စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်

 ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်

အပိုင်း-2


နိုင်ငံအချို့၏ စနစ်၊ မူဝါဒ အပြောင်းအလဲနှင့် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ


စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်


ကွန်ဖွန်တစီကာလအတွင်းက တံငါကျွန်းငယ်


အရှေ့တောင်အာရှ၏ ကိုလိုနီဘဝမွ လွတ်မြောက်စအချိျန်များကိုကြည့်ပါက အမျိုးသားရေးဆိုင်ရာအားပြိုင်မှုများသည်ရှိနေခ့ဲသည်။ ဥပမာ မလေးရှားနှင့် ဆာဘတ်၊ ဆာရာဝတ်နယ်မြေများ မလေးရှားနှင့်ပေါင်းစည်းကာပြည်ထောင်စုကြမည့် ကိစ္စမျိုးကို အင်ဒိုနီးရှားက ဆန့်ကျင်နေသည့်ကိစ္စမျိုးဖြစ်သည်။ သမိုင်းဆရာများက ထိုအချက်အား အင်ဒိုနီးရှားနှင့် ထိပ်တိုက်တိုးခြင်း (Indonesia Confrontation) သို့မဟုတ် ကြန္ဖန္တစီ (Konfrontasi)ဟုလည်း ခေါ်ကြသည်။ မဟာမေလးဝါဒ (Greater Malay)သည် အင်ဒိုနီးရှားအပေါ် အလြန္တရာမွ လွမ်းမိုးခ့ဲသည်။ ထိုအယူအဆ ဗြိတိန်ကိုလိုနီအောက်ရှိ မလေးရှား၊ ဆာဘတ်၊ ဆာရာဝတ်နယ်များနှင့် ဒက်(ချ်) လက်အောင်ရှိ အင်ဒိုနီးရှားနယ်မြေများရှိ မလေးလူမျိုးစုအားလုံး စည်းလုံးညီညွှတ်စွာ ကိုလိုနီဘဝမွ လွတ်မြောက်မှုကို တွန်းအားပေးသည့် အီဘရာဟင်ယာကုတ် (Ibrahim Yaacob)က့ဲသို့ ပညာတတ်အလွှာမှ ပေါ်ထွက်လာသော အယူအဆဖြစ်သည်။ ထိုအယူအဆက အင်ဒိုနီးရှားကျွန်းစုများတွင်အားကောင်းခ့ဲသည်။ သို့သော် လူသည် လူသာဖြစ်သည်။ လူ့သားဗီဇအရ မိမိအမျိုးကိုချစ်သည်။ မိမိအမျိုးထဲတွင်ပင် လွမ်းမိုးသြဇာညောင်းလိုပြန်သည်။ ဆရာကြီးလုပ်လိုပြန်သည်။ မည်မျှပင် ဆွေမျိုးတူများအတွက် တန်းတူညီမျှသည့်အယူအဆအောက်တွင်ရှိနေစေကာမူ လူဗီဇအရ ထိုသို့ဖြစ်တတ်သည်။ မလေးအနွယ်စူလတန်များအချင်းချင်းသည်လည်း နယ်မြေနှင့် ပါဝါအပေါ်တွင် အပြန်အလှန်အားပြိုင်ခ့ဲကြသော ပဒေသရာဇ်သမိုင်းကလည်း ရှိခ့ဲသည်။ နောက်ပိုင်းတွင် မေလးစူလတန္မ်ား၌ ကွန်မြူနစ်ကြောက်ရောဂါလည်းရှိနေသည်။ ဤတွင် ဆဘတ်၊ ဆရာဝတ် စူလတန္မ်ားက မလေးရှားနှင့် 1963 ခုနှစ်တွင် သွားပေါင်းတော့သည်။ အင်ဒိုနီးရှားက 1945 ခုနှစ်တွင် လွတ်လပ်ရေးကြေငြာသော်လည်း ဒက်(ချ်)မ်ားက 1949 ခုနှစ်အထိ အသိအမှတ်မပြုခြင်းမှာ ဒေသန္တရစူလတန်များအချင်းချင်း အားပြိုင်ကြသည့် အချက်ကြောင့်လည်းပါဝင်သည်။ 1957 ခုနှစ်တွင် မလေးရှားလွတ်လပ်ရေးရခ့ဲသည်။ 1963 ခုနှစ်တွင် ဆာဘတ်၊ ဆာရာဝတ်နှင့် စင်ကာပူတို့က မလေးရှားပြည်ထောင်စုတွင်ပူးပေါင်းခ့ဲသည်။ ဤတွင်လည်း စင်ကာပူ၏ တရုတ်လူဦးရေများနေမှုကြောင့် မလေးရှားဝန်ကြီးချုပ် တွန်ကုအဗ္ဗဒူရာမန် (Tunku Abdul Rahman)က မလေးရှားပြည်ထောင်စုထဲ စင်ကာပူဝင်ရောက်ခွင့်ကို တွန့်ဆုတ်နေခ့ဲသေးသည်။ အင်ဒိုနီးရှားဘက်က မလေးရှားပြည်ထောင်စုဟူသည် ဗြိတိန်များ၏ မြောက်ပေးမှုကြောင့် မဟာမေလးဝါဒ (Greater Malay) ကိုအားနည်းစေမှုအဖြစ်ရှူမြင်ကာ ဆန့်ကျင်တော့သည်။ 


