အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၅)
အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၅)
၁၉၀၈ ခုနှစ်မှာ အီရန်ရဲ့ ပါလီမာန်ကို ဗုံးခွဲတာက ရုရှားတွေ ဦးဆောင္တ့ဲ ပါရှန်း ကော့ဆက် တပ်ဖွဲ့ရဲ့ လက်ချက်ပါ။ ဘာကြောင့် ရုရှားတွေ ဝင်ပါရသလဲဆိုရင် ဒုတိယအကြိမ် ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) စတင်တော့ အမေရိကန်လူမျိုး ဝီလျံ မော်ဂန် ရှူစတာ ( William Morgan Shuster) ကို ဘဏ္ဍာရေးအကြံပေးခန့်လိုက်ပါတယ်။ ရှုစတာက Shuster ဟာ အီရန်ရဲ့ ဘဏ္ဍာရေးကို စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ စီမံပါတယ်။ သူ့ရဲ့ စီမံမှုတွေထဲမှာ ရုရှားတွေ အမြတ်ထုတ်နေ တ့ဲ စီးပွားရေးကို ကိုင်တွယ်မယ့် ဗျူဟာတွေလည်း ပါပါတယ်။ ဒီလို ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးဖို့ ကြိုးစားခဲ့တာကြောင့် ရုရှားက ရှူစတာကို မလိုလားပါဘူး။ အဲလိုမလိုလားတ့ဲ အခါ ရုရှားဟာ ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တ့ဲ ဘုရင် မိုဟာမက် အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကိုထောက်ခံလာပါတော့တယ်။
ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) ရဲ့ တပ်တွေက တာဘရစ် (Tabriz) နေရာမှာ ခြေကုတ်ယူထားတာပါတယ်။ ဘုရင် မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) က သူ့ရဲ့တပ်ဖွဲ့ ၄၀၀၀၀ ကို တာဘရစ်ကို တိုက်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis) ဘက်က ဆိုရှယ်ဒီမိုကရက်ဘက်ကို ယိမ္းတ့ဲ အလယ်အလတ် ဆိုရှယ်လစ်ဝါဒီ ဆက်တာခန်း ( Sattar Khan) ကို ပါလီမန်တပ်ရဲ့ ခေါင်းဆောင်အဖြစ်တင်ပြီး ဘုရင်ရဲ့ တပ်ကို တိုက်ခိုက်ပါတော့တယ်။ တိုက်ပွဲဟာ နှစ်ဖက်စလုံးအထိနာပြီး နာကျင်ကြေကွဲစရာကောင်းပါတယ်။ ၁၉၀၉ ခုနှစ်ဧပွီလမှာ ပါလီမန်တပ်ဟာလည်း တပ်ဖွဲ့ဝင်အရေအတွက် ပမာဏကြီးကြီးမားမား ဆုံးရှုံးလိုက်ရပါပြီ။ ဒါပေမယ့်လည်း ဘုရင်ရဲ့ တပ်တွေကိုတော့ တာဘရစ် မြို့က မောင္းထုတ္နိုင္ခ့ဲပါတယ္။ ဒီလိုအနိုင်ရမှုက ဖွဲ့စည်းပုံအခြေခံ ဥပဒေဝါဒီတွေဟာ တီဟီရန်၊ ရာရှ်တ်၊ ကာဗင်၊ အစ်ဖာဟန် အပါအဝင် အခြားမြို့တွေမှာလည်း ကော်မတီတွေ ဖွဲ့ပြီး လှုပ်ရှားလာပါတယ်။ ဩဇာကြီးတ့ဲ ဘာခ်တီယာရီ လူမျိုးစု (Bakhtiyari tribal) ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုလည်း ရယူလာနိုင္ခ့ဲပါတယ္။ ၁၉၀၉ ခုနှစ်မှာပဲ ပါလီမန်တပ်တွေဟာ တီဟီရန်ကို ရောက်ရှိလာပြီး ဘုရင် မိုဟာမက္ အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကို ထီးနန်းစွန့်ခိုင်းပြီး ကလေးဘဝ သာရှိသေးတ့ဲ သားဖြစ်သူ အာမက္ရှား ကာဂျာ (Ahmad Shah Qajar) ကို နန်းတင်ခိုင်းပါတယ်။ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ကျင့်သုံး ဖို့ဖိအားပေးပါတယ်။ ဒီလိုနဲ့ အီရန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ရောက်လာပြန်ပါတယ်။ အစိုးရနဲ့ ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis) ဟာ ပြန်လည် လည်ပတ်လာပါတယ်။ ဒါပေမယ့် အီရန်ဟာ စီးပွားရေးနဲ့ လူမှုရေးတို့မှာ အင်အားအင်မတန် ချိနှဲ့ နေပါပြီ။
ဒီကြားထဲ ဘာသာရေးအလွှာနဲ့ နိုင်ငံရေးအုပ်စုကြားက ပါဝါအားပြိုင်မှုကလည်း နက်သထက်နက်ရှိုင်းလာပါတယ်။ တဖက်က ဒီမိုကရေစီကိုဆွဲကိုင်ပြီး ဘာသာရေးကို အခြေမခံတ့ဲ နိုင်ငံတော် အဖြစ်တည်ဆောက်ချင္တ့ဲပညာတတ်လူတန်းစား၊ တဖက်က ဘာသာရေးစည်းမျဉ်းတွေနဲ့ နိုင်ငံကို တည္ဆောက္ ချင္တ့ဲ ဘာသာရေးအလွှာ ကြားမှာ ကွဲလွဲမှုက နက်ရှိုင်းလာလေ သဘောထားတင်းမာသူတွေက နှစ်ဖက်စလုံးမှာ နေရာရလာလေပါပဲ။ တဖက်မှာ နှစ်ဖက်စလုံးက သဘောထားပျော့ ပြောင္းတ့ဲ သူတွေကလည်း နှစ်ဦးနှစ်ဖက် လက်ခံနိုင္ လောက္တ့ဲ သဘောတူညီချက်တွေရဖို့ ကြိုးစားနေရပါတယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား အီရန်ရဲ့ ဘာသာရေးအလွှာဘက်က ပညာတတ်နိုင်ငံရေးအလွှာကို မယုံကြည်မှုက တိုးပွားလာပါတယ်။ ၁၉၀၉ ခုနှစ်မှာ ပါလီမန် လွတ်တော်ကို မာဂျ်လီစ် (Majlis) ကို အမတ် ၅၀၀ နဲ့စတင်ပါတယ်။ ပထမအကြိမ်ထက် ပိုပြီး ကွဲပြားခြားနားတ့ဲ နောက်ခံတွေက စုံလင်လာပါတယ်။ ဒီတကြိမ်မှာ ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis)ဟာ ဒီမိုကရက်ပြုပြင်ပြောင်းလဲရေးတွေကို ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ဖို့ စိုင်းပြင်းလာပါတယ်။ လူတန်းစားအရ ကိုယ်စားပြုမှုကို ဖျက်သိမ်းပါတယ်။ ပြီးရင် လူနည်းစုတွေအတွက် နေရာငါးနေရာ ဖန်တီးပေးပါတယ်။ အာမေနီးယန်းတွေအတွက် နှစ်နေရာ၊ ဂျူး၊ ဇိုရိုးစတားနဲ့ အာဆီးရီယန်း တွေအတွက် တစ်နေရာစီ ရှိပါတယ်။
တဖက်မှာက အီရန်ပညာတတ်နိုင်ငံရေးအလွှာထဲမှာလည်း သဘောထားကွဲပြားမှုက ရှိလာပါတယ်။ တစ်အုပ်စုက လက်ရှိအနေအထား တိုင်းပြည်အင်အားချိနဲ့နေသေးတော့ ဘာသာရေးအလွှာနဲ့ ဘုရင်တို့ကြားမှာ ဟန်ချက်ထိန်းပြီး ပြုပြင်ပြောင်းလဲမှုကို ဖြေးဖြေးလုပ်ချင်တယ်။ ကျန်တစ်အုပ်စုက ဒီမိုကရက် ပြုပြင်ပြောင်းလဲမှုကို မြန်မြန်လုပ်ချင်တယ်။ ဒီနှစ်အုပ်စုကြားထဲမှာလည်း အကွဲအပြဲက ပြင်းထန်လာပြီး အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုအထိ ဖြစ်ကုန်ပါတယ်။ တဖက္မှာကလည်း ဘာသာရေးအလွှာဘက်က နိုင်ငံရေးအုပ်စုတွေကို သံသယစိတ်က ပိုကြီးလာပါတယ်။ အစ္စလမ်ပညာရှင် မူဂျ်တာဟစ် (mujtahids) ငါးဉီး ကော်မတီ ကို ဥပဒေပြဌာန်းမှုမှာ အကောင်အထည်မဖော်တာ၊ ဖီဇ်လိုလာ နိုရီ ( Fazlollah Nori) လို ပုဂ္ဂိုလ်မျိုးကို တော်လှန်ရေးကာလ အတွင်းမှာ သတ်ပစ်တာတွေက ဘာသာရေးအလွှာကို ပိုပြီး ရှောခ့်ရ စေပါတယ်။ ရှေးရိုးစွဲ ဘာသာရေးဆရာတွေဘက်က နိုင်ငံရေးအုပ်စုတွေရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲထုတ်ဖို့ကြိုးစားမှုကို သဘောမတူပါဘူး။
အမှန်ကလည်း ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis)က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လိုပဲ အကောင်အထည်ဖော်နေပါစေ၊ အစိုးရက အင်အားအင်မတန်နည်းနေပါပြီ။ အစိုးရထဲမှာပါတ့ဲ နိုင်ငံရေးအလွှာကသူတွေကလည်း အကွဲအပြဲမဖြစ်ချင်လို့ ဘာသာရေးအလွှာနဲ့ ဘုရင်ကို ရေလိုက်ငါးလိုက် ဆက်ဆံနေရပါတယ်။ ဒီတော့ အစိုးရသစ်ကို ဘာသာရေးအလွှာဘက်လည်း အမြင်မကြည်သလို ဆက်တာခန်း (Sattar Khan) တို့လို ဒီမိုကရေစီကို တည္ဆောက္ ချင္သူတွေကလည္း အမြင်မကြည်ပါဘူး။
ဆက်တာခန်း ( Sattar Khan) ရဲ့ အမြင်
တော်လှန်ရေးအပြီးမှာ အစိုးရသစ်ဟာ တော်လှန်ရေးသမားတွေကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ ဆက်တာခန်းက မြင်ပါတယ်။ အစိုးရထဲမှာ ရုရှားလိုလားသူတွေနဲ့ ဘုရင်ဝါဒီဟောင်းတွေ ပြန်လည်ဩဇာကြီးလာနေတာကို သူသတိထားမိပါတယ်။ ဒါကြောင့် လက်နက်ဖြုတ်လိုက်ရင် "တော်လှန်ရေးတန်ဖိုးတွေ ပျက်စီးသွားပြီး အာဏာရှင်စနစ် ပြန်ပေါ်လာလိမ့်မယ်" လို့ သူက စိုးရိမ်ခဲ့တာပါ။
အဲဒီအချိန်မှာ ရုရှားနဲ့ ဗြိတိန်တို့ဟာ အီရန်ကို သူတို့လက်အောက်ခံဖြစ်အောင် ဖိအားပေးနေချိန်ပါ။ စတားခန်းက -အစိုးရစစ်တပ်ဟာ အားနည်းပြီး ရုရှားတို့ရဲ့ ဩဇာခံနေတယ်လို့ ယုံကြည်ပါတယ်။ "နိုင်ငံကို နိုင်ငံခြားသားတွေဆီကနေ ကာကွယ်ဖို့ဆိုရင် တော်လှန်ရေးသမားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကလွဲရင် တခြားမရှိတော့ဘူး" ဆိုတဲ့ ခံယူချက် သူ့မှာ ရှိနေပါတယ်။ လက်နက်ဖြုတ်သိမ်းလိုက်ရင် အီရန်ဟာ နိုင်ငံခြားကျူးကျော်မှုဒဏ်ကို တိုက်ရိုက်ခံရလိမ့်မယ်လို့ သူက ယူဆခဲ့တာပါ။ စတားခန်းရဲ့တပ်ဖွဲ့ (အထူးသဖြင့် တက်ဘရစ်ဇ်မြို့က သူရဲကောင်းများ) ဟာ တော်လှန်ရေးရဲ့ အသက်သွေးကြော ဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ အမိန့်ဟာ သူတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို အသိအမှတ်မပြုဘဲ "ဓားပြ" သို့မဟုတ် "ထိန်းချုပ်မရတဲ့ လူအုပ်" လိုမျိုး သဘောထားတယ်လို့ သူခံစားခဲ့ရပါတယ်။ လက်နက်ဖြုတ်သိမ်းတာဟာ သူတို့ရဲ့ တော်လှန်ရေးသမား ဂုဏ်သိက္ခာကို စော်ကားတာလို့ သူရှုမြင်ခဲ့ပါတယ်။ လက်နက်ဖြုတ်သိမ်းမှုကို ငြင်းဆန်မှုကြောင့် အစိုးရနဲ့ စတားခန်းတို့ကြားမှာ တင်းမာမှုတွေ ဖြစ်လာပြီး နောက်ဆုံးမှာ ၁၉၁၀ ခုနှစ္ အတာဘာကိ ပတ်ခ် ( "Atabaki Park") ဖြစ်ရပ် ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရတပ်တွေက စတားခန်းရဲ့ တပ်စခန်းကို ဝိုင်းရံခဲ့ပါတယ်။အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စတားခန်း ကိုယ်တိုင် ခြေထောက္မှာ ဒဏ်ရာရခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေကြားမှာ သွေးကွဲမှုကို ပိုဆိုးသွားစေပြီး တော်လှန်ရေးကို အားနည်းသွားစေခဲ့တဲ့ အဓိက အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ဆက်တာခန်း အတွက်တော့ လက်နက်ဆိုတာ သူ့အတွက် အသက်အန္တရာယ်ကင်းရှင်းရေးတင်မကဘဲ၊ တော်လှန်ရေးရဲ့ အချုပ်အခြာအာဏာ ကို ကိုယ်စားပြုတဲ့အရာ ဖြစ်နေလို့သာ သူအသက်ပေးပြီး ငြင်းဆန်ခဲ့တာပါ။ ယီပရမ် ခန်း ( Yeprem Khan) ရဲတပ်ဖွဲ့အကြီးအကဲ ဖြစ်လာပြီးနောက်မှာတော့ ဆက်တာခန်း တို့တပ်ဖွဲ့လည်း လက်နက်ဖြုတ်ခံလိုက်ရပါပြီ။
မှောင်မိုက်သွားရသော ဒီမိုကရေစီ သို့မဟုတ် ဒုတိယအကြိမ် ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis)
အီရန်ရဲ့ ဒုတိယအကြိမ် ပါလီမန် လွတ်တော် မာဂျ်လီစ် (Majlis) သက်တမ်းဟာလည်း ကြေ ကွဲဖို့ကောင်းပါတယ်။ သူတို့ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကြောင့် အီရန်ဘာသာရေးအလွှာရဲ့ မကြေနပ်မှုကိုလည်း ခံရပါတယ်။ ပြီးရင် စီးပွားရေး၊ လူမှုရေးပြိုလဲနေချိန်မှာ ဆောင်ရွက္ရတ့ဲ လွတ်တော်ပါ။ အီရန်ရဲ့ စီးပွားရေးလူမှုရေးကို ပြန်လည်တည်ဆောက်ချင်လို့ အမေရိကန်လူမျိုး ဝီလျံ မော်ဂန် ရှူစတာ ( William Morgan Shuster) ကို ဘဏ္ဍာရေးအကြံပေးခန့်လိုက်ပါတယ်။ ဝီလျံ မော်ဂန် ရှူစတာ ဘဏ္ဍာရေးကို ကိုင်တွယ်ခိုင်းတဲ့အခါမှာ အခွင့်ထူးခံ လူတန်းစားတွေနဲ့ ဩဇာရှိသူတွေက သူတို့အကျိုးစီးပွား ထိခိုက္မှာစိုးလို့ အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။ တဖက္မှာက ရုရှား၊ ဗြိတိန်တို့ရဲ့ ဂုတ်သွေးစုတ်မှုတွေကိုလည်း ကိုင်တွယ်ဖို့ ကြိုးစားတာဖြစ်လို့ လည်း ရုရှား၊ ဗြိတိန်ဘက်က ဆန့္ကျင်မှုကို ခံရပါတယ္။
