ရေငုံနုတ်ပိတ်ဘဝနှင့် အာရက္ခတရားစီရင်ရေ

 ရေငုံနုတ်ပိတ်ဘဝနှင့် အာရက္ခတရားစီရင်ရေး


တရားစီရင်ရေးမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ "Justice delayed is justice denied " ဆိုတာပါ။ အဓိပ္ပါယ္က- တရားစီရင်ရေး နှောင့်နှေးကြန့်ကြာမှုဟာ တရားမျှတမှုကို ငြင်းပယ်တာ ဆိုတ့ဲ အဓိပ္ပါယ္ပါ။ 


ရခိုင်ဒေသမှာ တရားစီရင်ရေးနဲ့ပတ်သက်လို့ အချို့အမှုတွေဟာ အချိန်ကြာနေပါတယ်။ ဒါကြောင့် အချို့အမှုတွေမှာ စွပ်စွဲခံထားရသူတွေဟာ အမိန့်လည်း မချနိုင်ဘဲ အထိန်းသိမ်းခံ အချုပ်ခံဘဝ နဲ့ နေနေရပါတယ်။ 


တရားစီရင်ရေး စနစ်တစ်ခုကို လူထုဟာ- ဘာမှ မ ပြောဝံတ့ဲ အခြေအနေ (Silencing) ဖြစ်နေရင်၊  တရားစွဲခံရမှုကြောင့် အချိန်ကုန် ငွေကုန်၊ လူပန်း ဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက် (Disrupting Work) ဖြစ်နေရင်၊ တရားစီရင်ရေးစနစ်ကိုပဲ ကြောက်ရွံမှု (Intimidation) ဖြစ်နေရင် ဒါဟာ "တရားစီရင်ရေးဖြင့် ထိခိုက်အောင်လုပ်ခံရခြင်း (Judicial Harassment)" ဖြစ်နေပါပြီ။


လက်ရှိ ရခိုင်ဒေသမှာ  အမှုကို အပြီးသတ် စစ်ဆေးခြင်းမပြုဘဲ အချုပ်ထဲ ကြာရှည်စွာ ထိန်းသိမ်းထားမှု (Prolonged Pretrial Detention) ဖြစ်စဉ်မျိုးတွေဟာ ရှိနေပါတယ်။ ဒီလိုအမှုတွေထဲမှာ  အမှုတစ်ခုခုနှင့် ပတ်သက်နေအောင် တမင်သက်သက် ပုံဖော်ပြီး တရားစွဲခံရမှု ဟုတ်မဟုတ် ဆိုတာကို ပြန်စစ်ဖို့လိုပါတယ်။ တကယ်လို့ အမှန်လည်း ပြစ်မှုကျူးလွန်ထားခြင်း မရှိဘဲ အမှုတစ်ခုခုနှင့် ပတ်သက်နေအောင် တမင်သက်သက် ပုံဖော်ခံထားရ ခြင်း ဖြစ်စဉ်တွေ ရှိ၊ မရှိ ဆိုတာကိုလည်း ပြန်စစ်ဖို့လိုပါတယ်။ 

တကယ်လို့ ဥပဒေအရ အာမခံရသင့္တ့ဲ အမှုကို  အာမခံမပေးဘဲ ချုပ်နှောင်ထားတ့ဲ ကိစ္စမျိုးတွေ ဖြစ်နေပြီးလားဆိုတာကိုလည်း ပြန်သုံးသပ်ဖို့ လိုပါတယ်။ 


စောစောက ပြောခ့ဲတ့ဲ ဖြစ်စဉ်မျိုးတွေဖြစ်နေရင္  တရားရုံးက အပြစ်ရှိ/မရှိ ဆုံးဖြတ်ချက် မချရသေးခင်မှာ  တရားစွဲခံရတ့ဲ လုပ်ငန်းစဉ်တစ်ခုလုံးကို ဖြတ်သန်းနေရတာက စွပ်စွဲခံရသူအတွက် ကြီးမားသော ပြစ်ဒဏ်တစ်ခုလို ဖြစ်နေတာကိုလည်း စဉ်းစားဖို့လိုပါတယ်။ ဥပဒေ ဆိုရိုးစကားထဲမှာ (လုပ်ငန်းစဉ်ကိုယ်တိုင်က ပြစ်ဒဏ်ဖြစ်နေသည်)  "The process is the punishment"  ဆိုတာရှိပါတယ်။ စီရင် စစ်ဆေးနေတာကပဲ ပြစ်ဒဏ်တစ်ခု ဖြစ်နေပြီ ဆိုတ့ဲ အချက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။


