Posts

Showing posts from December, 2025

ဘိုတီးယား(Bhotia)- နိဂုံး

 ဘိုတီးယား- နိဂုံး တိဘက် ဒေသရပ်ဝန်းကို ကြည့်ပါက မြောက်ဘက် ခွန်လွန်တောင်တန်း (Kunlun Mountain) နှင့် တောင်ဘက် ဟိမဝန္တာတောင်တန်း (Himalayas Mountain) ကြားတွင် ရှိနေသည်။   တိဘက်စကားပြော အနွယ်များ၏ နေရာထိုင်ရာဒေသသည်  နိုင်ငံ ငါးခုတွင် တည်ရှိသည်။ ထိုနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန် တို့ဖြစ်သည်။ တရုတ်မှ လွဲ၍ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန် တို့နှင့် တိဘက် နယ်ချင်းထိစပ်သောနေရာမှာ ဟိမဝန္တာတောင်တန်း တလျှောက်ဖြစ်သည်။ ဟိမဝန္တာ တောင်တန်းကား အိန္ဒိယ၏ မြောက်ဘက်တွင် တည်ရှိသည်။  အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာဒေသများမှာ တိဘက်အနွယ်ဝင်များ၏ ဌာနေ ဖြစ်သည်။ လာဒက် (Ladakh) "လရောင်ကမ္ဘာ" ဟု  တင်စားရသော ထိုဒေသ၏ ယဉ်ကျေးမှုမှာ တိဘက်နှင့်  အတူတူပင် ဖြစ်သည်။ လာဒက်သည် အိန္ဒိယတွင် တိဘက်အနွယ်ဝင် အများဆုံးနေရာဖြစ်ပြီး  "တိဘက်ငယ်" (Little Tibet) ဟုပင် တင်စားကြသော နေရာဖြစ်သည်။ လာဒက်အား အိန္ဒိယ ဗဟိုအစိုးရမှ တိုက်ရိုက်ကိုင်တွယ်သည်။ ဆစ်ကင် (Sikkim) ကား တိဘက်အနွယ်ဝင် ဘူတီးယား (Bhutia) လူမျိုးများ၏ ဌာနေဖြစ်သည်။ အာရူနာချာပရာဒေ့ရှ် (Arunachal Pradesh)ကား တိဘက်အနွယ်ဝင်...

ULA/AA အနေဖြင့် ပဋိပက္ခကာလအတွင်း ဒီမိုကရေစီကိုမြင့်တင်နိုင်ပါမည်လား

 ULA/AA အနေဖြင့် ပဋိပက္ခကာလအတွင်း ဒီမိုကရေစီကိုမြင့်တင်နိုင်ပါမည်လား ဤမေးခွန်းမျိုးကို အချို့က ကြိုက္မည်မဟုတ်ချေ။ တူးတူးခါးခါး ကန့်ကွက်လာနိုင်စရာလည်းရှိသည်။ စစ်ပွဲနှင့် ဒီမိုကရေစီဆိုသည်မှာက တောင်နှင့်မြောက်၊ အရှေ့နဲ့ အနောက်ဟု တဖက်သတ်ယူဆနေသူများအဖို့အတွက်တော့ တူးတူးခါးခါးဖြစ်မှုက အပစ်မဆိုသာ။ သို့သော်ထိုသူများတွင် " လွတ်လပ်စွာ ခွဲခြမ်းစိတ်ဖြာမှု" အပေါ်တန်ဖိုးထားစိတ် အနည်းငယ်ရှိပါက ဤမေးခွန်းသည် သက်တောင့်သက်သာ ရှိနိုင်မည့်မေးခွန်းသာ ဖြစ်ပေလိမ့်မည်။ စစ်ပွဲဟူသည် ရခိုင်တစ်မျိုးတည်းသာ တိုက်ဖူးသော ကိစ္စလော ဟု ဆိုလျှင် ရှေးယခင်ကပင် ယခုအချိန်ထိ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း တိုက်ဖူးသော ကိစ္စဖြစ်သည်ကို သမိုင်းက သက်သေပြနေသည်။ စစ်ပွဲဟူ၍ ဖြစ်လာလျှင် လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီအခွင့်အရေးဟူသည် နောက်ဆုတ်သွားတတ်သည်ကား အဆန်းတော့မဟုတ်ပေ။ သို့သော ်အဆန်းမဟုတ်ဟူသော မှတ်ချက်သည် ဒီမိုကရေစီကို လုံးဝပစ်ပယ်သည်ဟု အဓိပ္ပါယ္ထွက္ခြင်းမျိုးတော့မဟုတ္သေးပေ။  အင်မတန်မှ ဆတ်ဆတ်အထိမခံနိုင်သော သူများအတွက် သမိုင်း၏ နမူနာ အချိုးအကွေ့များက ရှိပါသေးသည်။ လူမှုဗေဒပညာရှင် ချားလ်စ် တဲလ်လီ ( Charles Tilly) က "War mad...