မဇော်နိုင်လည်း ဇော်ခ့ဲရသည့် ဇော်တွေထဲက ဇော်


စင်ကာပူအနေဖြင့် မလေးရှားနှင့် သွားပေါင်းခြင်းအဓိကအချက်မှာ မိမိဖာသာရပ်တည်ရန် မဖြစ်နိုင်ဟူသည့် အချက်လည်းပါဝင်သည်။ ဗြိတိန်ကလည်း ဆာဘတ်နှင့် ဆာရာဝတ္ကို မလေးရှားနှင့်ပူးပေါင်းရန်ပြောနေချိန် စင်ကာပူလည်း ရေခံမြေခံ နီးကပ်သည့် မလေးရှားဘက်ကို ကပ်ခ့ဲခြင်းဖြစ်သည်။ မလေးရှားပြည်ထောင်စုထဲတွင် စင်ကာပူသည်လည်း မဟာမေလးဝါဒ၏ ရိုက်ခတ်မှုကို ခံရသည်။ စင်ကာပူအတွက်တော့ မဟာမလေးဝါဒသည် အင်ဒိုနီးရှားကိုပဲကြည့်ကြည့်၊ မလေးရှားကိုပဲကြည့်ကြည့် ဘယ်နေရာမှ မလွတ်ပေ။ ဤသို့ဖြင့် 1965 ခုနှစ်တွင် စင်ကာပူသည် မလေးရှားထဲမှ ခြဲထြက္ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်သည့် လမ်းကိုလျှောက်ခ့ဲရတော့သည်။ မလေးရှားဘက်ကကြည့်လျှင် စင်ကာပူသည် သူ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်သည်။ စင်ကာပူထံမှ ရမည့်အကျိုးအမြတ်ကနည်းပြီး စင်ကာပူကို ပေးရမည့်၊ ထောက်ပံရမည့် ကိစ္စကပိုများသည်။ မဟာမေလးဝါဒီမ်ား၏ အမြင်တွင် မလေးကျွန်းဆွယ်တွင် သိသာသောတရုတ်လူဦးရေသည်ရှိနေသည်။ ထိုတရုတ်လူဦးရေက ဌာနေမလေးလူမျိုးများထက် စီးပွားရေးပိုကောင်းသည်။ မလေးရှားပြည်ထောင်စုဖြစ်ရန် ဆာဘတ်နှင့် ဆာရာဝတ်တို့အား သီးသန့်အခွင့်အရေးပေးရသည်က ကိစ္စမရှိ။ စင်ကာပူက့ဲသို့ တရုတ်လူဦးရေများသည့် နေရာမျိုးကိုလည်း သီးခြား အခွင့်အရေးပေးရခြင်းသည် နဂို မလေးရှားနေတရုတ်များကိုပါ ရောင့်တက်စေနိုင်သည်။ ထိုကြောင့် စင်ကာပူအနေဖြင့် ပြည်ထောင်စုမှ ထြက္ခြာကာ တအိုးတအိမ်ထူထောင်ခြင်းက သူ့အတွက်ဝန်ပေါ့စေသည်။ အင်ဒိုနီးရှားကတော့ နဂိုကပင် မလေးရှားပြည်ထောင်စုကို အမြင်မကြည်၊ စင်ကာပူခွဲထွက်ခြင်းက အင်ဒိုနီရှားအတွက် အာသာပြေစရာဖြစ်သည်။ ပြီးလျှင် လုံခြုံရေးဘက်မှကြည့်လျှင်လည်း စင်ကာပူအနေဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားတို့အတွက် ခြိမ်းခြောက်အားပြိုင်မည့် အင်အားစုလည်းမဟုတ်။ အကျိုးအမြတ်ဘက်က ကြည့်လျှင်လည်း တံငါကျွန်းတွင် မက်လောက်စရာ သယံဇာတလည်းမရှိ။ မလေးရှားနှင့် အင်ဒိုနီးရှားအတွက် ပင်လယ်ပြင်ဆိပ်ကမ်းဆိုသည်မှာလည်း ထိုအချိန်က စင်ကာပူထက် အခြေခံအဆောက်အအုံကောင်းသော ဆိပ်ကမ်း အများကြီးကို ပိုင်ဆိုင်ထား၍ မူလောက်စရာမဟုတ်။ သမိုင်းကြောင်းဖြင့်ချီသော အရင်းအမြစ်ကောင်းသည့်ဆိပ်ကမ်းများက ၎င်းတို့တွင် ရှိထားနှင့်ပြီ။ စင်ကာပူ ဆိပ်ကမ်း အနေဖြင့်ကား ထိုသို့အရင်းအမြစ်များကမရှိ။ အခြားကိစ္စများကိုထား ကိုယ်ဖာသာကိုယ် သောက်စရာရေတောင်မရှိသူကို ရေခံမြေခံကောင်းသည့် မဟာမလေးအနွယ်များက သိပ်ဂရုစိုက်စရာလည်းမလိုပေ။ ဤက့ဲသို့ နွမ်းပါးခြင်းအကြောင်းတရားများကလည်း စင်ကာပူအတွက် မိမိ၏အချုပ်အခြာအာဏာကိုအိမ်နီးချင်း မလေးရှားနှင့် အင်ဒိုနီးရှားတို့ထံမှ အသိအမှတ်ပြုခံရရန် အထောက်အကူဖြစ်စေခ့ဲသည်။ လက်ရှိတွင်တော့ မလက္ကာရေလက်ကြားတွင် အချင်းချင်းအားပြိုင်ကြသည့် ကွန်ဖန်တစီလည်း မရှိကြတော့ပေ။ ထိုသို့ စင်ကာပူ အနေဖြင့် မဇော်နိုင်လည်း ဇော်ရမည့် ဇော်တွေထဲက ဇော်ဘဝကို ရောက်လာခ့ဲတော့သည်။ အခုတော့လည်း စင်ကာပူမှာ အမှန်တကယ် လူမော်လူဇော်ဖြစ်နေခ့ဲပြီ။ 

(ဤနေရာတွင် အကြောင်းတိုက်ဆိုင်သည့်အတွက် ထပ်ရည်ညွှန်းလိုသည်မှာ ဘရိုနိုင်းစူလတန်ပင်ဖြစ်သည်။ မလေးအနွယ် ဘရိုနိုင်းသည်လည်း မဟာမေလး (Greater Malay)ဝါဒကိုရင်ဆိုင်ခ့ဲရသည်။ မလေးရှားနှင့် အင်ဒိုနီးရှားဘက်က ဘရိုနိုင်းစူလတန်အား မိမိတို့နှင့်ပေါင်းရန် ချဉ်းကပ်မှုရှိသည်။ ကွန်ဖန်တစီစက်ကွင်းထဲ ဘရိုနိုင်းလည်းမလွတ်ခ့ဲ။ ထိုအချိန်ကာလက စင်ကာပူက နွမ်းပါးနေသလိုမျိုး ဘရိုနိုင်းကတော့ နွမ်းပါးသည်တော့မဟုတ်။ ဘရိုနိုင်း၌ 1899 ခုနှစ်ကပင် ရေနံကို ရှာတွေ့ထားပြီး 1929 ခုနှစ်တွင် ဆီရီယာ (Seria field) လုပ်ကွက်မှ ရေနံကိုထုတ်ယူရောင်းချနေပြီဖြစ်သည်။ အထက်တွင်တင်ပြခ့ဲသလို ပဒေသရာဇ်ခေတ်ကာလ စူလတန်အချင်းချင်းနယ်မြေပါဝါအားပြိုင်မှုသမိုင်းနောက်ခံက ဘရိုနှိုင်းစူလတန်ကို ခြောက်လန့်စေခ့ဲပြီး မဟာမေလးဝါဒ(Greater Malay)မွ ခပ်ဝေးဝေးတွင်သာ နေစေခ့ဲသည်။ ထိုသို့ဖြင့် ဘရိုနိုင်းသည် ဗြိတိသျှအစောင့်အရှောက်ခံဘဝတွင်သာ ရင်ငွေ့လုံနေပြီး 1984 ခုနှစ်တွင်မှ လွတ်လပ်ရေးယူခ့ဲခြင်းဖြစ်သည်။)


