ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

 ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ


လက်ရှိ ကမ္ဘာအခင်းအကျင်းတွင် မိမိတိုင်းပြည် နေရာဒေသ၏ စီးပွားရေးကို မထိခိုက်စေရန်အတွက် လူထုကိုငဲ့ညှာသောအစိုးရများမှာ အမေရိကန်၏ အခွန်တင်းကြပ်မှုအား ပြန်လည်လျော့ပေါ့ရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားနေကြသည်။


လက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အခွန်ကောက်ခံပုံကိုကြည့်ပါက သာမန်လူပိန်းအမြင်ဖြင့်ကြည်လျှင်ပင် အောက်ပါအတိုင်းမြင်နေရသည်။


၁။ အမေရိကန်မှာ ၎င်းနိုင်ငံထဲကုန်တင်ပို့သော နိုင်ငံများကို အခွန်စည်းကြပ်သူဖြစ်သည်။

၂။ အမေရိကန်သို့ ကုန်တင်ပို့နေရသော နိုင်ငံတွင် အစိုးရ၊ ပြည်သူ၊ ထုတ်ကုန်၊ အရင်းအနှီး စသည့် factor များရှိသည်။

၃။ အမေရိကန်သို့ ကုန်တင်ပို့နေရသော နိုင်ငံ၏ အစိုးရအဖို့ သမ္မတထရန့်၏ အခွန်ကြောင့် စားသုံးသူ အမေရိကန်ပြည်သူလူထုကို ကုန်စျေးနှုန်းတက်စေသည်။ 

၄။ အမေရိကန် စျေးကွက်တွင် ကုန်စျေးနှုန်းတက်ပါက အဆိုပါကုန်ပစ္စည်းနှင့် အရည်အသွေးတူညီသော ကုန်ပစ္စည်းမျိုးကို မကြာသောအချိန်ကာလအတွင်း ထုတ်လုပ်နိုင်သော နည်းပညာ၊ ငွေကြေး၊ လူသား အရင်းအမြစ်မျိုးက အမေရိကန်လူ့ဘောင်တွင်ရှိနေသည်။

၅။ စျေးကွက္နှင့္ လူ့ဗီဇသဘောတရားအရ ကုန်ပစ္စည်းတစ်ခုနှင့်တစ်ခု အရည်အသွေးတူနေလျှင် စျေးသက်သာသောကုန်ပစ္စည်းကို ဝယ်ကြသည်။ ထိုအခါ စျေးတက်နေသော ကုန်ပစ္စည်းသည် အလိုလိုရောင်းအားကျသွားသည်။ 

၆။ ရောင်းအားကျသွားလျှင္ အရှုံးပေါ်တော့သည်။ အရှုံးပေါ်လျှင် မိမိ၏ စီးပွားရေး လုပ်ငန်းကျဆင်းသွားမည်။ အလုပ္လက္မ့ဲများလာမည်။ သို့ဖြစ်၍ အမေရိကန်သို့ ကုန်ပစ္စည်းတင်သွင်းနေရသော နိုင်ငံများအဖို့ အမေရိကန်စျေးကွက်တွင် မိမိ၏ ကုန်ပစ္စည်း စျေးတက်သွားမည်ကို စိုးရိမ်နေရသည်။


အမေရိကန်သမ္မတထရန့်၏ အခွန်မူဝါဒက မိမိ၏ အမေရိကန်စျေးကွက်တွင် အခြားနိုင်ငံများ၏ ကုန်ပစ္စည်းများကို စျေးတက်ခိုင်းခြင်းပင်ဖြစ်သည်။ 


စျေးတက် ခြင်းနှင့် စျေးကောင်းရခြင်းမှာ မတူ


အမေရိကန်စျေးကွက်ကို တင်ပို့နေရသော နိုင်ငံများအဖို့ မိမိ၏ ကုန်ပစ္စည်း အမေရိကန်စျေးကွက်တွင် စျေးတက်လာမည်ကို စိုးရိမ်နေရသည်။ စျေးတက် ခြင်းနှင့္ စျေးကောင်းရခြင်းမှာ နောက်ခံအနေအထား အနှစ်သာရအားဖြင့် မတူပေ။ ကုန်စျေးနှုန်းတက်ခြင်းကို နိုင်ငံတိုင်းအစိုးရတိုင်းက လန့်ကြသည်။ အမေရိကန်သည်ပင်လျှင် မိမိ၏ စျေးကွက်၌ မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများစျေးတက္မည်ကို စိုးရိမ်သည်။ အခြားနိုင်ငံများ၏ ကုန်ပစ္စည်းများသာ စျေးတက်ချင်လျှင် စျေးတက်နေပါစေ။ မိမိကုန်ပစ္စည်းစျေးတက်လာမည်ကိုတော့ စိုးရိမ်သည်ပင်။ ဤကစားပွဲကား အရင်းအမြစ်ရှိသော နိုင်ငံများအဆင့်တွင် အားပြိုင်ကြသောပွဲများဖြစ်သည်။ 


