ဘိုတီးယား(Bhotia)- နိဂုံး

 ဘိုတီးယား- နိဂုံး


တိဘက် ဒေသရပ်ဝန်းကို ကြည့်ပါက မြောက်ဘက် ခွန်လွန်တောင်တန်း (Kunlun Mountain) နှင့် တောင်ဘက် ဟိမဝန္တာတောင်တန်း (Himalayas Mountain) ကြားတွင် ရှိနေသည်။   တိဘက်စကားပြော အနွယ်များ၏ နေရာထိုင်ရာဒေသသည်  နိုင်ငံ ငါးခုတွင် တည်ရှိသည်။ ထိုနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန် တို့ဖြစ်သည်။ တရုတ်မှ လွဲ၍ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန် တို့နှင့် တိဘက် နယ်ချင်းထိစပ်သောနေရာမှာ ဟိမဝန္တာတောင်တန်း တလျှောက်ဖြစ်သည်။ ဟိမဝန္တာ တောင်တန်းကား အိန္ဒိယ၏ မြောက်ဘက်တွင် တည်ရှိသည်။ 


အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာဒေသများမှာ တိဘက်အနွယ်ဝင်များ၏ ဌာနေ ဖြစ်သည်။ လာဒက် (Ladakh) "လရောင်ကမ္ဘာ" ဟု  တင်စားရသော ထိုဒေသ၏ ယဉ်ကျေးမှုမှာ တိဘက်နှင့်  အတူတူပင် ဖြစ်သည်။ လာဒက်သည် အိန္ဒိယတွင် တိဘက်အနွယ်ဝင် အများဆုံးနေရာဖြစ်ပြီး  "တိဘက်ငယ်" (Little Tibet) ဟုပင် တင်စားကြသော နေရာဖြစ်သည်။ လာဒက်အား အိန္ဒိယ ဗဟိုအစိုးရမှ တိုက်ရိုက်ကိုင်တွယ်သည်။ ဆစ်ကင် (Sikkim) ကား တိဘက်အနွယ်ဝင် ဘူတီးယား (Bhutia) လူမျိုးများ၏ ဌာနေဖြစ်သည်။ အာရူနာချာပရာဒေ့ရှ် (Arunachal Pradesh)ကား တိဘက်အနွယ်ဝင် မွန်ပါ (Monpa) လူမြိုးစုမြားက့ဲသို့ သူများနေထိုင်သည်။ ဟီမာချယ်လ်ပရာဒေ့ရှ် (Himachal Pradesh)၏ မြောက်ဘက် အပေါ်ပိုင်းရှိ လာဟောလ်နှင့် စပီတီ (Lahaul and Spiti) ခရိုင် ဒေသများမှာ တိဘက်ယဉ်ကျေးမှု နယ်မြေများဖြစ်သည်။ ဟိမာချယ်လ်မရာဒေရှ့်ရှိ ကင်နောရ် (Kinnaur )ဒေသသည်လည်း တိဘက်ယဉ်ကျေးမှု ရောနှောသော မျိုးနွယ်စုများရှိရာနေရာဖြစ်သည်။ ဓမ္မသာလာ (Dharamshala) မြို့အား တိဘက်အဝေးရောက်အစိုးရ အခြေစိုက်ရာနေရာအဖြစ်လူသိများသည်။ အက်ထရာခန်း (Uttarakhand)ပြည်နယ်၏ ဟိမဝန္တာတောင်တန်း နယ်စပ်ဒေသများတွင် ဘိုတီးယား  (Bhotia) လူမျိုးစုများ နေထိုင်ကြသည်။ အနောက်ဘင်္ဂလားပြည်နယ် (West Bengal)၏ ဒါဂျီလင် (Darjeeling) နှင့် ကာလင်ပွန် (Kalimpong) ဒေသများတွင် တိဘက်နွယ်ဖွားများ အမြောက်အမြား နေထိုင်ကြသည်။ အိန္ဒိယ၏ ဟိမဝန္တာတောင်တန်း တစ်လျှောက် (Himalayan Belt) ဖြစ်သော အနောက်ဘက်အစွန်း လာဒက် မှ အရှေ့ဘက်အစွန်း အရုနီချယ်ပရာဒေရှ့် အထိ နယ်စပ်ဒေသအားလုံးနီးပါးတွင် တိဘက်အနွယ်ဝင် မျိုးနွယ်စုတွေ ပြန့်နှံ့နေထိုင် တည်ရှိနေကြသည်။


