Posts

Showing posts from May, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၂ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ မြေသိမ်းယူမှုအား ဖောျပွခ့ဲ ပြီးနောက်  မြို့ပြမြေယာနှင့် အိမ်ရာသိမ်းယူခြင်း (Urban Expropriation) ကို ထပ်မံ တင်ပြပါမည်။ တရုတ်ပြည်၏ မြို့ပြဒေသတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်း ဖြစ်စေ၊ နေထိုင်ခွင့်သက်တမ်း ဖြစ်စေ၊ မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်တစ်ခုခု ရရှိထားသောမြေပေါ်ရှိ အိမ်ရာ၊ အဆောက်အအုံ များကို ဖျက်သိမ်းသောအခါ လျှော်ကြေးစနစ် (၂) မျိုးရှိသည်။ ထို ၂ မျိုးထဲမှ ကြိုက်ရာ ရွေးချယ်ခွင့်ရှိသည်။  ပထမ စနစ်မှာ ငွေကြေးအလိုက်ပေးခြင်း (Monetary Compensation) ဖြစ်သည်။ ဖျက်သိမ်းခံရသော အိမ်ယာ၊ အဆောက်အအုံ၏ ဈေးကွက်ပေါက်ဈေးကို တွက်ချက်ကာ ငွေသားအပြည့်အဝ ပေးသည်။ ( အရေးကြီးဆုံးအချက္မှာ အိမ်ခြံမြေတန်ဖိုး ဖြတ်ရာတွင် အစိုးရမှ စွက်ဖက္မှုကင်းသော လွတ်လပ်သည့် အကဲဖြတ်အဖွဲ့မျက တွက်ချက်ရခြင်း ဖြစ်သည်။)  ဒုတိယ စနစ်မှာ အိမ်ရာချင်း အစားထိုးလဲလှယ်ခြင်း (Property Title Exchange) ဖြစ်သည်။ အစိုးရက တည်ဆောက်ပေးသော တခြားနေရာရှိ အိမ်ရာအသစ် (သို့မဟုတ်) တိုက်ခန်းအသစ်ကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်သည်။ တန်ဖိုးချင်း ကွာဟချက်ရှိလျှင...

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၁

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၁ ရခိုင်ဒေသသည် အာဏာရှင်များလက်ထက်ကာလ တလျောက်လုံး မြေသိမ်းခံ ကျိမ်စာအား ပြင်းပြင်းထန်ထန် မိထားဖူးသည်။ ထိုကျိမ်စာ ULA/AA မှ နယ်မြေအများစုအား ထိန်းချုပ်ထားသည့် အခြေအနေတရပ်အောက်တွင် တချိန်ချိန်တွင်တော့ ပြန်လည် ကုစားနိုင်လိမ့်မည်၊ မည်သို့ပင်ဆိုစေ ULA/AA ထိန်းချုပ်ထားသော အခြေအနေတွင်  စစ္အာဏာရှင္များက့ဲသို့ မြေသိမ်းမှုက ထပ်ပေါ်လာစရာမရှိနိုင် ဟု ရခိုင်လူထုဘက္မှ မျှော်လင့်ချက် အချို့ရှိခ့ဲသည္။  လက်ရှိတွင် စစ်အာဏာရှင်များ လက်ထက် သိမ္းခံခ့ဲရသော မြေကိစ္စများအတွက် ထင်သလောက် အကောင်အထည် မဖော်နိုင်။ ပိုဆိုးသည်က ULA/AA သည်ပင် မြေသိမ်းရန် အစပြုလာသည့် လက္ခဏာများ ရှိလာနေသည်ကို တွေ့နေရခြင်းပင်။ မျှချေပျက်သော ပြဿနာ လူတစ်ယောက်အတွက် သူပိုင်သောမြေဟူသည် သူ၏ ရှင်သန်ရာ၊ သူ၏ အချုပ်အခြာလည်းဖြစ်သည်။ မြေသိမ်းခံရခြင်းဟူသည် လူတစ်ယောက်/ မိသားစုတစ်ခု၏ ရှင်သန်မှုအား သတ်ဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ မြေသိမ်းမှုအား ချဉ်းကပ်ရာတွင် လူမှုရေးဆိုင်ရာ တရားမျှတမှု (social justice) ဘက္မှ ပို၍ ချဉ်းကပ်ပေးရသည်။ အများကောင်းကျိုးအတွက် တစ်ယောက်သောသူဘက်က ပျက်စီးခြင်းငါး...

