လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား- နိဂုံး

 လိုသျှမ်ပါ (Lhotshampa) သို့မဟုတ် တောင်ပိုင်းသား-  နိဂုံး


တပ်စွမ်းနိုင်သမျှ  နီပေါဘက္မှ က​ြိုးစားခ့ဲသောျလည္း ဒုက္ခသည်များပြန်ပို့ရေးမှာ အခြေအနေက မကောင်းတော့ပေ။ ဤသို့ဖြင့် နီပေါအနေဖြင့် ဒုက္ခသည်များအား တတိယနိုင်ငံတစ်ခုတွင် နေရာချထားနိုင်ရန် ပြင်ဆင်လာရသည်။ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ စသည့်နိုင်ငံများပါဝင်သည့် ရှစ်နိုင်ငံအုပ်စုမှ ဒုက္ခသည်များကို လက်ခံပေးသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘူတန် ဒုက္ခသည် ၁၁၃,၅၀၀ ကျော်အား နိုင်ငံအသီးသီးတွင် နေရာချထားမှုက ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နေရာချထားရေး၏ အကြီးဆုံးဖြစ်စဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နီပေါ အရှေ့ပိုင်း ကမ့်များတွင် ဒုက္ခသည် ၆၃၆၅ ယောက်က ကျန်နေသေးသည်။ 


တတိယနိုင်ငံများက လက်ခံပေးမှုက ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် အသက်ရှူပေါက်တစ်ခုဖြစ်သော်လည်း ဤသည်ကပင် ဘူတန်၏ လူမျိုးတစ်ခုတည်း (Homogenisation Project) မူဝါဒကို ကြေကွဲစရာ အရှုံးပေးမှုလည်း ဖြစ်သည်။ ဒုက္ခသည်များ၏ နေရပ်ပြန်ရေး ငြင်းပါယ်ခံနေရဆဲဖြစ်သည်။ နိုင်ငံတစ်ခု၏ တူးတူးခါးခါး ငြင်းပါယ်နေမှု (intransigence) ကို မျက်နှာချင်းဆိုင်နေရသော ဒီပလိုမေစီ အကန့်အသတ်အောက်တွင် ဇတ်နာနေရမှုက အလီလီ ဖြစ်သည်။


ဘူတန်၏ နိုင်ငံတကာသို့ ပို့ကုန်က အင်မတန်အောင်မြင်ပါသည်။  တနိုင်ငံလုံး အသားတင်ကုန်ထုတ်လုပ်မှု (GDP) မဟုတ်၊ တနိုင်ငံလုံး ပျော်ရွင်ရေး အညွှန်းကိန်း (Gross National Happiness- GNH) ဖြစ်သည်။ GNH အဆုံးအမ က စီးပွားရေးတိုးတက္မှုထက် ဘဝတွင် ကောင်းကောင်းနေထိုင်ရေးကို ဖော်ကျူးသည်။ ဤဖော်ကျူးချက်က အနောက်ကမ္ဘာ၏ စိတ်ကူးစိတ်သန်းနှင့် မူဝါဒ ချမှတ်သူများထိပင် ဖမ္းစားနိုင္ခ့ဲသည္။ အေးချမ်းငြိမ်သက်လှသော စိတ်အေးချမ်းဖွယ် ဟိမဝန္တာတောင်တန်းပေါ်က ဘုရင့်နိုင်ငံငယ်လေး ဆိုသည့် ပုံရိပ်ကို တရေးတယူပြုစုပျိုးထောင်ယူသည်။ ဤပုံရိပ်ဖြင့် ဘူတန် လူ့အခွင့်အရေးချိုးဖောက္မှုများကို  အကာအကွယ်ယူသည်။ 