စင်ကာပူ၏ တည်ဆောက်ရေးဖြစ်စဉ်


စင်ကာပူလွတ်လပ်ရေးရသောအခါ ပြည်တွင်းကုန်ထုတ်လုပ်မှုဆိုသည်မှာလည်း မည်မည်ရရမရှိ၊ သဘာဝသယံဇာတဆိုသည်မှာလည်း မရှိ၊ လူထုမှာလည်း အလုပ်အကိုင်မရှိ စသည့်ပြဿနာများနှင့် ရင်ဆိုင်ရတော့သည်။ အစိုးရဟူသည် သယံဇာတမရှိလျှင် လူထု၏စားဝတ်နေရေးဖြစ်စဉ်ထံမှ အရင်းအမြစ်ကိုစုပ်ထုတ်ယူသည်။ စင်ကာပူသည်လည်း ထုတ်ကုန်နည်းသော၊ အလုပ်လက်မ့ဲဖြစ်နေသော လူထုထံမွ အရင်းအမြစ်ကို ထုတ်တော့သည်။ ထိုသို့ ထုတ်ယူရန်အတွက်လည်း စင်ကာပူအစိုးရသည် စိုင်းပြင်းတော့သည်။ ဤသို့ဖြင့် လွတ်လပ်ရေးယူပြီးချက်ချင်း တစ်နှစ်အကြာ 1966ခုနှစ်တွင် မြေသိမ်းဥပဒေ (Land Acquisition Act 1966) ကိုထုတ်ပြန်တော့သည်။ 1966 ခုနှစ်မြေသိမ်းဥပဒေသည် စဉ်းစားကြည့်လျှင် အင်မတန်မှ စွန့်စားမှုတစ်ခုလည်းဖြစ်သည်။ နဂိုကပင် ကုန်ထုတ်လုပ်မှုမရှိသော၊ သဘာဝသယံဇာတမရှိသော၊ အလုပ်အကိုင်မရှိသော၊ ပညာရေးရေချိန်နှိမ့်သော၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ လူ့ဘောင်တစ်ခုထံမှ မြေသိမ်းရသည့် ကိစ္စဖြစ်သည်။ လူ့ဘောင်တစ်ခုသည် ဆင်းရဲလျှင် ပြဿနာများတတ်သည်။ ထုတ်ကုန်မရှိ၊ အလုပ်အကိုင်မရှိဟူသည် ဆင်းရဲခြင်းဖြစ်သည်။ ယဉ်ကျေးမှုစုံ၊ လူမျိုးစုံမှုသည်လည်း ယဉ်ကျေးမှုအချင်းချင်းပွတ်တိုက် အားပြိုင်ကာ ပဋိပက္ခကိုဖြစ်စေတတ်သည်။ ပညာရေးရေချိန်မမြင့်သော၊ ဆင်းရဲသော၊ လူမျိုးစုံသောလူ့ဘောင်ဟူသည် သူ့အလိုလိုနေရင်းကို ပြဿနာတက်ရန် တာစူနေသောလူ့ဘောင်လည်းဖြစ်သည်။ ဤက့ဲသို့ လူ့ဘောင်တစ်ခုအား နေထိုင်ရာအသိုက်အမြုံအား ဖျက်ရသည့် မြေသိမ်းခြင်းကိစ္စသည် အန္တရာယ်လည်းများလှသည်။ အစိုးရမွ အတင်းအဓမ္မလုပ်၍သိမ်းသည်ထားအုံးတော့။ ပစ်ခတ်သတ်ဖြတ်နှိပ်စက်ဖမ်းဆီးကာ အကြောက်တရားကိုထည့်နိုင်သည် ထားအုံးတော့။ စင်ကာပူက့ဲသို့ အရပ်ဒေသတွင် အကျိုးဆက်က အကောင်းမထွက်နိုင်။ အဘယ်ကြောင့်ဆိုသော လူထုက အစိုးရကိုကြောက်၍ မလေးရှားနှင့် အင်ဒိုနီးရှားကို ထွက်ပြေးသည်နှင့် မဟာမေလးဝါဒ (Greater Malay)နှင့် ရင်ဆိုင်ရနိုင်သည်။ စင်ကာပူရှိ မလေးအနွယ်များ ဖိနှိပ်ခံရပါက မလေးရှားနှင့် အင်ဒိုနီးရှားရှိ မလေးအနွယ်များက သည်းခံမည်မဟုတ်ပေ။ ထိုသို့ စိန်ခေါ်ချက်ကြီးမားသည့် အလုပ္ကို စင်ကာပူ၏ အုပ်ချုပ်သူများသည် သိမ့်မွေ့ညင်သာစွာ ပြုလုပ်နိုင်ခ့ဲကြသည်။ 