နီပေါနိုင်ငံ မြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းနှင့် ထိစပ်နေသော ဒေသများတွင် ရှာပါ (Sherpa) က့ဲသို့ တိဘက်အနွယ်ဝင်များ နေထိုင်ကြသည်။ ရှာပါများအား ကမ္ဘာကျော်တောင်တက်သမားများအဖြစ်လူသိများသည်။ နီပေါနိုင်ငံရှိ မူစတန်း (Mustang) ဒေသကား  ရှေးဟောင်း တိဘက်ယဉ်ကျေးမှုများ အကောင်းအတိုင်း ယခုတိုင်ကျန်ရှိနေသေးသော တားမြစ်နယ်မြေတစ်ခု ဖြစ်ခ့ဲသည္။ ဘူတန်နိုင်ငံ (Bhutan)သည်လည်း တိဘက်အနွယ်ဝင်များ တည်ထောင်ထားသော နိုင်ငံဖြစ်သည်။ ပါကစ္စတန်နိုင်ငံ (Pakistan) မြောက်ပိုင်း  ဂီလ်ဂစ်-ဘော်လ်တီစတန် ဒေသရှိ ဘော်လ်တီ (Balti) လူမျိုးများသည်လည်း တိဘက်အနွယ်ဝင် ဌာနေ ရှိယိုက် မွတ်ဆလင်များ ဖြစ်ကြသည်။ 


တောင်အာရှ၏ အင်အားကြီး အိန္ဒိယနှင့် တရုတ်တို့၏ အားပြိုင်မှုသည် ဟိမဝန္တာဒေသ တလျှောက်တွင် ပြင်းထန်နေမည်ကို ဤပထဝီဝင်အရှိတရားက ပြောပြနေသည်။


ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့် ခိုဝင်ခြင်း


တိဘက်အုပ်စု မိခင်ဘာသာစကားပြောသူများတည်ရှိရာ နေရာဒေသအသီးသီး၏ ဖြစ်စဉ်ကိုကြည့်ပါက ဆွဲသွင်း ဝါးမြိုချခံရမှု၊ တွန်းပို့ ခံရမှုနှင့် ခိုဝင်မှု စသည့် နိုင်ငံရေးဖြစ်စဉ်များကို တွေ့ရမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီမှ တိဘက်ဒေသအား သိမ်းပိုက္မှုက ဆွဲသွင်းဝါးမြိုလိုက္မှုဖြစ်သည်။ ဆစ်ကင်း အနေဖြင့် သီးခြားဘုရင်နိုင်ငံဘဝမှ အိန္ဒိယ၏ ထီးရိပ်ခို ပြည်နယ် ဖြစ်သွားမှုမှာ တွန်းပို့ခံရခြင်းဖြစ်သည်။ ဘူတန်အနေဖြင့် အိန္ဒိယ အစောင့်အရှောက်ခံအဖြစ်နေလိုမှုသည် ရင်ငွေ့လုံခြင်းဖြစ်သည်။ 


အရုနီချယ်လ် ပရာဒေရှ့် ပြည်နယ်ကိစ္စတွင်တော့  ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့် ခိုဝင်ခြင်း တို့နှင့်လည်း ဆိုင်သောအချက်ရှိသလို၊ မဆိုင်သောအချက္များလည်း ရှှိနေသည်။