"တရားစီရင်ရေးဖြင့် ထိခိုက်အောင်လုပ်ခံရခြင်း (Judicial Harassment) ဆိုတာဟာ တရားမျှတမှုကို ရှာဖွေခြင်းမဟုတ်ဘဲ တရားဥပဒေကို အကာအကွယ်ယူ အသုံးချကာ လူတစ်ဦးကို အနိုင်ကျင့်တာပါ။ လုပ်ပိုင်ခွင့် ဩဇာအာဏာရှိသူက သူ့ရဲ့ လုပ်ပိုင်ခွင့် ဩဇာအာဏာအောက်ကနေပြီးလည်း (Judicial Harassment) လုပ်လို့ရပါတယ်။ ဒါတွေကို ပြန်လည် ဆန်းစစ်ဖို့လိုပါတယ်။ (Judicial Harassment) အသွင်သဏ္ဍာန်ဟာ တရားစီရင်ရေးစနစ်တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်စေပါတယ်။ ပြည်သူအတွက် ဥပဒေအပေါ် ယုံကြည်မှုကိုလည်း ပျက်ပြားစေပါတယ်။  


ဖမ်းဆီးထိမ်းသိမ်းခံရမှု ပုံစံအမျိုးမျိုး


၁။ Pretrial Detention (အမှုမစစ်ဆေးမီ ထိန်းသိမ်းထားခြင်း)

ဒါက သာမန် လုပ်ထုံးလုပ်နည်းအရ ဖမ်းဆီးထိန်းသိမ်းခြင်းပါ။ အမှုဖွင့္ခံထားရတ့ဲအခါ (အာမခံမယူနိုင္တ့ဲ အနေအထားတစ်ခုခုကြောင့် ) ဖမ်းဆီး ထိန်းသိမ်းထားတာမျိုးပါ။ တရားရုံးက အပြစ်ရှိကြောင်း အမိန့်မချမှတ်ရသေးမီ အမှုစစ်ဆေးနေ တ့ဲ ကာလအတွင်း စွပ်စွဲခံရသူကို အချုပ်ထဲ ထားတာမျိုးပါ။ မြန်မာ့တရားရုံးအစဉ်အလာအရ ဒါကို "အချုပ်ခံ" သို့မဟုတ် "Remand" လို့ ခေါ်ကြပါတယ်။ ဒီဖမ်းဆီးထိန်းသိမ်းခြင်းမှာ တရားရုံးကို Remand ဘာကြောင့် ပေးသင့်တယ် ဆိုတာကို ရဲ သို့မဟုတ် အာဏာပိုင်ဟာ တင်ပြရပါတယ်။ တရားရုံးက Remand ပေးသင့်၊ မပေးသင့်ကို ဆုံးဖြတ်ပါတယ်။ 


၂။ Prolonged Pretrial Detention (ကြာရှည်စွာ အချုပ်ခံထားရခြင်း)

ဒီဖမ်းဆီးထိန်းသိမ်းထားပုံက  တရားဥပဒေအရ ဖြစ်သင့်ဖြစ်ထိုက် ကာလထက် ကျော်လွန်ပြီး အကြောင်းမဲ့ အမှုစစ်ဆေးမှု ကြန့်ကြာနေလို့ စွပ်စွဲခံရသူ အချိန်ကြာမြင့်စွာ အချုပ်ခံနေရတာမျိုးပါ။ ဒီလို ဖမ်းဆီးထိန်းသိမ်းမှုဟာ "စွပ်စွဲခံရသူမှာ "အပြစ်မရှိသေးရင် လွတ်လပ်စွာနေထိုင်ခွင့်" (Presumption of Innocence) ကို ထိခိုက်စေတာဖြစ်လို့ လူ့အခွင့်အရေး ချိုးဖောက္မှုတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။


၃။ Denial of the Right to a Speedy Trial (အမြန်ဆုံး စစ်ဆေးခံရမည့် အခွင့်အရေးကို ငြင်းပယ်ခံရခြင်း)

ဘယ်ပြစ်မှုကိုမဆို ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူတိုင်းမှာတရားဥပဒေအရ "အမြန်ဆုံး တရားစစ်ဆေးခံပိုင်ခွင့်" ဟာရှိပါတယ်။ အမှုစစ်ဆေးဖို့၊ တရားရုံးဖြစ်စဉ် ရှေ့ဆက်ဖို့ (Due Process) ကို ရပ်တန့်နေပြီး ဘာကြောင့် ရပ်တန့်နေရတယ် ဆိုတ့ဲ " အကြောင်းပြချက္မရှိဘဲ ကြာရှည်စွာ အချိန်ဆွဲထားခြင်း" ဟာ တရားစီရင်ရေး စံနှုန်းနဲ့ လူ့အခွင့်အရေး စံနှုန်းကို တပြိုင်နက်တည်း  ချိုးဖောက်တာပါပဲ။