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး- ၁

 အရပ်ဘက် စစ်ဘက် ဆက်ဆံရေး- ၁ နိုင်ငံတော် တရပ် (သို့မဟုတ်) လူ့အဖွဲ့အစည်းတစ်ခုအတွက် မိမိဘဝအသက်ရှင်ရပ်တည်ရေးအား ထိခိုက်လာမည့် အန္တရာယ်များမှ ကာကွယ်ရန် စစ်ဘက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတရပ်က လိုအပ်သည်။  သို့သော် ထိုလက်နက်ကိုင် အဖွဲ့အစည်းတရပ်က ၎င်းတို့၏ ပါဝါစွမ်းအားဖြင့် လူထုအား မဆန့်ကျင်ရန်၊ အာဏာမပြရန်လည်း လိုအပ်သည်။  အမှန်စင်စစ်အရ စစ်ဘက်ဟူသည် အုပ်ချုပ်ရေးအာဏာ၏ အောက်တွင်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့သော် စစ်ဘက္မှပင် အုပ်ချုပ်ရေးအာဏာအား ရယူလာသည့် နိုင်ငံအာဏာပုံစံ ပျက်ယွင်းမှုများကလည်း လူ့သဘာဝတွင် ဖြစ်တတ်သည်။  ဖြစ်ရိုးစဉ်လာအရ စစ်ဘက်သည် အရပ်ဘက်အုပ်ချုပ်မှုကို နာခံရသည်။ စစ်ဘက်က အရပ်ဘက်အုပ်ချုပ်မှုအား နာခံခြင်းဟူသော အဓိပ္ပါယ္မှာ ပြည်သူလူထုက ရွေးကောက်တင်မြောက်လိုက်သော သူများက စစ်ဘက်ဆိုင်ရာ ကိစ္စများအပေါ်တွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထိုဆုံးဖြတ်ချက်အား စစ်ဘက္မှ နာခံခြင်း ဖြစ်သည်။ စစ်ဘက်၏ မူလတာဝန်မှာ ပြည်သူလူထုအား ဘေးကင္းရန္ကာကွယ်ခြင်းဖြစ်သည်။ ပြည်သူလူထုအား ဘေးကင္းရန္ ကာကွယ်မှုဆိုသော အဓိပ္ပါယ္ထဲတွင္ ပြည်သူလူထု၏ လွတ်လပ်ခွင့်၊ စည်းစိမ်ဥစ္စာနှင့် အေးချမ်းမှုကို ကာကွယ်ခြင်းလည်းပ...

ရခိုင်၊ တော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသမီးများအပေါ် လေးစားမှု ကင္းမ့ဲလာခြင်းများ

 ရခိုင်၊ တော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသမီးများအပေါ် လေးစားမှု ကင္းမ့ဲလာခြင်းများ စစ်ပွဲ၊ ပဋိပက္ခတွေ ဖြစ်လာရင် အထိခိုက်အလွယ်ဆုံး အုပ်စုတွေထဲမှာ အမျိုးသမီးတွေလည်းပါပါတယ်။ တော်လှန်ရေးဟာ ဖိနှိပ်မှုက လွတ်မြောက်အောင် ရုန်းကန်နေ တ့ဲ ကိစ္စပါ။ ဒီတော့ တော်လှန်ရေးရဲ့ အခြေခံဟာ လူအချင်းချင်း ဖိနှိပ်မှုကို တွန်းလှန်မှု ပဲ ဖြစ်သင့်ပါတယ်။ ရခိုင်ဒေသရဲ့ လက်ရှိ အခြေအနေမှာ အမျိုးသမီးအချို့ ရင္ဆိုင္​ေနရတ့ဲ ပြဿနာက လူမှုရေးနယ်ပါယ်ထဲမှာတင် မကဘဲ စနစ် မူဝါဒပိုင်း ဆိုင်ရာ ဘက်ကနေပြီး ချဉ်းကပ်ရမယ့် ကိစ္စ အဖြစ်ပါရှိနေတာပါ။ လူမှုစီးပွား ဘဝ အကြပ်အတည်းနှင့် အမျိုးသမီးများအပေါ် ဝတ္ထုပြုခြင်း ဝတ္ထုပြုခြင်း (Objectification) ဆိုတာ အရိုးရှင်းဆုံးပြောရင် လူကို လူသားအဖြစ်မမြင်ဘဲ အသုံးချစရာ အရာဝတ္ထုတစ်ခု အနေနဲ့ ရှူမြင်တာပါပဲ။ ဒီလိုရှူမြင်ပုံမျိုးဟာ ဖွံ့ဖြိုးတိုးတက္မှုကို တက္လှမ္းချင္တ့ဲ လူ့အဖွဲ့အစည်းတစ်ခုအတွက် အန္တရာယ်လည်း ဖြစ်ပါတယ်။ အရပ်သား အမျိုးသမီးတွေ၊ စစ်သမီးတွေ အပေါ် ကာယကံရှင်ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းဓမ္မလက်ထပ်မှုဖြစ်စဉ်အချို့တွေ ရှိနေပြီး ဒါတွေအတွက် တရားမျှတမှုကို တောင်းဆိုခွင့်မရတာဟာလည်း ဝတ္ထုပြုခြင...