စင်ကာပူ၏ မြေသိမ်းမှု (စကားလှအောင်သုံးလျှင် "နိုင်ငံအကျိုးစီးပွားအလို့ငှါ မြေရယူမှုဖြစ်စဉ်") တွင် သွေးထွက်သံယို သိပ်မဖြစ်ဘဲ ညင်သာနေခ့ဲသည်။ စင်ကာပူ၏ အောက်ခြေဝန်ထမ်းများသည် သာမန္လူထုအား မြေသိမ်းရာတွင် နိုင်ထက်စီးနင်းမလုပ်ခ့ဲကြ။ "မြေသိမ်းခြင်းသည် နိုင်ငံတော်အကျိုးစီးပွားအတွက်ဖြစ်သည်၊ နိုင်ငံတော်အကျိုးစီးပွားအတွက် ငါသည်တာဝန်ထမ်းဆောင်နေသူဖြစ်သည်၊ ဤသို့မြတ်သော တာဝန်ကိုထမ်းဆောင်နေသောငါသည် သာမန်လူထက်တော့ သာသည်၊ ငါ၏ ရပ်တည်ချက်သည် အထက်အမိန့်အရဖြစ်သည်" ဟူသောပုံစံမျိုးဖြင့် စင်ကာပူ၏ အောက်ခြေဝန်ထမ်းများသည် စင်ကာပူ၏ လူထုအပေါ်တွင် မချဉ်းကပ်ကြပေ။ စင်ကာပူအားတည်ဆောက်နေသည့် ခေါင်းဆောင်များအနေဖြင့် "နိုင်ငံတာဝန်ကိုထမ်းဆောင်နေသော မိမိတို့မှာ သာမန်လူများမဟုတ်ဟူသော မိမိကသာ ကြီးမြတ်၍ လူထုအား ပမွှားအဆင့်အဖြစ် နှိမ့်ချမှု" အန္တရာယ်ကို ဂရုပြုမိဟန်တူပေသည်။ ထိုက့ဲသို့ လုပ်ပိုင်ခွင့်ရှိသူများတွင် ဖြစ်တတ်သော စိတ်ကြီးဝင်မှုအား ထိန်းကွပ်ရန်မှာ "တရားမ်ွတ" မှုသာရှိသည်၊ ထိုသို့ တရားမျှတမှုရှိရန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာ အာမခံပေးခြင်းက အကောင်းဆုံးဖြစ်သည် ကိုလည်း စင်ကာပူခေါင်းဆောင်များ သဘောပေါက်ခ့ဲကြသည်။ လွတ်လပ်ရေးမယူခင် (7) နှစ်အကြာ 1959 ခုနှစ်ကပင် စင်ကာပူအားဦးဆောင်သည့် PAP ပါတီသည် ဖွဲ့စည်းပုံအခြေခံဒပဒေတရပ်အား အတည်ပြုကာ လက်ကိုင်ကျင့်သုံးနေခ့ဲပြီးဖြစ်သည်။ 1963 ခုနှစ် မလေးရှားပြည်ထောင်စုနှင့် ပူးပေါင်းရာတွင်လည်းကောင်း၊ 1966 ခုနှစ် မလေးရှားမှ ပြန်လည်ခွဲထွက်ရာတွင်လည်းကောင်း စင်ကာပူသည် မိမိ၏ လူမှုပဋိညာဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ထားခ့ဲသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေက လွမ်းမိုးသည့်အလေ့အကျင့်ဖြင့် ချဉ်းကပ်သော စင်ကာပူ၏ မြေသိမ်းမှုတွင် လူထုသည် နစ်နာသည်ဟုထင်မြင်ပါက စင်ကာပူအစိုးရအား တရားရုံးတွင် တရားစြဲကာ မိမိနစ်နာမှုကိုပြန်လည်တောင်းဆိုနိူင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလွမ်းမိုးသည့် အလေ့အကျင့်ဟူသည် အချုပ်အခြာအာဏာအား ပိုင်းခြားကျင့်သုံးခြင်းပင်ဖြစ်သည်။ အချုပ်အခြာအာဏာအား ပိုင်းခြားကျင့်သုံးမှုတွင် တရားစီရင်ရေးသည် အုပ်ချုပ်သူ အစိုးရ၏ လက်အောက်ခံလည်းမဟုတ်။ အာဏာရှိပါသည်ဟူသော အစိုးရကိုပင် တရားစီရင်နိုင်လောက်အောင် လုပ်ပိုင်ခွင့် ပီပြင်သော တရားစီရင်ရေးအားကောင်းသည့်အခါ စင်ကာပူမြေသိမ်းခြင်းတွင် အောက်ခြေအဆင့် ဝန်ထမ်းများ အာဏာမပြနိုင်၊ အဂတိမလိုက်စားနိုင်သည်က အဆန်းတော့မဟုတ်ပေ။


အခြေခံဥပဒေအားကောင်းသော အလေ့အထသည် အလုပ်အကိုင်မရှိ၊ ပညာရေးရေချိန်မရှိ၊ သယံဇာတမရှိသည့် လူမျိုးစုံ စင်ကာပူလူ့ဘောင်အား ဖွံ့ဖြိုးတိုးတက်စေခြင်း၏ အဓိကအချက်ပင်ဖြစ်သည်။ စင်ကာပူလူ့ဘောင်အတွက် လူမှုပဋိညာဉ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရင်ဖြစ်ခ့ဲပြီး နိုင်ငံတည်ဆောက်ခြင်းဖြစ်စဉ်ကား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် အခြေခံ၍ ဖြတ်သန်းသွားခြင်းဖြစ်သည်။ မြေသိမ်းယူမှုသည်လည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ စင်ကာပူ၏ မြေသိမ်းခြင်းသည် 1959 ခုနှစ်မှ 1984 ခုနှစ်အထိ နှစ်ပေါင်း 25 နှစ်ကြာညောင်းခ့ဲသည်။ 1985 ခုနှစ်တွင် စင်ကာပူအစိုးရသည် နိုင်ငံ၏ 75% မြေဧရိယာကို ပိုင်ဆိုင်သွားပြီဖြစ်သည်။


စင်ကာပူအနေဖြင့် မြေသိမ်းပြီးနောက်ဘာလုပ်သနည်းဆိုပါက အိုးအိမ္ဇုန္မ်ား၊ စီးပွားရေးဇုန်များ၊ အခြေခံအဆောက်အအုံဇုန်များကိုတည်ဆောက်သောအလုပ်ကိုလုပ်သည်ဟုဆိုရမည်ဖြစ်သည်။ မြေသိမ်းခြင်း၊ မြေသိမ်းပြီးနောက် ထိုမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ခြင်း တို့တွင် စင်ကာပူအနေဖြင့် ငွေကုန်ကျခံခ့ဲသည်။ စင်ကာပူ၏ 1966ခုနှစ် မြေသိမ်းဥပဒေ အခန်း (4)၏  ပုဒ္မ 33 နှင့် ပုဒ္မ 34 အရ မြေလျော်ကြေးသည် အမယ်စုံသည်။ လက်ဝင်သည်။ မြေပေါ်ရှိသစ်ပင်သစ်ရွက်ကအစ အဆောက်အအုံတန်ဖိုးများအတွက် "လျော်ကြေး"၊ မြေသိမ်းစဉ် တာဝန်ရှိသူ၏ ဆောင်ရွက်မှုကြောင့်ထိခိုက်မှုများနှင့် ထိုထိခိုက်မှုကြောင့် ရွေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွေ့ပြောင်းနိုင်သောပစ္စည်းများအပေါ် နောက်ဆက်တွဲထိခိုက်မှုများ၊ ပြောင်းလဲပေးလိုက်ရသော အလုပ်အကိိုင်နှင့် နေထိုင်မှုများအတွက် "နစ်နာကြေး" များရှိသည်။ မြေတန်ဖိုး၊ ပျက်စီးထိခိုက်မှုတန်ဖိုးကို လျော့အောင်လုပ်ခံခြင်းနှင့် ထိုမြေကိုအသုံးပြုရန် ဆေါင်ရွက်ထားသော အစီအစဉ်မှ ရရှိလာမည့် အနာဂတ် အကျိုးခံစားခွင့် ဆုံးရံှုးခြင်းအတွက် တရားစွဲဆိုနိုင်သည်။ စင်ကာပူ၏ မြေသိမ်းဥပဒေသည် ကာလပေါက်ဈေးအတိုင်း ပေးခိုင်းထားသည်။ 


