Posts

Showing posts from April, 2026

လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)-၂

 လခြမ်းမြေနှင့်  "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)-၂ လိုအပ်တဲ့ "ပွတ်တိုက္မှု"  မဖြစ်မနေစစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေကို နိုင်ငံတကာစံနှုန်းတွေဘက်က ချဉ်းကပ်ပြီး မီဒီယာတွေဘက်က ထောက်ပြတာရှိပါတယ်။ ဘာကြောင့် ထောက်ပြရတာလဲ ဆိုရင် ULA/AA အနေနဲ့ စံနှုန်းတွေနဲ့ ညီအောင်လုပ်ပြတာနဲ့ လူထုယုံကြည်မှု ခိုင်မာတာမျိုး ရှိနေစေချင်လို့ပါ။ တကယ်လို့ မဖြစ်မနေ စစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေမှာ ULA/AA ဘက်က စံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ညီအောင် အတပ်နိူင်ဆုံးလုပ်ပြနေရင် ULA/AA အတွက် ဘာတွေထိခိုက်လာမှာလဲ၊ ဘာမှမထိခိုက်ပါဘူး။ တစ်ခုသာရှိပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲက နိူင်ငံရေးအရ အကျိုးအမြတ်ရနေသူတွေ၊ မိမိရဲ့ အာဏာ လုပ်ပိုင်ခွင့်ကို ထိခိုက်လာနိုင်မယ်လို့ ထင်နေ တ့ဲသူတွေက တော့ " စံနှုန်းတန်ဖိုးတွေအောက္မှာ လူရာဝင်မှု" နဲ့ "နိုင်ငံရေး ရင့်ကျက္မှု " တို့ကို လိုလားကြမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပါန် ဒွိဟ (Dilemma) တော်လှန်ရေးကာလမှာ မီဒီယာ၊ လူထု နဲ့ (အဖွဲ့အစည်းကို အပြည့်အဝ ထောက်ခံသူတွေ) ကြားမှာ ဒီလို ပွတ်တိုက...

လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက်မှု" (Political Maturity)- ၁

 လခြမ်းမြေနှင့်  "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- ၁ နိုင်ငံရေးအရ ရင့်ကျက္မှုဆိုတာ  လူ့အဖွဲ့အစည်းတစ်ခုထဲမှာ တစ်ဦးချင်းအလိုက် နိုင်ငံရေးအမြင်၊ ဆုံးဖြတ်ချက်နှင့် တုံ့ပြန်ချက်တွေထဲမှာ ပိုမိုမြင့်မားတ့ဲ အသိဥာဏ်၊ သည်းခံနိုင်မှုနှင့် တာဝန်ယူမှုရှိလာတာမျိုးကို ဆိုလိုတာပါ။ ဒါဟာ စိတ်ခံစားချက်အပေါ် အခြေခံပြီး တုံ့ပြန်ခြင်းမျိုးမဟုတ်ဘဲ၊ အခြေအနေအရပ်ရပ်ကို အမြော်အမြင်ရှိရှိ ချိန်ဆနိုင္တ့ဲ အရည်အချင်းတစ်ခု ပါ။  လက်ရှိရခိုင်ဟာ နိုင်ငံရေးအရ၊ စစ်ရေးအရ အကြပ်အတည်းအောက္မှာ ရှိနေပါတယ်။ ပြီးရင် စားဝတ်နေရေး အကြပ်အတည်းနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကြပ်အတည်းက ဆိုးဆိုးဝါးဝါးရှိနေပါတယ်။ ဒီလို အနေအထားမှာ ရခိုင်လူထုဟာ နိုင်ငံရေး ရင့်ကျက္မှု (Political Maturity) ရှိနေရင် ရင္ဆိုင္​ေနရတ့ဲ အခက်အခဲတွေကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်မှာပါ။ နိုင်ငံရေးအရ ရင့်ကျက္မှု (Political maturity) ဆိုတာဟာ စိတ်ခံစားချက်၊ အမြင်ကျဉ်းမြောင်းမှု ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေထက်  သည်းခံတာ၊ ဆွေးနွေးတိုင်ပင်တာနဲ့ ရေရှည်အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိ...

