Posts

Showing posts from March, 2026

လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆

 လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၆ လက်နက်ကိုင်ခြင်းဆိုသည်မှာ "လူသားဂုဏ်သိက္ခာကို လေးစားမှု နှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်" ဆိုသောအချက်သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ မူလ ကျောရိုးစံတန်ဖိုးဖြစ်သည်။ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို လေးစားခြင်း ဆိုသည်မှာ လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို ကာကွယ်ခြင်းလည်းဖြစ်သည်။ လူ့အသိုက်အဝန်းတစ်ခု (လူ့အသိုက်အဝန်းဟူသည် နိုင်ငံ သို့မဟုတ် လူမျိုး) အတွက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ပေါ်ပေါက်ခြင်း ဆိုသည့်အဓိပ္ပါယ္ကပင္ ထိုလူ့အသိုက်အဝန်းရှိ လူသားများ၏ လူသားဂုဏ်သိက္ခာနှင့် တန်ဖိုးကို ကာကွယ်ရန် အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည် ဆိုသော အဓိပ္ပါယ္ဖြ စ် သည္။  အမိန့် အပေါ်ဆန်းစစ်မှု လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်သည် အမိန့်ကိုနာခံရသည်။ ဤသို့အမိန့်နာခံရန်လည်းတာဝန်ရှိသည် ဟုသတ်မှတ်ထားသည်။ ဤတွင် အမိန့်ဟူသည် ငြင်းဆန်ရမည့် အရာမဟုတ် ဟူသော အချက်နှင့် သဘောတရားခြင်းမှာ ကွဲပြားပါသေးသည္။ အဘယ်ကြောင့်ဆိုသော် အမိန့်ဟူသည်ပင်လျှင် အကျိုးအကြောင်းညီညွှတ်မှုမှ သွယ်ဖယ်၍ မရဟူသော ကန့်သတ်ချက်အတွင်း ရှိနေသောကြောင့် ဖြစ်သည်။ ပို၍ ရှင်းလင်းသော နမူနာတ...

လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၅

 လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ တာဝန် နှင့် သစ္စာခံမှု-၅ ပေမှီဒေါက္မှီစံနှုန်းဖြင့်ကိုက္ညီသော လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ အ ခြေခံကျင့်ဝတ်မှာ - "လူသားဂုဏ်သိက္ခာနှင့် လူသားတန်ဖိုးကို လေးစားမှုဖြင့် လက်နက်ကိုင်ခြင်းဖြစ်သည်"။  ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့အစည်း၏ အာဏာ မူလပိုင်ရှင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်စေရန် လက်နက်ကိုင်အဖွဲ့အစည်းကို ပြည်သူလူထုမှ တာဝန်ပေး၊ နေရာပေးထားခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့ဟူသည် လူ့အဖွဲ့အစည်းတစ်ခုအား ဘေးအန္တရာယ်မှ ကင်းဝေးစေရန် တာဝန်ပေးခံထားရသော၊ တာဝန်ယူထားရသော ပြည်သူလူထု၏ အခိုင်းအစေဖြစ်သည်။ ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် အမြဲတန်းကိန်းဝပ်နေရမည့် ဝတ္တရားဖြစ်သည်။  သို့သော် ထိုကျင့်ဝတ် ၊ ဝတ္တရားစသည့် အခြေခံအတွေးအခေါ်မျိုးက  လက်နက်ကိုင်တပ်ဖွဲ့များထံတွင် ကင်းကွာလာတတ်သည်။ မည်သို့ပင်ဆိုနေစေကာမူ "ငါတို့ တိုက်ရသည်၊ ငါတို့စွန့်လွတ်ရသည်၊ ငါတို့ပေးဆပ်ရသည်၊ သို့ဖြစ်၍ ငါတို့သည် မြင့်မြတ်သည်၊ ငါတို့သည် ဦးစားပေးခံထိုက်သည်" ဟူသော ခံစားချက္မျိုးက ရှိလာတတ်သည်။  လူ့မှုအသိုင်းအဝန်းတစ်ခု၏ စစ်ဘက်၊ အရပ်ဘက် အပြန်အလှန် ပဋိညာဉ်ပြုမှုတွင် စစ်...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (နိဂုံး)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (နိဂုံး) တူရကီနိုင်ငံဟာ စက်မှုလူ့အဖွဲ့အစည်းအဖြစ် ကူးပြောင်းရာမှာ ဥရောပနိုင်ငံတွေနဲ့မတူဘဲ နိုင်ငံတော်က ဦးဆောင်တဲ့ စနစ် (State-led Industrialization) နဲ့ အဓိက သွားခဲ့တာဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် အထက်က အောက္ ကိုသွားတ့ဲ စနစ်နဲ့ ဆောင်ရွက်ခ့ဲတာပါ။ တန်ဇီမတ် ကာလ ( Tanzimat Period)  အော့တိုမန်ခေတ်နှောင်းပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေကို တူရကီဟာ ဆောင်ရွက်လာရပါတယ်။ မဆောင်ရွက်ရင်လည်း ဥရောပရဲ့ စက္မှုထွန်းကားမှုကို ရင်ဆိုင်နိုင်တော့မှာ မဟုတ်မှန်း တူရကီ အုပ်ချုပ်သူ ဘုရင်နဲ့ နန်းတော်က သဘောပေါက်လာပါတယ်။ အထူးသဖြင့် တူရကီက သူရဲ့စစ်တပ်ကို ဥရောပစက္မှုနိုင်ငံတွေရဲ့ စစ်တပ်နဲ့ ယှဉ်ရင် တူတူတန်တန်ဖြစ်ချင္ပါတယ္။ ဒီလိုနဲ့ တူရကီမှာ စစ်ဘက်ဆိုင်ရာ စက္မှုလုပ်ငန်းတွေ ပေါ်လာပါတယ်။ အဲဒီ စက်ရုံတွေက စစ်တပ်အတွက် လိုအပ်တဲ့ လက်နက်၊ ယူနီဖောင်းနဲ့ သင်္ဘောကျင်းတွေကို စတင်တည်ဆောက်ပါတယ်။ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းတွေ၊ အထူးသဖြင့် ရထားလမ်းတွေ ဖောက်လုပ်ခဲ့ပေမယ့် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု အများစုဟာ နိုင်ငံခြားသား (အထူးသဖြင့် ဂျာမနီနဲ့ ဗြ...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၆)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၆) အီရန် ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်းရေး ဖြစ်ပွားခ့ဲတ့ဲ ၁၉၀၅ ခုနှစ်မှာ စဉ်ပြိုင်ဖြစ်နေ တ့ဲ တော်လှန်ရေးတစ်ခုက ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေး (Russian Revolution of 1905) ပါပဲ။ ၁၉၀၅ ခုနှစ် ရုရှားတော်လှန်ရေးက  ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ စိန့်ပီတာစဘတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ဇာဘုရင်ရဲ့ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ "သွေးစွန်းသော တနင်္ဂနွေနေ့" (Bloody Sunday) ဖြစ်ရပ်ကနေ တော်လှန်ရေး စတင္ခ့ဲတာပါ။ အီရန် ရဲ့ ၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးက ၁၉၀၅ ခုနှစ်၊ ဒီဇင်ဘာလ မှာ စတင်တာဖြစ်လို့ ရုရှားတော်လှန်းရေးက အီရန်တော်လှန်ရေးထက် ၁၁ လ လောက်စောပါတယ်။ ဒီတော်လှန်ရေးနှစ်ခုလုံးတူတာက  အာရှ ရပ်ဝန်းနဲ့ ဥရောပတိုက်ရပ်ဝန်းထဲက ပဒေသရာဇ်စနစ်တွေကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ခေတ်သစ်နိုင်ငံရေး အလှည့်အပြောင်းတွေပဲ ဖြစ်ပါတယ်။ ရုရှားဟာ အီရန်အပေါ်မှာ ကြိုးကိုင်ချယ်လှဲမှုရှိလို့ အီရန်လူထုက ရုရှားကို အမြင်မကြည်ပါဘူး။ ဒါပေမယ့် ရုရှားရဲ့ နိုင်ငံရေးအတွေးအခေါ် အပြောင်းအလဲက အီရန်အပေါ်မှာ ရိုက်ခတ်ပါတယ်။ အီရန်ရဲ...