"မြေသိမ်းခြင်းအတွက် ထိုသို့လျော်ကြေး၊ နစ်နာကြေးများနှင့် မြေသိမ်းပြီးနောက် တည်ဆောက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းများအတွက် လိုအပ်သော ငွေကို စင်ကာပူသည် ထိုလွတ်လပ်ရေးရပြီးစကာလများက မည်သို့ရှာဖွေခ့ဲပါသနည်း။"


သေချာသည်က စင်ကာပူသည် မူးယစ်ဆေး၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းစသည့် ကိုယ်ကျင့်စံနှုန်းပျက်သော လုပ်ငန်းများနှင့်တော့ ငွေမရှာခ့ဲပေ။ ကျင့်ဝတ်ရှိသော လုပ်ရပ်နောက်တွင် လေးစားယုံကြည်ခံရမှုက အမြဲပါလာတတ်သည်။ အလုပ်အကိုင်မရှိသော၊ ဆင်းရဲသော၊ ပညာမတတ်သော စင်ကာပူတွင် "ကျင့်ဝတ်စံနှုန်းကို" စောင့်ထိန်းသည့် နိုင်ငံရေးခေါင်းဆောင်မှုက ရှိနေသည်။ ကျင့်ဝတ်ရှိသောလုပ်ရပ်များကြောင့် ပေါ်ထွက်လာသော ယုံကြည်ခံရမှုများက စင်ကာပူအစိုးရအတွက် ရံပုံငွေကို ရှာဖွေရန် အထောက်အကူဖြစ်စေခ့ဲသည်။ လွတ်လပ်ပြီးစ စင်ကာပူအား ချေးငွေအကူအညီများသည် ဗြိတိန်ဓနသဟာယအဖွဲ့ဝင်နိုင်ငံများနှင့် ကမ်ဘာဘဏ်က့ဲသို့ အဖွဲ့အစည်းများထံမှ လာသည်။ ဗြိတိန်၏ထံမှလွတ်လပ်ရေးယူခ့ဲသော်လည်း ဗြိတိန်နှင့်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းအချို့က စင်ကာပူတွင်ရှိနေသေးသည်။ ထိုသို့ဆက်စပ်နေခြင်းကလည်း စင်ကာပူအတွက်အသက်ရှူပေါက်ရစေခ့ဲသည်။ ထိုအသက်ရှူပေါက်အတွက်ပင် စင်ကာပူသည် ကွန်မြူနစ်စနစ်ဘက်ကို မယိမ်းနိုင်ခ့ဲခြင်းဖြစ်သည်။ နောက်တစ်ချက်က ကွန်မြူနစ်ကြောက်ရောဂါရှိသော အိမ်နီးချင်းစူလတန်များကြားတွင်ရှိနေ၍လည်းဖြစ်သည်။ ဤသို့ဖြင့် စင်ကာပူသည် ကွန်မြူနစ်ဘက်ကို မရောက်ခဲ့ချေ။


စင်ကာပူလွတ်လပ်မရခင် (4) နှစ်အလို 1961 ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (Economic Development Board- EDB) ကိုဖွဲ့စည်းခ့ဲသည်။ ဤကား စင်ကာပူ၏ လွတ်လပ်ရေးမရခင် စတင်သော ဒုတိယမြောက်အုတ်မြစ်ဖြစ်သည်။ ပထမအုတ်မြစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ။ စင်ကာပူ၏ စီးပွားရေးတည်ဆောက်မှုကိုကြည့်လျှင် သိပ်တော့အဆန်းအပြားမဟုတ်ပေ။ ရှိနေပြီးသားလုပ်ငန်းများအား ဆက်လည်ပတ်နိုင်ရန်ကျားကန်ပေးခြင်း၊ လုပ်ငန်းအသစ်များရှာကြံခြင်း၊ အခြေခံအဆောက်အအုံများကို တည်ဆောက်ရင်းနှီးမြုပ်နှံ့ခြင်းသာဖြစ်သည်။ လွတ်လပ်ပြီးစ အချိန်စင်ကာပူတွင် အေသးစား ရောင်းဝယ်ဖောက်ကားနေသောလုပ်ငန်းများကအစ ရှိရင်းစွဲလုပ်ငန်းတိုင်းကို အစိုးရကကျားကန်ပေးနိုင်ရန်အားထုတ်ခ့ဲသည်။ စင်ကာပူလို ဘာမှမထွက်သည့်နေရာာအဖို့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုသာရှိသည်။ မိမိကကုန်ပစ္စည်းထံသွားနေလျှင် ကုန်ကျစာရိတ်ကများသည်။ အကယ်၍ ကုန်ပစ္စည်းက မိမိထံလာလျှင် မိမိအဖို့ သယ်ယူခစာရိတ်လောက်တော့သက်သာမည်။ သို့ဖြစ်၍ ကုန်ပစ္စည်းများမိမိထံလာရန် မက်လုံးများပေးရ၊ ဆွဲဆောင်ရသည်။ "မိမိထံ ကုန်လာကူးလျှင် အခွန်မကောက်"ဟူသော မက်လုံးများကိုထုတ်ရတော့သည်။ အခွန်မကောက်လျှင် အစိုးရ ငွေဘယ်လိုရှာမည်နည်း။ စင်ကာပူကတော့ မိမိထံ လာသောကုန်သည်၏ လိုအပ်ချက်ကိုဖြည့်စွက်ပေးခြင်းဖြင့် ငွေရှာသည့်နည်းကိုသုံးသည်။ လူပြိန်းအဆင့်နားလည်အောင်ပြောရလျှင် မိမိထံလာသောကုန်သည်အား ကုန်သည်ခွန်မကောက်ဘဲ ထမင်းရောင်း၍ ငွေပြန်ရှာသည့် သဘောမျိုးဖြစ်သည်။ စင်ကာပူဆိပ်ကမ်း၌ ကုန်တင်သငေ်္ဘာများလာကပ်လျှင် ကမ်းကပ်ခွန်ကင်းလွတ်ခွင့်ပေးထားသည်။ တစ္ခုသာ စင်ကာပူကလုပ်သည်။ သငေ်္ဘာတည်ဆောက်ပြုပြင်ရေးအတွက် လိုအပ်သောပစ္စည်းများကို ရောင်းချရန်ပြင်ဆင်ထားသည်။ ဒေါက်ကျင်းများတွင် သငေ်္ဘာပြန်လည်ပြုပြင်နိုင်ရန်လုပ်ငန်းများကို ပြင်ထားသည်။ ဤသို့စီးပွားရေးအတွေးအခေါ်က စင်ကာပူတွင် သံနှင့်သံမဏိ စက်ရုံများ၊ လောင်စာဆီသန့်စင်ရေးလုပ်ငန်းများ၊ သဘောၤဆေးလုပ်ငန်းများကို ဆက်လက်တည်ဆောက်ရန် ဖြစ်လာစေခ့ဲသည်။ သငေ်္ဘာတစ်စင်းသည် မလေးရှား၌ဖြစ်စေ၊ အင်ဒိုနီးရှား၌ဖြစ်စေကမ်းကပ်၍ ပြင်ဆင်စာရိတ်နှင့် စင်ကာပူထံတွင်ပြင်ဆင်စာရိတ်မှာ အတူတူလောက်သာရှိမည်ဖြစ်သော်လည်း ခြုံကြည့်လျှင် စင်ကာပူက ဈေးသက်သာသလို ဖြစ်နေသည်။ 