ပါဝါကြီးများကြားက တိဘက်


အရုနီချယ်လ် ပရာဒေရှ့်၏ ဖြစ်စဉ်ကိုကြည့်ပါက "အင်အား နည်းမှုနှင့် ပါဝါကြီးများအား ရင်ဆိုင်ရခြင်း" ဖြစ်စဉ်ကို ရှူမြင်နိုင်ပါသည်။ အရုနီချယ်လ် ပရာဒေရှ့်ကို တရုတ်က သူ့နယ်မြေဟု အစဉ်တစိုက်ဆိုနေသည်။ လက်ရှိ အရုနီချယ်လ် ပရာဒေရှ့်သည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် ရင်ငွေ့လုံနေသည်။ အရုနီချယ်လ် ပရာဒေရှ့်၏ ရင်ငွေ့လုံမှုက အိန္ဒိယနှင့် တရုတ်ကြားတွင် အခဲမကြေစရာ များကို ဆက်ရှိနေ ခ့ဲသည္။ ရင်ငွေ့လုံခြင်းနှင့် အခဲမကြေစရာ ရှိနေခြင်း၏ အကြောင်းရင်းခံကိုကြည့်ပါက မက္မာဟွန် မျဉ်း  (McMahon Line) ၏ သမိုင်းကြောင်းနောက်ခံ ကိုကြည့်ရမည်ဖြစ်သည်။ ၁၉၁၄ ခုနှစ် ဆမ်မလား သဘောတူဘီချက် ( Simla Convention) အရ ဗြိတိသျှအိန္ဒိယနှင့် တိဘက်ကိုယ်စားလှယ်များက  McMahon Line ကို နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုစဉ်က တိဘက္မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အနေအထားတွင် ရှိနေ ခ့ဲသည္။ တဖက်တွင် တရုတ်၏ ဩဇာလွမ်းမိုးမှုဒဏ်ကို အကြီးအကျယ်ခံနေရသည်။ ဗြိတိသျှတို့ကလည်း တိဘက်၏ အချို့သော နေရာများကို သိမ်းယူထားပြီးပြီဖြစ်သည်။ 


တိဘက်၏ အပေးအယူ (Geopolitical Bargain)


၁၉၁၄ခု နှစ် ဆမ်မလား သဘောတူညီချက် ( Simla Convention ) တွင် တိဘက်ဘက်က မက္မဟွန် မျဉ်း ( McMahon Line) ကို လက္မှတ္ ထိုးခ့ဲရခြင်းမှာ နိုင်ငံရေးအရ "ကြည်ဖြူလွန်း၍" မဟုတ်ဘဲ "နိုင်ငံရေး အကြပ်ကိုင်ခံရမှုနှင့်  အလဲအလှယ်လုပ်လိုမှု" ကြောင့် ဖြစ်သည်။ တိဘက်တို့ လိုချင္နေသော အလဲအလှယ်မှာ တရုတ်၏ ဩဇာလွှမ်းမိုးမှုကနေ လွတ်မြောက်ရန်အတွက္  ဗြိတိသျှ၏  စစ်ရေး၊ နိုင်ငံရေး ထောက်ခံမှုကို အလွန်အမင်း လိုအပ်နေ၍ ဖြစ် သည်။ မက္မဟွန် မျဉ်း (McMahon Line )ကို လက်ခံပေးလိုက်ပါက ဗြိတိသျှဘက္မှ တိဘက်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကို အသိအမှတ်ပြုပေးမည်ဟု မျှော္လင့္ခ့ဲက​ြသည္။ အရုနီချယ်လ်ပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ္သော တာဝမ် (Tawang) ဒေသ မှာ တိဘက်အတွက် အလွန်အရေးကြီးသည်။ တာဝမ်မှာ  ဆဋ္ဌမမြောက် ဒလိုင်းလားမား မွေးဖွားရာမြေဖြစ် ပြီး တိဘက်ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ထားရာ ဘုန်းကြီးကျောင်းကြီး ရှိသည်။ တာဝမ်က သမိုင္းစဉ်ဆက် လာဆာကို ပဏ္ဏာဆက်ရသည်။ မက္မာဟွန်မျဉ်း ( McMahon Line) ကြောင့် တာဝမ်မှာ ဗြိတိသျှအိန္ဒိယထဲ ပေးလိုက်ရခြင်းက တိဘက်အတွက် မချိတင်ကဲဖြစ်စရာပင်။ ဗြိတိသျှများကလည်း ဟိမဝန္တာတောင်တန်းကြီးကို သဘာဝတံတိုင်းကြီးအဖြစ် အသုံးချပြီး ၎င်းတို့သိမ်းပိုက်ထားသော အိန္ဒိယအား  ကာကွယ်ချင်ခဲ့သည်။ နယ်နိမိတ်ကို သတ်မှတ်သောအခါ ဒေသခံလူမျိုးစုများ၏ ဆန္ဒထက် "ပထဝီဝင် အနေအထား (Water-parting Line)" နှင့် "ဗျူဟာမြောက် ကာကွယ်ရေး" ကိုသာ ဗြိတိသျှတို့က ဦးစားပေးခ့ဲသည္။ ၁၉၄၀ ပြည့်လွန်ကာလများတွင် တိဘက်အစိုးရက မက္မဟွန်မျဉ်း (McMahon Line) ကို ပြန်လည်ကန့်ကွက်ကာ တာဝမ် ကို တိဘက်ပိုင်နက်အဖြစ် ပြန်လည်တောင်းဆိုခဲ့သည်။