ဥပဒေကြောင်းအရ တရားမဝင်သော ဖမ်းဆီးထိန်းသိမ်းမှုများ


၁။ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း (Arbitrary Detention)

ဖမ်းဆီးခံရတာမှာ  ခိုင္လုံတ့ဲ ဥပဒေကြောင်းအရ အကြောင်းပြချက္မရှိဘဲ ဖမ်းဆီးထိန်းသိမ်းတာ၊  တရားဝင်လုပ်ထုံးလုပ်နည်းတွေကို  လုံးဝလျစ်လျူရှုပြီး လုပ်ပိုင်ခွင့်ရှိသူတွေဘက်က စိတ်တိုင်းကျ ဖမ်းဆီးတာမျိုးကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း (Arbitrary Detention) လို့ခေါ်ပါတယ်။


၂။ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း (Unlawful Detention)

ဥပဒေမှာ ပြဌာန်းထားတ့ဲ လုပ်ထုံးလုပ်နည်းတွေ (ဥပမာ - ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ္းရတ့ဲ အကြောင်းရင်းကို ပြောပြခြင်း၊ တရားရုံးသို့ အချိန်မီတင်ပို့ခြင်း) ကို လိုက်နာခြင်းမရှိဘဲ ဖမ်းဆီးထားတာမျိုးပါ။ ဒီလိုဖမ်းဆီးရင် အဲဒီ ဖမ်းဆီးမှုဟာ ဥပဒေ အကာအကွယ်အောက်တွင် မရှိဘဲ တရားမဝင် အပြုအမူ ဖြစ်ပါတယ်။


၃။ တရားမျှတသော လုပ်ထုံးလုပ်နည်း မရှိခြင်း (Detention without Due Process)

ဖမ်းဆီးခံရသူတစ်ဦးတွင် ရှိသင့္ရှိထိုက်တ့ဲ  အခြေခံအခွင့်အရေးတွေ (ဥပမာ - ရှေ့နေနှင့် တွေ့ဆုံခွင့်၊ မိမိအမှုကို ခုခံချေပခွင့်၊ တရားရုံးတွင် စစ်ဆေးခံခွင့်၊ မိသားစုနှင့် တွေ့ဆုံခွင့်၊ မိသားစုကို အသိပေးခွင့်) ကို မပေးအပ်ဘဲ ဖမ်းဆီးထားမျိုးပါ။


ဘယ်လို တရားစီရင်ရေးစနစ်မှာပဲ ဖြစ်ဖြစ် " ဥပဒေကြောင်းအရ တရားမဝင်သော ဖမ်းဆီးထိန်းသိမ်းမှုတွေ" ရှိနေပြီဆိုရင် ဒါဟာ တရားဥပဒေစိုးမိုးရေးနှင့် အခြေခံလူ့အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပါပဲ။


လုပ်ပိုင်ခွင့် အာဏာရှိသူများ ဘယ်လို ဖြေရှင်းကြမလဲ


 Prolonged Pretrial Detention (ကြာရှည်စွာ အချုပ်ခံထားရခြင်း) ကို ကိုင်တွယ်ဖို့ အတွက် အခြေခံစံနှုန်း ၃ ခုရှိပါတယ်။ 

ပထမစံနှုန်းက  အမှုကို ကိုင်တွယ်နေ တ့ဲတရားရုံးမှာ အမှုကို မြန်မြန် ဆုံးဖြတ်ချက် ချဖို့အတွက် 

၁- အမှုအတွက် အချက်အလက် အရင်းအမြစ် မလုံလောက္မှု 

၂- အမှုအတွက် ဥပဒေကြောင်း/ မူဝါဒ အရင်းအမြစ် မလုံလောက္မှု

၃- တရားရုံးလုပ်ငန်းအတွက် ရုပ်ပိုင်း အခြေခံအဆောက်အအုံ၊ လုပ်ငန်းလည်ပတ်မှု၊ လူအရင်းအမြစ် မလုံလောက္မှု ဆိုတ့ဲ 

 "မဖြစ်နိုင်သောကြောင့်"  ကြန့်ကြာခြင်း (Incompetence/Lack of resource) ရှိ- မရှိကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။


