ULA/AA အနေဖြင့် ပဋိပက္ခကာလအတွင်း ဒီမိုကရေစီကိုမြင့်တင်နိုင်ပါမည်လား

 ULA/AA အနေဖြင့် ပဋိပက္ခကာလအတွင်း ဒီမိုကရေစီကိုမြင့်တင်နိုင်ပါမည်လား


ဤမေးခွန်းမျိုးကို အချို့က ကြိုက္မည်မဟုတ်ချေ။ တူးတူးခါးခါး ကန့်ကွက်လာနိုင်စရာလည်းရှိသည်။ စစ်ပွဲနှင့် ဒီမိုကရေစီဆိုသည်မှာက တောင်နှင့်မြောက်၊ အရှေ့နဲ့ အနောက်ဟု တဖက်သတ်ယူဆနေသူများအဖို့အတွက်တော့ တူးတူးခါးခါးဖြစ်မှုက အပစ်မဆိုသာ။ သို့သော်ထိုသူများတွင် " လွတ်လပ်စွာ ခွဲခြမ်းစိတ်ဖြာမှု" အပေါ်တန်ဖိုးထားစိတ် အနည်းငယ်ရှိပါက ဤမေးခွန်းသည် သက်တောင့်သက်သာ ရှိနိုင်မည့်မေးခွန်းသာ ဖြစ်ပေလိမ့်မည်။


စစ်ပွဲဟူသည် ရခိုင်တစ်မျိုးတည်းသာ တိုက်ဖူးသော ကိစ္စလော ဟု ဆိုလျှင် ရှေးယခင်ကပင် ယခုအချိန်ထိ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း တိုက်ဖူးသော ကိစ္စဖြစ်သည်ကို သမိုင်းက သက်သေပြနေသည်။ စစ်ပွဲဟူ၍ ဖြစ်လာလျှင် လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီအခွင့်အရေးဟူသည် နောက်ဆုတ်သွားတတ်သည်ကား အဆန်းတော့မဟုတ်ပေ။ သို့သော ်အဆန်းမဟုတ်ဟူသော မှတ်ချက်သည် ဒီမိုကရေစီကို လုံးဝပစ်ပယ်သည်ဟု အဓိပ္ပါယ္ထွက္ခြင်းမျိုးတော့မဟုတ္သေးပေ။ 


အင်မတန်မှ ဆတ်ဆတ်အထိမခံနိုင်သော သူများအတွက် သမိုင်း၏ နမူနာ အချိုးအကွေ့များက ရှိပါသေးသည်။ လူမှုဗေဒပညာရှင် ချားလ်စ် တဲလ်လီ ( Charles Tilly) က "War made the state, and the state made war" (စစ်ပွဲက နိုင်ငံတော်အား တည်ဆောက်ပြီး၊ နိုင်ငံတော်က စစ်ပွဲကို ဖန်တီးသည်) ဟု ကမ္ဘာကျော် ဆိုရိုးစကားပ​ြုခ့ဲဖူးသည္။ ချားလ်စ် တဲလ်လီ ၏ ဆိုရိုးတွင် အစိတ်အပိုင်း နှစ်ရပ်ရှိသည်။ စစ်ပွဲက နိုင်ငံတော်အားတည်ဆောက်ခြင်း အပိုင်းနှင့် နိုင်ငံတော်မှ စစ်ပွဲအား ဖန်တီးခြင်း ဆိုသည့် အပိုင်း နှစ်ခုဖြစ်သည်။ 