တရုတ်၏ အကြောင်းပြချက်


တရုတ်က တိဘက်အား ၎င်းတို့လက်အောက်ခံအဖြစ်သာ မှတ်ယူထားသည်။ တိဘက်သည် မက္မဟွန်မျဉ်းအား သတ်မှတ်ရန် အချုပ်အခြာအာဏာမရှိ။ သူတွင်သာ ထိုအချုပ်အခြာအာဏာရှိသည်ဟု တရုတ်ကဆိုသည်။ သို့ဖြစ်၍ မက္မဟွန်မျဉ်းကို အသိအမှတ်မပြုဟု တရုတ်ကဆိုသည်။ 


၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက တိဘက်အား  စစ်ရေးအရ သိမ်းပိုက်သောအခါ အိန္ဒိယအတွက် "Buffer State" (ကြားခံနယ်မြေ) ပျောက်ဆုံးသွားကာ အိန္ဒိယနှင့် တရုတ် ကြားတိုက်ရိုက် နယ်နိမိတ်ချင်း ထိစပ်သွားသည်။ 

တရုတ်အနေဖြင့် တိဘက်ကို သိမ်းပိုက်ပြီးနောက် " လက်ဝါးကြီးမှာ တိဘက် ဆိုလျှင်  လက်ချောင်းငါးချောင်းမှာ လာဒက်ခ်၊ နီပေါ၊ ဘူတန်၊ ဆစ်ကင်းနှင့်  အရှေ့မြောက်နယ်ခြားဒေသ (ယခု အရုနီချယ်လ်) ဖြစ်သည်" ဆိုသော ပေါ်လစီကို ကျင့်သုံးလာတော့သည်။ တရုတ်က တိဘက်အပေါ် အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် ၁၉၅၉ ခုနှဈတှင် ဒလိုင်းလားမား အိန္ဒိယကို ထွက်ပြေးခိုလှုံခဲ့ရသည်။ ဤသို့ဖြင့် နှစ်နိုင်ငံတင်းမာမှု မြင့်တက်ကာ ၁၉၆၂ ခုနှစ် စစ်ပွဲဖြစ်ပွားတော့သည်။ 


တရုတ်စစ်တပ် အရုနီချယ်လ်ပရာဒေရှ့် ထဲ အကြီးအကျယ် ကျူးကျော္ခ့ဲသည်။ သို့သော် တရုတ် စစ်ပွဲအပြီးနောက်ပြန်ဆုတ်သွားခဲ့ရသည်။  အိန္ဒိယဘက္မှ အရုနီချယ်လ် ပရာဒေရှ့် နယ်မြေအား စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပြည်နယ် (State) တစ်ခုအဖြစ် တရားဝင် သတ္မှတ္ခဲ့သည်။


