လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား -၁

  လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား-၁


လိုသျှမ်ပါ (Lhotshampa) ဟူသည် ဘူတန် ဒရုက်ပ လူမျိုးစု ( Drukpa ethnic groups) အုပ်စုများ၏ ဘာသာစကား အဓိပ္ပါယ်အရ " တောင်ပိုင်းနယ်စပ်တွင်နေထိုင်သူ"ပင်။  ဘူတန်တို့အခေါ်အရ "ဘူတန်ထဲတွင် နေထိုင်သော နီပေါလူမျိုးများကို လိုသျှမ်ပါ" ဟုခေါ်ကြခြင်းဖြစ်သည်။ လိုသျှမ်ပါ တို့အား အခြားတဖက်တွင် ဘူတန်ဒုက္ခသည် (Bhutanese Refugee) ဟုလည်းခေါ်သည်။ 


လိုသျှမ်ပါတို့ကား ဘူတန်တွင် နိုင်ငံသားဖြစ်မှုနှင့် ပြည်သူဆိုင်ရာ အခွင့်အရေးများ ရုတ်သိမ်းခံထားရသူမ​ျားဖြစ်သည်။ ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတလျှောက် ဘူတန် မိုးကြိုးနဂါးမင်းဆက်၏ မူဝါဒများအရ လိုသျှမ်ပါတို့အား တဖက်သတ် နေရာရွေ့ပြောင်းမှုကို ပြုခ့ဲသည္။ ထိုမူဝါဒ ကို အတင်းအကြပ်အကောင်အထည်ဖော်သောအခါ လိုသျှမ်ပါ များ နီပေါနိုင်ငံထဲကို ခိုလုံရတော့သည်။ ဤသို့ဖြင့် ဘူတန် ဒုက္ခသည် ပြဿနာ (Bhutanese Refugee Crisis) ဟူသည် ပေါ်ထွက္လာခ့ဲသည္။


ဘူတန်ရှိ လူမျိုးစုများက ဝီဇယာယနဗုဒ္ဓဘာသာ (တိဘက်ဗုဒ္ဓဘာသာ) များဖြစ်ပြီး တိဘက်တို-ဘားမင့် အုပ်စုဘာသာစကားပြောကြသည်။ 


လိုသျှမ်ပါ ဟု ဘူတန်တို့က ခေါ်သော သူများတော်တော်များများမှာ ဟိန္ဒုကိုးကွယ်မှုနှင့် အင်ဒိုအာရိယံ ဘာသာစကားအုပ်စုများ ဖြစ်သော ခါးစ် အာရိယ (Khas Arya) များ ဖြစ်သည်။ သို့ရာတွင် နီပေါရှိ ဂျနဇာတိ (Janajati)ဟု ခေါ်သော တိဘက်တို ဘားမင့်အုပ်စုများလည်း ရှိကြသည်။ လိုသျှမ်ပါ အဖြစ်သတ်မှတ်ခံရသော ဂျနဇာတိ အုပ်စုထဲတွင် မာဂါ (Magar)၊ ဂုရမ် (Gurung )၊ ရိုင်း (Rai)၊ လမ်ဘု (Limbu (Kirati))၊ တာမန် (Tamang) နှင့် နီဝါ (Newar) တို့လည်း ပါဝင်ကြသည်။ ဘူတန်တို့ အခေါ်အရ နီပေါနိုင်ငံထဲမှ ဘူတန်၏ တောင်ပိုင်းဒေသများသို့ ဝင်လာသူ ကို လိုသျှမ်ပါ ဟုခေါ်သည်။ လိုသျှမ်ပါသည် ဘူတန်နိုင်ငံသားမဟုတ်ဟု ဆိုသည်။


