အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် ကျူးကိုးကွေး

 အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် ကျူးကိုးကွေး 


"အခြားသူ ချိုးဖောက်တာတွေကိုတော့ မင်းတို့မပြောပါလား။ ငါတို့ကိုချည်း ဘာဖြစ်လို့ ပြောနေလဲ။ မင်းတို့ အခြားသူတွေကို သွားပြောရဲလား"


ဤအကြောင်းပြချက်နှင့် ဆင်ခြေတုံမျိုးအား ကျူးကိုးကွေး (Tu Quoque)ဟု ခေါ်၍ရသည်။ ကျူးကိုးကွေး (Tu Quoque) ဟူသည် လက်တင်ဘာသာစကားဖြစ်သည်။ အဓိပ္ပါယ္မှာ "မင်းလည်းထိုနည်းလည်းကောင်း" (You Too) ဟူသော အဓိပ္ပါယ္ဖြစ်သည္။ နိုင်ငံရေးနယ်ပါယ်၌ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ အမှား (Logical Fallacy) များကို ကျူးကိုးကွေး ဟုလည်း သုံးကြသည်။ ကျူးကိုးကွေး နှင့် ဆက်စပ်သော အယူအဆမှာ "ဒါပေါ့၊ ဒီတော့ ဘာဖြစ်လဲ" ( Whataboutism) အယူအဆဖြစ်သည်။ 

"Whataboutism" ဟူသည် မိမိတို့၏ အမှားတစ်ခု ထောက်ပြလာသောအခါ "ငါမှားတာ ဟုတ်တယ်၊ ဒါပေမဲ့ ( မင်းတို့/ အခြားသူတို့) လည်း အရင်က ဒီလိုမှားခဲ့တာပဲ" ဆိုကာ အမှားချင်း ပြန်တိုက်သော ဝါဒဖြန့် အကြောင်းပြမှုကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - နိုင်ငံရေး/ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု အဝေဖန်ခံရ သောအခါ "(မင်းတို့/ အခြားသူတို့)လည်း အရင်က  ဒီလိုပဲ လုပ်ခဲ့တာပဲ" ဟုဆိုသည် တန်ပြန်မှုမျိုးဖြစ်သည်။ ထိုတန်ပြန်မှုက "အမှားနှစ်ခု ပေါင်းပြီး အမှန်လုပ်ရန် ကြိုးစားခြင်း" ("Two wrongs make a right") သဘောဖြစ်သည်။ 


ကျူးကိုးကွေး (Tu Quoque Fallacy) သဘောသဘာဝမှာ "မသိ၍ ငြင်းပါယ်ခြင်း" မဟုတ်ပေ။ 

အာဏာရှင်စနစ်ကို မကြိုက်၊ လွတ်လပ်ချင်၍ အာဏာရှင်ကို တော်လှန်သည်။ တော်လှန်သော အဖွဲ့အစည်းမှ တော်လှန်ဆန့်ကျင်နေသော အာဏာရှင် စနစ်၏ ပုံစံများကို ယူသုံးမိလာသည်။ ထိုသို့ ယူသုံးမိလာသော အခါ မှားမှန်းသိသော်လည်း "ဒါပေါ့၊ ဒီတော့ ဘာဖြစ်လဲ" ( Whataboutism) ဟူသော အတွေး အခေါ်မျိုး ဖြင့် ပြန်လည်စိန်ခေါ်ခြင်းဖြစ်သည်။ အာဏာရှင်လို မှားယွင်းမှုအား ကိုယ်တိုင်က ပြုလုပ်လာပြီးနောက် "အာဏာရှင်က သူ့ဗီဇ ပင်ကိုယ်သဘောဖြင့်မှားတာ၊ ငါက အခြေအနေအရ လိုအပ်ချက်အရ မှားလိုက်ရတာ" ဟူသော သဘောဖြင့် အမှားနှစ်ခု ပေါင်းပြီး အမှန်လုပ်ရန် ကြိုးစားလာခြင်းဖြစ်သည်။ သို့သော်..... အမှားက အမှားသာဖြစ်သည်။ မည်မျှပင် လက်တွေ့ နိုင်ငံရေး  (Realpolitik) ဟု ကင်းပွန်းတတ်နေပါစေ... အမှားချင်း တူညီပြိုင်ဆိုင်နေယုံ (False Equivalency ) မျှဖြင့် အမှန်ဖြစ်မလာပေ။ ဤသည်က ကောင်းသော တုန့်ပြန်မှု (Good Retaliation) မဟုတ်ပေ။ 


ကောင်းသော တုန်ပြန်မှု (Good Retaliation) မဟုတ်ဆိုသည့် သဘောကပင် ငါတို့လုပ်ရပ်အား မည်မျှပင် ဝေဖန္ထောက္ပ​ြ ​ေနပါစေ၊ ဂရုမစိုက် လုပ်ချင်တာကို ဆက်လုပ်မည်ဟူသော သဘောက ပါနေတော့သည်။