၁၉၁၁ ခုနှစ်မှာ ရုရှားနိုင်ငံက အီရန်အစိုးရကို ရာဇသံပေးခဲ့ပါတယ်။ အဓိကအချက်ကတော့ ဝီလျံ မော်ဂန် ရှူစတာ ကို ရာထူးကနေ ချက်ချင်းထုတ်ပယ်ဖို့၊ လွတ်တော်ပါလီမန်ကို ဆိုင်းငံထားဖို့ ရာဇသံပေးလာပါတယ်။ ဝီလျံ မော်ဂန် ရှူစတာဟာ အီရန်ရဲ့ ဘဏ္ဍာရေးကို စနစ်တကျ ပြုပြင်ပြောင်းလဲပြီး ရုရှားရဲ့ သြဇာလွှမ်းမိုးမှုကို တားဆီးဖို့ ကြိုးစားခဲ့တာကြောင့် ရုရှားက သူ့ကို မလိုလားတာပါ။
ရုရှားက ရာဇသံပေးရုံတင်မကဘဲ တီဟီရန်မြို့ကို ကျူးကျော်ဖို့ စစ်တပ်ပါ စေလွှတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဒုတိယမြောက်လွှတ်တော်က အမတ်တွေဟာ "ငါတို့ရဲ့ လွတ်လပ်ရေးကို ငါတို့လက်နဲ့ မဖျက်ဆီးနိုင်ဘူး" ဆိုပြီး ရုရှားရဲ့ တောင်းဆိုချက်ကို တညီတညွတ်တည်း ငြင်းဆန်ခဲ့ကြပါတယ်။ ဒါဟာ အီရန်သမိုင်းမှာ အမတ်တွေရဲ့ အလွန်ရဲရင့်တဲ့ ရပ်တည်ချက်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရပါတယ်။
လွှတ်တော်က ငြင်းဆန်နေပေမဲ့ ရုရှားစစ်တပ်က မြို့တော်နားအထိ ရောက်လာတဲ့အခါမှာတော့ အီရန်အစိုးရအဖွဲ့ (Cabinet) ဟာ ကြောက်ရွံ့သွားပါတယ်။ အစိုးရအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းပြီး လွှတ်တော်ကို အတင်းအဓမ္မ ပိတ်ပစ်လိုက်ပါတယ်။ ၁၉၁၁ ခုနှစ်မှာပဲ အာဏာသိမ်းခံရပြီး လွှတ်တော်ချုပ်ငြိမ်းခြင်း သွားခ့ဲရပါတယ္။ ရဲတပ်ဖွဲ့ဝင်တွေက လွှတ်တော်ထဲကို ဝင်ရောက်ပြီး အမတ်တွေကို အတင်းအကျပ် မောင်းထုတ်ခဲ့ပါတယ်။ အဲဒီနောက္မှာ သဘောထားတင္းမာတ့ဲ လစ်ဘရယ်အမတ်တွေနဲ့ တော်လှန်ရေးခေါင်းဆောင် တော်တော်များများဟာ ပြည်ပကို ပြေးကြရပါတယ်။ တချို့ကတော့ ဖမ်းဆီး ထောင်ချခံရပြီး တချို့ကတော့ နိုင်ငံရေးလောကကနေ အပြီးအပိုင် အနားပေးခံလိုက်ရပါတယ်။သတင်းစာတွေကို ပိတ်ပစ်ခဲ့ပြီး လွတ်လပ်စွာ ပြောဆိုခွင့်တွေကိုလည်း ကန့်သတ်လိုက်ပါတယ်။
ဒုတိယလွှတ်တော် ပြိုကွဲသွားတာဟာ အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေ တော်လှန်ရေးရဲ့ လက်တွေ့ကျကျ နိဂုံးချုပ်သွားတာပါပဲ။ အဲဒီနောက်ပိုင်းမှာ အီရန်ဟာ နိုင်ငံရေးအရ အလွန်အားနည်းသွားပြီး ပထမကမ္ဘာစစ်အတွင်းမှာ နိုင်ငံခြားစစ်တပ်တွေရဲ့ နင်းခြေခြင်းကို ခံခဲ့ရပါတယ်။
ဒုတိယလွှတ်တော် (Second Majlis) ကို အတင်းအဓမ္မ ဖျက်သိမ်းလိုက်ပြီး ရုရှားရဲ့ ဖိအားကို အစိုးရက အရှုံးပေးလိုက်တဲ့အခါ အီရန်ပြည်သူတွေရဲ့ တုံ့ပြန်မှုဟာ ဒေါသ၊ ဝမ်းနည်းမှုနဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်မှုတွေ ရောပြွမ်းနေခဲ့ပါတယ်။လွှတ်တော်ကို ပိတ်လိုက်ပြီဆိုတဲ့ သတင်း ထွက်လာတဲ့အခါ တီဟီရန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ချက်ချင်း ပေါ်ပေါက်လာပါတယ်။ အီရန်နိုင်ငံရေးမှာ အရေးပါတဲ့ "Bazaar" (ဈေးသည်ကြီးများ) က