ဤမျှလောက်ဆိုလျှင် လိုသျှမ်ပါ သို့မဟုတ် ဘူတန် ဒုက္ခသည် အကြပ်အတည်း ( Bhutanese Refugee Crisis)၏ ဇစ်မြစ်အချို့ကိုနားလည်ရန်လုံလောက်ပါ၏။ နီပေါနိုင်ငံ အရှေ့ဘက်တွင် လိုသျှမ်ပ ဒုက္ခသည်ပေါင်း တစ်သိန်းလောက္မှာ UNHCR ကမ့်များတွင်ရှိနေ ခ့ဲသည္။ ထိုကမ့်များအား ဘူတန်တို့အမြင်တွင် နီပေါလူမျိုးများ ၎င်းတို့နှင့်ဆိုင်သည့် နေရာတွင္ရှိနေသည္ဟု မြင်နေကြသည်။ သို့သော် အဖြေက ထိုမျှလောက် မရိုးရှင်းပေ။ ပြန်လက်ခံရေးနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ နီပေါနှင့် ဘူတန်တို့ကြား ပြောခ့ဲ ဆိုခ့ဲ တွေ့ခ့ဲသည္။ ဘူတန်ဖက်က လက္မခံပေ။ နောက်ပိုင်းတွင်တော့ လိုသျှမ်ပါ များအား တတိယနိုင်ငံများမှ ခိုလုံခွင့်ပေးလာရာ နီပေါနိုင်ငံအတွက် ထမ်းပိုးရသော ဝန်ထုတ်ဝန်ပိုးမှာ လျော့ပါးလာခ့ဲသည္။ ထိုသို့လျော့လာခ့ဲရာမှ သံခင်းတမန်ခင်းတင်းမာမှုကလည်း နှစ်နိုင်ငံကြား အနည်းငယ် ဖြေလျော့ကာ လမ်းပွင့္လာခ့ဲသည္။


သို့သော် ယခုအချိန်ထိ တော့ ထိုကိစ္စသည် နီပေါနှင့် ဘူတန် နှစ်နိုင်ငံကြား ခုလုခုလု ဖြစ်နေကြဆဲပင်။ နီပေါ၌ ဂျင်ဇီလူငယ်များ လမ်းမပေါ်ထွက်လာပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အပြောင်းအလဲများအောက်တွင်ပင် ထို လိုသျှမ်ပါ ကိစ္စက အစိုင်အခဲ ရှိနေသေးသည်။ မကြာသေးမှီ လများအတွင်း နီပေါလီတိုင်းမ် မီဒီယာတွင် လိုသျှမ်ပါ ကိစ္စနှင့်ပတ်သက်၍ နီပေါဘက္မှ အမြင်ကို ဖော်ပြထားသည်။ ထို သဘောထားအမြင် ဆောင်းပါးက နီပေါ၊ အိန္ဒိယ၊ ဘူတန် တို့ကြား အခြေအနေကို သိရှိနိုင်သဖြင့်  ထပ်ဆင့် ဖော်ပြလိုက်ပါသည်။


၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်၊ (၁၂)ရက် တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဘူတန်သို့ အလည်အပတ္သွားခ့ဲသညျ။ ထိုခရီးစဉ်က အိန္ဒိယအတွက် အမေရိကန် ဒေါ်လာ သန်း ၄၅၀ ခန့် ရင်းနှီးမြုပ်နှံမည့် ခရီးစဉ်လည်းဖြစ်သည်။ အိန္ဒိယက ရေအားလျှပ်စစ်ထုတ်ယူရေးစီမံကိန်းများကို စိတ်ဝင်စားနေသည်။ ဒေါ်သန်း ၄၅၀ ရင်းနှီးမြုပ်နှံ့မည့်အစီအစဉ်က ဘူတန် ဘုရင်  ဂျီမီ ဆန်ဂီ ဝင်ချောက် ( King Jigme Singye Wangchuk) အတွက် မွေးနေ့လက်ဆောင် သဖွယ်ဖြစ်သည်။ 


အိန္ဒိယသည် ဘူတန်အတွက် ယုံကြည်ရသော ရင်းနှီးမြုပ်နှံ့သူဖြစ်သည်။ ဘူတန်သည် သူ့၏ တနိုင်ငံလုံးလူဦးရေ၏ ၁၇% အပေါ် ၁၉၈၀ ပြည့်လွန်ကာလများက စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုကို ကျူးလွန္ခ့ဲသူဖြစ်ပြီး လက်ရှိအချိန်ထိ တာဝန်ယူမှု ကင်းလွတ်နေဆဲဖြစ်သည်။ နယူဒေလီသည် ထိုဖြစ်စဉ်အပေါ် မဟာဗျူဟာမြောက် နုတ်ဆိတ်ခြင်း (strategic silence) ကို စွဲကိုင်ထားသည်။ 