ဒုတိယ အချက်က 

- အမှုကို စစ်ဆေးလို့ရရဲ့သားနဲ့ တမင်ကို မစစ်ဆေးဘဲ ထားတ့ဲ "တမင်ပြုလုပ်ထားသော  ကြန့်ကြာခြင်း  (Intentional Delay)" ဟုတ်၊ မဟုတ် ကို သုံးသပ်ရမှာ ဖြစ်ပါတယ်။


တတိယ အချက်က 

အပေါ်က အချက် ၂ ချက္မှာ ဘယ်အချက်ကြောင့်ပဲ ကြန့်ကြာနေပါစေ အဲလို ကြန့်ကြာမှုဟာ " တရားဥပဒေစိုးမိုးရေးအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု" ဆိုတာကို အသိအမှတ်ပြုထားဖို့ လိုပါတယ်။


စံနှုန်း ၃ ချက်ဖြင့် ဆန်းစစ်ရမည့် တရားရုံး လုပ်ငန်းစဉ်များ


စနစ်ပိုင်းဆိုင်ရာ အားနည်းချက် (Systemic Issues) အပိုင်း အရ 

(က)တရားရုံးတစ်ခုမှာ စစ်ဆေးရမယ့် အမှုအရေအတွက်က တရားသူကြီးဦးရေနဲ့ ယှဉ်ရင် အလွန်များပြားနေတာကြောင့် အမှုတစ်ခုချင်းစီကို အချိန်မီ မစ္ ဆေးနိုင္ဆိုတ့ဲ တရားရုံးဝန်ပိခြင်း (Case Backlog) အကြောင်းပြချက်ဟာ အခြေခံ စံနှုန်း ၃ ချက်နဲ့ ညီ၊ မညီ စိစစ်ဖို့လိုပါတယ်။ 

(ခ)ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုအတွက် လိုအပ္တ့ဲ အထောက်အထား၊ သက်သေခံပစ္စည်း တွေ ရှာဖွေရာမှာ အချိန်ယူရခြင်း၊ လုပ်ထုံးလုပ်နည်းများအရ နှောင့်နှေးခြင်းတွေကြောင့် တရားရုံးကို အမှုတင်သွင်းရာမှာ ကြန့်ကြာနေတာဆိုတ့ဲ စုံစမ်းစစ်ဆေးမှု နှောင့်နှေးခြင်း (Investigation Delays) အကြောင်းပြချက်ဟာ အခြေခံ စံနှုန်း ၃ ချက်နဲ့ ညီ၊ မညီစိစစ်ဖို့လိုပါတယ်။

(ဂ) တရားရုံးဝန်ထမ်းတွေ၊ အမှုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေမှာ  စစ်ဆေးရေးကိရိယာတွေ၊ လိုအပ္တ့ဲ ဘတ်ဂျက္မလုံလောက်တာတွေကြောင့်  လုပ်ငန်းစဉ်များ နှေးကွေးခြင်း အရင်းအမြစ် လိုအပ်ချက် (Lack of Resources) အကြောင်းပြချက်ဟာ အခြေခံ စံနှုန်း ၃ ချက်နဲ့ ညီ၊ မညီကို စိစစ်ဖို့လိုပါတယ်။


လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းရင်းများ (Procedural Issues)

(က)- တရားလို ဒါမှမဟုတ် တရားခံဘက္မှ အကြောင်းအမျိုးမျိုးပြ ကာ (ဥပမာ - သက်သေမလာရောက်နိုင်ခြင်း၊ ရှေ့နေမအားလပ်ခြင်း) စသဖြင့်  အမှုစစ်ဆေးသည့်ရက်ကို ခဏခဏ ရွှေ့ဆိုင်းမှု (Frequent Adjournments) ဟာ အခြေခံစံနှုန်း ၃ ချက်နဲ့ ညီ၊မညီ ကို စိစစ်ဖို့လိုပါတယ်။ 


(ခ)- အမှုမှာ ပါဝင်နေသူ တစ်ဖက်ဖက်က တမင်သက်သက် အချိန်ဆွဲ​ြခြင်းဆိုတ့ဲ အမှုမစစ်ဆေးနိုင်အောင် ကြန့်ကြာစေခြင်း (Delay Tactics) ပုံစံမျိုး ရှိမရှိကို စိစစ်ဖို့လိုပါတယ်။ ဥပမာ- တရားခံဘက်က အချိန်ဆွဲတာ (သက်သေတွေကို ရုံးကို လားပြီးသက်သေမထွက်အောင် လုပ်တာ)၊တရားလိုဘက်က အချိန်ဆွဲတာ (အမှုကို မပြီးပြတ်စေဘဲ ထိန်းချုပ်ထားလိုတာ) မျိုး ရှိ၊ မရှိ စိစစ်ဖို့ လိုပါတယ်။ 