တမျိုးသားလုံး ပျော်ရွင်ရေး (GNH) က ပေါ်လွင်ထင်ရှားလွန်းလှသည်။ ထိုပေါ်လွင်ထင်ရှားမှုက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ ခိုင်မာလာသည်နှင့်အမျှ ပြိုကျနေသည်။ ပျော်ရွင်မှုတွင် ချန်ပီယံဆုယူထားသော ဘုရင့်နိုင်ငံ တွင် လူ့အခွင့်အရေး အုပ်စုများကို ညှင်းပန်းနိုပ်စက္မှု၊ အတင်းအကြပ် ဝန်ခံခိုင်းမှု (Coerced Confessions)များရှိနသေည္။ အပြင်းအထန် အရေးယူအပစ်ပေးသည့် ဥပဒေပုံစံ (Draconian Laws) ကို အတိုက်အခံများကို နှိပ်ကွပ်ရာ၌ အသုံးချနေသည်။


၁၉၉၂ ခုနှစ် ဘူတန် အမျိုးသား လုံခြုံရေးဥပဒေ တွင် ဘုရင်၊ နိုင်ငံနှင့် လူထုကို ဆန့်ကျင်မှုအား သစ္စာဖောက္မှုအဖြစ် အဓိပ္ပါယ်ဖွင့္ထားသည်။ ဖွင့်ထားပုံက ဝိုးတိုးဝါးတား၊ လိုရာဆွဲ၍ရအောင်လုပ်ထားသော (Vague Definitions) မျိုးဖြစ်သည်။ ထို ဥပဒေက နိုင်ငံရေးသဘောထားကွဲလွဲသူများနှင့္ လိုသျှမ်ပါ များကို ဖိနှိပ်သည့် လက်နက်တစ်ခုလည်း ဖြစ်သည်။


ဤက့ဲသို့ အချက္များအား နိုင်ငံတကာက မျက်စိကွက်ကျော်ကြည့်သွားသည်။ ဂရုမစိုက္ ခ့ဲကြ။ အိန္ဒိယအပါအဝင် ပါဝါရှိသော နိုင်ငံများကလည်း လျစ်လျူရှူနေ ခ့ဲသည္။ ၁၉၉၀ ပြည့်လွန်ကာလများတွင် ဘူတန် ကျူးလွန္ခ့ဲသော လူမျိုးစုရှင်းလင်းရေး (Ethnic Cleansing) အတွက် ရှင်းလင်းသော သတင်းစကားကို အိန္ဒိယသည် မပြော။ ဤသို့ဖြင့် ပြစ်ဒဏ်ကင်းလွတ်မှုက ရှိနေ ခ့ဲသည္။ ဘုရင်စနစ်က လုံးဝအပြစ်အနာမရှိ (Unscathed)ပဲ ပေါ်ထွက္လာခ့ဲသည့်သဘော၊ ဘုရင်စနစ်ကို လွမ်းခြုံပြီးကြည့်လိုက်လျှင် မှေးမိန်မှု (Tarnished) မရှိ၊ ထွန်းပြောင်မှု (Burnished) သာရှိနေသလို ဖြစ်နေသည်။


သမိုင်းအရ ပြစ်ဒဏ်ကင်းလွတ်နေမှုက ယခု ပ့ဲတင္ထပ်လာနေ ခ့ဲပြီဖြစ်သည္။ ရာဂူး ပတိ ဆုဘေဒီ (Raghu Pati Subedi) ကိစ္စပြီးနောက် မိမိသိမြင်ယုံကြည်ရာကြောင့် နိုင်ငံရေးအကျဉ်းသား ဒါဇင်နဲ့ချီ၍ ထောင်သွင်းအကျဉ်းချထားမှုက ဆက်တိုက်ရှိနေသည်။ ကျင့်ဝတ်အရ လွဲနေသောပုံစံ (Form of complicity) ဘက်ကို ရောက်လာသည့်တိုင် နိုင်ငံတကာ အသိုင်းအဝန်းက GNH မူဝါဒကို ပြန်လည်စိန်ခေါ်ထောက်ပြရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။