"အမေရိကန် စျေးကွက်တွင် ကုန်စျေးနှုန်းတက်ပါက အဆိုပါကုန်ပစ္စည်းနှင့် အရည်အသွေးတူညီသော ကုန်ပစ္စည်းမျိုးကို မကြာသောအချိန်ကာလအတွင်း ထုတ်လုပ်နိုင်သော နည်းပညာ၊ ငွေကြေး၊ လူသား အရင်းအမြစ်မျိုးက အမေရိကန်လူ့ဘောင်တွင်ရှိနေသည်။"


အချို့သောနိုင်ငံများတွင် မိမိ၏ ပြည်တွင်းစျေးကွက်အတွက် လိုအပ်သော မရှိမဖြစ် ကုန်ပစ္စည်းများကို မိမိဖာသာ မထုတ်လုပ်နိုင်ကြပေ။ ထုတ်လုပ်ရန်လည်း အရင်းအမြစ်က အကန့်အသတ်များဖြစ်နေသည်။ ဥပမာ တောင်ကိုးရီးယားတွင် စိုက်ပျိုးရေးကို အရှိန်အဟုန်ဖြင့်ထုတ်လုပ်ရန် မြေက အကန့်အသတ်ရှိနေသည်။တောင်ကိုးရီးယားမှာ မိမိ၏ စားနပ်ရိက္ခာကို နိုင်ငံခြားမှ တင်သွင်းနေရသည်။ စားနပ်ရိက္ခာအတွက် တောင်ကိုးရီးယားတွင် ပိုမိုထုတ်လုပ်ရန် မြေ အရင်းအမြစ်မရှိပေ။ ထို့ကြောင့် တောင်ကိုးရီးယားသည် မိမိ၏ စျေးကွက်တွင် နိုင်ငံခြားမှ တင်သွင်းသော စားသုံးကုန် ဆန်၊ဂျုံစသည့်ပစ္စည်းများအား စျေးမတင်ရဲချေ။ စျေးတက်အောင်လည်း အခွန်မစည်းကြပ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုကုန်ပစ္စည်းအတွက် မိမိပြည်တွင်းမှ ထုတ်လုပ်နိုင်သော အရင်းအမြစ်တစ်စုံတစ်ရာလိုအပ်နေ၍ဖြစ်သည်။


အမေရိကန်အတွက်တော့ အမေရိကန်စျေးကွက်တွင်ရှိနေသော ကုန်ပစ္စည်းတိုင်းအတွက် ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်များက ပေါကြွယ်ဝပါသည်။ ထိုသို့ ကိုယ်တိုင်ထုတ်နိုင်သည့်အတွက်လည်း အခွန်စည်းကြပ်ရဲခြင်းဖြစ်သည်။ အခွန့်စည်းကြပ်မှုအတွက် တန်ပြန်သက်ရောက်လာနိုင်မှုကိုလည်း ခံနိုင်ရည်ရှိသည်။ တောင်ကိုးရီးယားတွင် ဆန်၊ဂျုံကို များများစိုက်ပျိုးရန်အတွက် မြေအရင်းအမြစ်က ရှားပါးသလို အမေရိကန်တွင် မရှားပါးပေ။


လက်ရှိဖြစ်စဥ်က သဘောတရားပိုင်းနှစ်ခုကို ပြောပြနေသည်။ နိုင်ငံတစ်ခုသည် မိမိအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအား စျေးနှုန်းမြင့်လာမည်ကို မလိုလားကြပေ။ ထိုမရှိမဖြစ်ကုန်ပစ္စည်းအား ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်ရှိပါက ကိုယ်တိုင်ထုတ်ရန်သာ ကြိုးစားကြသည်။ 


ရခိုင်အပေါ် သုံးသပ်ချက်


ရခိုင်၏ စီးပွားရေးအခြေအနေက ရှေ့ဆက်အနာဂတ်ကို အဆုံးအဖြတ်ပေးဖြစ်အချက္များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရခိုင်၏လက်ရှိအခြေအနေမှာ မိမိအတွက်လိုအပ်သောပစ္စည်းများကို မိမိကိုယ်တိုင်ထုတ်လုပ်နိုင်မှု ကမရှိပေ။ 