စစ္ပွဲက နိုင်ငံတော်အားတည်ဆောက်ခြင်း


ဤ အပိုင်းအတွက် သမိုင်းနမူနာများက နားလည်ရန်မခက်ချေ။ မင်းစောမွန်ကိုသော်လည်းကောင်း၊ မုတ်ဆိုးဘိုရွာသား အောင်ဇေယျကိုသော်လည်းကောင်း၊ ဂျင်ဂျစ်ခန့်ကိုသော်လည်းကောင်း၊ တီမူးခန့်ကိုသော်လည်းကောင်း၊ အာသောက  ကိုသော်လည်းကောင်း၊ အလက်စန္ဒြားကိုသော်လည်းကောင်း ကြည့်ပါက ရိုးရိုးရှင်းရှင်း မြင်တွေ့နိုင်သည်။ ၎င်းတို့က နိုင်ငံထူထောင်ရန်အတွက် စစ်ပွဲကို အသုံးပ​ြုခ့ဲသည္။ ထိုခေတ်ကာလက နိုင်ငံထူထောင်မှုဆိုသည်မှာ ၎င်းတို့၏ ဩဇာအာဏာအတွက် နယ်ပါယ်ချဲ့ထွင်မှုသာ ဖြစ်သည်။ သို့သော် ခေတ်သစ်သမိုင်းတွင်တော့ နိုင်ငံထူထောင်မှုဟူသည် စစ်ခေါင်းဆောင် တစ်အုပ်စု၏ အာဏာချဲ့ထွင်မှုဆိုခြင်းထက် ဖိနှိပ်ခံလူထု များလွတ်မြောက်ရေးဆိုသည့်အထိ သက်ဆင်းသွားပြီဖြစ်သည်။ ပဒေသရာဇ်ခေတ်ကာလ နိုင်ငံထူထောင်မှုနှင့် ခေတ်သစ်ကာလ နိုင်ငံထူထောင်မှုသည် အနှစ်သာရခြင်း ကွာဟနေပြီဖြစ်သည်။ ဤ နမူနာက စစ်ပွဲက နိုင်ငံတော်အားတည်ဆောက်ခြင်းဆိုသည့် သဘောကို နားလည်နိုင်တန်ကောင်းပါသည်။


ချာလ်စ် တဲလ်လီ က သူ၏ အနောက်ဥရောပ အမျိုးသားနိုင်ငံများ ပေါ်ထွန်းလာခြင်း ဆိုသည် ၁၉၇၅ ခုနှစ်တွင်ထုတ်ဝေ ခ့ဲသော The Formation of National States in Western Europe စာအုပ်တွင် စစ်ပွဲနှင့် နိုင်ငံတော်ကြားက အပေးအယူ သဘောမျိုးကို ထပ်ရှင်းပြထားသည်။

၁- စစ်တိုက်ရန် အစိုးရဟူသော အုပ်စုသည် အခွန်များကို ပိုကောက်လာရသည်။

၂- ပြည်သူများအား စစ်ထဲသွင်းရသည်။

၃- အရင်းအမြစ်များကို  ထိန်းချုပ်ရသည်။ 

ဤအချက္များကိုပြုရန် အုပ်ချုပ်သူ အစိုးရဟူသော အုပ်စုက အာဏာအား ဗဟိုချက်တွင်  (Centralization)စုစည်းမှုကိုပြုလာရသည်။ ဤအချက်များကြောင့် အခွန်အခ ပိုကောက်ခြင်း၊ ပြည်သူများအားစစ်ထဲသွင်းခြင်းနှင့် အရင်းအမြစ်များကို ထိမ်းချုပ်ခြင်း တို့ကပြည်သူ တစ်ဦးချင်းစီလွတ်လပ်ခွင့်အား သွယ်ဝိုက် သို့မဟုတ်တိုက်ရိုက် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုခ့ဲသည္။ ဤအချက္များကို ခွဲခြမ်းစိတ်ဖြာရန် မခက်ပေ။ အခွန်အခပိုကောက်ခံနေရခြင်း ဆိုသည်ကိုလည်း ပြည်သူများသိရန် မခက်ပေ။ ပြည်သူများ၏ ခရီးသွားလာမှု၊ လှုပ်ရှားဆောင်ရွက္မှု စသည့် အခြေခံအခွင့်အရေးများပင်လျှင် လုံခြုံရေးအခြေအနေဟူသော အချက်အောက်တွင် ကန့်သတ်ခံနေရပြီဖြစ်သည်။ ခရီးသွားလာခွင့်ထောက်ခံစာ ဆိုသည်က လုံခြုံရေးအရ လူအဝင်အထွက်ကို ကြည့်ရန်ဆိုသော်လည်း  ငွေတောင်းရန်နှင့် အာဏာပြရန် လမ်းကြောင်းတစ်ခုဖြစ်လာသည်။ ပြည်သူများအား စစ်ထဲသွင်းခြင်း ဆိုသည်မှာလည်း နားလည်ရန်မခက်ပေ။ စစ်ဘက်ရေးရာ ကိစ္စရပ်နှင့် ပြည်သူသည် သာမန်အခြေအနေတွင် ကင်းကွာသည်။ အုပ်ချုပ်သူမှ စစ်ပွဲအတွက် လိုအပ်သော အထောက်အပံအား ပြည်သူထံမှ ရရှိရန်လိုသည်။ စစ်ပွဲအား ပြည်သူမှ ထောက်ခံရန်ကြိုးစားခြင်း၊ ဝါဒဖြန့်ချိခြင်းကအစ ဆွဲဆောင်မှုများကို ပြုလုပ္သက့ဲသို့ အတင်းအကြပ် ဆပ်ကြေးကောက်ခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း တို့က့ဲသို့ ဖိအားဖြင့် ဆွဲသွင်းခြင်းများရှိလာသည်။ အရင်းအမြစ်များကို ထိန်းချုပ်ခြင်း မှာလည်း ရှုပ်ထွေးသောကိစ္စမဟုတ်ချေ။ လူသားအရင်းအမြစ်မှအစ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် အရင်းအမြစ်များကို ထိန်းချုပ်ကာ စစ်ဘက်နှင့်နီးကပ်သော အုပ်စုများမှ စီးပွားရေးကို မောင်ပိုင်စီးလာခြင်းဖြစ်သည်။ အကြောင်းပြချက်ကတော့ ရှိကြပါသည်။ စစ်တိုက်ရန် လူလိုသည်။ ငွေလိုသည်။ ထို့ကြောင့် စစ်နိုင်ရန်အရင်းအမြစ်ကို ထိန်းချုပ်သည်ဟု အကြောင်းပြနိုင်သည်။ ကာကွယ်ရေးဆိုင်ရာ အကြောင်းပြချက်ပေတံအောက် မည်မျှပင် အကြောင်းပြနေ စေကာမူ မြေပြင်တွင်တော့ လုပ်ပိုင်ခွင့်ရှိသူ အဆင့်ဆင့်ကြားတွင် အဂတိဟူသည်ရှိစမြဲပင်။ ဤသို့ဖြင့် လူထုအတွက် ဝန်ပိစေသည်။


