ဘိုတီးယား (Bhotia)-၁
ဘိုတီးယား (Bhotia)-၁
တိဘက်လူမျိုးများက သူတို့ကိုယ်သူတို့ ဘိုပါ (Bhopa)ဟုခေါ်သည်။ ဘိုပါ အခေါ်အဝေါ်ကိုပင် ဥရောပသားအချို့က ဘိုတီးယား (Bhotia)ဟု ကြသည်။ တိဘက်၊ ဘူတန်၊ ဆစ်ကင် တို့သည် ဘိုတီးယားများဖြစ်ကြသည်။
လိုသျှမ်ပါ (Lhotshampa)များကို ဘူတန်များ မကြိုက်ရသည့် ကိစ္စ၏ အကြောင်းရင်းခံများထဲတွင် ဆစ်ကင်း (Sikkim) ပြည်နယ်၏ အကြောင်းတရားလည်းပါသည်။ လိုသျှမ်ပါ အကြောင်းကို ပြောလျှင် လောလောဆယ် တရုတ်ပြည်ထဲတွင်ပါနေသော တိဘက်အခြမ်းကို ဖယ်ထား၍ရသည်။
ဆစ်ကင် (Sikkim) ပြည်နယ်ဖြစ်စဉ်နှင့် ဘူတန်၏ လိုသျှမ်ပါ အကြောက်ရောဂါ
ဆစ်ကင် (Sikkim) ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ဘူတန်သည် အိပ်မက္ဆိုး တစ်ခုရှိသည်။
တိဗက်နှင့် ဘူတန် သည် "ညီအစ်ကို တော်စပ်သူများ" ဖြစ်သည်။ ဆစ်ကင်း၏ မူလအခြေချ မျိုးနွယ်စုကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သော ဘူတီးယား (Bhutia) များလည်း တိဘက်အနွယ်များဖြစ်သည်။ ဘူတီးယားများ တိဘက္မှ ဆစ်ကင်ကို ဝင်ရောက်လာသောအချိန်မှာ ၁၄ ရာစုဝန်းကျင်ဖြစ်သည်။ ဘူတီးယား"Bhutia" ဆိုသော စကားလုံးက "တိဗက်ကလာသူ" ဟူသော သဘောဖြစ်သည်။ တိဘက်၊ ဘူတန်နှင့် ဆစ်ကင်တို့သည် ရင်းမြစ်တစ်ခုတည်းက ဆင်းသက်လာသော်လည်း သမိုင်းကြောင်း၊ ပထဝီဝင်နှင့် နိုင်ငံရေး အခြေအနေများက ကိုယ်ပိုင်သီးခြားဝိသေသလက္ခဏာများ ရှိနေကြသည်။ အုပ်ချုပ်ရေးစနစ်တွင် တစ်ခုနှင့် တစ်ခုမတူကြပေ။
ဆစ်ကင်တွင် တိဘက်နွယ်ဖွား ချိုဂယယ် (Chogyal) မင်းဆက် ရှိခ့ဲသည္။ ထိုမင်းဆက်က ဆစ်ကင်ကို ၁၆၄၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ချိုဂယယ် မင်းဆက်ကာလတွင် ဆစ်ကင်မှာ သီးခြားလွတ်လပ်သော ဗုဒ္ဓဘာသာ ဘုရင်စနစ် နိုင်ငံတော်တစ်ခုဖြစ်သည်။ ချိုဂယယ်မင်းဆက်ကာလ ဆစ်ကင်၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဘာသာရေး ထုံးတမ်းစဉ်လာများမှ တိဗက်နဲ့ တစ်ထပ်တည်းနီးပါး တူညီခဲ့သည်။
ဘူတန်၏ အဓိက တိုင်းရင်းသားဖြစ်သော ဒရွတ်ပ (Drukpa) များမှာ ၉ ရာစုတွင် တိဗက္မှ ဘူတန်ကို ပြောင်းရွှေ့အခြေချလာသူများဖြစ်သည်။ ဘူတန်၏ ရုံးသုံးဘာသာစကားဖြစ်သော ဒရွန်ခါ (Dzongkha) မှာ တိဗက်ဘာသာစကား၏ ဒေသန္တရမျိုးကွဲတစ်ခု ဖြစ်သည်။ အက္ခရာ စာရေးသားပုံ (Alphabet) က တိဘက်နှင့် တူညီသော်လည်း စကားပြောသောအခါ အသံထွက်၊ ဝေါဟာရ အသုံးအနှုန်းများတွင် သိသိသာသာ ကွဲပြားသွားခဲဲ့ပြီဖြစ်သည်။ (ဥပမာ- မြန်မာစကားနဲ့ ရခိုင်စကား ကွဲပြားသလိုမျိုး ဖြစ်သည်။) တိဘက်ရော ဘူတန်ပါ ဝဇ္ဇရာယန ဗုဒ္ဓဘာသာ (Vajrayana Buddhism) ကို ကိုးကွယ်ကြသည်။ သို့ရာတွင် ဂိုဏ်းခွဲခြင်းမှာ ကွဲပြားကြသည်။