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- နိဂုံး

 လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု-  နိဂုံး လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်မှု (INTEGRITY) နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အလုပ်အကျွေးပြုခြင်း (SELFLESS SERVICE) နိုင်ငံတော်၊ ပြည်သူလူထု၊ မိမိအဖွဲ့အစည်းနှင့်လက်အောက်ငယ်သားများ၏ သာယာဝပြောရေးကို မိမိအကျိုးထက် ဦးစားပေးရမည် ဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတော်သည် မိမိအပေါ် နိုင်ငံ နှင့် ပြည်သူလူထုက မည်သို့ကျေးဇူးတင်ရှိရမည်ဟု တွေးတောနေသူများထက် နိုင်ငံတော်နှင့္ ပြည်သူလူထုအတွက် မည်သို့အလုပ်အကျွေးပြုရမည်ဟူသော စိတ်ဓာတ်ရှိသည့် အမျိုးသား၊ အမျိုးသမီးများကို လိုအပ်နေပါသည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥပဒေကြောင်းအရရော ကိုယ်ကျင့်တရားအရပါ မှန်ကန်သောအရာကို လုပ်ဆောင်ရန် လိုအပ်သည်။  ပြည်သူလူထုက စစ်ဘက်ခေါင်းဆောင်များအား စစ်ပညာကျွမ်းကျင်ရုံသာမက ကိုယ်ကျင့်တရား ဖြောင့်မတ်တည်ကြည်သည့် တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးများ အဖြစ်ပါ မြင်လိုသည်။  စစ်တပ်ကို "အလုပ်အကျွေးပြုခြင်း" (The Service) ဟု ခေါ်ဝေါ်ကြသည်ကို သင်ခဏခဏ ကြားဖူးပါလိမ့်မည်။ စစ်တပ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေသူဖြစ်သည်။ ကိ...

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- ၈

 လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- ၈ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ဂုဏ်သိက္ခာ (HONOR) နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတ္တိ (PERSONAL COURAGE)  လက်နက်ကိုင်ရခြင်းသည် လူသားဂုဏ်သိက္ခာကို လေးစားမှုကြောင့် လက်နက်ကိုင်ခြင်းဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခု၏ အာဏာအား ပိုင်ဆိုင်သူမှာ ပြည်သူလူထုဖြစ်သည်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး၏ အဓိကအကျဆုံး အချက္မှာ အရပ်ဘက် ပြည်သူလူထု၏ အာဏာကို စစ်ဘက္မှ နာခံခြင်းဖြစ်သည်။ ဤအချက္များက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအတွက် အမြဲနှလုံးသွင်းနေရမည့် အချက္များ ဖြစ်စေသက့ဲသို့ စောင့်စည်းရမည့် ကျင့်ဝတ်တန်ဖိုးများလည်း ဖြစ်သည်။  လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဂုဏ်သိက္ခာဟူသည် မိမိ၏ တပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်တန်ဖိုးများကို လိုက်နာမှုတွင် မူတည်နေသည်။  ဤနေရာတွင် တပ်ဖွဲ့ဝင်များဟူသည် အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များကိုပင် ဆိုလိုခြင်းမဟုတ်ပေ။ ထိပ်ဆုံးအဆင့်မှ အဆင့်အသီးသီးသည်လည်း တပ်ဖွဲ့ဝင်များသာဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် တပ်ဖွဲ့ဝင်တိုင်းသည် "စစ်သည်တော်ကျင့်ဝတ်တန်ဖိုးများ"ကို လိုက်နာစောင့်ထိန်းရန်လိုအပ်သည်။  တပ်ဖွဲ့ဝင်တစ်ယောက်အတွက်  (က) တပ်ဖွဲ့အတွင်းတွင် ဖြစ်စေ၊  (...