ကနဦးပိုင်းကာလများတွင် ထိုသို့လုပ်ငန်းရှာဖွေမှုနှင့် လုပ်ငန်းတည်ထောင်မှုများကို အစိုးရသာလုပ်ကိုင်ရသည်။ စင်ကာပူလူထုအများစုက အထက်တွင်ပြောခ့ဲသလို အလုပ်အကိုင်မရှိ၊ ပညာမရှိဘဝမျိုးဖြစ်၍ ဘာမှလုပ်တတ်ကိုင်သည်မဟုတ်။ အစိုးရကသာ လုပ်နေရသည်။ ဤသို့ဖြင့် စင်ကာပူတွင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ (state owned enterprises- SOEs)ရှိလာသည်။ ထို SOEs လုပ်ငန်းများကို အစိုးရနှင့် ဆက်စပ်ကုမ္ပဏီ (Government Linked Companies- GLCs) အဖြစ်လူသိများသည်။ လွတ်လပ်ပြီးစ စင်ကာပူတွင် အစိုးရပိုင်လုပ်ငန်းများသာရှိပြီး ပုဂ္ဂလိကပိုင်မှုအားနည်းခြင်းသည် လူထုအနေဖြင့် မလုပ်တတ်မကိုင်တတ်မှုကြောင့်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးလုပ်ငန်း၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများတွင် GLCsကသာ အများစုဖြစ်ပြီး ပုဂ္ဂလိကကဏ္႑နည်းနေခ့ဲသည်။ 


စင်ကာပူ၏မြေယာဏ္႑တွင် မြေသိမ်းမှုအတွက် လျော်ကြေးပေးသည်ယလူနေအဆောက်အအုံများတည်ဆောက်သည်။ တည်ဆောက်ပြီးနောက် လူထုအားအိုးအိမ်ရောင်းချသည်။ လူထုထဲတွင်မြေသိမ်းခံရ၍ နေစရာမရှိသောသူများကိုရောင်းချသည်။ ဤသို့ဖြင့် ငွေကိုပြန်လည်ပတ်စေသည်။ ထို့နောက်အိုးအိမ်လိုအပ်သော လူတန်းစားများကို ရောင်းချသည်။ ရောင်းချပုံမှာ စင်ကာပူအလုပ်သမားများထံမှာ ရံပုံငွေအချိုးအစားတစ်ခုကို ဖြတ်တောက်ကာစုဆောင်းပေးထားသည်။ ထိုရံပုံငွေအား ဗဟိုအဆင့်ကြိုတင်ရံပုံငွေဟုခေါ်သည်။ ဗဟိုအဆင့်ရံပုံငွေသည် စင်ကာပူလူထု၏ အိုးအိမ်တည်ဆောက်ရေးတွင် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်လာခ့ဲသည်။


စင်ကာပူ၏ စီးပွားရေးဖွံ့ဖြိုးရသည့် အခြားအချက်မှာ "တရားဥပဒေစိုးမိုးမှု" ကိုအကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဆိုသည့် (Supremacy of Constituion) ကိုသဘောကိုကျင့်သုံးမှုက အာဏာသုံးရပ် ပိုင်းခြားမှုကို ပီပီပြင်ပြင် ဖြစ်စေသည်။ အာဏာသုံးရပ်ပိုင်းခြားမှုကြောင့် တရားစီရင်ရေးသည် အမှီအခိုကင်းကာ ဘက်မလိုက်ဘဲရပ်တည်လာနိုင်သည်။ အစိုးရကိုလည်းတရားစွဲနိုင်သည်။ ဤသို့တရားစီရင်ရေးဘက်မလိုက်ခြင်း၊ အမှီအခိုကင်းခြင်းဟူသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အာမခံချက်ပေးထားခြင်းဖြစ်သည်။ စင်ကာပူ၏ တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းသာမက ပြည်ပကပါ ယုံကြည်စိတ်ချလာခြင်းက ရင်းနှီးမြုပ်နှံမှုများကို တိုးတက်လာစေခ့ဲသည်။ တရားစီရင်ရေးခိုင်မာမှုက စင်ကာပူ၏ မတူကွဲပြားသော အုပ်စုများအသီးသီးကြားတွင် သဟဇာတကျစေရန် အထောက်အပံဖြစ်စေသည်။ စင်ကာပူအနေဖြင့် မည်သူမည်ဝါဖြစ်စေ စင်ကာပူနိုင်ငံသားဟူသော ခံယူချက်အောက်တွင် အတူတူဆိုသည့် လက္ခဏာကိုတည်ဆောက်သည်။ ထိုသို့တည်ဆောက်ရာတွင် မတူကွဲပြားသော အုပ္စုမ်ား၏ ရပိုင်ခွင့်များကို အခြေခံဥပဒေထဲတွင်ထည့်သွင်းအာမခံပေးထားသည်။