"The Garrison State" (စစ်တန်းလျားနိုင်ငံတော် သီအိုရီ)


နိုင်ငံရေးသိပ္ပံပညာရှင် ဟာရိုလ်ဒ် လစ်ဝဲလ် ( Harold Lasswell က ၁၉၄၁ ခုနှစ်တွင် အဆိုပါ သီအိုရီကို တင္ပြခ့ဲသည္။ သူ၏ တင်ပြချက်အား  Lasswell, H. D. (1941). The Garrison State, American Journal of Sociology တွင် ဖော္ပြခ့ဲသည္။ ဟာရိုလ်ဒ် လစ်ဝဲလ်က  စစ်ပွဲဟူသည်  ရှည်ကြာလာသည်နှင့်အမျှ နိုင်ငံများမှာ "စစ်တန်းလျားနိုင်ငံ" အဖြစ် ပြောင်းလဲသွားသည်ဟုဆိုသည်။ စစ်ပွဲရှည်ကြာလာမှုက အာဏာအား အရပ်သားနိုင်ငံရေးသမားများ လက်ထဲမှ  စစ်ရေးကျွမ်းကျင်သူ (Specialists on Violence) များလက်တွင်း ရောက်သွားလေ့ရှိပြီး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ထက် စစ်ရေးအောင်မြင်မှုကိုသာ ဦးစားပေးတော့သည်။ 


စစ်ပွဲအတွင်း လွတ်လပ်ခွင့်များ ကန့်သတ်ခံရမှု 

ဤသို့ဆိုလျှင် ကန့်သတ်မှုများက စစ်ပွဲကာလအတွင်း ဒီမိုကရေစီနိုင်ငံများတွင်ပင် မရှိတော့ပြီလားဟု မေးစရာရှိသည်။ စစ်ပွဲအတွင်း ပြည်သူ့၏ လွတ်လပ်ခွင့်များအား ကန့်သတ်မှုဟူသည် ဒီမိုကရေစီ နိုင်ငံကြီးများပင် ရှိခ့ဲသည္။ သမိုင်းဝင် သာဓကများအနေဖြင့် ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ကာလအတွင်း အမေရိကန်နှင့် ဗြိတိန်တွင် ကျင့္သုံးခ့ဲသော ဥပဒေများရှိသည်။ 