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၅)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၅) ၁၉၀၈ ခုနှစ်မှာ အီရန်ရဲ့ ပါလီမာန်ကို ဗုံးခွဲတာက ရုရှားတွေ ဦးဆောင္တ့ဲ ပါရှန်း ကော့ဆက် တပ်ဖွဲ့ရဲ့ လက်ချက်ပါ။ ဘာကြောင့် ရုရှားတွေ ဝင်ပါရသလဲဆိုရင် ဒုတိယအကြိမ် ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) စတင်တော့ အမေရိကန်လူမျိုး ဝီလျံ မော်ဂန် ရှူစတာ ( William Morgan Shuster) ကို ဘဏ္ဍာရေးအကြံပေးခန့်လိုက်ပါတယ်။ ရှုစတာက Shuster ဟာ အီရန်ရဲ့ ဘဏ္ဍာရေးကို စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ စီမံပါတယ်။ သူ့ရဲ့ စီမံမှုတွေထဲမှာ ရုရှားတွေ အမြတ်ထုတ်နေ တ့ဲ စီးပွားရေးကို ကိုင်တွယ်မယ့် ဗျူဟာတွေလည်း ပါပါတယ်။ ဒီလို ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးဖို့ ကြိုးစားခဲ့တာကြောင့် ရုရှားက ရှူစတာကို မလိုလားပါဘူး။ အဲလိုမလိုလားတ့ဲ အခါ ရုရှားဟာ ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တ့ဲ ဘုရင် မိုဟာမက် အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကိုထောက်ခံလာပါတော့တယ်။  ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) ရဲ့ တပ်တွေက တာဘရစ် (Tabriz) နေရာမှာ ခြေကုတ်ယူထားတာပါတယ်။ ဘုရင် မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) က သူ့...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၄)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၄) ၁၉ ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစုအစပိုင်းကာလ တွေမှာ အီရန်ဟာ ဗြိတိန် အင်ပါယာနဲ့ ရုရှားအင်ပါယာ ကြားက အားပြိုင်ရာ ကွင်းပြင်ဖြစ်တယ်။ အားပြိုင်ရာကွင်းပြင်ဖြစ်တော့ အီရန်အပေါ် ဩဇာလွမ်းမိုးဖို့က ဗြိတိန်နဲ့ ရုရှား နှစ်ဖက်စလုံးက အားထုတ်ကြပါတယ်။ ၁၉၀၅ ခုနှစ် အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတော်လှန်ရေးရဲ့ ကနဦး ရမည္ရှာတ့ဲ မီးပွားစဖြစ်စဉ်က ရုရှားဆီကို ပေးရမယ့် အကြွေးကိစ္စကို ကန့္ကွက်တ့ဲ အနေနဲ့ ဖြစ်တာပါ။  အုပ်ချုပ်သူများ၏ ဗီဇ အဲဒီကာလမှာ အီရန်ရဲ့ အခြေအနေကလည်း အရမ်းကို အကြပ်အတည်းဆိုက်နေပါပြီ။ ဒီတော့ ကာဂျာစ်ဘုရင်ဘက်က ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပြပေးပါတယ်။ ၁၉၀၆ ခုနှစ် ဇွန်နဝါရီ ၁၂ ရက်မှာ သူ့ရဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး တရားရေးရာ လွတ်တော်ကို အာဏာပေးလိုက်ပါတယ်။ ဒီလိုနဲ့ အခြေအနေက အေးဆေး ဖြစ်သွားပြီထင်ရပေမယ့် ရလဒ်က အဲလိုမဟုတ်ပါဘူး။ ၁၉၀၆ခု နှစ် အစောပိုင်းကာလ ဆန္ဒပြသူတွေနဲ့ ကာဂျာစ်ဘုရင်တပ်တွေ အပြန်အလှန်တိုက်ခိုက်ကြတုန်း တမန်တော်မိုဟာမက္ရဲ့ မျိုးရိုးအနွယ်ဝင် တစ်ဦးဟာ ကာဂျာစ်ဘုရင်တပ်လက်ချက်နဲ့ သေဆုံးသွားပါတ...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၃)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၃) ၁၈၉၁ ခုနှစ် ဆေးရွက်ကြီးတော်လှန်ရေးဟာ အီရန်ရဲ့ ဘာသာရေးအလွှာ၊ ပညာတတ်လူလတ်တန်းစားအလွှာ၊ ကုန်သည်နဲ့ သာမန်လူတန်းစားတို့ အတွက်တော့ ကာဂျာစ် ဘုရင်နဲ့ ဗြိတိန်ကို ဆန့်ကျင်တ့ဲ ပထမဆုံး စည်းလုံးညီညွှတ်မှု ဝါးဒတ် (Vahdat) ကို ဖြစ်စေ ခ့ဲပါတယ္။ အဲဒီလို ၁၈၉၀ ပြည့်လွန်အချိန်ကာလ ၁၉ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစပိုင်းကာလတွေမှာ အီရန်ရဲ့ လူအဖွဲ့အစည်းကိုကြည့်ရင် ခေတ်ပညာတတ်လူလတ်တန်းနဲ့ ကုန်သည်တွေက ပေါ်လာပြီ။ အီရန်ရဲ့ ပထဝီဝင်နိုင်ငံရေးအရှိတရားက အာရှတိုက်ရဲ့ အနောက်ဘက္မှာ ရှိပြီး ဥရောပ အရှေ့ဘက်နဲ့ရော ဥရောပတောင်ပိုင်းက မြေထဲပင်လယ်ဘက်ကိုပါ ခြိတ်ဆက်စရာ ကုန်းကြောင်း ရေကြောင်း လမ်းတွေရှိပါတယ်။ အီရန်ရဲ့ အနောက်ဘက္မှာ အီရတ်နဲ့ နယ်မြေချင်းထိစပ်ပါတယ်။ အနောက္မြောက်ဘက္မှာ တူရကီ၊ အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ ရှိပါတယ်။ အီရန်ရဲ့ မြောက်ဘက်ဟာ ကစ်ပီယံပင်လယ် ရေအိုင်ပါ။ အရှေ့မြောက်ဘက်ဟာ တာခ့္မင်နစ္စတန်ဖြစ်ပြီး အရှေ့ဘက္မှာ အာဖဂန်နစ္စတန်ရှိပါတယ်။ အရှေ့တောင်ဘက်ဟာ ပါကစ္စတန်ဖြစ်ပြီး တောင်ဘက်တစ်လျှောက်ဟာ အိုမန်ပင်လယ်ကွေ့နဲ့ ပါရှန်းပင်လယ်ကွေ့တို့ရှိနေတ...