တိဗက် တွင် အဓိကအားဖြင့် ဂေလုပါ (Gelugpa) ဂိုဏ်း (အဝါရောင်ဦးထုပ်ဆောင်းဂိုဏ်း) က လွှမ်းမိုးထားပြီး ဒလိုင်းလားမား (Dalai Lama) ကို အထွတ်အထိပ် ထားသည်။
ဘူတန်တွင် အဓိကအားဖြင့် ဒရွတ်ပ ကာဂယူးပါ (Drukpa Kagyu) ဂိုဏ်း (အနီရောင်ဦးထုပ်ဆောင်းဂိုဏ်း) ကို ကိုးကွယ်ကြသည်။ ထိုဂိုဏ်းသည် ဘူတန်ရဲ့ နိုင်ငံတော်ဘာသာလည်း ဖြစ်သည်။
ဘူတန်အမျိုးသားများ ဝတ်စုံ ဂို (Gho) နှင့် အမျိုးသမီးတွေ ဝတ်စုံ ကီရာ (Kira) တို့မှာ တိဗက်ဝတ်စုံ ချူပါ (Chupa) ကနေ ဆင်းသက်လာခြင်းဖြစ်သည်။
တိဗက်နဲ့ ဘူတန်သည် မူလရင်းမြစ် တူညီသော်လည်း ဘူတန်က သူကိုယ်သူ တိဗက်လူမျိုးလို့ မခေါ်ပေ။ "ဘူတန်လူမျိုး" (Drukpa) အဖြစ်သာ ဂုဏ်ယူစွာ ခံယူကြသည်။ တိဗက်မှာ ၎င်းတို့၏ "ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မိခင်မြေ" ဖြစ်သော်လည်း နိုင်ငံရေးအရ လုံးဝ သီးခြားစီ ရပ်တည်သည်။
၁၉ ရာစုလောက်တွင် ဗြိတိသျှများက ဆစ်ကင်နှင့် ဘူတန်ဘက်သို့ နီပေါလူမျိုးများကို ခေါ်သွင်းလာပြီး စိုက်ပျိုးရေးအတွက် အသုံးချခ့ဲသည္။ ပြဿနာ ဇစ်မြစ်အစက ဆစ်ကင်တွင် အခြေ စတည္လာခ့ဲသည္။ နီပေါလူမျိုး လူဦးရေက ဆစ်ကင်တွင် တဖြေးဖြေးတိုးပွားလာခ့ဲသည္။ ထိုသို့တိုးပွားလာသောအခါ မူရင်းဌာနေနေ တိဘက်အနွယ်များနှင့် ပဋိပက္ခများရှိလာတော့သည်။ ၁၉၇၀ ပြည့်လွန်ကာလများတွင် ဆစ်ကင်၏ ချိုဂယယ် (Chogyal) မင်းဆက် အုပ်ချုပ်မှုအပေါ် နီပေါနွယ်ဖွားများ ဦးဆောင်သော နိုင်ငံရေးပါတီများက ဆန့်ကျင္လာခ့ဲသည္။
"တစ်ဦးလျှင် တစ်မဲ (One man, one vote)" စနစ်
နီပေါနွယ်ဖွား နိုင်ငံရေးပါတီများက ဆစ်ကင်တွင် တစ်ဦးလျှင် တစ်မဲ (One Man, One Vote) စနစ်ကို တောင်းဆိုသည်။ ထိုအချိန်က ဆစ်ကင်တွင် ကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်က (Parity System) အညီအမျှ ခွဲဝေယူ စနစ် ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်ကာလများတွင် နီပေါအနွယ်များက ဆစ်ကင် လူဦးရေ၏ ၇၅% ကို ရောက်နေပြီဖြစ်သည်။ ဌာနေ ဘူတီးယား (Bhutia) နှင့် လီပချာ (Lepcha) များက ၂၅% သာရှိတော့သည်။ ဆစ်ကင်း၏ အုပ်ချုပ်သူ ချိုဂယယ် (Chogyal) မင်းဆက်က ဌာနေ ဘူတီးယား (Bhutia) နှင့် လီပချာ (Lepcha) များ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် စဉ်းစားကာ "အညီအမျှ ခွဲဝေယူ စနစ် (Parity System)" ကိုကျင့်သုံးခ့ဲခြင်း ဖြစ်သည္။