အမေရိကန် ပြည်ထောင်စု 


ပထမကမ္ဘာစစ်အတွင်း Sedition Act of 1918 ဥပဒေတွင် အမေရိကန်အစိုးရအပေါ် ဝေဖန်ပြောဆိုခြင်း၊ အလံကို စော်ကားခြင်းစသည့်အချက္များအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ ဤအချက်သည် လွတ်လပ်စွာ ပြောဆိုခွင့် (First Amendment) အား ပြင်းထန်စွာ ကန့်သတ်ခဲ့ခြင်းလည်းဖြစ်သည်။ အမေရိကန္ သမိုင္းတွင္အဆိုးရွားဆုံး ဒီမိုကရေစီချိုးဖောက္မှုအဖြစ် သမ္မတရုစဗ့ဲ လက္မှတ္ထိုးခ့ဲသော  Executive Order 9066 ကို သတ်မှတ်ကြသည်။ ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသား ၁ သိန်း ၂ သောင်းကျော်အား "ရန်သူဖြစ်နိုင်ခြေရှိသူများ" အဖြစ် သတ်မှတ်ကာ အကျဉ်းစခန်း (Internment Camps) များ ထဲ အတင်းအဓမ္မ ပို့ဆောင်ခဲ့သည်။ ထိုဂျပန်နွယ်ဖွားများတွင် မည်သည့် အပြစ်မှ မရှိသလို တရားစီရင်ခွင့်လည်း မရခဲ့ချေ။ Executive Order 9066 (Japanese Internment) အား အမေရိကန် အမျိုးသားမော်ကွန်းတိုက် (National Archives) တွင် Executive Order 9066: Resulting in Japanese-American Incarceration မူရင်းစာတွဲ အဖြစ် ယခုအထိ ရှိပါသည်။  နောက်တချက္မှာ War Production Board ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအား အစိုးရက ဗဟိုမှ ထိန်းချုပ်ကာ စက်ရုံများတွင် မည်သည့်ပစ္စည်းကို မည်မျှထုတ်ရမည်ဟု အမိန့်ပေးသည်။ War Production Board (Economic Control) နှင့်ပတ်သက်၍ စီးပွားရေးအား အစိုးရက ထိန်းချုပ်ပုံအကြောင်းကို Harry S. Truman Library တွင် လေ့လာနိုင်ပါသည်။ သတင်းမီဒီယာများကို စစ်ဆေးရန်နှင့် စစ်ရေးသတင်းများကို ထိန်းချုပ်ရန် အထူးဌာန (Office of Censorship) ကို ဖွဲ့စည္းခ့ဲသည္။ 


 ဗြိတိန်နိုင်ငံ


ပထမကမ္ဘာစစ်အတွင်း ဗြိတိန်မှာ Defence of the Realm Act - DORA ဥပဒေအား  ပြဋ္ဌာန်းခဲ့ပြီး အစိုးရအနေဖြင့် သတင်းစာများကို ပိတ်ပစ်ခွင့်၊ လူကို စွဲချက္မရှိ ဖမ်းဆီးခွင့် စသော အာဏာကုန် ပေးထားခဲ့သည်။ ဗြိတိန်တွင် "Emergency Powers (Defence) Act 1939" ဥပဒေသည် အစိုးရအား အလွန်ကျယ်ပြန့်သေ ာအာဏာပေးထားခ့ဲသည္။ Emergency Powers (Defence) Act 1939:  ဗြိတိန်လွှတ်တော် (Parliament) ဝဘ်ဆိုဒ်တွင် Emergency Powers in WWII - UK Parliament ဖတ်ရှူနိုင်သည်။ Regulation 18B စည်းမျဉ်းအရ အစိုးရက နိုင်ငံတော်အတွက် အန္တရာယ်ရှိသည်ဟု ယူဆရသူများကို ရုံးတင်စစ်ဆေးခြင်းမပြုဘဲ ဖမ်းဆီးချုပ်နှောင်ထားခွင့် ရရှိခဲ့သည်။ (ဤအချက်သည် ဒီမိုကရေစီ၏ အခြေခံ (Habeas Corpus) အခွင့်အရေး ဖမ်းဆီးခံရသူအား  တရားရုံးတင်ရမည်ဟူသော အချက်ကို  ချိုးဖောက်ခြင်းဖြစ်သည်။ Regulation 18B (Detention without trial) အား National Archives ရှိSecurity Service Records: Regulation 18B - The National Archives တွင်ဖတ်ရှူနိုင်သည်။


အရေးပေါ်အခြေအနေနှင့် ခြွင်းချက်ဥပဒေ (State of Exception)