(ဂ)- စွပ်စွဲခံရသူဘက်က အကျိုးဆောင်ရှေ့နေ၏  အမှုအတွက် ပြင်ဆင်မှု တွေကြောင့္ တရားရုံး လုပ်ငန်းစဉ်  ကြန့်ကြာသွားမျိုး ကိုလည်း တရားမျှတမှုဘက်က  သုံးသပ်ဖို့လိုပါတယ်။


အဖွဲ့အစည်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းများ (Institutional & Political Issues)


တရားစီရင်ရေးလွတ်လပ်မှု မရှိမှု (Lack of Judicial Independence) ကိုလည်း ပြန်လည် သုံးသပ်ဖို့လိုနေပါတယ်။ တရားစီရင်ရေးအပေါ် အခြား အဖွဲ့အစည်းတွေ (အုပ်ချုပ်ရေးဘက်၊ နိုင်ငံရေးအာဏာဘက်၊ စစ်ရေးအာဏာဘက်) က ဩဇာသက်ရောက်နေမှု ရှိ၊ မရှိကိုလည်း စိစစ်ဖို့လိုပါတယ်။ တကယ်လို့ တရားစီရင်ရေးအပေါ် အဲဒီလို အခြားဘက်တွေက ဩဇာသက်ရောက်နေရင် အမှုကို လိုသလို အချိန်ဆွဲတာ၊ အမိန့်မချဘဲ ထိန်းသိမ်းထားခိုင်းထားတာ တွေဟာ ရှိလာတတ်ပါတယ်။ 


အာမခံစနစ်ကို အလွဲသုံးစားလုပ်တာ (Misuse of Bail and Misuse of Remand) မျိုးရှိ၊ မရှိကိုလည်း စိစစ်ဖို့လိုပါတယ်။ဥပဒေအရ အာမခံပေးနိုင္တ့ဲ အမှုဖြစ်ပေမယ့် အာမခံမပေးဘဲ ချုပ်နှောင်ထားတာဟာ "ပြစ်ဒဏ်ပေးသကဲ့သို့ ပြုလုပ်ခြင်းမျိုး" ပဲ ဖြစ်ပါတယ်။ အချုပ်ခံထားရသူကို ဖိအားပေးဖို့ ရည်ရွယ်ချက်တွေနဲ့ အာမခံခွင့်ကို ပိတ်ပင်ထားတာမျိုး ရှိ၊ မရှိ ကိုလည်း စိစစ်ဖို့လိုပါတယ်။ 


လူထု ဘာလုပ်နိုင်မှာလဲ။


ဘာမှ မလုပ်နိုင်ပါဘူး။ လက်ရှိ ရခိုင်ပြည်ရဲ့ အခြေအနေအရ ဒီလိုမျိုး  Prolonged Pretrial Detention (ကြာရှည်စွာ အချုပ်ခံထားရခြင်း) ရှိလာခ့ဲရင္လည္း ရခိုင်လူထုဘက်က ဘာမှ လုပ်နိုင်စရာလမ်းစလည်းမရှိသလို ရေငုံနုတ်ပိတ်ပဲ နေရမှာက အရှိတရားတစ်ခုပါ။ 


စိတ်ဓာတ်ကျ၊ စိတ်ပျက်အားငယ်မှု၊ ကူရာမ့ဲမှု တွေက အဲလိုမျိုး ဖြစ်စဉ်တွေကို ရင္ဆိုင္ရတ့ဲ သူနဲ့ မိသားစုဝင်တွေက ခံစားရမှာမလွဲပါပဲ။ နောက်ထပ် ကြေ ကွဲစရာတစ်ခုက တကယ်လို့ နုတ်မဆိတ်နိုင်ဘဲ ပွင့်အံထွက်လာမယ်ဆိုရင်တောင် အဲဒီလို ပွင့်အံထွက္မှုရဲ့ နောက္မှာ လုံခြုံရေး ဆိုင်ရာ ခြောက်လှန့်မှုက ရှိနေတာပါပဲ။


Prolonged Pretrial Detention (ကြာရှည်စွာ အချုပ်ခံထားရခြင်း) ကြောင့် မထင်မှတ်တ့ဲ စစ်ရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေအောက္မှာ မိသားစု အချို့ဟာအသံမထွက်နိုင်တ့ဲ ေကြ ကွဲဖွယ်ရာ ငိုရှိုက်သံတွေ ရှိနေတာကိုလည်း တာဝန်ရှိသူ တွေဘက်က စာနာမှုနဲ့သင်္ခန်းစာယူဖို့လိုပါတယ်။ 


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်