စည်းကမ်းရှိပါ၊ ကြိုးစားပါ၊ ပညာတတ်အောင်သင်ပါ ဆိုသည့်အချက်များသည် စင်ကာပူ၏ စံနှုန်းလည်းဖြစ်သည်။ မည်သည့်သယံဇာတမှမရှိသော စင်ကာပူအတွက် လူသားအရင်းအမြစ်သာ အသုံးချစရာရှိသည်။ အရည်အချင်းသာရှိပါက မည်သည့်လူမျိုး၊ ဘာသာမဆို နေရာပေးသည့် အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုကိုသာ အခြေခံသော (Meritocratic System) ကိုကျင့်သုံးသည်။  ဤ Meritocratic ပုံစံ အခြားတဖက်တွင် ပြိုင်ဆိုင်မှုကို ပြင်းထန်စေသည်။ စင်ကာပူအနေဖြင့် မတူကွဲပြားသော အုပ္စုမ်ား ယှဉ်တွဲနေစေရန် အိုးအိမ်နေရာချထားရေးနှင့် ပညာရေးကဏ္႑များတွင် အစီအစဉ်များချမှတ်သည်။ သို့သော် စင်ကာပူ၏ ပြိုင်ဆိုင်မှုပြင်းထန်သော ပညာရေးနှင့် လုပ်ငန်းခွင်သဘောကြောင့် လူမှုရေးဆိုင်ရာ တင်းကြပ်မှုများကိုဖြစ်စေပြန်သည်။


စင်ကာပူအနေဖြင့် မဟာမေလးဝါဒ (Greater Malay)အယူအဆ၏ ရိုက်ခတ်မှုကို အောင့်သက်သက်ဖြစ်မည်မှာမလွဲပေ။ ထိုအယူအဆမျိုး စင်ကာပူမလေးအသိုင်အဝန်းထဲစိမ့်ဝင်လာပြီး မတူကွဲပြားသော လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရပ်ဝန်းများအပေါ် မတည်မငြိမ်ဖြစ်စေမှုကိုလည်း သတိထားအျမဲထားနေပုံရသည်။ အိမ်နီးချင်းနိုင်ငံများ မျက်စိပါးမွှေးစူမည့်ကိစ္စမျိုးကိုတော့ စင်ကာပူသည် အမျိုးသားအကျိုးစီးပွားအရကိုရှောင်သည်။ လူထုအုံကြွမှုများ မိမိနိုင်ငံအတွင်းဖြစ်လာမည်ကိုလည်း စင်ကာပူသည်စိုးရိမ်မည်ဖြစ်သည်။ စင်ကာပူ၌ လူထုအုံကြွမှုတစ်ခုသည် လူမျိုးရေး ဘာသာရေးပဋိပက္ခဘက်သို့ ခုန်ကူးသွားနိုင်သည်။ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ပါက စင်ကာပူဒေသခံ မလေးလူမျိုးများကို ကျိမ်းသေသက်ရောက်မည်ဖြစ်သည်။ ထိုအခါ အိမ်နီးချင်း မလေးရှားနှင့် အင်ဒိုနီးရှားတို့နှင့် ထိပ်တိုက်တိုးလာရနိုင်သည့် နောက်ဆက်တွဲများပြဿနာများကို စင်ကာပူလိုချင်မည်မဟုတ်ပေ။ ဤသို့ဖြင့် စင်ကာပူတွင် အခြားနိုင်ငံတစ်ခုခုကို ဦးတည်သော နိုင်ငံရေးလုပ်ရှားမှုများကို ပိတ်ပင်ထားတော့သည်။


ဆိုရှယ်ဒီမိုကရေစီစံနှုန်းများဘက်ကကြည့်လျှင်တော့ စင်ကာပူသည် ဆိုရှယ်ဒီမိုကရေစီစံနှုန်း အပြည့်အဝကျင့်သုံးနိုင်သော နိုင်ငံလည်းမဟုတ်ပေ။ သို့ရာတွင် စင်ကာပူအစိုးရအနေဖြင့် လွတ်လပ်ရေးရစ အခြေအနေက စီးပွားရေး၊ နိုင်ငံတည်ဆောက်ရေးတွင် ခေါင်းအစ ခြေအဆုံးလုပ်ကာ ပုဂ္ဂလိကကဏ္႑ပေါ်လာအောင် ဆောင်ရွက်ချက်များ၊ ပညာရေး၊ ကျမ်းမာရေး၊ အိုးအိမ်၊ လူမှုဖူလုံရေးအစီအမံများကတော့ ဆိုရှယ်ဒီမိုကရေစီစံနှုန်းများရှိပါသည်။ နိုင်ငံရေးလွတ်လပ်ခွင့်တွင်တော့ စင်ကာပူသည် ဆိုရှယ်ဒီမိုကရေစီမဟုတ်ပေ။