ရခိုင်တွင် ULA/AA ဘက်ကလည်း စစ်မှုမထမ်း မနေရ  NEDP ကို ပြဌာန်းထားသည်။ မြန်မာစစ်တပ်ကလည်း သူထိန်းချုပ်နယ်မြေတွင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးနေသည်။ အချို့သော လက်နက်ကိုင် တပ်ဖွဲ့များလည်း ကျင့်သုံးနေသည်။ မည်သို့ပင် ဖြစ်စေ နိုင်ငံရေး အာဂျင်တာ တစ်ရပ်အသွင်ဖြင့် အမိန့်အာဏာ တစ်ကို အကောင်အထည်ဖော်ပါက ထိုအမိန့်အာဏာတွင် Legal Exception ဆိုသည့် တရားမျှတမှုအတွက် ချွင်းချက်သည်ပါရသည်။ အများပြည်သူဆိုင်ရာ အကျိုးစီးပွားကို ဦးတည်မှုနှင့် အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက် ကိုတန်ဖိုးမြှင့်ပေးရသည်။


မြန်မာစစ်တပ်၏ စစ်မှုမထမ်းမနေရ ပုံစံတွင် အများပြည်သူ၏ ဆန္ဒဆုံးဖြတ်ချက်၊ တရားမျှတမှုအတွက် ချွင်းချက်၊ အများပြည်သူ အကျိုးစီးပွား ပိုင်း၌ အကောင်အထည်ဖော်မှုကို မျက်ကွယ်ပြုထားသည်။ ULA/AA ၏ NEDP အား အကောင်အထည်ဖော်ရာတွင်လည်း ထိုအချက္များကို မျက်ကွယ်ပြုထားသည်။ ULA/AA ၏ NEDP တွင် တရားမျှတမှုအတွက် ချွင်းချက် အရ စစ်မှုထမ်းခြင်းမှ လုံးဝ ကင်းလွတ်ခွင့်ရသူ (၅)မျိုး၊ ရှှေ့ဆိုင္းခွင့္ရသူ (၅) မျိုး၊ လျော့ပေါ့ခွင့်ရသူ (၁) မျိုး၊ ယာယီရွေ့ဆိုင်းခွင့်ရသူ (၇) မျိုး စသဖြင့်ပါသည်။ မိမိကိုယ်တိုင် ထုတ်ပြန်ထားသော Legal Exception များကို ဂရုမစိုက်ဘဲ လူထုကို အမဲလိုက်သလို ပြုမူနေခြင်းက ရေရှည်တွင် မည်သို့မှ အလားအလာ မကောင်းနိုင်ပေ။ တရားမျှတမှုအတွက် ချွင်းချက် (Legal Exception) ဟူသည် လူကြားကောင်းအောင် စည်းမျဉ်းစည်းကမ်း ထုတ်ထားခြင်း (Political Window Dressing) မဖြစ်ရန်လိုသည်။


NEDP ၏ Legal Exception ကိုမှမဟုတ် အခြားသော ပြည်သူ့ရေးရာ ဆိုင်ရာ လုပ်ငန်းစဉ်များတွင်လည်း လူထုမှာ မိမိတို့ ရသင့်သော အခွင့်အရေးကို ယခုအခါ အသံမထွက်နိုင်ပေ။ လက်နက်ကိုင်အဖွဲ့၏ မြေပြင်၌ အာဏာရှိသူဖြစ်ကြောင်း သက်သေပြခြင်း ဗျူဟာအရ လူထုအတွက်တော့ အကြောက်တရား လွှမ်းမိုးထားသော ပတ်ဝန်းကျင် (Atmosphere of Fear ) က ရှိနေသည်။ ထိုက့ဲသို့ ပတ်ဝန်းကျင်မျိုးအောက်တွင် မြေခွေး ငြင်းချက် (Bad Faith Argument) များက ရှိတတ်သည်။ မြေခွေး ငြင်းချက် (Bad Faith Argument) များအောက်တွင် လူထုအတွက် "သက်သေပြချက် (သို့မဟုတ်) အထောက်အထားထဲမှာပင် ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်မိသွားစေသော အနေအထား" (Proof Trap) များကို ကူရာမ့ဲကယ္ရာမ့ဲ ရင်ဆိုင်သွားရနိုင်သည်။ မီဒီယာများ၊ လူ့အခွင့်အရေးလှုပ်ရှာသူများကိုလည်း တမင်ဖန်တီးထားသော အချက်အလက်အမှား ဘက်ကို ဦးတည်ပေးထားသော (Honey Pot) အခင်းအကျင်းထဲသို့ ဆွဲခေါ်ခါ ချောင်ပိတ်ရိုက်ခံရနိုင်သည်။ နောက်ဆုံးတွင် အာဏာပြသူ ပါဝါပြသူများ၏ ခံရသူ၊ နစ်နာသူဘက်ကို ကိုယ်ချင်းစာနာမှု မရှိသော "ငါတို့ လုပ်တယ်ဆိုတာ ဘာသက်သေရှိလဲ" ဆိုသည့်  မျက်နှာပြောင်တိုက် ငြင်းဆိုလာနိုင္သည်။ ထို ငြင်းဆိုနိုင်သော အခွင့်အရေးကို တည်ဆောက်ထားကာ လုပ်ကြံယုတ္တိများဖြင့် ငြင်းချက္ ချေပချက္ (Plausible Deniability ) က ပေါ်ထွက်လာနိုင်သေးသည်ပင်။


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်