လက်ရှိတွင် ဘူတန်ဘက်က ဂီလီဖု (Gelephu) အမည်ရ စိတ်ကူးယှဉ်မြို့တော် (Mindful City)ကို တည်ဆောက်နေသည်။ ထိုမြို့တော်က အိန္ဒိယ၏ အခြေခံ အဆောက်အအုံ များနှင့် ခြိတ်ဆက္မည်ဖြစ်သည်။ မူဝါဒ၏ သားကောင် (victim) များကတော့ ရှိနေသည်။ ထုံးစံအတိုင်းပင် ထိုမြို့တော်သစ်စီမံကိန်းကြောင့် ထိခိုက်ခံစားခ့ဲရသူများအတွက္ ဒီမိုကရေစီကို ကျင့်သုံးသော အိန္ဒိယသည် အသံထွက်ပေးရန် ပျက်ကွက်ဆဲပင်။ ထိုအတွက် အငြင်းအခုန်ပြုလုပ်မည့် လိုသျှမ်ပါ တစ်ဦးတစ်ယောက္မှမရှိ။ ငြင်းခုန်ရန်လည်း အိန္ဒိယက စိတ်မပါ။ ဘူတန်ကတော့ သဘောထားကွဲလွဲမှုအပေါ် နှိပ်ကွပ်နေဆဲ။ ထိုသို့ နှိပ်ကွပ်မှုက အပြစ်မှလည်း လွတ်ကင်းဆဲဖြစ်သည်။ ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းက လူမှုကွန်ရက် မီဒီယာတွင် ထင်းရှားသူ ရာဂူး ပတိ ဆုဘေဒီ (Raghu Pati Subedi) မှာ အာသံဘက်တွင် အဖမ်းခံလိုက်ရသည်။ အိန္ဒိယက သူ့အား ဘူတန္ သို့လွဲပေးခ့ဲသည္။အခုသူ တမ်ဘူ အကျဥ်းထောင်တွင် အဖမ်းခံနေရသည်။


ဤသည်ကား ဘူတန်၏ သီးခြားဖြစ်စဉ်မဟုတ်ပေ။ စနစ်တကျ အစီအစဉ်ရှိရှိ ကွင်းဆက္မပြတ်ဖြစ်စဉ်သာ။ 


ထွက်ခွာသွားရသူ (Exodus) 

၁၉၉၀ ပြည့်လွန်ကာလများက လိုသျှမ်ပါ တစ်သိန်းဝန်းကျင် ဘူတန်မှ ထွက်ခွာသွားရမှုသည် သွေးရိုးသားရိုး သူအလိုလိုဖြစ်လာသော ဖြစ်စဉ် (Spontaneous event) တော့မဟုတ်။ နိုင်ငံအင်စတီကျူးရှင်းတစ်ရပ်က ဦးဆောင်ကာ အကောင်အထည်ဖော်သော ခွဲခြားဆက်ဆံမှု (State-led Discrimination)၏ အထွဋ်အထိပ်ကာလများ၏ ပြယုဂ်များဖြစ်သည်။ အထူးသဖြင့် ဘူတန်၏ ပြည်သူလူထုတမျိုးတည်းရှိရမည်ဟူသော(One Nation၊ One People policy) မူဝါဒ၏ အမှောင်ဘက်အခြမ်းများ အားကောင်းရာ ပြယုဂ်သက်သေများဖြစ်သည်။ ၁၉၈၅ခု နှစ် ဘူတန် နိုင်ငံသားအက်ဥပဒေ၊ ၁၉၈၉ ခုနှစ် One Nation၊ One people မူဝါဒများက နီပေါစကားပြောသော ဘူတန်နိုင်ငံသားများ၏ အခွင့်အရေးကို စနစ်တကျ ချနင်းတော့သည္။ နီပေါလို စကားမျိုး၊ နီပေါလို ဝတ်စားဆင်ယင်မှုမျိုးက One Nation၊ One people မူဝါဒဘက်က ကြည့်လျှင် ဖိနှိပ်စရာ။ One Nation၊ One People အရ ဘူတန်နိုင်ငံတွင် ဝတ်ဆင်ရမည့် အမျိုးသားဝတ်စုံ ကိုပြဌာန်းလိုက်သည်။ ဤသို့ဖြင့် တိဘက်တို-ဘားမင့် အုပ်စုများနှင့် အင်ဒိုအာရိယံ များကြား ပဋိပက္ခက ဖြစ်လာသည်။ လိုသျှမ်ပါ တို့၏ နိုင်ငံသားဖြစ်မှုကို ရုတ် သိမ်းခဲ့သည်။ ဤသို့ဖြင့် လိုသျှမ်ပါများ နိုင္ငံမ့ဲဘဝ ရောက်ကုန်သည်။