"အခြားသောနိူင်ငံတို့တွင် မိမိလည်းမထုတ်နိုင်၊ မိမိအတွက်လည်း မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအပေါ် စျေးနှုန်းဝန်မပိလိုကြချေ။" 

သို့သော် ရခိုင်တွင်တော့ ပြောင်းပြန်ဖြစ်နေသည်။ မိမိကလည်း ကုန်ပစ္စည်းများကို မထုတ်လုပ်နိုင်၊ ထို့ပြင် ထိုကုန်ပစ္စည်းများကို စျေးတက်အောင် အခွန်များကိုတခါ ကောက်လိုက်သေးသည်။ ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းငယ်များကို မထောက်ပံနိုင်၊ သူဖာသာသူ စတင်လည်ပတ်နိုင်ရန်လည်း လမ်းဖွင့်မပေး။ နောက်ဆုံး အချို့နေရာများတွင် လမ်းဘေးဆိုင် ကွမ်းယာဆိုင်တောင် ရောင်းခွင့်မရှိ ဖြစ်လာ၏။ တနေရာမှ တနေရာသို့သွား၍ တစ်ရွာဝင် တစ်ရွာထွက် စျေးရောင်းမည့်သူများအတွက် " ထောက်ခံစာအခွန်" က အချို့နေရာများတွင် လာလိုက်သေးသည်။ ထိုလုပ်ငန်းငယ်များသည် SME စီးပွားရေးအုပ်စုထဲတွင် ပါဝင်သည်ကိုလည်း ဂရုစိုက်ဟန်မပေါ်။ 

အခွန်နှင့်ပတ်သက်၍  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က

စီမံကိန်းတွေတခြားလုပ်ငန်းတွေကိုအဓိကထားမယ်။ကျနော်တို့ရခိုင်ပြည်မှာဆိုရေလုပ်ငန်းတွေရှိမယ်။လက်လုပ်လက်စားအဆင့်မဟုတ်ဘဲစီးပွားရေးလုပ်ငန်းတွေပေါ့။ကျနော်တု့ိကငွေကြေးအားဖြင့်များများစားစားကောက္မှာမဟုတ်ဘူး။အဓိကကတော့ရက္ခိုင်ပြည်သူ့တော်လှန်ရေးအာဏာကိုအသိအမှတ်ပြုမှုကိုအဓိကဦးစားပေးမှာဖြစ်တယ်ဟုဆိုကြောင်း ဧရာဝတီသတင်းဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဖောျပွဖူးခ့ဲသည္။ သို့သော် မြေပြင်တွင် ထိုသို့မဟုတ်တော့။


နိုင်ငံရေးဘောဂဗေဒ ဘက်တွင် စျေးတက်ခြင်းနှင့် စျေးကောင်းရခြင်း တို့မှာ အနှစ်သာရအားဖြင့်မတူပေ။ လူမှုစီးပွားစည်ပင်လည်ပတ်ခြင်းနှင့် မြို့ပြသန့်ရှင်းမှုဆိုသည်မှာလည်း အနှစ်သာရအားဖြင့် မတူသေးပေ။ မြောက်ကိုးရီးယား၌ လှပသော သန့်ရှင်းသော မြို့ပြအဆောက်အအုံများရှိပါသည်။ သို့သော် လူမနေသောအခါ ထိုမြို့ပြများကို တစ္ဆေမြို့တော်ဟု ခေါ်လာကြသည်။


သမ္မတဒေါ်နယ်ထရန့်ကတော့ သူ့နိုင်ငံ စျေးကွက်ထဲတွင် နိုင်ငံခြားမှတင်သွင်းသော ကုန်ပစ္စည်းများကို စျေးတက်အောင်အခွန်ကောက်ပါသည်။ ထို့သို့ကောက်ခြင်းက အမေရိကန်ပြည်သူများအတွက် လိုအပ်သော ကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်ရှိ၍ ကောက်ခြင်းဖြစ်သည်။ တောင်ကိုးရီးယားအနေဖြင့် သူ၏ စျေးကွက်ထဲတွင် ဆန်/ဂျုံ စသည့်ကုန်ပစ္စည်းများကို အခွန်သိပ်မစည်းကြပ်ခြင်းသည်လည်း တောင်ကိုးရီးယား၏ အကျိုးစီးပွားအတွက်ဖြစ်ပါသည်။ ကိုယ့်အနေအထားနှင့်ကိုယ် လူထုအဆင်ပြေအောင်၊ မနာအောင်ကြိုးစားနေကြပါသည်။


ရခိုင်တွင်တော့ ထိုသို့မဟုတ်။ ကိုယ်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေပါတော့သည်။





Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)