လူသိများသူ ဆိုရှယ် အင်ဖလူယင်ဆာ တစ်ယောက်အပေါ် ဖမ်းဆီး တရားစွဲနေမှုက ဒီဂျစ်တယ်ခေတ်အတွက် ဖိနှိပ်မည့် အကွက်ဟောင်းက အသင့်ဖြစ်နေကြောင်းကို ပြနေသည်။ အသက်အရွယ် ၄၀ နှစ်ရှိနေသော ရာဂူး ပတိ ဆုဘေဒီ (Raghu Pati Subedi) ကား နမူနာတစ်ခုဖြစ်သည်။ သူက " The Don of Asia " ဖေ့ဘုတ်အကောင့်ကို ထည်ထောင်သူဖြစ်သည်။ သူ့တွင် ဖော်လိုဝါက ၇၈၀၀၀ ရထားသည်။ သူဖေ့ဘုတ်က အစိုးရပိုင် မီဒီယာများကို ကျော်တက်သွားသည်။ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု၊ လာဘ်ပေးလာဘ်ယူ၊ GMC စီမံကိန်း တို့ကို သတင်းအချက်အလက်ဆန်ဆန် တင်ပြလိုက်၊ သူ့အမြင်ကို တင်ပြလိုက်၊ သရော်စာပုံစံ တင်ဆက်လိုက် ပုံစံလုပ်နေ ခ့ဲသည္။ ဤသို့ မီဒီယာပေါ်တွင် တက်ကြွလှုပ်ရှားသူဆန်ဆန် ဖြစ်နေမှုကို ဘူတန်အာဏာပိုင်တို့က သည်းမခံနိုင်ပေ။


သူက ၂၀၂၅ခု နှစ် အစောပိုင်းတွင် အဖမ္းခံရလိုက္ရသည်။ တရားစွဲခံရပြီး ထောင် ၂၄ နှစ်ချခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကူးယဉ်မြို့တော် စီမံကိန်း (GMC) ကို သွားဝေဖန် ဆန်းစစ်လိုက္မိ၍ ဖြစ်သည်။ စိတ်ကူးယဉ်မြို့တော် စီမံကိန်း (GMC) ဆိုသည်ကလည်း ဘုရင် ဂျစ်မီ ခီဆာ နမ်ဂျီလ် ဝမ်ချောက် ( King Jigme Khesar Namgyel Wangchuck) ၏ လမ်းညွှန်ကြီးကြပ်ချက်ဖြင့် ဆောင်ရွက်သော စီမံကိန်းဖြစ်သည်။ ထို ဘုရင် ဂျင်မီ ခေဆာ နမ်ဂျီလ် ဝမ်ချောက် ကလည်း နီပေါနိုင်ငံတွင် မွေးဖွားသော ဘူတန်လူမျိုးဖြစ်သည်။ 


ရှိရှိသမျှကို စွန့်ကာ လွတ်မြောက်ရာဆီ (Leaving everything behind to escape oppression)


ဘူတန် ဒုက္ခသည် ဂျမ်ဂါရမ် လမ်မီတာရီ (Gangaram Lamitare) အတွက် အဆိုပါ စိတ်ကူးယဉ် မြို့တော်စီမံကိန်းက ခါးသီးလွန်းလှသော အကြပ်အတည်း (Bitter Irony) ပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက္မှုအတွက် သူတို့ဘိုးဘွားပိုင်မြေအား စတေးလိုက္ ရပြီ ဖြစ်သည်။ ဂျမ်ဂါရမ် က မြေ ၄ ဧက ပိုင္ခ့ဲသည္။ သူ၏ ၄ ဧက မှာ ယခုတော့ GMC စီမံကိန်း၏ နိုင်ငံတကာ လေဆိပ္ ဖြစ်နေပြီ။ ၁၉၉၀ ခုနှစ်အတွင်း ည တစ်ညတွင် ဂျမ်ဂါရမ်တို့ ရွာသားများ ရွာကိုစွန့်ကာ ထွက်ပြေးကြသည်။ သူတို့၏ ပိုင်ဆိုင်မှုဟူသမျှ ထားရစ္ခ့ဲကာ ဖိနှိပ်မှုမှ လွတ်မြောက္မည့် နေရာကို ပြေးကြသည်။ လက်ရှိတွင် ဘူတန်ဘုရင်နှင့် အစိုးရအဖွဲ့က ဂျမ်ဂါရမ်တို့၏ မြေများအား (land vacant) မြေလွတ် ၊ ပိုင်သူမရှိသော မြေဟု ခေါ်လိုက်ကြသည်။ တချိန်က ပိုင်ဆိုင်သူ ဂျမ်ဂါရမ်တို့ကိုလည်း မောင္းထုတ္လိုက္ ပြီ ဖြစ်သည်။ 