တရုတ်က တိဘက်အပေါ် သိမ်းပိုက္မှုအား  "ငြိမ်းချမ်းစွာ နယ်မြေပြန်လည်သိမ်းသွင်းမှု"ဟု ဆိုသည်။ တိဘက်အား တရုတ်  သွားရည်တမြားမြားကျရသည့်အချက္များထဲတွင် အောက်ပါ အချက္များပါသည်။ တိဘက်အပေါ် ထိန်းချုပ်ထားခြင်းဖြင့် တရုတ်အဖို့ ဟိမဝန္တာတောင်တန်းကို သဘာဝ တံတိုင်းကြီးသဖွယ် အသုံးပြုကာ နယ်စပ်လုံခြုံရေးအား အခိုင်အမာ တည်ဆောက်နိုင်သည်။ တိဘက်က တရုတ်နိုင်ငံအဖို့ "အာရှ၏ အကျောရိုး" ဖြစ်သည်။ အိန္ဒိယက ဒီမိုကရေစီ အရင်းရှင်စနစ်ပုံစံဖြစ်သည်။ အိန္ဒိယ၏  ဩဇာလွှမ်းမိုးမှု နှင့် ဒီမိုကရေစီအရင်းရှင်စံနှုန်းများတရုတ်ပြည်မကြီးထဲ ရောက္မလာအောင် တိဘက်ကို ခံတပ်အဖြစ် အသုံးပြုချင်သည်။ ဤသို့ဖြင့် မဟာဗျူဟာမြောက် ခံစစ်  (Strategic Defense) အရ တိဘက်ပထဝီဝင်ကို တရုတ္ သွားရည်ကျစရာ ဖြစ်သည်။  ရေအရင်းအမြစ်နှင့် သဘာဝသယံဇာတ (Resources) အရ တိဘက်အား "အာရှ၏ ရေမျှော်စင်" (Water Tower of Asia) ဟု ခေါ်ကြသည်။ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ယန်ဇီမြစ်နှင့် ဂင်္ဂါမြစ်များသည် တိဘက်ကုန်းပြင်မြင့့်၏ ဂေဟစနစ်သက်ရောက္မှုနှင့်မကင်းနိုင်ကြချေ။ အဆိုပါ ရေအရင်းအမြစ်များကို ထိန်းချုပ်နိုင်ပါက တရုတ်အတွက် အလွန် အကျိုးအမြတ်ရှိသည်။ တိဘက္တွင္ ကြေးနီ၊ ရွှေ၊ ယူရနေီယမ် နှင့် လီသီယမ် (Lithium) က့ဲသို့ သတ္တုတွင်းထွက် များရှိသည်။ 


ထိုအကျိုးအမြတ်များကို သွားရည်ကျနေသည့်တရုတ်က အကြောင်းပြချက်ပေးပုံမှာ  တိဘက်သည် ချင်မင်းဆက် (Qing Dynasty) လက်ထက်ကတည်းက တရုတ်၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။ သို့ဖ​ြစ်၍ ၁၉၁၂ ခုနှစ်မှ  ၁၉၅၀ ခုနှစ်အကြား  တိဘက် အနေဖြင့် လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်နေမှုကို တရုတ်က မကြိုက်နိုင်။  "တရုတ်ပြည် ပြန်လည်ပေါင်းစည်းရေး" မူဝါဒအောက်တွင် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်ယူခြင်းဟု တရုတ်က အကြောင်းပြသည်။ အမှန်က ထိုအချိန် တိဘက်အား တရုတ္ကျူးကျော်မှုက ၎င်းတို့၏ ကွန်မြူနစ်ဝါဒကို ကာကွယ်လိုမှုလည်း ပါသည်။ ဘာသာရေးခေါင်းဆောင် (ဒလိုင်းလားမား) အုပ်ချုပ်သော စနစ်ကို ရှေးဟောင်း သက်ဦးဆံပိုင်စနစ်နှင့် ကျွန်စနစ်ဟု တရုတ်ကွန်မြူနစ်များက သမုတ်သည်။ သို့ဖြစ်၍ တိဘက်ပြည်သူများအား  တိဘက်၏ ရှေးဟောင်း သက်ဦးဆံပိုင်စနစ်နှင့် ကျွန်စနစ်အောက်က လွတ်မြောက်အောင် ကယ်တင် (Liberation) မှုဟုလည်း တရုတ်ကွန်မြူနစ်များက ကင်းပွန်းတတ်ကြသေးသည်။ မည်သို့ မည်ပုံ လွတ်မြောက်အောင် ကယ်တင်လိုက်သည်တော့မသိ။ ၁၉၅၉ ခုနှစ်တွင် တိဘက္များ အုံကြွကြတော့သည်။ တရုတ်က အကြမ်းနည်းဖြင့် ဖြိုခွင်းသည်။ တိဘက်ဒုက္ခသည်များ အရုနီချယ်လ် ပရာဒေရှ့် ထဲကို ထွက်ပြေးလာကြသည်။ တရုတ်က အရုနီချယ်ပရာဒေရှ့်ကို "တိဘက်တောင်ပိုင်း" (South Tibet) အဖြစ် သတ်မှတ်ပြီး ၎င်းတို့ပိုင်နက်ဟု ဆိုနေသည်။ အရုနီချယ်ပရာဒေရှ့် (Arunachal Pradesh) ပြည္နယ်တွင္ နေထိုင်သူအားလုံးမှာ တိဘက္များမဟုတ်ပေ။ သို့သော် တိဘက်အနွယ်များက လူများစုဖြစ်သည်။ အရုနီချယ်ပရာဒေရှ့်တွင်  တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစု၊ မျိုးနွယ်စု စသဖြင့် (၂၆) စုထက္မက ရှိသည်။ အရုနီချယ်လ် ပရာဒေရှ် တိဘက် မျိုးနွယ်စုများထဲတွင်ပင် NyishiAdiGalo နှင့် Apatani စသော လူမျိုးစုများ၌ ကိုယ်ပိုင် ရိုးရာယုံကြည်မှု (Donyi-Polo) နှင့် ကိုယ်ပိုင် ဘာသာစကား သီးသန့်ရှိကြသေးသည်။


