ဘင်္ဂလားဒေရှ့် စစ်တကောင်းဆိပ်ကမ်းတွင် အမေရိကန် သင်္ဘောများ ကမ်းကပ်ရန် စိတ်ဝင်စားနေ
ဘင်္ဂလားဒေရှ့် စစ်တကောင်းဆိပ်ကမ်းတွင် အမေရိကန် သင်္ဘောများ ကမ်းကပ်ရန် စိတ်ဝင်စားနေ
ဘင်္ဂလားဒေရှ့်မှာရှိတ့ဲ အမေရိကန်သံရုံးက ကိုယ်စားလှယ် ၄ ဦးပါတ့ဲ အဖွဲ့တစ်ခုဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်တကောင်းဆိပ်ကမ်းကို လာရောက်ခ့ဲပါတယ္။ အမေရိကန် ကိုယ်စားလှယ်တွေဟာ စစ်တကောင်းရဲ့ စီတာကန်တာ ( Sitakunda) မှာရှိတ့ဲ အဓိက သင်္ဘောကြီးတွေ ကမ္းကပ္နိုင္တ့ဲ နေရာကို လေ့လာခ့ဲကြတာပါ။ ဘင်္ဂလားဒေရှ့်ဘက်ကတော့ အမေရိကန်ရဲ့ နည်းပညာဆိုင်ရာ အပံအပိုးနဲ့ ရင်းနှီးမြုပ်နှံမှုကို လိုအပ်နေပါတယ်။
အမေရိကန် သံရုံးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံရေးနဲ့ စီးပွားရေး ကောင်စစ်ဝန် အီရစ် ဂီလန် (Eric Geelan) က ဦးဆောင်ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ အကြီးဆုံး ဆိပ်ကမ်းတွေထဲက တစ္ခုဖြစ်တ့ဲ ဘာတီးယားရီ (Bhatiary) က နေရာတွေကိုလည္းသွားရောက်ခ့ဲပါတယ္။ ဘာတီးရီးယား က ပေပေါင်း ၆ သိန်း စကွဲယားပတ္လည္ကျယ္တ့ဲနေရာပါ။ အမေရိကန် သံရုံးကိုယ်စားလှယ်က အဲဒီနေရာမှာ အမေရိကန် ကုမ္ပဏီတွေလာရောက် ရင်းနှီးမြုပ်နှံဖို့ကို သူ့အနေနဲ့ အားပေးတယ်လို့ ဆိုပါတယ်။
လင်းယုန်ကမြောက် နဂါးက တောင်
စစ်တကောင်းက အမေရိကန်တွေ စိတ်ဝင်စားနေ တ့ဲ စီတာကန်တာ ( Sitakunda) ဟာ စစ်တကောင်း ဆိပ်ကမ်းရဲ့ မြောက်ဘက္မှာ တည်ရှိနေပါတယ်။ စစ်တကောင်း ဆိပ်ကမ်းရဲ့ တောင်ဘက္မှာတော့ တရုတ္စီမံကိန္းတွေရှိတ့ဲ အန်ဝါရာ (Anwara) ရှိနေပါတယ်။
ဗျူဟာဆုံချက် စစ်တကောင်း
တောင်အာရှ နိုင်ငံ ၃ ခုဖြစ်တ့ဲ အိန္ဒိယ၊ ဘူတန်၊ နီပေါ တို့ဟာ စစ်တကောင်း ဆိပ်ကမ်းကို (Tranship port) အဖြစ်အသုံးပြုနေရပါတယ်။ အိန္ဒိယအတွက် အရှေ့မြောက် ပြည်နယ်များဟာ ကုန်းတွင်းပိတ်ဖြစ်သလို ဘူတန်နဲ့ နီပေါ တို့ဟာလည်း ကုန်းတွင်းပိတ်တွေပါ။ အိန္ဒိယဟာလည်း BBIN ပတ်လမ်းတစ်ခုကို စိတ်ကူးယဉ်နေပါတယ်။
အန်ဝါရာ ဘက္မှာ တရုတ် စီးပွားရေးနဲ့ စက္မှုဇုန် (Chinese Economic and Industrial Zone -CEIZ) ရှိပါတယ်။
၁- CEIZ အတွင်းမှာ စက်ရုံတွေ လည်ပတ်ဖို့အတွက် တရုတ်ရဲ့ FDI (Foreign Direct Investment) က လာတ့ဲ ရင်းနှီးမြုပ်နှံမှုတွေဟာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရှိပါတယ်။
၂- စွမ်းအင်ကဏ္ဍမှာ ဘန်ရှခါလီ ပါဝါ ပလင်တ် (Banshkhali Power Plant) အတွက် တရုတ်ဘဏ်တွေက ချေးငွေယူထားတ့ဲတာက အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံရှိပါတယ်။
၃- CEIZ အတွင်းမှာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၄၈ မီလီယံ စီမံကိန်းရှိပါတယ်။ ဒီစီမံကိန်းအတွက် ဘင်္ဂလားဒေရှ့်အစိုးရက ဧက ၈၀၀ ကျယ္ဝန္းတ့ဲနေရာမှာ မြေယာနဲ့ ရေ၊မီး၊ ဓာတ်ငွေ့ စတ့ဲ သွယ်တန်းရေးတို့အတွက္ တာကာငွေ သိန်းပေါင်း ၄၀၅၆ သိန်းကို ကနဦးမတည်ပေးထားပါတယ်။ CEIZ အတွင်းမှာ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၅၇ သန်းကို လျာထားပါတယ်။ အထွေထွေ ဆောက်လုပ်ရေးပစ္စည်းတွေကအစ ဆက်သွယ်ရေးပစ္စည်းတွေအထိ CEIZ အတွင်းမှာ တရုတ်ကုမ္ပဏီတွေက တည်ဆောက်ပါလိမ့်မယ်။ ဒါကြောင့် CEIZ အတွင်းမှာ ဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက် လည်ပတ်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံကျော် ရှိပါတယ်။
ဒီလို အခင္းအကျင္းအောက္မှာ သင်္ဘောလုပ်ငန်းနဲ့ ပတ်သက်လို့ စစ်တကောင်းကို အမေရိကန်လည်း စိတ်ဝင်စားကြောင်း လက္ခဏာတွေ ပြလာတာပဲ ဖြစ်ပါတယ်။
ကိုးကား
အမေရိကန် ကိုယ်စားလှယ်များ စစ်တကောင်းဆိပ်ကမ်းသို့ အလည်အပတ်ရောက်ရှိ
https://www.tbsnews.net/bangladesh/us-embassy-team-visits-chattogram-shipbreaking-yard-explore-investment-prospects-1303881
စစ်တကောင်းတွင် တရုတ်ရင်းနှီးမြုပ်နှံမှု
https://www.seetaoe.com/details/245211.html
https://www.bonikbarta.com/home/news_description/338844/China-invested-7-billion-dollars-in-Bangladesh-got-contract-worth-23-billion
ဘူတန် စစ်တကောင်းဆိပ်ကမ်း အသုံးပြုမှု
https://www.thedailystar.net/business/global-economy/news/bhutan-transit-shipment-begins-trial-run-ctg-port-4045356
အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ နှင့် နီပေါ စစ်တကောင်းဆိပ်ကမ်း အသုံးပြုမှု
https://infra.economictimes.indiatimes.com/amp/news/ports-shipping/cargo-movement-between-ne-and-chittagong-port-to-start-soon-bdesh-minister/99449661
Comments
Post a Comment