ကျွန်မသည်လည်း ဗင်နစ်ဆာ ဂူလင် ဖြစ်သည် နှင့် အမျိုးသမီးရဲဘော်များအပေါ် လိင်အမြတ်ထုတ်မှု

 ကျွန်မသည်လည်း ဗင်နစ်ဆာ ဂူလင် ဖြစ်သည် နှင့် အမျိုးသမီးရဲဘော်များအပေါ် လိင်အမြတ်ထုတ်မှု "သူမ အသတ်မခံရခင်မှာ စစ်တပ်အတွင်းမှာ သူမအပေါ် အထက်အရာရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက္မှုတွေ ခံနေရတယ်လို့ သူမရဲ့ မိသားစုကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အထက်လူကြီးတွေကို တိုင်ကြားရင် အလုပ်ထုတ်ခံရမှာ ဒါမှမဟုတ် လက်စားချေခံရမှာကို ကြောက်တဲ့အတွက် သူမ အနေနဲ့ တရားဝင် မတိုင္က​ြားနိုင္ခ့ဲပါဘူး။" ဒါဟာ အမျိုးသမီးတပ္ ဖွဲ့ဝင်တစ်ဦးဖြစ်တ့ဲ ဗင်နစ်ဆာ ဂူလင် ( Vanessa Guillen) ဖြစ်ရပ်မှာ အမေရိကန်ပြည်သူတွေ ဒေါသအထွက်ရဆုံး အချက်ပါ။  ဗင်နစ်ဆာ ဂူလင် ဆိုတာ ဘယ်သူလဲ။  ဗင်နစ်ဆာ ဂူလင် (Vanessa Guillen) ဟာ တက္ကဆက် ( Texas) ပြည်နယ်၊ ယခု ဖောတ့် ကာဗာဇိုစ် (Fort Cavazos) လို့အမည်ပြောင္းထားတ့ဲ ဖော့တ် ဟုဒ် ( Fort Hood)  အခြေစိုက် အမေရိကန် အမျိုးသမီး ကြည်းတပ်တပ်သား တစ်ဦးဖြစ်ပါတယ်။ သူမဟာ အသက် ၂၀ အရွယ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ စစ်စခန်းအတွင်းကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ သူမ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေနဲ့ အများပြည်သူတွေက အပြင်းအထူး လိုက်လံရှာဖွေခဲ့ကြပါတယ်။ နှစ်လကျော်အကြာ ဇွန်လ ၃၀ ရက်နေ့မှာတော...