တိဘက်နှင့် အစ္စလမ်


တရုတ်တွင် သိမ်းယူထားသော တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Tibet Autonomous Region) နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အစ္စလမ်ယဉ်ကျေးမှု ထွန်းကားသော ပြည်နယ် (၃) ခု ရှိသည်။ ရှင်းကျန်း (Xinjiang ) မှာ ဝီဂါ (Uyghur) မွတ်စလင်များ အဓိက နေထိုင်ကြပြီး တိဘက်၏ မြောက်ဘက်နှင့်အနောက္မြောက်ဘက် တွင် ကပ်လျက်တည်ရှိကာ  အလယ်အာရှ ယဉ်ကျေးမှုဘက်ကို ပိုမိုနီးစပ်သည်။ ချင်းဟိုင် (Qinghai) မှာ တိဘက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး  ဟွေ (Hui) မွတ်စလင်နှင့် ဆာလာ (Salar) မွတ်စလင် အများအပြား နေထိုင်ကြသည်။ ချင်းဟိုင်မှာ တိဘက်ကုန္းမြင့်ပေါ်တွင္ ရှိပြီး တိဘက်လူမျိုးများနှင့်  မွတ်စလင်များ ရောနှောနေထိုင်ကြသည်။  တိဘက်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အစ္စလမ်ဗလီကျောင်းများကို တ ​နေရာတည်းတှင် မြင်တွေ့နိုင်သော ဒေသ ကန်းစု (Gansu) မှာ တိဘက်၏ အရှေ့ဘက် မှာ တည်ရှိသည်။ ဟွေ (Hui) မွတ်စလင်များ အများဆုံး နေထိုင်သော ဒေသတစ်ခုဖြစ်သော လင်ရှမွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Linxia Hui Autonomous Prefecture) မှာ  ကန်းစုပြည်နယ်ထဲတွင် ရှိသည်။ လင်ရှ မွတ်စလင် ဒေသကို "တရုတ်ပြည်၏ မက္ကာဟ်" ဟု တင်စားခေါ်ဝေါ်ကြသည်။ ဤအချက္များက တိဘက်ဒေသ၏ ဗျူဟာမြောက်အရေးပါမှုကို ဖော်ပြနေသည်။ တရုတ်အနေဖြင့် ကျောရိုးပိုင်းတွင် ရင်ဆိုင်နေရသော အစ္စလမ္မစ်အသိုင်းအဝန်း၏ ပါရာဒိုင်းအတွက်ပင် တိဘက်ဒေသ၏ အနေအထားသည် အရေးပါနေသည်။


