လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆
လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆ လက်နက်ကိုင်ခြင်းဆိုသည်မှာ "လူသားဂုဏ်သိက္ခာကို လေးစားမှု နှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဆိုသောအချက်သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ မူလ ကျောရိုးစံတန်ဖိုးဖြစ်သည်။ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို လေးစားခြင်း ဆိုသည်မှာ လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို ကာကွယ်ခြင်းလည်းဖြစ်သည်။ လူ့အသိုက်အဝန်းတစ်ခု (လူ့အသိုက်အဝန်းဟူသည် နိုင်ငံ သို့မဟုတ် လူမျိုး) အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ပေါ်ပေါက်ခြင်း ဆိုသည့်အဓိပ္ပါယ္ကပင္ ထိုလူ့အသိုက်အဝန်းရှိ လူသားများ၏ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို ကာကွယ်ရန် အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည် ဆိုသော အဓိပ္ပါယ္ဖြ စ် သည္။ အမိန့် အပေါ်ဆန်းစစ်မှု လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် အမိန့်ကိုနာခံရသည်။ ဤသို့အမိန့်နာခံရန်လည်းတာဝန်ရှိသည် ဟုသတ်မှတ်ထားသည်။ ဤတွင် အမိန့်ဟူသည် ငြင်းဆန်ရမည့် အရာမဟုတ် ဟူသော အချက်နှင့် သဘောတရားခြင်းမှာ ကွဲပြားပါသေးသည္။ အဘယ်ကြောင့်ဆိုသော် အမိန့်ဟူသည်ပင်လျှင် အကျိုးအကြောင်းညီညွှတ်မှုမှ သွယ်ဖယ်၍ မရဟူသော ကန့်သတ်ချက်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။ ပို၍ ရှင်းလင်းသော နမူနာတ...