ဘိုတီးယား (Bhotia)-၁

 ဘိုတီးယား (Bhotia)-၁ တိဘက်လူမျိုးများက သူတို့ကိုယ်သူတို့ ဘိုပါ (Bhopa)ဟုခေါ်သည်။ ဘိုပါ အခေါ်အဝေါ်ကိုပင် ဥရောပသားအချို့က ဘိုတီးယား (Bhotia)ဟု ကြသည်။ တိဘက်၊ ဘူတန်၊ ဆစ်ကင် တို့သည် ဘိုတီးယားများဖြစ်ကြသည်။ လိုသျှမ်ပါ (Lhotshampa)များကို ဘူတန်များ မကြိုက်ရသည့် ကိစ္စ၏ အကြောင်းရင်းခံများထဲတွင် ဆစ်ကင်း (Sikkim) ပြည်နယ်၏ အကြောင်းတရားလည်းပါသည်။  လိုသျှမ်ပါ အကြောင်းကို ပြောလျှင် လောလောဆယ် တရုတ်ပြည်ထဲတွင်ပါနေသော တိဘက်အခြမ်းကို ဖယ်ထား၍ရသည်။ ဆစ်ကင် (Sikkim) ပြည်နယ်ဖြစ်စဉ်နှင့် ဘူတန်၏ လိုသျှမ်ပါ အကြောက်ရောဂါ ဆစ်ကင် (Sikkim) ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ဘူတန်သည် အိပ်မက္ဆိုး တစ်ခုရှိသည်။ တိဗက်နှင့် ဘူတန် သည် "ညီအစ်ကို တော်စပ်သူများ" ဖြစ်သည်။ ဆစ်ကင်း၏ မူလအခြေချ မျိုးနွယ်စုကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သော ဘူတီးယား (Bhutia) များလည်း တိဘက်အနွယ်များဖြစ်သည်။ ဘူတီးယားများ တိဘက္မှ ဆစ်ကင်ကို ဝင်ရောက်လာသောအချိန်မှာ ၁၄ ရာစုဝန်းကျင်ဖြစ်သည်။ ဘူတီးယား"Bhutia" ဆိုသော  စကားလုံးက "တိဗက်ကလာသူ" ဟူသော သဘောဖြစ်သည်။ တိဘက်၊ ဘူတန်နှင့် ဆစ်ကင်တို့သည် ရင်းမြစ်တစ်ခုတည်းက ဆင်းသက်လာသော်လည်း သမိုင်းကြောင်း၊ ...

လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား- နိဂုံး

 လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား-  နိဂုံး တပ်စွမ်းနိုင်သမျှ  နီပေါဘက္မှ က​ြိုးစားခ့ဲသောျလည္း ဒုက္ခသည်များပြန်ပို့ရေးမှာ အခြေအနေက မကောင်းတော့ပေ။ ဤသို့ဖြင့် နီပေါအနေဖြင့် ဒုက္ခသည်များအား တတိယနိုင်ငံတစ်ခုတွင် နေရာချထားနိုင်ရန် ပြင်ဆင်လာရသည်။ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ စသည့်နိုင်ငံများပါဝင်သည့် ရှစ်နိုင်ငံအုပ်စုမှ ဒုက္ခသည်များကို လက်ခံပေးသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘူတန် ဒုက္ခသည် ၁၁၃,၅၀၀ ကျော်အား နိုင်ငံအသီးသီးတွင် နေရာချထားမှုက ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နေရာချထားရေး၏ အကြီးဆုံးဖြစ်စဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နီပေါ အရှေ့ပိုင်း ကမ့်များတွင် ဒုက္ခသည် ၆၃၆၅ ယောက်က ကျန်နေသေးသည်။  တတိယနိုင်ငံများက လက်ခံပေးမှုက ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် အသက်ရှူပေါက်တစ်ခုဖြစ်သော်လည်း ဤသည်ကပင် ဘူတန်၏ လူမျိုးတစ်ခုတည်း (Homogenisation Project) မူဝါဒကို ကြေကွဲစရာ အရှုံးပေးမှုလည်း ဖြစ်သည်။ ဒုက္ခသည်များ၏ နေရပ်ပြန်ရေး ငြင်းပါယ်ခံနေရဆဲဖြစ်သည်။ နိုင်ငံတစ်ခု၏ တူးတူးခါးခါး ငြင်းပါယ်နေမှု (intransigence) ကို မျက်နှာချင်းဆိုင်နေရသော ဒီပလိုမေစီ အကန့်အသတ်အောက်တွင် ဇတ်နာနေရမှုက အလီလ...

လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား -၁

  လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား-၁ လိုသျှမ်ပါ (Lhotshampa) ဟူသည် ဘူတန် ဒရုက်ပ လူမျိုးစု ( Drukpa ethnic groups) အုပ်စုများ၏ ဘာသာစကား အဓိပ္ပါယ်အရ " တောင်ပိုင်းနယ်စပ်တွင်နေထိုင်သူ"ပင်။  ဘူတန်တို့အခေါ်အရ "ဘူတန်ထဲတွင် နေထိုင်သော နီပေါလူမျိုးများကို လိုသျှမ်ပါ" ဟုခေါ်ကြခြင်းဖြစ်သည်။ လိုသျှမ်ပါ တို့အား အခြားတဖက်တွင် ဘူတန်ဒုက္ခသည် (Bhutanese Refugee) ဟုလည်းခေါ်သည်။  လိုသျှမ်ပါတို့ကား ဘူတန်တွင် နိုင်ငံသားဖြစ်မှုနှင့် ပြည်သူဆိုင်ရာ အခွင့်အရေးများ ရုတ်သိမ်းခံထားရသူမ​ျားဖြစ်သည်။ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတလျှောက် ဘူတန် မိုးကြိုးနဂါးမင်းဆက်၏ မူဝါဒများအရ လိုသျှမ်ပါတို့အား တဖက်သတ် နေရာရွေ့ပြောင်းမှုကို ပြုခ့ဲသည္။ ထိုမူဝါဒ ကို အတင်းအကြပ်အကောင်အထည်ဖော်သောအခါ လိုသျှမ်ပါ များ နီပေါနိုင်ငံထဲကို ခိုလုံရတော့သည်။ ဤသို့ဖြင့် ဘူတန် ဒုက္ခသည် ပြဿနာ (Bhutanese Refugee Crisis) ဟူသည် ပေါ်ထွက္လာခ့ဲသည္။ ဘူတန်ရှိ လူမျိုးစုများက ဝီဇယာယနဗုဒ္ဓဘာသာ (တိဘက်ဗုဒ္ဓဘာသာ) များဖြစ်ပြီး တိဘက်တို-ဘားမင့် အုပ်စုဘာသာစကားပြောကြသည်။  လိုသျှမ်ပါ ဟု ဘူတန်တို့က ခေါ်သော သူများတော်တော်များမျာ...