ခေတ်သစ်အတွေးအခေါ်ပညာရှင်  ဂျော်ဂျီယို အဂမ်ဘင် (Giorgio Agamben )က စစ်ပွဲ သို့မဟုတ် အရေးပေါ်အခြေအနေတွင် အစိုးရများသည် ပုံမှန်ဥပဒေကို ခေတ္တရပ်ဆိုင်းထားကာ  "ခြွင်းချက်အခြေအနေ" (State of Exception) ကို ဖန်တီးတတ်ပြီး ထိုအချိန် ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်မှုထက် အထက်အမိန့် (Executive Decree) က ပိုအသက်ဝင်လာသည်ဟု (Agamben, G. (2005). State of Exception) တွင် မှတ်ချက်ပြုထားသည်။ 


စစ်ပွဲကာလတွင် ဒီမိုကရေစီ ဆုတ်ယုတ်ရ သော အကြောင်းရင်းတွင်  ဆုံးဖြတ်ချက် မြန်မြန်ချနိုင်ရန် လွှတ်တော်ထက် အုပ်ချုပ်ရေးပိုင်း (သမ္မတ/ဝန်ကြီးချုပ်) မှ အာဏာပိုယူရခြင်း၊ လုံခြုံရေးကို လွတ်လပ်မှုထက် ဦးစားပေးခြင်း ကာ "နိုင်ငံတော်လုံခြုံရေး" အကြောင်းပြချက်ဖြင့် ထောက်လှမ်းရေးနှင့် ကန့်သတ်မှုများ ပိုလုပ်လာခြင်း၊ စားနပ်ရိက္ခာနှင့် စီးပွားရေးအပေါ် အစိုးရက ဗဟိုမှ ထိန်းချုပ်လိုက်ခြင်း တို့ပါဝင်သည်။ စစ်ပွဲကာလအတွင်း ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အား မည်သို့အပေးအယူလုပ်ခံရသည်ကို Constitutional Rights Foundation ၏ Constitutional Rights in Wartime - CRF USA တွင် ဖတ်ရှူနိုင်သည်။


အဆိုပါအချက်အလက္များက အမေရိကန်၊ ဗြိတိန် စသော ဒီမိုကရေစီနိုင်ငံများတွင်ပင် စစ်အတွင်း ကန့်သတ်ချက္များ ရှိနေသည်ကို မီးမောင်းထိုးပြနေပါသည်။ ဤသို့ဆိုပါလျှင် ထို နိုင်ငံများတွင် ထိုသို့ ကန့်သတ်ချက္များရှိနေ ခ့ဲသည့္ တိုင္အောင္ အဘယ်ကြောင့်  ဒီမိုကရေစီ မဆိတ် သုန်းသှားခဲ့ပါသနည်း ဟူသောအချက်ကို ပို၍ မီးမောင်းထိုးပြလာစရာရှိသည်။ စစ်ပွဲနှင့် ဒီမိုကရေစီဆိုသည်မှာက တောင်နှင့်မြောက်၊ အရှေ့နဲ့ အနောက်ဟု တဖက်သတ်ယူဆကာ  တူးတူးခါးခါးဖြစ်နေသူများအတွက်တော့ ထိုမီးမောင်းထိုးပြမှုကို အော့ကြော့လန်စရာ ရှိနေပါသည်။ 


၁။ ယာယီသဘောဆောင်ခြင်း (Temporary Nature): အဆိုပါ

ဥပဒေတွေအားလုံးသည် အမေရိကန်နှင့် ဗြိတိန်တွင် "စစ်ပွဲကာလအတွင်းသာ" ဖြစ်သည်ဟု ဥပဒေတွင် အစကတည်းက ထည့်သွင်းထားပြီး စစ်ပြီးသည်နှင့် ချက်ချင်း ရုပ်သိမ်းခဲ့သည်။ ULA/AA ၏ ထုတ်ပြန်သော အမိန့်များတွင် ထိုအချက္မပါပေ။ 

၂။ လွှတ်တော်၏ ထိန်းကျောင်းမှု: အစိုးရ၏ အာဏာသုံးမှုကို လွှတ်တော်မှ အမြဲစောင့်ကြည့်နေသည်။ ဥပမာ - ဗြိတိန်မှာ Regulation 18B အရ ဖမ်းဆီးမှုများမပေါ် လွှတ်တော်အမတ်များဘက်က အမြဲတမ်း မေးခွန်းထုတ်ပြီး ဝေဖန်ခဲ့ကြသည်။ ဗြိတိန်အစိုးရအဖွဲ့ လွတ်တော်တွင် အမြဲဖြေရှင်းနေရသည်။ လွတ်တော် မရှိသေးစေကာမူ မေးခွန်းထုတ် ဝေဖန္မှုအား ULA/AA သည် လမ်းဖွင့်မထားပေ။