ဤသည်ကား ဘူတန်အတွက် အကျိုးဖြစ်ထွန္းခ့ဲသော နိုင်ငံတကာထောက်ခံမှုကို ပြန်လည်ဆန်းစစ်ရန္ အချက်ပေးနေသော ခေါင်းလောင်းသံ ဖြစ်သည်။ ကုလသမဂ္ဂဘက်က အသံပို၍ ကျယ်ကျယ်လောင်လောင် ထုတ်ပေးလာသည်။ လွန္ခ့ဲသော နှစ်အတွင်း ကုလသမဂ္ဂ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ လုပ်ငန်းအဖွဲ့ (WGAD) က ဘူတန်တွင် နိုင်ငံရေး အကျဉ်းသားများ ကို မတရား ဖမ်းဆီးချုပ်နှောင်မှုများ ရှိနေပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် မကိုက်ညီဟု ဆိုသည်။ 


၂၀၂၅ ခုနှစ် ဧပြီလတှင် ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင် ၆ ဦးပါသော အဖွဲ့သည် ညှင်းပန်းနှိပ်စက္မှု၊ တရားခွင္အတွင္း လွတ်လပ်စွာ ချေပခွင့် မရမှု၊ ဘူတန် ဥပဒေ မူဘောင်၏ ပြည်သူလူထုကို ပိတ်ဆို့မှု (Chilling effect of legal framework) တို့နှင့် ပတ်သက်၍ စိုးရိမ်စရာကောင်းသည်၊ (Raised Grave Concerns) ဖြစ်နေသည်ဟု ဆိုထားသည်။ ဤအချက္များကို သည်ဟိဂ် တွင်အခြေစိုက္ထားသော Hague-based Global Campaign for the Release of Political Prisoners in Bhutan (GCRPPB) ဘူတန်နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်း ဖော်ဆောင် ရေးအဖွဲ့ က ကုလမှ မပြောခင်ကပင် ပြောထားပြီးသားဖြစ်သည်။ 


နယ်စပ်ဆိုင်ရာ လုပ်ငန်းစဉ် (Broader Shifts)


ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စိစစ်မှု (Human Rights Scrutiny) က နယ်နိမိတ် ဆိုင်ရာလုပ်ငန်းစဉ်များကို ရောင်ပြန်ဟပ်နေသည်။ ဘူတန်၏ နိုင်ငံတကာ ဆက်ဆံရေးတွင် အဓိက ပါတနာဖြစ်သည့် EU ဘက်တွင် ဆန်းစစ်စရာရှိသော ရပ်တည်ချက်က ရှိနေသည်။ ဘူတန်သည် တရုတ်ပြည် တိဘက်နှင့် နီးကပ်သည်မဟုတ်လော။ တရုတ်ကိုနှစ်သိမ့်ရန် အလိုငှာ EU က ဘူတန်နှင့်ကုန်သွယ်မှု ပေါ်လစီတွင် လက်နက္မှလွဲ၍ အရာခပ်သိမ်း (Everything But Arms trade scheme) မူကရှိသည်။ ဤအချက်ကပင် ဘူတန်အတွက် ကောင်းခြင်း၏မဟာအကျိုးအမြတ် (lucrative benefits) ကို ဖြစ်စေသေးသည်။ EU စျေးကွက်၌ လွတ်လပ်သောကုန်သွယ်မှု (Tariff-free) အခွင့်အရေးက ရှိသည်။ ဤအခွင့်အရေးသည်ပင် EU ၏မူဝါဒ၌ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသည် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု (contingent on respect for human rights) ရှိပါမှ ရရှိမည့် အခွင့်အရေးလည်းဖြစ်သည်။ 