ဆစ်ကင်ဘုရင် ချိုဂယယ်မင်းဆက်၏ Parity System စနစ်
၁- ပါလီမန်ထိုင်ခုံ (Parliament Seat)
ဆစ်ကင်ပါလီမန်လွတ်တော်တွင် နီပေါအနွယ်များကို တဝက်၊ ဘူတီးယား- လီပချာ များကို တဝက် ပေးထားသည်။ သို့ဖြစ်၍ ဆစ်ကင်ပါလီမန် တွင် နီပေါအနွယ်များက ကိုယ်စားလှယ်တဝက်ကိုရရှိပြီး ဘူတီးယား- လီပချာ များက ကိုယ်စားလှယ် တဝက်ကို ရရှိမည်ဖြစ်သည်။
၂- မဲရေတွက်ပုံ၊ မဲပေးပုံစနစ် (Voting Rules)
ပါလီမန်ထိုင်ခုံအား ညီတူညီမျှ ခွဲဝေပေးခြင်းက လူဦးရေကို အခြေမခံ၊ လူမျိုးစုကို အခြေခံသည့်သဘောဖြစ်သည်။ လူမျိုးစုအချင်းချင်းကြား ဝေစုခွဲဝေမှု (Quota Solution) က သာမန်အရ ဆိုလျှင် သင့်တော်ညီညွှတ်သော ဖြေရှင်းနည်းဖြစ်သည်။ သို့သော် မြုပ်ကွက်က ရှိနေသည်။ ထိုမြုပ်ကွက်က မဲရေတွက်ပုံစနစ် (Voting Rules) ဖြစ်သည်။ မဲရေတွက်ပုံစနစ်တွင် အမတ်တစ်ဦးသည် မဲအနိုင်ရရန် မိမိလူမျိုးစု၏ ထောက်ခံမဲလောက်သာမဟုတ်၊ အခြား မိမိနှင့် မတူညီသော လူမျိုးစုဆီက မဲအချိုးအစားတစ်ခုလိုသည်။ ဥပမာ အခြားလူမျိုးစုတစ်ခုဆီမှ ၁၅ မဲ လောက်ရထားရန်လိုသည်။ ထိုမဲမရပါက မိမိလူမျိုးစုထံမှ ပေးသောမဲ မည်မျှပင်များပါစေ မဲ မအောင်တော့ပေ။
၃- Selected Members (ဘုရင်က တိုက်ရိုက်ခန့်အပ်သော အမတ်များ)
ဆစ်ကင် ပါလီမန်တွင် ရွေးကောက်ပွဲနှင့် တက်လာသော အမတ်များပင်မဟုတ် ဘုရင်က တိုက်ရိုက်ခန့်အပ်သော အမတ်များရှိသည်။ ၁၉၇၀ ပြည့်လွန့်နှစ်များတွင် ဆစ်ကင်ဥပဒေအရ ဘုရင်ကခန့်အပ်သော အမတ်ဦးရေမှာ ဆစ်ကင်ပါလီမန်၏ ၂၅% ကို ကိုယ်စားပြုနေသည်။
၄- ပြဿနာ (Conflict)
ဤသို့ဆိုပါလျှင် ထိုအချိန်ကာလ ဆစ်ကင်ပြည်ကို မြင်ယောင်ကြည့်ပါက နီပေါအနွယ်များသည် ဆစ်ကင်ပြည်၏ ၇၅% ရှိနေသည်။ ဆစ်ကင် မူလဌာနေ ဘူတီးယာ- လီပချာ တို့က လူနည်းစုဖြစ်နေသည်။ အညီအမျှ ခွဲဝေယူ စနစ် (Parity System) က ညီမျှမှု၊ မျှတမှု ( Equality )နှင့် ဒီမိုကရက်တန်ဖိုး ပါမှ အနှစ်သာရရှိသည်။ မဲပေးပုံ၊မဲရေတွက်ပုံစနစ် (Voting Rules) အရ မိမိလူမျိုးစုမဟုတ်သော အခြားလူမျိုးစု၏ ၁၅ မဲလောက်က လိုအပ်သည်။ ဘူတီးယားနှင့် လီပချာ တို့က လူမျိုးမတူ၊ သို့သော် တွဲစပ်နေသည်။ သို့ဖြစ်၍ မိမိလူမျိုးစု