၃။ လွတ်လပ်သော တရားစီရင်ရေး: အမေရိကန်တွင် အချို့သော အစိုးရ၏ အမိန့်များကို တရားရုံးချုပ် (Supreme Court) အထိ တက်ရောက်ရင်ဆိုင်ခွင့် ရှိခဲ့သည်။ ULA/AA ၏ အမိန့်များအပေါ် ပြည်သူများအဖို့ တရားစီရင်ရေးအောက်၌ အကာအကွယ်ယူခွင့် မရှိပေ။ 


စစ်ပွဲအတွင်း ဒီမိုကရေစီနိုင်ငံများတွင် "အာဏာရှင်ဆန်သောနည္းလမ္းများ" ကို ခေတ္တအသုံးပြုခဲ့ကြသော်လည်း အာဏာကို အမြဲတမ်းလက်ဝယ်တွင်ထားရန် မကြိုးစားဘဲ စစ်ပြီးသည်နှင့် မူလဒီမိုကရေစီစနစ်ထဲ ပြန်သွားနိုင္ခ့ဲသည်။


တူးတူးခါးခါးဖြစ်နေသူများ ဘက္မှ အကြောင်းပြချက်တစ်ခုတော့ အောတိုမတ်တစ် ပေးလာနိုင်သည်။  အမေရိကန်နှင့်  ဗြိတိန်ဟူသည်  ခိုင်မာသော စနစ် (System)၊ ပြည်သူများ၏ နိုးကြားမှု တို့က ရှိနေသော နိုင်ငံများဖြစ်၍ အခုမှ စတင်နေရသည့် သူများနှင့် မနှိုင်းယှဉ်အပ်ဟု လာကြမည်ဖြစ်သည်။ အခုမှ စတင်သည်ဖြစ်စေ၊ လမ်းခုလတ်မှ စတင်သည်ဖြစ်စေ ထိုစတင်မှု၌ပင်ခေါင်းဆောင်များ၏ ဒီမိုကရေစီအပေါ် သစ္စာစောင့်သိမှုနှင့် အင်စတီကျူရှင်းများ ဒီမိုကရေစီတန်ဖိုးကို လေးစားမှု ရှိနေ၍ ထိုသို့ စနစ်အထိုင်ကျမှုနှင့် ပြည်သူနိုးကြားမှုတို့ ရှိနေသည် ဆိုသည်ကိုတော့ မျက်ကွယ်ပြုနေ၍မရချေ။ ထိုစစ်ပွဲကာလအတွင်းမှာပင် အမေရိကန်နှင့် ဗြိတိန်တို့၌ လက်နက်ကိုင်တပ်ဖွဲ့ အင်စတီကျူရှင်းများကို ဒီမိုကရေစီတန်ဖိုးအား လေးစားရန် မောင်းနှင်မှုက ရှိနေသည်ဟူသော အခြေခံအချက္များကို မျက်ကွယ်ပြုနေ၍ မရချေ။ 


လွတ်လပ်စွာ ပြောဆိုဝေဖန်မှုကို လမ်းဖွင့်ထားသော လူ့အဖွဲ့အစည်းတရပ်တွင် ဒီမိုကရေစီသည် ခလုတ်ခဏခဏတိုက်တတ်သော်လည်း နိုင်ငံတစ်ခုကိုတော့ ချောက်ထဲ တွန်းမချတတ်ချေ။ ခေါင်းဆောင်များ၏ ဒီမိုကရေစီအပေါ် သစ္စာစောင့်သိမှု ကိုကြည့်ပါက ဟစ္တလာက့ဲသို့ ပုဂ္ဂိုလ်မျိုးသည် ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်တင်မြောက်ခံရသည့်တိုင်အောင် အာဏာရှိချိန်တွင်ကား ခေါင်းဆောင် တစ်ယောက်၏ ဒီမိုကရေစီကို သစ္စာစောင့်သိမှုက ခမ္း ခြောက္ ခ့ဲသည္ မဟုတ်ပါလား။ ဟစ်တလာခေတ်တွင် ဟစ်တလာနှင့် နာဇီလုပ်ရပ်အပေါ် ဝေဖန်ထောက်ပြမှုက ဘေးမကင်းပေ။ 