EU ၏ ခိုင်မာသော အထောက်အပံ (substantial leverage) ကို ဘူတန်အတွက် အသင့်ပြင်ထားသည်။ အကူအညီများပေးရန် အသင့်ရှိသည်။ ၂၀၂၅ ခုနှစ် ဧပြီတွင် EU ပါလီမာန်အမတ်များက ဘူတန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးရန် တောင်းဆိုထားသည်။ EU ၏ မုန့်ချိုတဖက် တုတ်တဖက် ဗျူဟာက ဘူတန်ကို မည်မျှအထိ ရွေ့စေမည်တော့မသိ။ ကုန်သွယ်ကြမည်၊ ပါတနာအဖြစ်ရှိနေမည် သို့သော် လူ့အခွင့်အရေးနှင့် ကွာရှင်းပြတ်စဲနေ၍တော့မရ ဟူ၍ EU ကတော့ မောင်းနေသည်။ 


ဤအနေအထားကို ကြည့်ရင်း Human Rights Watch က မီနက်ရှီ ဂမ်ဂူလီ (Meenakshi Ganguly)က EU က့ဲသို့ ဘူတန်၏ ရင်းနှီးမြုပ်နှံ့သူ ပါတနာများက ဘူတန်တွင် လူ့အခွင့်အရေးကို လေးစားမှုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးမှုကို မြင်လိုသည်ဟု ဆိုသည်။


ဘူတန်ကတော့ လမ်းဆုံလမ်းခွတွင် ရောက်နေပြီ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အဝိုင်းအဝန်းထဲ ဝင်လိုရန် အားထက်သန်မှုက လူ့အခွင့်အရေး အမှောင်ပိတ်နေမှုတွင် ခလုပ်တိုက်နေသည်။   တလောကလုံး၏ ဂမ္ဘီရထွက်ရပ်ပေါက် ဝိဇ္ဇာ ဇော္ဂျီ များထွက္ရပ် ပေါက္ပြီးလာစုရာ ရှမ်ဂရီလာ (Shangri- La) ဒဏ္ဍာရီတွင် နေမည်လော သို့မဟုတ် လူ့အခွင့်အရေးကို လေးစားသည့် ဘုရင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာကြီးကို အလုပ်အ ကျွေးပြုမည္လော။


နီပေါရှိ ဂျင်ဇီများ အောင်ပွဲခံနေမှုက ဘူတန်အတွက် လုံလောက်သော သင်္ခန်းစာ ဖြစ်သည်။ နီပေါ ဂျင်ဇီများ လမ်းမပေါ်ထွက်လာရသည့် အကြောင်းရင်းခံမှာ လူမှုကွန်ရက္မီဒီယာ ၂၆ ခုကို နီပေါ်အစိုးရက ပိတ်ပစ်လိုက်သော ကိစ္စဖြစ်သည်ကိုလည်း ဘူတန် မမေ့ဖို့လိုသည်။ ဂျင်ဇီများ လမ်းပေါ်ထွက်လာပြီး နောက် ထောက်ခံလှပါသည်ဆိုကုန်သော နိုင်ငံရေး ကရိယာပုံသွင် (Pro- establishment political apparatus) များ ပြုတ်ကျ (topple) ဖြစ်သွားသည်။ အဖြေကရှင်းလွန်းလှပါသည်။ မည်၍မည်မျှပင် ဆိုရှယ်မီဒီယာနှင့် အင်ဖလူယင်ဆာများကို ဖမ်းသည်၊ဖိနှိပ်သည်ဆိုအုံးတော့၊ ဒီဂျစ်တယ်နည်းပညာနှင့် ထုတည်ကြီးသော မိုဘိုင်းလိုက်ဇေးရှင်း ခေတ်ကြီးတွင် အာဏာရှင်များ၏ ဖမ်းဆီးနှိပ်ကွပ်နည်းဗျူဟာက အာမခံချက်သိပ်မရှိပေ။


