှင့် ထာဝရ ရပ်တန့်ရမည်။
၂။ အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ရေး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေးအဖွဲ့ (Fact-Finding Mission) ကို ချက်ချင်းစေလွှတ်ရမည်။
၃။ အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးနှင့် 'လုံခြုံစိတ်ချရသော ဇုန်' များ ဖန်တီးရေး
ဘာသာ၊ လူမျိုးမခွဲခြားဘဲ အရပ်သားအားလုံးကို မြန်မာနိုင်ငံတွင် ကာကွယ်စောင့်ရှောက်ရမည်။ ထိုသို့လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် မြန်မာနိုင်ငံအတွင်း၌ "လုံခြုံစိတ်ချရသော ဇုန်များ" (Safe Zones) ကို ဖန်တီးထားရှိနိုင်သည်။
၄။ ရိုဟင်ဂျာများ ရေရှည်ပြန်လည်ဝင်ရောက်ရေး
ဘင်္ဂလားဒေရှ့်သို့ အတင်းအကျပ် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းလာခဲ့ရသော ရိုဟင်ဂျာများအားလုံး ၎င်းတို့၏ နေအိမ်များဖြစ်သော မြန်မာနိုင်ငံသို့ ရေရှည်တည်တံ့သော ပြန်လည်ဝင်ရောက်ရေးကို အာမခံပေးရမည်။
၅။ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော်ရေး
ကိုဖီအာနန် ကော်မရှင် (Kofi Annan Commission) ၏ အစီရင်ခံစာမှ အကြံပြုချက္များကို ချွင်းချက္မရှိ၊ ချက်ချင်းနှင့် အပြည့်အစုံ အကောင်အထည်ဖော်ရမည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်ခဲ့သော "ရိုဟင်ဂျာ မွတ်စလင်များနှင့် မြန်မာနိုင်ငံရှိ အခြားလူနည်းစုများ အခြေအနေဆိုင်ရာ အဆင့်မြင့် ညီလာခံ" (High-Level Conference on the Situation of the Rohingya Muslims and Other Minorities in Myanmar) ဖွင့်ပွဲ အခမ်းအနားတွင် မိုဟာမက္ယူနွတ်စ်၏ မူ ၇-ချက်နှင့် ဟာဇီနာ၏ မူ ၅ ချက်တို့တွင် တူညီသည့်အချက္များက ရှိသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနှစ်နိုင်ငံကြား အာဆာအပေါ် ဘုံရန်သူအဖြစ်ကိုင်တွယ်ရန် သဘောတူညီချက်ရခ့ဲသည္ဟု The Irrawaddy Burmese က ဆိုခ့ဲသည္။ ၂၀၂၂ ခုနှစ်တွင် ဘင်္ဂလားဒေရှ်နှင့် မြန်မာနယ်ခြားစောင့်တပ်တို့အကြား အကြမ်းဖက်အဖွဲ့အစည်းများ (အာဆာနှင့် အေအေကို ရည်ညွှန်း) အား ပူးတွဲတိုက်ဖျက်ရန် သဘောတူညီခ့ဲကြသည်။
Multilatral Approches
ဘင်္ဂလားဒေရှ့်၏ နိုင်ငံခြားရေးပေါ်လစီကိုကြည့်ပါက အိမ်နီးချင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက္မည်။ သံခင်းတမန်ခင်းမျှက်နှာစာတွင် အိမ်နီးချင်းများ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက္မှုမရှိ။ မြေပြင်အနေအထားတွင် အခြေအနေအရ Multilateral Approches ကို ကျင့်သုံးရန်လိုပါက ကျင့်သုံးသည်။ မြန်မာနှင့် ပတ်သက်လျှင်တော့ အိမ်နီးချင်းတိုင်းက မြေပြင်တွင် Multilateral Approches ကို ကျင့်သုံးကြသည်သာများသည်။ သို့သော် ၂၀၁၇ ခုနှစ် အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေရှ့်ထဲ ခိုဝင်သည့် ရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်စဉ် နောက်ပိုင်းတွင်တော့ ဘင်္ဂလားဒေရှ့်သည် မြန်မာအပေါ် ဖိအားပေးသည့် မူဝါဒကို အခြေအနေကို ကြည့်၍ ကျင့်သုံးလာရသည်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း ဖြစ်ပျက်နေသော အကြမ်းဖက္မှု၊ သွေးထွက်သံယိုမှုများသည် ဘင်္ဂလားဒေရှ့် နယ်မြေထဲတွင် ဖြစ်နေသည်။ ဘင်္ဂလားဒေရှ့် အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူ အဂတိတရားများနှင့် သက်ဆိုင်နေသည်။ နယ်စပ်တလျှောက်နှင် ရခိုင်ပြည်၏ မြို့နယ်အများစုကို အေအေ သိမ်းပိုက်ပြီးနောက်တွင် ဘင်္ဂလားဒေရှ့်အနေဖြင့် အေအေနှင့် ထိတွေ့ဆက်ဆံလာရသည်။ ရိုဟင်ဂျာ အရေးဖြေရှင်းရန် အေအေနှင့်လည်းထိတွေ့ ဆက်ဆံသင့်သည်ဟု အကြံပြုချက်က ရှိလာသည်။
ပွတ်တိုက္မှုများ
ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ အကြမ်းဖက် လက်နက်ကိုင်အုပ်စုများအပေါ် အရေးယူမှုအားနည်းခြင်းအတွက် ဘင်္ဂလားဒေရှ့် အာဏာပိုင်များအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိအားပေးလာကြသည်။ ထိုအတူ ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးအပေါ် လေးစားမှုမရှိခြင်းအတွက် အေအေ အပေါ်တွင္လည်း နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖိအားပေးလာကြသည်။ ဤ အခြေအနေတွင် အေအေနှင့် ဘင်္ဂလားဒေရှ့် လက်နက်ကိုင် တပ်ဖွဲ့ အင်စတီကျူးရှင်းများကြားတွင် ပွတ်တိုက္မှုများ ပေါ်လာခ့ဲသည္။
၂၀၂၅ခု နှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဘင်္ဂလားဒေရှ့်ဘက်က အရေးကြီးအခြေခံကုန်ဖြစ်သည့် ဆန်၊ မြေဩဇာ၊ ဆေးဝါး တို့ကို အေအေ အနေဖြင့် အစုအဖွဲ့များစုဖွဲ့ကာ ရခိုင်ဘက်သို့ မှောင်ခိုသယ်ယူနေကြောင်း၊ မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေရှ့်ဘက်သို့ အေအေတင်သွင်းနေကြောင်း၊ ရိုဟင်ဂျာများမှာ ကုန်ကိုသယ်ယူပို့ဆောင်သူများဖြစ်သည္ဟု ဘင်္ဂလားဒေရှ့် စစ်ဘက္မှ ပြောကြားခ့ဲသည္။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အေအေဘက္မှ BGD ကို ပြန်လည်စွပ်စွဲခ့ဲသည္။ ဘင်္ဂလားဒေရှ့် စစ်ဘက်ထဲတွင် ရိုဟင်ဂျာလက်နက်ကိုင် အကြမ်းဖက်များကို ထောက်ပံနေသော အကျင့်ပျက် အရာရှိများကို အရေးယူသင့်ကြောင်း အေအေဘက္မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကြေ ငြာချက်ထုတ်ပြန်ခ့ဲသည္။စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတကာကိုပါ စောင့်ကြည့်ပေးရန် အေအေ ကတောင္းဆိုခ့ဲပြီး ဘင်္ဂလားဒေရှ့် အစိုးရအနေဖြင့် ပြေလည်ရာနည်းလမ်းဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် တိုက္ တွန်းခ့ဲသည္။ နိုဝင်ဘာလ ၅ ရက်နေ့တွင် အေအေတပ်ဖွဲ့ဝင်များ သုညနယ်စပ်မျဉ်းစည်းကို ကျော်လာပြီး ပစ္ခတ္ခ့ဲ၍ စခန်းကို ကျည်တစ်ထောင့်ထိမှန်ကြောင်း BGB ကဆိုသည်။ အေအေက ထိုနေ့တွင်ပင် ငြင်းဆန်ကာ ဘင်္ဂလားဒေရှ့်ဘက္မှ မိမိတို့စခန်းကို ပစ္ခတ္ခ့ဲသည္ဟု ပြောဆိုခ့ဲသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် BGB ဘက်က အေအေဘက်က ဝါဒဖြန့်သတင်းမှားဖြန့်ချီသည်ဟုဆိုကာ ပြန်လည်တုန့်ပြန်ခ့ဲသည္။
ထိုသို့ ပွတ်တိုက္မှုများကိုလေ့လာကြည့်ပါက မူးယစ်ဆေးဝါး ကိစ္စရပ်အပေါ်အပြန်အလှန် စွပ်စွဲချက္များရှိနေသည်ကိုတွေ့ရသည်။ BGB ဘက်အဆိုအရ ရခိုင်ဘက္မှ မူးယစ်ဆေးတင်သွင်းကာ ကုန်ပစ္စည်းများ တရားမဝင် ခိုးထုတ်နေမှုကို ကာကွယ်နေခြင်းကို BGB အား ရိုဟင်ဂျာလက်နက်ကိုင်များကို ထောက်ပံနေသည်ဟုသော စွပ်စွဲချက်ဖြင့် အေအေက ပုံဖျက်ရန်လုပ်နေသည်ဟု ဆိုထားသည်။ အေအေဘက် တုန့်ပြန်မှုမှာ BGB အရာရှိအချို့ သည် ရိုဟင်ဂျာလက်နက်ကိုင်များကို ထောက်ပံနေပြီး အေအေက နယ်စပ်ကို ထိန်းချုပ်လိုက်သောအခါ မူးယစ်ဆေးဝါးလမ်းကြောင်းများ ပျောက်သွားသဖြင့် မကြေနပ်ဖြစ်နေသည်ဟု ဆိုထားသည်။ ထိုနှစ်ဖက်စွပ်စွဲချက္များအား အနှစ်ချုပ်ကြည့်ပါက "မူးယစ်ဆေးဝါးကိစ္စနှင့် ရိုဟင်ဂျာလက်နက်ကိုင် အကြမ်းဖက်အုပ်စုများ" ဆိုသည့် အချက်နှစ်ခုကို တွေ့နေရသည်။
ဤသို့ဆိုပါလျှင် အဆိုပါမူးယစ်ဆေးဝါးနှင့် ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအပါ် နှစ်ဖက်စလုံးသည် Zero Tolerance မူကို ကိုင်စွဲကာ ပူးပေါင်းဆောင်ရွက္မှုအတွက္ ကမ်းလှမ်းချက္များကိုကော မပြုလုပ်နိုင်ကြပြီးလားဟု မေးစရာက ရှိလာသည်။
ဆက်ရန်
Sources
Zero Tolerance
https://www.thedailystar.net/frontpage/zero-tolerance-terrorism-1605580
၂၀၁၇ ခုနှစ် အာဆာအားဘုံရန်သူအဖြစ်ထားမည်ဟု ဘင်္ဂလားဒေရှ့်ဆို
https://www.irrawaddy.com/news/burma/bangladesh-myanmar-agree-treat-arsa-common-enemy-state-counselors-office.html?hl=en-GB
၂၀၂၂ခု နှစ်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက္မှု
https://www.benarnews.org/english/news/bengali/border-agreement-11292022164154.html?hl=en-GB
၂၀၂၅ ခုနှစ် အပြန်အလှန် စွပ်စွဲမှုများ
https://www.thedailystar.net/news/bangladesh/crime-justice/news/smuggling-along-the-bay-rice-goes-out-yaba-comes-3995051
https://defencejournalbd.com/teknaf-osint-brief-27th-september-27th-october-2025/1641/
https://burma.irrawaddy.com/news/2025/09/17/405856.html?hl=en-GB
Comments
Post a Comment