၁၉၄၁ ခုနှစ် အမေရိကန်အခြေအနေကို ကြည့်ပါက ထိုရပ်လဒ်နှင့် ပြောင်းပြန်ကို မြင်ရပါလိမ့်မည်။ "The Garrison State" (စစ်တန်းလျားနိုင်ငံတော် သီအိုရီ)ကို နိုင်ငံရေးသိပ္ပံပညာရှင် ဟာရိုလ်ဒ် လစ်ဝဲလ် ( Harold Lasswell) က တင္ပ​ြခ့ဲသည္။ ထိုအချိန်တွင် အမေရိကန်က စစ်ကို မရှောင်လွဲနိုင်၊ မဟာမိတ်များကို လက်နက်ထောက်ပံနေသည်။ ဤသို့ဂယက် ထနေချိန် သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ (Franklin D. Roosevelt) ကိုယ်တိုင် ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်  နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union Address) ၌ "လွတ်လပ်ခြင်းလေးပါး" (Four Freedoms) ကို စတင်ကြေညာခဲ့သည်။ ၁၉၄၁ခု နှစ် ဇွန်နဝါရီမှ ဒီဇင်ဘာလ ၈ ရက်အထိ ကာလများတွင္ အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်ထဲ မဝင်ရသေးချေ။ ဒီဇင်ဘာလ ၇ ရက်တွင် ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်ကြေ ငြာ ခြင်းဖြစ်သည်။ စစ်မကြေ ငြာခင် ၁၁ လအလိုတွင် လွတ်လပ်ခြင်း လေးပါး ထွက်လာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း အာဏာရှင်စနစ်ကြီးစိုးလာမှုကို တားဆီးရန်နှင့် ဒီမိုကရေစီ၏ တန်ဖိုးကို ကာကွယ်ရန် ပြည်သူများကို ထို (၄) ချက်နှင့် စည်းရုံးခဲ့ခြင်းဖြစ်သည်။


၁။ လွတ်လပ်စွာ ပြောဆိုခွင့် (Freedom of Speech and Expression)

ကမ္ဘာ့နေရာတိုင်း လူတိုင်း မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိရမည်။ 

၂။ လွတ်လပ်စွာ ကိုးကွယ်ခွင့် (Freedom of Worship)

လူတိုင်း မိမိယုံကြည်ရာ ဘာသာတရားအပေါ် မိမိနှစ်သက်သော နည်းလမ်းအတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိရမည်။

၃။ ချို့တဲ့မှုမှ လွတ်မြောက်ခွင့် (Freedom from Want)

နိုင်ငံတိုင်းက ပြည်သူတိုင်း ကျန်းမာသန်စွမ်းပြီး ငြိမ်းချမ်းသော ဘဝအတွက်  အခြေခံလိုအပ်ချက် (စားဝတ်နေရေး) ပြည့်စုံနေရမည်။

၄။ ကြောက်ရွံ့မှုမှ လွတ်ကင်းခွင့် (Freedom from Fear)

ဘယ်နိုင်ငံကမှ အခြားအိမ်နီးချင်းနိုင်ငံကို ကျူးကျော်တိုက်ခိုက္မှု မလုပ်နိုင်အောင် စစ်အင်အားလျှော့ချပြီး၊ ပြည်သူများ စစ်ဘေးစစ်ဒဏ်ကို ကြောက်လန့်စရာမလိုဘဲ နေထိုင်နိုင်ရမည်။


သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ (Franklin D. Roosevelt)သည် သူ့ခေတ် သူ့အခါက ထူးခြားသော အရည်အသွေးရှိပြီး လူထုထောက်ခံမှုများသော ခေါင်းဆောင်ဖြစ်သည်။သမ္မတ၏ ပြောစကားက ရေပန်းစားသည်။ ဖရန်ကလင် ဒီ ရုစဗ့ဲ ခေတ်တွင် သူ့အား ချိုချိုခါးခါး ထောက်ခံကြသူများက အမေရိကန်၌ လည်းရှိပါသည်။ ဒီဘက်ခေတ်စကားနှင့် ပြောရလျှင် ဖရန်ကလင် ဒီ ရုစဗဲ့ လော်ဘီအုပ်စုက အင္အားများလှသည်။ ပန်းချီဆရာ နော်မန် ရော့ခ်ဝဲလ် (Norman Rockwell) က ထို လွတ်လပ်ခြင်း လေးပါးအား  နာမည်ကျော် ပန်းချီကား ၄ ချပ် ရေးဆွဲလိုက်ရာ ပြည်သူများကြား ပိုမိုစွဲထင္သွားခ့ဲသည္။