ဘူတန်၏ ဒီမိုကရေစီ ပထမမျိုးဆက် ဒေဗီ ဘက်တာ လာမီတရီ (Devi Bhakta Lamitare) က ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ၌ ကွယ်လွန်သွားသည်ကမှန်သည်။ သို့သော် သူ၏ အသံများက မသေ၊ ပ့ဲတင္ပြန်ထပ္ကာ ကျယ်လောင်နေဆဲဖြစ်သည်။ သူ၏ ၁၉၇၀ ခုနှစ်တွင် ထုတ်ဝေ ခ့ဲသော ဒန်ကင်ဒို ဘူတန် (Dankindo Bhutan) တွင် ဘုရင်စနစ်ကို နိမိတ်ဖတ်ဟောကိန်းထုတ်ထားသည် မဟုတ်လော။ သူက ဘုရင်စနစ်က လူထုကို ဖိနှိပ်သည်။ ထိုသို့ ဖိနှိပ်ခြင်းကြောင့် လူထုကို လွတ်မြောက်ရေးလမ်းကြောင်းကို တွန်းပို့သည်ဟု ဆိုထားခ့ဲသည္။ 

သူမသေမှီ ဘူတန် မီဒီယာ လူ့အဖွဲ့အစည်း (Bhutan Media Society) ကို ပြန်လည္တီးဖြတ်ခ့ဲသည္။ ၂၀၂၂ခု နှစ် ဒီဇင်ဘာလ၌ ဟာရဒ်ဝါ (Haridar) ရှိ ဂင်္ဂါမြစ်ကမ်းတွင် သူ့စာအုပ်နှင့်ပတ်သက်၍ အင်တာဗျူး တစ္ခုသူလုပ္ခ့ဲသည္။ သူက ဘူတန်၏ ဒီမိုကရေစီနှင့် ပတ်သက်၍ အချက်သုံးခုကို ပြောခ့ဲသည္။ သူက အိန္ဒိယတွင် ဖြစ်နေသော နိုင်ငံရေးအပြောင်းအလဲက ဘူတန်ကို သူ့အလိုလိုရိုက်ခတ်နေသည်ဟုဆိုသည်။ ဤအချက်သည် ဘူတန်၏ အာဏာရှင်စနစ်ကို ထိုးနှက်သော လျိုမြောင်တစ်ခုဖြစ်သည်။ ဒုတိယ ထိုးနှက်နိုင်သော လျိုမြောင်က တောင်အာရှ၏ ဒီမိုကရေစီ ချန်ပီယံဖြစ်နေသော အိန္ဒိယကို ဘူတန်အရေးနှင့်ပတ်သက်၍ အပြင်းအထန်ဖိအားပေးခြင်းဖြစ်သည်။ တတိယ က ကမ္ဘာလုံးဆိုင်ရာ မူဝါဒ တိုက်ပွဲများကို အနောက်နိုင်ငံများတွင်ရောက်နေသော ဘူတန်များက ဖော်ဆောင်ခြင်းဖြစ်သည်။ 


ပြည်သူလူထုတိုင်းတွင် သူ့တို့၏ အုပ်ချုပ်သူကို သူတို့ဖာသာ ရွေးချယ်ခွင့်ရှိသည် ဆိုသော စံနှုန်းကို အိန္ဒိယသည် လက်ကိုင်ထား ကျင့်သုံးနေသည်။ အိန္ဒိယသည် ကမ္ဘာတွင် ဧရိယာအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဘူတန်ပြည်သူများက ဘူတန်၏ အုပ်ချုပ်သူကို သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ကို အိန္ဒိယသည် ဆက်လက်၍ လျစ်လျးမရှူသင့်တော့ဟု သူက ဆိုခ့ဲသည္။ 


ဘိနုတ် ဒန်ဂဲလ် (Binod Dhungel)

နီပေါနိုင်ငံဆိုင်ရာ တာဝန်ခံ 

နယ်စည်းမခြား သတင်းထောက်အဖွဲ့


ကိုးကား


https://nepalitimes.com/opinion/labour-mobility/living-and-leaving


https://en.wikipedia.org/wiki/Lhotshampa








Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း