လူထုဝေဖန်မှုနှင့် နောက္ ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက်

 လူထုဝေဖန်မှုနှင့် နောက်ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက်  လက်ရှိ အနေအထားမှာ လူ့ထုကို   ULA/AA ဘက်က နိုင်ငံရေးဖြစ်စဉ်/ စစ်ရေးဖြစ်စဉ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံပေးဆပ် ခိုင်းလိုပုံ ရပါတယ်။ ယခင်ကာလတွေတုန်းက ULA/AA အပေါ် လူထုဟာ "ငါတို့ရဲ့ အဖွဲ့အစည်း၊ ငါတို့ရဲ့ နိုင်ငံ" ဆိုတ့ဲ ရင္းနှီးမြုပ်နှံထားတ့ဲ ပုံစံနဲ့ ထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေ ခ့ဲပေမယ့္ လက်ရှိမှာတော့ ပိုမို ပေးဆပ်ခိုင်းချင်ပုံပါ။  အသက်၊ ချွေး၊ သွေး၊ ဘဝ၊ အချိန် ဆိုတ့ဲ အရင်းအနှီးတွေကို လူထုက ULA/AA အပေါ် ပေးတာပဲ ဖြစ်ဖြစ်၊ ULA/AA ကပဲ  လူထုဆီက တောင်းဆို ရယူတာပဲ ဖြစ်ဖြစ် ဒါဟာ လူထုဘက်ကို  ULA/AA ဆီ ကနေ "အမြင့်ဆုံး စံနှုန်း" ကို မျှော်လင့် ခိုင်းလိုက်တာနဲ့ တူပါတယ်။ ဘာကြောင့်ဆို ပေးရတ့ဲ အရင်းအနှီးကလည်း လူထုအနေနဲ့ကြည့်ရင် များလွန်း ကြီးလွန်းလို့ပါ။  အဲလို ပေးဆပ္ရတ့ဲ အရင္းအနှှီးက​ြီးလာတ့ဲအခါ ULA/AA အပေါ် လူထုဟာ ပိုပြီး နက်ရှိုင်းလေးလံ ဖိစီးတဲ့ နိုင်ငံရေး အမှန်တရားနဲ့ ချဉ်းကပ်လာမှာလည်း မြေကြီးလက်ခ မလွဲပါဘူး။ လူထုရဲ့ အဆိုပါချဉ်းကပ်မှုအပေါ် ULA/AA အနေနဲ့  "သတင်းမီဒီယာတွေကို ထိန်းချုပ...

ဝှက်ဖဲကိုယ်စီကိုင်ထားသော ကစားပွဲတွင် ကြေးပုံအော လောင်းခိုင်းခြင်း

 ဝှက်ဖဲကိုယ်စီကိုင်ထားသော ကစားပွဲတွင် ကြေးပုံအော လောင်းခိုင်းခြင်း လူထု၏ အသက်၊ သွေး၊ ချွေး ကို ချပေးရယူရင်းနှီးကာ လှုပ်ရှားနေသော နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု တွင် ထိုအဖွဲ့အစည်း၏ "နိုင်ငံရေး ပဋိညာဉ် (Political Charter)" နှင့် "အနာဂတ်ဗျူဟာ" ကို အသက်၊ သွေး၊ ချွေးကို ပေးထားရသော လူထုသည် သိခွင့်ရှိသည်။  အာဏာရလာပါက သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပါက  မည်သည့် ပုံစံစနစ်မျိုးဖြင့် အုပ်ချုပ်မည်နည်း ဆိုသော အချက်အပေါ်တွင် လူထုဘက္မှ သိပိုင်ခွင့်ရှိသည်။ ထို သိပိုင်ခွင့်အား တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းများမှလည်း ရှင်းပြရန်  တာဝန်ရှိသည်။  မိမိတို့၏ မူဝါဒများအပေါ် လူထုဘက္မှ သိပိုင်ခွင့်ကို လမ်းဖွင့်ပေးခြင်းနှင့် လူထုအား ရှင်းပြခြင်း စသည့် ကိစ္စရပ်မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ်ဖြစ်သည်။  လူထုအားစည်းရုံးခြင်း၊ လူထုနှင့် စဉ်ဆက္မပြတ်ထိတွေ့ခြင်း တွင် လူထု၏ ယုံကြည်မှုရရန် အရေးကြီးသော ချဉ်းကပ်နည်းမှာ လူထုဘက္မှ မိမိတို့  တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအား များများ မေးခွန်းထုတ်ခိုင်း ခြင်းဖြစ်သည်။ မိမိတို့၏ မူဝ...

လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (နိဂုံး)

 လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (နိဂုံး) အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း (Forced Conscription) သည် နိုင်ငံတစ်ခုအတွက် လိုအပ်ချက်အရ ဥပဒေနှင့် အညီဆောင်ရွက်နိုင်သော်လည်း အခြားတဖက်တွင်  နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများအရ အလွန်လေးနက်သော လူ့အခွင့်အရေးချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သွားနိုင်သည်။   အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ စံနှုန်းများ အရ  အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို အဓိကအားဖြင့် "အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု" (Forced Labour) အဖြစ် သတ်မှတ်သည်။ ILO Convention No. 29 (Forced Labour Convention) သဘောတူစာချုပ်အရ လူတစ်ဦးကို ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းကို တားမြစ်ထားသည်။ စစ်မှုထမ်းခြင်းသည် နိုင်ငံတော်၏ တာဝန်ဖြစ်သည်ဟု အချို့က အကြောင်းပြတတ်သော်လည်း၊ ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်၍ အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းသည် ဤစာချုပ်ပါ စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL)မှာ လက်နက်ကိုင်ပဋိပက္ခများအတွ...

လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- ၃

 လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- ၃ ထွက်ခွာခွင့် နှင့် နိုင်ငံတကာစံနှုန်းများ အရပ်သားပြည်သူများအား စစ်ပဋိပက္ခဖြစ်ပွားရာဒေသမှ ထွက်ခွာခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းသည္နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သော ချိုးဖောက်မှုများ ဖြစ်နိုင်သည်။  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law - IHL) အရ ပြဌာန်းချက္များ (က) စစ်ပွဲဖြစ်ပွားနေသည့်ကာလတွင် အရပ်သားများကို ကာကွယ်ရန်အတွက် "ဂျီနီဗာကွန်ဗင်းရှင်းများ" (Geneva Conventions) နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်များက ပြဋ္ဌာန်းထားသည်။ (ခ) မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို မိမိတို့ ထိန်းချုပ်ထားသောနယ်မြေအတွင်းရှိ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့် တာဝန် (Protection of Civilians)မှာ ရှိသည်။ အရပ်သားများကို ပဋိပက္ခဇုန်အတွင်းမှ ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းသည် ၎င်းတို့၏ အသက်အန္တရာယ်ကို ပိုမိုကြီးမားစေပြီး "ကာကွယ်ပေးရန် ပျက်ကွက်ခြင်း" ဖြစ်သည်။ (ဂ) အကယ်၍ ထွက်ခွာခွင့္အား ပိတ်ပင်ထားခြင်း၏ ရည်ရွယ်ချက္မှာ အရပ်သားများကို အသုံးချ၍ စစ်ရေးအရ အသာစီးယူရန် သို့မဟုတ် လူသ...

လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၂)

 လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၂) အက​ြွင်းမ့ဲ လုပ်ပိုင်ခွင့်မဟုတ္၊ အာဏာပြပိုင်ခွင့်မဟုတ် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း တို့သည် ပြည်သူ့အကျိုးအတွက်သာ ဖြစ်ရမည်ဖြစ်သည်။  အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်း လုပ်ပိုင်ခွင့်နှင့် ရာဇဝတ်မှုများ အတင်းအကျပ် စစ်မှုထမ်းခြင်း (Forced Conscription) သည် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်အာဏာပိုင်များက ဥပဒေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရှိသည့် လုပ်ရပ်တစ်ခုဖြစ်သော်လည်း၊ အချို့သော နည်းလမ်းများနှင့် အခြေအနေများတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (International Human Rights Law) နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law) တို့ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု (War Crimes) သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) မြောက်နိုင်ပါသည်။ မည်သည့်အချိန်တွင် မဖြစ်မနေ စစ်မှုထမ်းခိုင်းမှုသည် ဥပဒေမဲ့ဖြစ်စေပြီး ရာဇဝတ်မှုမြောက်စေသည့် အဓိကအချက္များ ဖြစ်သွ...

လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၁)

 လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၁) ပ​ြီးခ့ဲသောရက္ပိုင္း အတွင်း ပလက်ဝဘက်တွင် ကလေးသူငယ်ကျောင်းသားတစ်ဦး အပါအဝင် လူငယ် ၂၀ခန့်အား အေအေက သွားလာခွင့် ပိတ်ပင်ကာ ခေါ်ဆောင္သွားခ့ဲသည္ဟူသော သတင်းတစ်ပုဒ် လူမှုကွန်ရက်တွင် တက္လာခ့ဲသည္။ ထိုသတင်းနှင့်အတူ မည်သူမဆို အသက် ၁၀ နှစ်အထက်ရှိပါက ရခိုင်ပြည်မှ ထွက်ခွာခွင့်ကို ပိတ်ပင်သည်ဟုလည်း အသံအချို့ကို ကြားရသည်။ ၁၀ နှစ်အထက် ရှိသူများအား ရခိုင်ပြည်မှ ထွက်ခွာခွင့်ကို ပိတ်ပင်သည်ဟူသော အချက်က မည်မျှ မှန်၏၊ မမှန်၏ ကတော့ ULA/AA ကသာ အဖြေ ပေးနိုင်မည္ဖြစ်သည်။ တဖက်တွင် ULA/AA ကိုယ်တိုင် စစ်မှုထမ်းရန်အသက်အပိုင်းအခြားရှိသော သူများကို ရခိုင်ပြည်တွင်းမှ ထွက်ခွာခွင့်ကို ကန့်သတ်ထားသည်က အမှန်ဖြစ်သည်။ စစ်သားစုဆောင်းမှုမှ ညွှန်ပြနေသော လားရာ မြန်မာစစ်တပ်သည်လည်းကောင်း၊ အခြားလက်နက်ကိုင် အုပ်စုများသည်လည်းကောင်း လက်ရှိ အခြေအနေတွင် စစ်သားစုဆောင်းမှု လုပ်နေကြသည်။ ထိုစစ်သားစုဆောင်းမှု က တဖက်တွင် သိသာထင်ရှားသော အချက်တစ်ချက်ကို ဖော်ပြနေသည်။ ထိုအချက္မှာ မြန်မာစစ်တပ်အပါအဝင် အခြားလက်နက်ကိုင် အုပ်စုတိုင်းနီးပါးတွင် အင်အားလိုအပ်ချက် ရှိနေသည်ဟူသော အဓိပ္ပါယ...

ရေငုံနုတ်ပိတ်ဘဝနှင့် အာရက္ခတရားစီရင်ရေ

 ရေငုံနုတ်ပိတ်ဘဝနှင့် အာရက္ခတရားစီရင်ရေး တရားစီရင်ရေးမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ "Justice delayed is justice denied " ဆိုတာပါ။ အဓိပ္ပါယ္က- တရားစီရင်ရေး နှောင့်နှေးကြန့်ကြာမှုဟာ တရားမျှတမှုကို ငြင်းပယ်တာ ဆိုတ့ဲ အဓိပ္ပါယ္ပါ။  ရခိုင်ဒေသမှာ တရားစီရင်ရေးနဲ့ပတ်သက်လို့ အချို့အမှုတွေဟာ အချိန်ကြာနေပါတယ်။ ဒါကြောင့် အချို့အမှုတွေမှာ စွပ်စွဲခံထားရသူတွေဟာ အမိန့်လည်း မချနိုင်ဘဲ အထိန်းသိမ်းခံ အချုပ်ခံဘဝ နဲ့ နေနေရပါတယ်။  တရားစီရင်ရေး စနစ်တစ်ခုကို လူထုဟာ- ဘာမှ မ ပြောဝံတ့ဲ အခြေအနေ (Silencing) ဖြစ်နေရင်၊  တရားစွဲခံရမှုကြောင့် အချိန်ကုန် ငွေကုန်၊ လူပန်း ဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက် (Disrupting Work) ဖြစ်နေရင်၊ တရားစီရင်ရေးစနစ်ကိုပဲ ကြောက်ရွံမှု (Intimidation) ဖြစ်နေရင် ဒါဟာ "တရားစီရင်ရေးဖြင့် ထိခိုက်အောင်လုပ်ခံရခြင်း (Judicial Harassment)" ဖြစ်နေပါပြီ။ လက်ရှိ ရခိုင်ဒေသမှာ  အမှုကို အပြီးသတ် စစ်ဆေးခြင်းမပြုဘဲ အချုပ်ထဲ ကြာရှည်စွာ ထိန်းသိမ်းထားမှု (Prolonged Pretrial Detention) ဖြစ်စဉ်မျိုးတွေဟာ ရှိနေပါတယ်။ ဒီလိုအမှုတွေထဲမှာ  အမှုတစ်ခုခုနှင့် ပတ်သက်နေအောင် တမင်သက်သက် ပုံဖော်ပြီး...