စစ်ပွဲ၊ လူဦးရေလိုအပ်ချက်၊ မယားပြိုင်စနစ် အတွေးအခေါ်နှင့် အာရက္ခ

 စစ်ပွဲ၊ လူဦးရေလိုအပ်ချက်၊ မယားပြိုင်စနစ် အတွေးအခေါ်နှင့် အာရက္ခ လူ့အဖွဲ့အစည်းတစ်ခုဟာ စစ်ဖြစ်နေစဉ်အတွင်းနဲ့ ပြန်လည်တည်ဆောက်ရေးကာလများအတွက် လူဦးရေလိုအပ်ချက်အရ မယားပြိုင်စနစ် ကျင့်သုံးသင့်သလား? ဒီမေးခွန်းရဲ့ အဖြေကို သမိုင်းရှူဒေါင့်ဘက်က ဖြေရရင် မကျင့်သုံးသင့် သလို ကျင့်သုံးဖို့မလိုပါဘူး။ ဥပမာ ခေတ်သစ်စစ္ပွဲတွေဖြစ်တ့ဲ ဒုတိယ ကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွင်း နိုင်ငံတွေရဲ့ အခြေအနေကို လေ့လာကြည့်တ့ဲအခါ အဲဒီ နိုင်ငံတွေမှာ "မယားပြိုင် စနစ်ကို မကျင့်သုံးပါဘူး"။  သမိုင်းသုတေသန အထောက်အထားအရ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူအသေအပျောက် အများဆုံးနိုင်ငံကတော့ ဆိုဗီယက်ယူနီယံ (Soviet Union) ဖြစ်ပါတယ်။ အဲဒီနောက္မှာတော့ တရုတ်နိုင်ငံ က ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံ ဒုတိယ ကမ္ဘာစစ်မှာ လူပေါင်း ၂၇ သန်း ခန့် (စစ်သား ၈ သန်းကျော်နဲ့ အရပ်သား ၁၉ သန်းနီးပါး) သေဆုံးခဲ့ပါတယ်။ ဒါဟာ ထိုစဉ်က ဆိုဗီယက်လူဦးရေရဲ့ ၁၄% နီးပါး ေသဆုံးခ့ဲတာပါ။ တရုတ်နိုင်ငံက လူပေါင်း ၁၅ သန်းမှ သန်း ၂၀ ကြား သေဆုံးခဲ့ပါတယ်။ ဒီတော့ ဆိုဗီယက်ယူနီယံနဲ့ တရုတ်မှာ မယားပြိုင်ယူခဲ့ကြသလား? ဆိုဗီယက်ယူနီယံနဲ့ တရုတ်မှာ အမျိုး...

NEDP နှင့် ချိန်မည့်ချိန်ခွင်အား လွင့်ပစ်ထားခြင်း

 NEDP နှင့် ချိန်မည့်ချိန်ခွင်အား လွင့်ပစ်ထားခြင်း အစိုးရပင်ဖြစ်စေ၊ တော်လှန်ရေးအဖွဲ့ပင် ဖြစ်စေ နိုင်ငံရေး အာဂျင်တာ တစ်ရပ်အဖြစ် အမိန့်အာဏာ ကို အကောင်အထည်ဖော်ပါက ထိုအမိန့်အာဏာတွင်  (၁)- Legal Exception ဆိုသည့် တရားမျှတမှုအတွက် ချွင်းချက်သည်ပါရသည်။  (၂)-  အများပြည်သူဆိုင်ရာ အကျိုးစီးပွားကို ဦးတည်မှု ရှိရသည်။ (၃)- အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက် ကိုတန်ဖိုးမြှင့်ပေးရသည်။ အမိန်အာဏာတစ်ခု ကိုအကောင်အထည်ဖော်လျှင် ထိုအမိန်အာဏာနှင့်အတူ အဆိုပါ အချက်သုံးချက်ကိုလည်း အကောင်အထည်ဖော်ရသည်။ မည်သူက အကောင်အထည်ဖော်ရမည်နည်းဆိုသော ထိုအမိန့်အာဏာကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်း၏ အောက်ဆုံးအလွှာကပင် ထိပ်ဆုံးအလွာ ထိ ရှိသူများက အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ULA/AA ထုတ်ပြန်ထားသော NEDP တွင် Legal Exception အရ  လုံးဝ ကင်းလွတ်ခွင့်ရသူ (၅)မျိုး၊  ရွှေ့ဆိုင်းခွင့်ရသူ (၅) မျိုး၊  လျော့ပေါ့ခွင့်ရသူ (၁) မျိုး၊  ယာယီရွေ့ဆိုင်းခွင့်ရသူ (၇) မျိုး စသဖြင့်ပါသည်။ ဤအချက္များသည် ULA/AA ကိုယ်တိုင် ထုတ်ပြန်ထားသော အချက္များဖြစ်သည်။ လုံးဝ ကင်းလွတ်ခွင့်ရသူ (၅) မျိုးကိုကြည့်ပါက ထိုအုပ်စုထဲတွင် - ဘာသ...

အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် ကျူးကိုးကွေး

 အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် ကျူးကိုးကွေး  "အခြားသူ ချိုးဖောက်တာတွေကိုတော့ မင်းတို့မပြောပါလား။ ငါတို့ကိုချည်း ဘာဖြစ်လို့ ပြောနေလဲ။ မင်းတို့ အခြားသူတွေကို သွားပြောရဲလား" ဤအကြောင်းပြချက်နှင့် ဆင်ခြေတုံမျိုးအား ကျူးကိုးကွေး (Tu Quoque)ဟု ခေါ်၍ရသည်။ ကျူးကိုးကွေး (Tu Quoque) ဟူသည် လက်တင်ဘာသာစကားဖြစ်သည်။ အဓိပ္ပါယ္မှာ "မင်းလည်းထိုနည်းလည်းကောင်း" (You Too) ဟူသော အဓိပ္ပါယ္ဖြစ်သည္။ နိုင်ငံရေးနယ်ပါယ်၌ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ အမှား (Logical Fallacy) များကို ကျူးကိုးကွေး ဟုလည်း သုံးကြသည်။ ကျူးကိုးကွေး နှင့် ဆက်စပ်သော အယူအဆမှာ "ဒါပေါ့၊ ဒီတော့ ဘာဖြစ်လဲ" ( Whataboutism) အယူအဆဖြစ်သည်။  "Whataboutism" ဟူသည် မိမိတို့၏ အမှားတစ်ခု ထောက်ပြလာသောအခါ "ငါမှားတာ ဟုတ်တယ်၊ ဒါပေမဲ့ ( မင်းတို့/ အခြားသူတို့) လည်း အရင်က ဒီလိုမှားခဲ့တာပဲ" ဆိုကာ အမှားချင်း ပြန်တိုက်သော ဝါဒဖြန့် အကြောင်းပြမှုကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - နိုင်ငံရေး/ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု အဝေဖန်ခံရ သောအခါ "(မင်းတို့/ အခြားသူ...

အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် စက္ကူကျား စံတန်ဖိုးများ

 အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် စက္ကူကျား စံတန်ဖိုးများ ဖြစ်ရပ်- ၁ ၂၀၂၂ ခုနှစ်၏ မိုးဦးကာလ၊ တိုက်ပွဲများ ရပ်နေသည့်အချိန်၊ ရခိုင်တောင်ပိုင်းဒေသ၏ မြို့တစ်ခုတွင်ဖြစ်သည်။ နေလည်ခင်းပိုင်းများ၌ တက္ကသိုလ်မှ ကျောင်းသား များနှင့် ဆရာအချို့က လက်ဘက်ရည်ဆိုင်ထိုင်ရင်း  စာသင်၊ စာမေးတတ်ကြသည်။  "ညဉ်းတို့ ရခိုင်တွေ အလကားပါ" "ဆရာ အဲလို မပြောနဲ့၊ သမီးတို့ ဘာဖြစ်နေလို့လဲ" "ဟုတ်တယ်လေ၊ တနိုင်ငံလုံးပွဲဆူနေတာ၊ နင်တို့ပဲ ထိုင်နေကြတယ်၊ နင်တို့ အေအေလည်း အလကားပဲ" "ဘုန်း" (ကလေးမလေးက ခုံကို လက်ဖြင့် စိတ်ဆိုးစွာ ရိုက်လိုက်သည်) "အလကားလို့ မပြောနဲ့ ဆရာ၊ အဲလို ပြောတာ သမီးမကြိုက်ဘူး" လူသူရှင်းသောလက်ဘက်ရည်ဆိုင်တစ်ခု၏ ဒေါင့်တနေရာတွင် ဆရာဖြစ်သူနှင့် တပည့် ဖြစ်သူတို့ တိုးတိုးလေး ရန်တွေ့နေကြသံများဖြစ် သည်။ တပည်ဖြစ်သူ မိန်းကလေးမှာ ရခိုင်၏ တောင်ဘက် အစွန်းဆုံးနေရာ ဒေသက ဖြစ်သည်။ ခေတ်လူငယ်အလျောက် ပုံစံက လွတ်လပ် ပေါ့ပါးလျှက်၊ နိုင်ငံရေး ဘာညာလည်း စိတ်ဝင်စားပုံ မပေါ်၊ ဆရာဖြစ်သူက ပြည်မဘက်က ဖြစ်ပုံရသည်။ လူလတ်ပိုင်းအရွယ် တည်တည်ငြိမ်ငြိမ်ဖြင့်။ ဆရာ တပည့်နှစ်ယောက်...

အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior)

 အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် လူနည်းစု အချိန်ကာလကား...သံတွဲမြို့အား သိမ်းပြီးနောက် တောင်ကုတ်မြို့နယ်ဘက်တွင် မြို့သိမ်းတိုက်ပွဲ အစပြုလာချိန်က ဖြစ်သည်။ အရပ်သားပြည်သူများမှာ အဆင်ပြေရာနေရာများသို့ စစ်ရှောင် ကြရသည်။  "ရပ်" သုံးဘီးတစ်စီးအား ULA/AA ဂိတ်မှ တားမြစ်သံ။ သုံးဘီးပေါ်တွင် အမျိုးသမီး သုံးလေးငါးဦးခန့်ပါကြသည်။ ဂိတ်မှ တစ်ဦးထွက်လာကာ ထိုအမျိုးသမီးများအား မေးလိုက်သည်။ "အဇာကလာလေး၊ အဇာကို လားဖို့လေး" "ကျွန်မတို့....... ရွာကို သွားဖို့ဘီ အကိုရေ့" "ကျွန်မ လို့ မပြောဂေ့၊ အကျွန်လို့ ပြော၊ ဒေနီရာကလူတိ ခွီးစကားလီသံစီ ပြောကတ်တေ" စစ်ဆေးမှုပြီးသွားပုံရသည်။ သုံးဘီးက ထွက်ခွာသွားသည်။ သုံးဘီးပေါ်ရှိ အမျိုးသမီးသုံးလေးယောက္မှာ နုတ်ဆိတ်လျှက်၊ မျက်နှာပျက်လျှက်........။ ဤသည်က ဖြစ်ရပ်တစ်ခု။ နေရာအတိအကျကိုတော့ ဇတ်ရှုပ်မည်ဖြစ်၍ မပြောလိုတော့ပြီ။ ယင်းတုန်းက ထိုဖြစ်ရပ်ကို ကြည့်၍ တွေးထင္ခ့ဲမိသည္။ ULA/AA အနေဖြင့် ဤသို့ အောက်ခြေတွင် လူထုအား လေယူလေသိမ်း အပေါ် ခွဲခြားဆက်ဆံသည့် အဖြစ်အပျက္များကို တစ်စုံတစ်ရာ ထိန်းသိမ်းလာလိမ့်မည်ဟု။ သို့သော် ထိုက့ဲသို့ အဖြ...

လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- နိဂုံး

 လခြမ်းမြေနှင့်  "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- နိဂုံး ဦးဆောင် အဖွဲ့အစည်းရဲ့ ပြယုဂ် နိုင်ငံရေးအရ ရင့်ကျက္မှုဟာ "အနိုင်ရဖို့" ထက် "မှန်ကန်ဖို့" ကို ပိုပြီး အလေးထားဖို့အတွက် လူ့အဖွဲ့အစည်းကို ဦးဆောင်နေ တ့ဲ အဖွဲ့အစည်းဟာ ကျင့်သုံးပြဖို့လိုပါတယ်။ ဒါဟာ  အဖွဲ့အစည်းဆိုင်ရာ တည်ငြိမ်မှုကို ရေရှည်မှာ ပိုအားကောင်းစေပါတယ်။ အဖွဲ့အစည်းထဲမှာကို ထိပ်ပိုင်းရော အောက်ခြေပါ လူပြိန်းကြိုက်ဝါဒကို ခုခံနိုင်စွမ်းရှိဖို့ လိုပါတယ်။  စိတ်ခံစားချက်အသားပေး ဟောပြောမှုတွေ၊ ရေတိုလူပြိန်းကြိုက် မြှူဆွယ်မှုတွေနဲ့ "လှည့်ဖြားခြယ်လှယ်ခံရခြင်းသံသရာ" တွန်းလှန်နိုင်ဖို့လည်း လိုပါတယ်။ ပါတီစွဲနဲ့ အစွန်းရောက္မှုတွေကို ရိုက်သွင်းနေတာထက် ဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာကို ထည့္ တွက္တ့ဲ ခေါင်းဆောင်မှုပိုင်းကို ဖြစ်လာအောင် ပိုပြီးတွန်းအား ပေးရပါမယ်။ ခေါင်းဆောင်ပိုင်းကို ဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာ အပိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေအောင် ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ်။ အဖွဲ့အစည်းအတွင်းမှာ အမှားအယွင္းတွေ ရှိလာတ့ဲ...