အာရက္ခလူ့ဘောင်နှင့် နှိုင်းယှဉ်ခြင်း


စင်ကာပူ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (2)၏ ပုဒ္မ (4) သည် ဖွဲ့စည်းပုံအခြေခံဥပဒေသာ အမြင့်ဆုံးဟူသော (Supremacy of Constitution) ကိုပြဌာန်းထားသည်။ စင်ကာပူ၏ နိုင်ငံတည်ဆောက်ရေးသည် ဖွဲ့စည်းပုံအခြေခံအုတ်မြစ်အပေါ်တွင်အခြေခံခြင်းဖြစ်သည်။ အာရက္ခလူ့ဘောင်တွင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြောသံဆိုသံတောင်မကြားရသေးပေ။ နိုင်ငံတည်ဆောက်ရေးနှင့် တိုက်ခိုက်ရေးတပြိုင်နက် တချိန်တည်း ချီတတ်နေသည်ဟု ULA/AA ထိပ်ပိုင်းများက ပြောထားသည်။ သို့သော် အောက်ခြေအဆင့်အချို့နှင့် ထောက်ခံသူတစ်ချို့ကား စစ္ပြဲ တိုက်ခိုက်ရေးကိုချည်းမီးမှောင်းထိုးပြကာ တည်ဆောက်ရေးကို နောက်သို့ပို့ထားပုံနှယ် အပြောအဆိုများက ရှိနေသည်။ ၎င်းတို့ပြောသည့်အတိုင်းဆိုလျှင် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ အခွန်အခများကို တိုက်ပွဲများပြီးသွားမှ စတင်ရမည့်ကိန်းဖြစ်နေသည်။ ထိုသူမ်ားကား လက်ရှိပကတိအနေအထားတွင် တည်ဆောက်ရေးအား လုပ်နေသည်ကိုမြင်ပါလျက် ဘူးခံနေသူများသာဖြစ်သည်။ လက်ရှိအာရက္ခလူ့ဘောင်တွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့၌ အားနည်းချက်များရှိနေပြီး ထိုအားနည်းချက်များကြောင့် လူတစ်ဦးတစ်ယောက်၏ ဘဝနှင့် အသက္ကို  ထိခိုက်သွားသည့် ဖြစ်ရပ်မျိုးကလည်းရှိနေသည်။ စင်ကာပူ၏ လွတ်လပ်စအချိန် နောက်ခံအကြောင်းတရားများနှင့် လက်ရှိအာရက္ခလူ့ဘောင်ဖြတ်သန်းနေရမှုကို တထပ်တည်းရှူမြင်ရန်မသင့်သော်လည်း နမူနာယူစရာဖြစ်စဉ်များကတော့ရှိနေသည်။  စင်ကာပူထက်တော့ အာရက္ခလူ့ဘောင်သည် သယံဇာတရှိသည်။ လွတ်လပ်ပြီးစ စင်ကာပူ၏ ပညာရေးသည် ရေချိန်နှိမ့်ခ့ဲသည်။ လက်ရှိအာရက္ခလူ့ဘောင်၏ ပညာရေး ရေချိန်ကိုတော့ မည်သို့ရှူမြင်ကြသည်မသိပေ။ နိုင်ငံတည်ဆောက်ရေး၌ ပညာတတ်အရင်းအမြစ်လိုအပ်ချက်ကတော့ လွတ်လပ်ပြီးစ စင်ကာပူရော၊ လက်ရှိအာရက္ခလူ့ဘောင်တွင်ပါရင်ဆိုင်နေရပုံမျိုးကတူပါသည်။ ထိုပြင် အမှီအခိုမရနိုင်သည့် အိမ်နီးချင်းများကြားတွင် ရှိနေပုံမျိုးကလည်းတူပါသည်။ နိုင်ငံတည်ဆောက်ရေးကာလတွင် စင်ကာပူအစိုးရ၏ အောက်ခြေအဆင့်ဝန်ထမ်းများထဲတွင် " "နိုင်ငံတာဝန်ကိုထမ်းဆောင်နေသော မိမိတို့မှာ သာမန်လူများမဟုတ်ဟူသော မိမိကသာ ကြီးမြတ်၍ လူထုအား ပမွှားအဆင့်အဖြစ် နှိမ့်ချမှု" ပုံစံမျိုးက သိပ်မရှိခ့ဲချေ။ ထိုသို့ မရှိခြင်းမှာလည်း လွတ်လပ်ပြီးစ စင်ကာပူလူထု၏ ပညာရေးရေချိန်မြင့်လွန်းလှ၍လည်းမဟုတ်။ စင်ကာပူကို ခေါင်းဆောင်သူများ၏ အမြော်အမြင်ကြောင့်သာဖြစ်သည်။ စင်ကာပူခေါင်းဆောင်များသည် တရားမျှတမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဆိုသည့်မူဘောင်များထဲမှ အကောင်အထည်ဖော်ခ့ဲသည်။ လွတ်လပ်၍ ဘက်လိုက်မှုကင်းသော တရားရေးစနစ်ပီပြင်မှုက စင်ကာပူအား အထိအခိုက်နည်းစေခ့ဲသည်။ စင်ကာပူ၏ ဦးဆောင်သူ PAP ပါတီအပေါ် ပြည်တွင်း၊ ပြည်ပကပါ ယုံကြည်မှုကိုဖြစ်စေခ့ဲသည်။ စင်ကာပူသည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံတစ်ခုဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ PAP သည်ရွေးကောက်ပွဲတွင် မရံှုးနှိမ့်သေးပေ။ စင်ကာပူ၏ ရွေးကောက်ပွဲအဆက်ဆက် PAP သာနိုင်နေခ့ဲသည်။ နောက်လည်းနိုင်နေအုံးမည့် သဘောရှိသည်။ ဤကား PAP ပါတီ၏ ဒီမိုကေရစီ 'ဇ' ဟုဆိုရမည်ဖြစ်သည်။ ဤသို့ဖြင့် စင်ကာပူအား ပါတီစုံစနစ်ကျင့်သုံးသော တပါတီစနစ်နိုင်ငံဟုပင် သမုတ်ခံရသည်။ လွတ်လပ်ပြီးစ စင်ကာပူနှင့် လက်ရှိအာရက္ခလူ့ဘောင်တို့တွင် တူညီသည့်နောက်အချက် "အားကောင်းသော ခေါင်းဆောင်မှု" ရှိခြင်းဖြစ်သည်။ စင်ကာပူအတွက် တော့ "အားကောင်းသော ခေါင်းဆောင်မှု" ရှိနေခြင်း၊ တရားစီရင်ရေးခိုင်မာခြင်း၊ အစိုးရမွ ရှိရှိသမျှ ဝင်လုပ်ပေးရခြင်းက PAP ပါတီအတွက် နိုင်ငံရေးအခြေအနေတည်ငြိမ်မှုတစ်ရပ်ကို ဖြစ်ပေါ်စေခ့ဲသည်။ အာရက္ခလူ့ဘောင်တွင်တော့ မည်သို့ဖြစ်လာမည်မသိ။ တပြည်ထောင်စနစ်နှင့် သွားမည်ကို တပါတီစနစ်နှင့် သွားမည်ဟု အတိပ်ကောက်ခြင်းလား ဆိုသည်မှာလည်း မသဲကွဲပေ။  ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအောက်က စင်ကာပူ၏ PAP ပါတီက့ဲသို့ ဒီမိုကေရစီ 'ဇ' ဖြင့် အာဏာသက်တော်ရှည်ပါတီပုံရိပ်က တပါတီစနစ်ထက် အာရက္ခလူ့ဘောင်ကို အိနြေ္ဒရစေပါလိမ့်မည်။







Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

ရခိုင်လူ့ဘောင်နှင့် လီဗီးယားသန်(Leviathan)