လခြမ်းမြေ၏ အခွန်စနစ်အပေါ် ဗုဒ္ဓ ကျမ်းဂန်များဘက္မှ ချဉ်းကပ်ခြင်း

 လခြမ်းမြေ၏ အခွန်စနစ်အပေါ် ဗုဒ္ဓ ကျမ်းဂန်များဘက္မှ ချဉ်းကပ်ခြင်း ဗုဒ္ဓတရားတော်များမှ ပြောသော အခွန် ဗုဒ္ဓတရားတော်များတွင် အုပ်ချုပ်သူသည် ပြည်သူ့ထံမှ အခွန်မကောက္မှီ ပြည်သူ့ကို ဝန်ဆောင်မှုနှင့် အထောက်အပံပေးရန် ကိုသာ အရင် သွန်သင်ထားသည်။ တနည်းအားဖြင့် ဗုဒ္ဓတရားတော်များတွင် ပြည်သူထံမှ အခွန်အခ မကောက်ခံမှှီ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်လည်ပတ်မှုကို အရင်ပြုလုပ်ရန် လမ်းညွှန်ထားသည်။ ဤသို့ပြောလျှင် လခြမ်းမြေ၌ရှိသော အချို့ပုဂ္ဂိုလ်များက "အခွန်မကောက်လျှင် အစိုးရ မည်သို့ အုပ်ချုပ်မည်နည်း" ဟုဆိုကာ မျက်ဖြူလန်အောင် ကမူးကရူး တုန့်ပြန်ကြအုံးမည်ဖြစ်သည်။ ထိုသို့ တုန့်ပြန်ကြသည့် ပုဂ္ဂိုလ်များအား ပြန်၍ မေးခွန်းထုတ်ရမည်မှာ " အစိုးရ/ အုပ်ချုပ်သူ ၏ အရိုးရှင်းဆုံး တာဝန်မှာ မည်သည့်အရာဟု ထင်ပါသနည်း" ဟုသာ ပြန်မေးရမည်ဖြစ်သည်။ ထိုမှသာ အုပ်ချုပ်သူသည် အခွန်ကို ဘာကြောင့် ကောက်ရသည် ဟူသော အချက်ကို ပို၍ ရှင်းရှင်းလင်းလင်း မြင်လာမည် ဖြစ်သည်။ ဆိုလိုချင်သည်က နိုင်ငံရေးတွင် " မည်သို့အုပ်ချုပ်သည် ဆိုသည်အရာက မည်သို့အခွန်ကောက်သည် ဆိုသည်ထက် ပို၍ အရေးကြီးသောကြောင့်" ဖြစ်သည်။ အုပ်ချုပ်မှုကောင်းမွန်လ...

သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ- ၃

 သီဟိုဠ်နှင့် ရာဂျာပတ်ဆာဒဏ်ရာ- ၃ ဆွေမျိုးကောင်းစားရေး + အချောင်ခိုမူဝါဒ= ပြိုလဲခြင်း အများယောင်၍ နောက္ က လိုက်ယောင်သော လူ့ဘောင့် (Bandwagoned Society) တွင် ဆွေမျိုးကောင်းစားရေး (Nepotism) က ရှင်သန်တတ်သည်။ အများယောင်၍ လိုက်ယောင်သော လူ့ဘောင် (Bandwagoned Society) တွင် ပွင့်လင်းမြင်သာမှု၊ အကျိုးအကြောင်း ဆက်စပ်ဝေဖန်မှု ကို ပိတ်ပင်တတ်သည်။ လူ့ဘောင်တစ်ခု၏ ပွင့်လင်းမြင်သာမှုနှင့် အကျိုးအကြောင်း ဆက်စပ်ဝေဖန်မှုကို အုပ်ချုပ်သူဘက္မှ ပိတ်ပင် လိုက်သည်နှင့် လူထုအား အကြောက်တရားရိုက်သွင်းကာ အာဏာပြ ဖိနှိပ်အုပ်ချုပ်မှုက တဆက်တည်း ဖြစ်လာတတ်သည်။ တချိန်က "လူထု၏ သူရဲကောင်း"များ သည် " ကြမ်းကြုတ္ သော အုပ်ချုပ်သူ (Tyranny)များ"၊ လူထုအား ဂုတ်သွေးစုတ်သူများ ဖြစ်သွားကြသော ရေခံမြေခံမှာ လူထု၏ အများယောင်၍ လိုက်ယောင်သော (Bandwagoned cultures) အလေ့အထ ကြောင့်ဖြစ်သည်။ သီဟိုဠ်အား ဒေဝါလီခံရအောင် ပ​ြုလုပ္ခ့ဲသူ ရာဂျာပတ်ဆာမိသားစု များသည် တချိန်တုန်းက တမီလ်ကျားသူပုန်များကို တိုက္ ခိုက္ ခ့ဲသူ သူရဲကောင်းများ ဖြစ်သည်။ ရာဂျာပတ်ဆာ အုပ်စုများကိုလည်း သီဟိုဠ် ဆင်ဟာလာ ဗုဒ္ဓဘာသာဝင်များက အလွန်မြှောက်စားခဲဲ့ကြသည်။ တချိန...

သီဟိုဠ် နှင့် ရာဂျာပတ်ဆာ ဒဏ်ရာ- ၂

 သီဟိုဠ် နှင့် ရာဂျာပတ်ဆာ ဒဏ်ရာ- ၂ ၂၀၂၂ ခုနှစ် သီဟိုဠ် စီးပွားရေးပြိုလဲကာ ဒေဝါလီခံရမှုမှာ ငွေကြေးဖောင်းပွမှု (Inflation) မှလာသော ရိုက်ခတ်မှုကြောင့် ဖြစ်သည်။ ထိုငွေကြေးဖောင်းပွမှု ဘာကြောင့် ဖြစ်လာရသနည်း ဆိုသော် ထိုအချိန်က လုပ်ပိုင်ခွင့်နှင့် အာဏာကို ယူထားသော ရာဂျာပတ်ဆာ (Rajapaksa) မိသားစု၏ ဆွေမျိုးကောင်းစားရေး အယူအဆ (Nepotism) ကြောင့် ဖြစ်သည်။  သီဟိုဠ်အား ဒေဝါလီခံရအောင် လုပ္ခ့ဲသော ရာဂျာပတ်ဆာ မိသားစု ဟူသည် မည်သူများဖြစ်ကြသနည်း။ ရာဂျာပတ်ဆာ မိသားစုဟူသည် သီဟိုဠ်နိုင်ငံရေးလောက၌ ခေသူများမဟုတ်ပေ။ သီဟိုဠ်နိုင်ငံရေးလောကတွင် ဆယ်စုနှစ်တစ်ခုကျော်ထိ ရွှေထီးဆောင္းခ့ဲသူများ ဖြစ္သည္။ ရာဂျာပတ်ဆာ မိသားစုအကြောင်းပြောရမည်ဆိုပါက တမီးလ်ကျား သူပုန် (LTTE) အကြောင်းကို မပြာ၍ မရပေ။ ရာဂျာပတ်ဆာ မိသားစု၏ သီဟိုဠ်နိုင်ငံရေးထဲ ရွှေရောင်လွမ်းမှုက ၂၀၀၅ ခုနှစ်တွင် စတင်လာသည်။ ထိုအချိန်က မဟင်ဒါ ရာဂျာပတ်ဆာ (Mahinda Rajapaksa) က သမ္မတဖြစ်လာသည်။ မဟင်ဒါ က ၂၀၁၅ခု နှစ် အထိ သမ္မတလုပ္ခ့ဲသည္။ မဟင်ဒါ သမ္မတ ဖြစ်နေချိန် သီဟိုဠ်ကို ဒေဝါလီခံရအောင် လက္စွမ္းပ​ြခ့ဲသူ ဂိုတာဘာယ ရာဂျာပတ်ဆာ (Gatabaya Rajapaksa) မှာ ကာကွယ်ရေးဝန်ကြီး နေ...