ရိုဟင်ဂျာများနေရပ်ပြန်ရေးမှာ ဒေသရဲ့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ကြောင့် အခက်တွေ့နေဆဲဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး ပြောကြား

 ရိုဟင်ဂျာများနေရပ်ပြန်ရေးမှာ ဒေသရဲ့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ကြောင့် အခက်တွေ့နေဆဲဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး ပြောကြား တောင်အာရှဒေသတွင်းနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများ တိုက်ဖျက်ရေး (UNODC) ရဲ့ ကိုယ်စားလှယ်အသစ် အဖြစ် ခရစ်စတန် ဟဲလ်ဂျ် (Kristian Hlge) ကို ခန့်အပ်လိုက်ပါတယ်။ တောင်အာရှဆိုင်ရာ UNODC ရုံးက နယူးဒေလီမှာ အခြေစိုက်ပါတယ်။ ခရစ်စတန် ဟဲလ်ဂျ်ဟာ ဒါကာ ကို ရောက်ရှိလာပြီး ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး အမ်ဒီ တိုဟဒ် ဟူစိန် ( Md Touhid Hossain) ကို သူရဲ့ ခန့်အပ်လွှာ (Letter of Credence) ကို ပေးအပ္ခ့ဲတယ္လို့ ဘင်္ဂလားဒေရှ့် အခြေစိုက္မီဒီယာတွေက ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။ UNODC ရဲ့ အသစ္ရောက္ရှိလာတ့ဲ ခရစ်စတန် ဟဲလ်ဂျ် (Kristian Hlge) က ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေးအရာရှိကို သူရဲ့ လုပ်ငန်းစဉ်တွေကို အတိုချုပ္ကို ရှင်းပြခ့ဲပါတယ်။ တောင်အာရှ ဆိုင်ရာ UNODC ရုံးက  ၁- မူးယစ်ဆေးဝါး ကုန်ကူးမှု ( drug trafficking) ၂- လူကုန်ကူးမှု (human trafficking) ၃- အဂတိတရားနဲ့ လာဘ္ပေးလာဘ်ယူ လုပ်မှု (corruption) ၄- အကြမ်းဖက္မှု ( terrorism) ၅- အ...

အွန်လှိုင်းကိုအသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေရှ့် အဆိုပြုထား

 အွန်လှိုင်းကိုအသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေရှ့် အဆိုပြုထား အောက်တိုဘာလ ၂၁ ရက်က ၂၄ ရက်အထိ ဗီယင်နာက ကုလသမဂ္ဂရုံးချုပ်မှာ မူးယစ်ဆေးဝါးကုန်သွယ်မှုအား နည်းပညာဖြင့် တိုက်ဖျက်ခြင်း ဒုတိယအကြိမ် အစည်းအဝေးကို ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ မူးယစ်ဆေးဝါးထိမ်းချုပ်ရေးဌာန (NDC) အထွေထွေဒါရိုက်တာ အမ်ဒီ ဟာဆန် မာရဖ် (Md Hasan Maruf) က တက်ရောက်ခ့ဲပါတယ္။ အဲဒီအစည်းအဝေးမှာ ဘင်္ဂလားဒေရှ့်ဘက်က အခုလို အဆိုပ​ြုခ့ဲတာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (International Narcotics Control Board- INCB) ရဲ့ အောက္မှာ ဒီဂျစ်တယ် နည်းပညာဖြင့် မူးယစ်ဆေးဝါး ထောက်လှမ်းရေးနဲ့ အချက်အလက်စုဆောင်းရေး ကမ္ဘာလုံးဆိုင်ရာ စင်တာ (Global Digital Narcotics Intelligence and Exploitation Reporting Centre- DNIRC) ကို တည်ထောင်ဖို့ကို အဆိုပြုထားပါတယ်။ ဒါဟာအွန်လိုင်းနဲ့ နည်းပညာကိုအသုံးပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးဖို့ ခိုင္မာတ့ဲကမ္ဘာလုံးဆိုင္ရာ ပူးပေါင်းဆောင်ရွက္မှုကို ဦးတည်ပါတယ်။ INCB အတွင်းရေးမှုးအဖွဲ့ကိုလည်း အဖွဲ့နိုင်ငံများတွေ၊ နည်းပညာကုမ္ပဏီတွေနဲ့ နိုင်ငံတကာအဖွဲ့အ...