ရုစဗဲ့ရဲ့ မိန့်ခွန်းသည် "စစ်ထဲဝင်ဖို့ ပြင်ဆင်ခြင်း" လား


အဖြေက ဟုတ်သည်။ လွတ်လပ်ခွင့် လေးပါးအား ရုစဗဲ့က လွတ်လပ်ခွင့် ၄ ပါး  ကမ္ဘာ့နေရာတိုင်းက လူသားတိုင ရရှိရမည်ဟု ကြွေးကြော်ခြင်း အဓိပ္ပါယ်မှာ  အမေရိကန်အနေဖြင့် စစ်ထဲ တရားဝင် မဝင်သေး။ သို့သော် "ဒီမိုကရေစီရဲ့ လက်နက်တိုက်" (Arsenal of Democracy) အဖြစ် ဗြိတိနှင့်  မဟာမိတ်များကို လက်နက်အင်အား အပြည့်အဝ ကူညီမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုလွတ်လပ်ခွင့်များကို ခြိမ်းခြောက်နေသော အာဏာရှင်များကို တိုက်ထုတ်ရန် လိုအပ်လျှင် စစ်ပွဲထဲ ပါဝင်ရမည် ဆိုသော သွယ်ဝိုက် အဓိပ္ပါယ်လည္းဖြစ်သည်။


ဤအချက်ကို နိုင်ငံရေးသိပ္ပံပညာရှင် ဟာရိုလ်ဒ် လစ်ဝဲလ် (Harold Lasswell)က စစ်တန်းလျား နိုင်ငံတော် "The Garrison State" စာတမ်းဖြင့်  ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ မှာပင် ပြန်ချေပခ့ဲသည္။ ထိုခေတ်ကာလ၏ အခြေအနေအပေါ် ပညာရှင်တစ်ယောက်အနေဖြင့် သတိပေးချက် ထုတ္ပြန်ခ့ဲသည်။ ဖရန်ကလင် ဒီ ရုစဗဲ့က "လွတ်လပ်ခွင့်" အတွက် စစ်ပြင်ရမည်ဟု ပြောနေချိန်တွင် ဟာရိုလ်ဒ် လစ်ဝဲလ် က "စစ်ပွဲအတွက် အမြဲပြင်ဆင်နေရသော နိုင်ငံ၊ ဘယ်အချိန်ဆုံးမည်မသိသော စစ်မျိုးအတွက် ပြင်ဆင်နေရသော နိုင်ငံ မျိုး ဖြစ်သွားခ့ဲလျှင္  အဆိုပါ လွတ်လပ်ခွင့်များ အမှန်တကယ် ကျန်ပါမည်လား ဟု ပြန်လည်မေးခွန္းထုတ်ခ့ဲ ခြင်းဖြစ်သည်။ ဟာရိုလ်ဒ် လစ်ဝဲလ်က  စစ်ရေးကို ဦးစားပေးလွန်းသောအခါ နိုင်ငံတော် "လုံခြုံရေး" အကြောင်းပြချက်ဖြင့် ပြည်သူ့အခွင့်အရေးများကို ကန့်သတ်ခံရပြီး စစ်ဘက်ကျွမ်းကျင်သူများသာ အာဏာရလာမည့် စစ်ဘောင်သွင်းခံထားရသော လူ့အဖွဲ့အစည်း ဖြစ်လာနိုင်ချေကို ထောက်ပြခ့ဲ ခြင်းဖြစ်သည္။ထိုသို့ ထောက္ပြခ့ဲ၍ ဟာရိုလ်ဒ် လစ်ဝဲလ် မှာ ဖရန်ကလင် ဒီ လော်ဘီများ တိုက်ခိုက္မှုများကိုလည်း ခံရသည်။ ဟစ်တလာနှင့် နာဇီလွမ်းမိုးသော ဂျာမန်တွင် ထိုလိုမျိုး ဝေဖန်ပါက ဝေဖန်သူမှာ အသက်ပျောက်သွားနိုင်ပါသည်။ 


မည်သို့ပင်ဖြစ်စေ.... ဟာရိုလ်ဒ် လစ်ဝဲလ် ၏ မေးခွန္းသည်  မေးသင့်သော မေးခွန္းဖြစ်သည်ကို အချိန်က အဆုံးအ​ ဖြတ်ပေးခ့ဲပါသည္။


Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း