သူတို့ရဲ့ ဆိုင်တွေကို ပိတ်ပြီး အစိုးရနဲ့ ရုရှားကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။ ဒီအချိန်မှာ ထူးခြားတာက အီရန်အမျိုးသမီးတွေရဲ့ ပါဝင်မှုပါ။ အမျိုးသမီးထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ပြီး "လွတ်လပ်မှု သို့မဟုတ် သေခြင်း" (Liberty or Death) ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် လွှတ်တော်အမတ်တွေကိုတောင် "အရှုံးမပေးဖို့" သွားရောက်တိုက်တွန်းခဲ့ကြတာပါ။
ပြည်သူတွေဟာ လက်နက်နဲ့ တိုက်ရိုက္မတိုက်နိုင်ပေမဲ့ စီးပွားရေးအရ တုံ့ပြန်ခဲ့ကြပါတယ်။ရုရှားနဲ့ ဗြိတိန်က လာတဲ့ ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့ လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။အထူးသဖြင့် ရုရှားနိုင်ငံထုတ် အထည်အလိပ်တွေနဲ့ တခြားလူသုံးကုန်တွေကို သပိတ်မှောက်ခဲ့ကြတာဟာ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို အထင်အရှား ပြသခဲ့တာပါ။
ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေဟာ ရုရှားစစ်တပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပြည်တွင်းအာဏာပိုင်တွေရဲ့ နှိမ်နင်းမှုအောက္မှာ ကြာရှည်မခံခဲ့ပါဘူး။ ရုရှားစစ်တပ်က တီဟီရန်ကို သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ပြည်သူတွေဟာ နောက်ဆုံးမှာတော့ အားကိုးရာမဲ့သလို ခံစားခဲ့ရပါတယ်။လွှတ်တော်လည်း မရှိတော့၊ ခေါင်းဆောင်တွေလည်း ပြေးကြရတဲ့အခါမှာတော့ ပြည်သူတွေကြားမှာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး "ဖွဲ့စည်းပုံအခြေခံဥပဒေ တော်လှန်ရေး" ရဲ့ အရှိန်အဟုန်ဟာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ်။
ဒီလို ဖိနှိပ်ခံရမှုတွေကနေတဆင့် အီရန်ပြည်သူတွေထဲမှာ "ကိုယ်ပိုင်စစ်တပ် အားကောင်းမှဖြစ်မယ်" ဆိုတဲ့ အတွေးအခေါ်တွေ စိမ့်ဝင်လာခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ် ရာဇာခန်း Reza Khan အာဏာရလာဖို့အတွက် လမ်းခင်းပေးသလို ဖြစ်သွားခဲ့တာပါ။ စစ်ဗိုလ်ချုပ် ရာဇာခန်း ဆိုတာကလည်း အခြားလူမဟုတ်ပါဘူး။ အီရန်ရဲ့ ဘုရင်အဖြစ် တက်လှမ်းကာ ပါလဗီ ( Pahlavi ) မင်းဆက်ကို ထူထောင်သူ ပါပဲ။
ဆက်ရန်
ကိုးကား
https://en.wikipedia.org/wiki/Social_Democratic_Party_(Iran)
https://en.wikipedia.org/wiki/Democrat_Party_(Persia)
https://en.wikipedia.org/wiki/Sattar_Khan
https://en.wikipedia.org/wiki/Ahmad_Shah_Qajar
https://en.wikipedia.org/wiki/Reza_Shah
Comments
Post a Comment