ဘင်္ဂလားဒေရှ့် စစ်တကောင်းဆိပ်ကမ်းတွင် အမေရိကန် သင်္ဘောများ ကမ်းကပ်ရန် စိတ်ဝင်စားနေ

 ဘင်္ဂလားဒေရှ့် စစ်တကောင်းဆိပ်ကမ်းတွင် အမေရိကန် သင်္ဘောများ ကမ်းကပ်ရန် စိတ်ဝင်စားနေ ဘင်္ဂလားဒေရှ့်မှာရှိတ့ဲ အမေရိကန်သံရုံးက ကိုယ်စားလှယ် ၄ ဦးပါတ့ဲ အဖွဲ့တစ်ခုဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်တကောင်းဆိပ်ကမ်းကို လာရောက်ခ့ဲပါတယ္။ အမေရိကန် ကိုယ်စားလှယ်တွေဟာ စစ်တကောင်းရဲ့ စီတာကန်တာ ( Sitakunda) မှာရှိတ့ဲ အဓိက သင်္ဘောကြီးတွေ ကမ္းကပ္နိုင္တ့ဲ နေရာကို လေ့လာခ့ဲက​ြတာပါ။ ဘင်္ဂလားဒေရှ့်ဘက်ကတော့ အမေရိကန်ရဲ့ နည်းပညာဆိုင်ရာ အပံအပိုးနဲ့ ရင်းနှီးမြုပ်နှံမှုကို လိုအပ်နေပါတယ်။ အမေရိကန် သံရုံးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံရေးနဲ့ စီးပွားရေး ကောင်စစ်ဝန် အီရစ် ဂီလန် (Eric Geelan) က ဦးဆောင်ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ အကြီးဆုံး ဆိပ်ကမ်းတွေထဲက တစ္ခုဖြစ်တ့ဲ ဘာတီးယားရီ (Bhatiary) က နေရာတွေကိုလည္းသွားရောက်ခ့ဲပါတယ္။ ဘာတီးရီးယား က ပေပေါင်း ၆ သိန်း စကွဲယားပတ္လည္ကျယ္တ့ဲနေရာပါ။ အမေရိကန် သံရုံးကိုယ်စားလှယ်က အဲဒီနေရာမှာ အမေရိကန် ကုမ္ပဏီတွေလာရောက် ရင်းနှီးမြုပ်နှံဖို့ကို သူ့အနေနဲ့ အားပေးတယ်လို့ ဆိုပါတယ်။ လင်းယုန်ကမြောက် နဂါးက တောင် စစ်တကောင်းက အမေရိကန်တွေ စိတ်ဝင်စားနေ တ့ဲ  စီတာကန်တာ ( Sitakunda) ဟာ စစ်တကောင်း ဆိပ်ကမ်းရဲ့ မြော...

အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် တပ်မှုးအဆင့်တွေ့ဆုံ

 အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် တပ်မှုးအဆင့်တွေ့ဆုံ အိန္ဒိယ နယ်ခြားစောင့်တပ် (BSF) နဲ့ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ် (BGB)တို့ဟာ တပ်မှုးအဆင့် တွေ့ဆုံကြတယ်လို့ ထရိပူရကလာတ့ဲ သတင်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ ထရိပူရနယ္ မြေထဲမှာရှိတ့ဲ နယ်စပ်အနီး မာနူဂတ် (Manughat)နေရာ က မြေယာအကောက်ခွန်ရုံးမှာ တွေ့ဆုံကြတာပါ။  အဲဒီတွေ့ဆုံမှုမှာ နယ်စပ်တလျှောက် ဖြစ်ပျက်ခ့ဲတ့ဲ အခြေအနေအပေါ်မှာ နှစ်ဘက်စလုံးက ပြန်လည်သုံးသပ်မှုတွေ လုပ္ခ့ဲက​ြပါတယ္။ နယ်စပ်ဒေသ စီမံခန့်ခွဲရာမှာ အရေးက​ြီးတ့ဲ အချက်တွေကိုလည်း ဆွေးနွေးခ့ဲက​ြသလို ခွင့္ပြုချက္မ့ဲ ဖြတ်ကျော်ဝင်ရောက္မှုတွေ၊ မှောင်ခိုကုန်ပစ္စည်းတင်သွင်းမှုတွေလိုမျိုး တရားမဝင် လုပ်ရပ်တွေကို တားဆီးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက္မှုတွေ အားကောင်းလာဖို့နဲ့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကို ရည်ရွယ်ပြီး အခုလိုတွေ့ဆုံကြတာပါ။ အိန္ဒိယ အကြီးတန်းအရာရှိတွေက ခိုင္မာတ့ဲ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရေးတွေဟာ အပြန်အလှန်နားလည်မှုလွဲမှားတာတွေကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပြီးရင် နယ်စပ်တလျှောက် တည်ငြိမ်ရေးကိုလည်...

နတ်မြစ်ကမ်းပါး တဖက်တချက်စီက သတင်းလွတ်လပ်ခွင့်နှင် ထုတ်ဖော်ပြောကြားခွင့်

 နတ်မြစ်ကမ်းပါး တဖက်တချက်စီက သတင်းလွတ်လပ်ခွင့်နှင် ထုတ်ဖော်ပြောကြားခွင့် ရုပ်ပိုင်း ဆိုင်ရာနှင့် ဒီဂျစ်တယ်ပိုင်း ဆိုင်ရာ တိုက်ခိုက္မှု (physical and digital attacks) ဘင်္ဂလားဒေရှ့်မှာတော့ ၂၀၂၆ ရွေးကောက်ပွဲအတွင်း တိုက်ခိုက်ခံရမှာကို သတင်းထောက္ တွေ စိုးရိမ်နေပါတယ်။ ခရိုင်နယ်မြေ ၁၉ခုက သတင်းထောက် ၂၀၁ ဦးကို သဘောထားအမြင် မေးမြန်း တ့ဲအခါမှာ ဖြေဆိုသူ ၈၉% က ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ အမျိုးသမီးသတင်းထောက် ၅၀% ကတော့ စော်ကားခံရမှာကို စိုးရိမ်ပြီး အခြားအမျိုးသမီးသတင်းထောက် ၄၀% က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ သတင်းထောက် ၇၅ % က မဟုတ်မမှန်သတင်းတွေနဲ့ အလုပ်ရုံးခန်းတွေကို လုပ်ကြံတိုက်ခိုက်ခံရမှာကို စိုးရိမ်သလို ၆၅ % ကတော့ သူတို့အချက်အလက်တွေ အဟက်ခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ အဆိုပါစစ်တမ်းမှာ သတင်းထောက်တွေအတွက် ဘေးကင်းလုံခြုံတ့ဲ အခြေအနေကို ဖန်တီးပေးဖို့၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို ကာကွယ်ပေးဖို့နဲ့ သတင်းလုပ်ငန်းခွင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ကို တောင်းဆိုထားပါတယ်။ သတင်းထေ...