လက်ရှိ ရာဂူး ပတိ ဆုဘေဒီ (Raghu Pati Subedi) ၏ ဖြစ်စဉ်မှာ လက်ရှိ အကျပ်အတည်းနှင့် ဒုက္ခကဆိုလျှင် ထိုဒုက္ခမှာ နှစ်ပေါင်း ၃၅ နှစ်အထိ ကြာနေပြီးဖြစ်သော အမှတ်အသားတစ်ခုဖြစ်သည်။ ထိုအမှတ်အသားက အတိုက်အခံများကို နှိပ်ကွပ်ဖိနှိပ်မည် ဆိုသော အမှတ်အသားဖြစ်သည်။ ဒုက္ခသည်များ စုပုံနေမှုက မြင့်တက်နေ ခ့ဲ ချိန်တွင္ နီပေါအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေ ခ့ဲသည္မှာ မေးနေစရာမလိုတော့ချေ။ နီပေါနိုင်ငံအတွက် နိုင်ငံရေးမတည်ငြိမ်မှုများ၊ အရင်းအမြစ်အကန့်အသတ်များကြားတွင် ချောင်ပိတ်နေရချိန်တွင် ပင်ထိုဝန်ထုတ်ဝန်ပိုးမှာ လေးလံလာသော်လည်း နီပေါနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုဘက်ကသာ ရပ်တည်နေဆဲ ဖြစ်သည်။ ဒုက္ခသည်များ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးက နီပေါအတွက် သံခင်းတမန်ခင်းတွင် ပုံသေ ဆော် ေဩာ်စရာ ဖြစ်လာခ့ဲသည်။


နှစ်ကာလများစွာ နီပေါအနေဖြင့် ဘူတန်နှင့် ညှိ့နှိုင္းခ့ဲသည္။ ထင်သာမြင်သာသော ဖြစ် စဉ်များဖြစ်ခ့ဲသည္။  သို့သော် နီပေါ၏ ကြိုးစားအားထုတ်မှုများ အကောင်အထည်ဖြစ်လာရန် ဘူတန်ဘက်တွင် မူတည်နေပြန်သည်။ နီပေါနိုင်ငံကတော့ ကျင့်ဝတ်နှင့် လူသားချင်းစာနာမှုအပေါ်တွင် မယိုင်လဲပေ။ နိုင်ငံတကာကတော့ ဘူတန်၏ တာဝန္ယူစိတ္ကင္းမ့ဲမှုအပေါ်ကိုင်တွယ်ရန် ကျရှုံးနေဆဲ ဖြစ်သည်။

ဘူတန်၏ တမျိုးသားလုံး စိတ်အေးချမ်းပျော်ရွင်ရေး (Gross National Happiness- GNH) တန်ဖိုးစံနှုန်းက ဘာလဲဟု မေးစရာရှိလာသည်။ ထိုစံနှုန်းအပေါ်တွင် ဘူတန်အုပ်ချုပ်သူများက ဆရာတစ်ဆူလို ဟစ်ကြွေးထားသည်။ တကယ်မြေပြင်၏ ကြမ်းကြုတ်သော အမှန်တရား (grim reality)မှာ ဘူတန် ဒုက္ခသည် စခန်းများ ရှိနေဆဲ ဖြစ်သည်။


ဆက်ရန်








Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း