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

 အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂) အီရန်လူထုရဲ့  နိုင်ငံရေးအာသီသကို နားလည်နိုင်ဖို့ဆိုရင်တော့ အီရန်ရဲ့ လူမှုအဆောက်အအုံ ယဉ်ကျေးမှုကို နားလည်ဖို့လိုပါတယ်။ ဥပမာ- အီရန်မှာ ဘာကြောင့် ဘာသာရေးအလွှာက ဩဇာကြီးရတာလဲ။ ဘာသာရေးဩဇာက​ြီးတ့ဲ ယဉ်ကျေးမှုကို လက်္ခံထားတ့ဲ လူ့အဖွဲ့အစည်းတစ်ခုဟာ ဒီမိုကရက်တန်ဖိုးနဲ့ လွတ်လပ်မှုကို လိုချင္လာတ့ဲအခါ ဘယ်လိုခါးသီးစရာ အချိုးအကွေ့တွေကို ရင်ဆိုင်ရသလဲ စတ့ဲမေးခွန်းတွေကို နားလည်ဖို့ဆိုရင် အီရန် လူမှုအဆောက်အအုံရဲ့ သမိုင်းတွေကို နားလည်ဖို့လိုပါတယ်။ အနည်းဆုံးတော့ ၂၀ ရာစုအစပိုင်းကာလ အခြေအနေတွေကို တီးမိခေါက္မိဖို့ကလိုလာပါတယ်။  ဖော္ပြခ့ဲပြီးတ့ဲ ဆောင်းပါးအပိုင်း (၁) က နားလည်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ ၁၈၉၀ ခုနှစ်မှာ ကာဂျာစ်ဘုရင်က ဗြိတိန်လူမျိုးတစ်ယောက်ကို ဆေးရွက်ကြီးလုပ်ပိုင်ခွင့်တွေကို ပေးလိုက္တဲ့အခါ ဆေးရွက်ကြီးလုပ်ငန်းကို မှီခိုနေရတ့ဲ သာမန်ပြည်သူတွေ ပိုပြီး ဆင်းရဲကြပ်တည်းကုန်ပါတယ်။ ၁၈၉၁ ခုနှစ်မှာ အီရန်ဘာသာရေးအဆောက်အအုံက ဆေးရွက်ကြီးကိစ္စနဲ့ ပတ်သက်ပြီး ဘုရင်နဲ့ ဗြိတိန်တို့ကို စတင္အာခံခ့ဲပါတယ်။ ဆေးရွက်ကြီးကို သုံးတာဟာ နောက်...