အိန္ဒိယနှင့် တရုတ်ကြားတွင် ပါဝါအားပြိုင်မှုသည် တိဘက်ကို ဖြတ်သန်းသည်။ အစ္စလမ္မစ် အသိုင်းအဝန်းနှင့် တရုတ်ကွန်မြူနစ်ကြားရှိ အားပြိုင်မှုသည်လည်း တိဘက်ကို ရိုက်ခတ်သည်။


ပါဝါများကြားတွင် ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့် ခိုဝင်ခြင်း စသည့် ဖြစ်စဉ်များသည် တိဘက်အနွယ်များ၏ ဒေသအစိတ်အပိုင်းများတွင် ဖြစ်နေ ခ့ဲရသည္။ အနုချယ်လ်ပရာဒေရှ့်သည်ပင် တိဘက်အုပ်ချုပ်သူများ တရုတ်ကို ရင်ဆိုင်နိုင်ရန် ဗြိတိသျှကို ပေးခ့ဲရသော အလျော်အစားတစ်ခု မဟုတ်ပါလား။ ထိုအလျော်အစားက အနုချယ်လ် ပရာဒေရှ့် ကို အိန္ဒိယ ပိုင်နက်အဖြစ် ရှိလာစေ ခ့ဲသည်။ တိဘက်ဒေသအား တရုတ်ကွန်မြူနစ်များ မသိမ်းမှီအချိန်ထိ အနုချယ်လ်ပရာဒေရှ့် ဖြစ်စဉ်က  တိဘက်အတွက် ရင်ထုမနာဖြစ်စရာပင်။ သို့သော် တိဘက်ဒေသအား တရုတ်က သိမ်းလိုက္သည့်အချိန်မှစ၍ အနုချယ်ပရာဒေရှ့် အိန္ဒိယထဲ ပါသွားသည်မှာ ခပ်ကောင်းကောင်းဟု တွေးလာမည့် တိဘက္များလည်း ရှိနေမည်ဖြစ်သည်။


နယ်နိမိတ်ဟူသည် ပြောင်းလဲနေတတ်သည်။ နယ်နိမိတ်ပြောင်းလဲခြင်းသည် လူသားသမိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော သဘောဖြစ်သည်။ ဆစ်ကင်း က့ဲသို့လွတ်လပ်သော တိုင်းပြည်တစ်ခု ဘဝမှ အိန္ဒိယ ထဲပြည်နယ်တစ်ခု ဖြစ်လာခြင်းသည်လည်း နယ်နိမိတ်ပြောင်းလဲခြင်းဖြစ်သည်။ တိဘက်ဒေသအား တရုတ်ကွန်မြူနစ်များ ကျူးကျော်သိမ်းပိုက္မှုသည်လည်း နယ်နိမိတ် ပြောင်းလဲခြင်းဖြစ်သည်။ ထိုအခင်းအကျင်းများသည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီး နိုင်ငံတကာ စနစ်များပေါ်လာပြီးနောက်တွင် ဖြစ်လာသော ကိစ္စများလည်းဖြစ်သည်။ နယ်နိမိတ်ပြောင်းလဲမှုကို နိုင်ငံတကာစနစ်များက လက်ခံဖို့ ခက်သည်ဟူသော သဘောတရားမှာ ဥပါဒ်လွတ်သော စင်းလုံးချော မဟုတ်သေးပေ။ နယ်နိမိတ်ပြောင်းလဲမှုတိုင်းတွင် နိုင်ငံရေးအရ ဇတ်နာမှုက ရှိသည်။


တိဘက်အနွယ်ဝင်များရှိသော နေရာဒေသများကို အချုပ်အခြာအာဏာဘက်က ကြည့်ပါက အဓိကအားဖြင့် အိန္ဒိယနှင့် တရုတ်တို့၏ အားပြိုင်မှုကွင်းပြင်မှ မြက်ခင်းအဖြစ်သာ မြင်နေရအုံးမည်ဖြစ်သည်။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1