မဟုတ်သောသူများထံမှ ၁၅ မဲက ဘူတီးယားကို လီပချာက ထောက်ခံလျှင်ဖြစ်စေ၊ လီပချာကို ဘူတီးယားက ထောက်ခံလျှင် ဖြစ်စေ ကိစ္စမရှိတော့။ ကိစ္စရှိနေသည်က နီပေါအနွယ်အမတ်များက ဒုက္ခတွေ့တော့သည်။ ပို၍ ရုပ်ပျက်သည်က ဘုရင်က တိုက်ရိုက်ခန့်သောအမတ်များ ဖြစ်သည်။ ထိုအမတ်များထဲတွင် အများစုမှာ ဘူတီးယားနှင့် လီပချာထဲက သာဖြစ်သည်။ နီပေါအနွယ်က ပါသော်လည်းနည်းသည်။ အညီအမျှ ခွဲဝေယူ စနစ် (Parity System) က ညီမျှမှု၊ မျှတမှု ( Equality )နှင့် ဒီမိုကရက်တန်ဖိုး ပါမှ အနှစ်သာရရှိမည္ဖြစ်သော္လည္း ဆစ်ကင်ဘုရင်၏ အညီအမျှ ခွဲဝေယူစနစ်ကား နီပေါအနွယ်တို့အတွက် တန်းတူညီမျှမှုနှင့် ဒီမိုကရက်တန်ဖိုး မရှိဖြစ်နေသည်။
ဤသို့ဖြင့် ဆစ်ကင်ရှိ နီပေါအနွယ်များက လူဦးရေကို အခြေခံသော လူတစ်ကိုယ် မဲတမဲ (One man, One Vote) စနစ်ကို တောင်းဆိုလာတော့သည်။ One man, One Vote အရဆိုလျှင် သူတို့က ၇၅% ရှိသည်ဖြစ်၍ Majority အများစုမဲဖြင့် ပွဲသိမ်းမည်ဖြစ်သည်။
ဆစ်ကင်၏ မြေပြင်အရှိတရားအရ Parity System စနစ်မှာ တရားမျှတမှုနှင့် ဒီမိုကရက်တန်ဖိုးသာ ပြည့္ဝခ့ဲလျှင္ ဆစ်ကင်အတွက် လူမျိုးစု အချင်းချင်းကြားတွင် နိုင်ငံရေးအရ လိုက်လျောညီထွေရှိနိုင်သည့်စနစ်တစ်ခုဖြစ်သည်။ သို့သော် ထိုသို့ဖြစ်မလာခ့ဲ။ နီပေါအနွယ်များကိုလည်း နောက္မှဝင်လာသူတွေ ဆစ်ကင်သားမဟုတ်ဟု ပြော၍လည်းမရတော့ပြီ။ ဌာနေ ဘူတီးယား- လီပချာ များကလည်း ဌာနေအိမ်ရှင် ဖြစ်သော်လည်း လူနည်းစုဖြစ်နေသည်။ ဆစ်ကင်၏ အနာဂတ်အတွက် အပြန်အလှန်အသာစီးယူချင်မှုက အဆင်မပြေတော့ပေ။
နီပေါအနွယ် အုပ်စုများက လူမျိုးစုအလိုက် အမတ်နေရာ ခွဲတမ်းချစနစ်မှာ ၎င်းတို့အတွက် ဒီမိုကရေစီ မဆန်ဟု ယူဆလာကြသည်။ ဘူတီးယား- လီပချာ တို့က နီပေါအနွယ်များ အရာရာကို လွမ်းမိုးသွားပြီး ၎င်းတို့နေရာ ပျောက္မှာကို စိုးရိမ်ကြသည်။
၁၉၇၃ ခုနှစ်တွင် ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားလာသည်။ ဆစ်ကင်ဘုရင်လည်း မထိန်းနိုင်တော့ချေ။ အိန္ဒိယအား ကြားဝင်ထိန်းသိမ်းရန်အကူအညီလှမ်းတောင်းရသည်။ အိန္ဒိယလည်း ဆစ်ကင် သပွတ်အူတွင် အစလိုက်ကောက်ရတော့သည်။ အိန္ဒိယ ဝင်လာပြီးနောက်တွင် ဆစ်ကင်၌ အချိုးအကွေ့များဖြစ်လာခ့ဲသည္။
၁။ သုံးပွင့်ဆိုင် သဘောတူညီချက် (Tripartite Agreement - 1973)
၁၉၇၃ ခုနှစ် နန်းတော်ရှေ့ ဆန္ဒပြပွဲအပြီး ဘုရင် ချိုဂယယ် (Chogyal)၊ နီပေါနွယ်ဝင် နိုင်ငံရေးပါတီများနှင့် အိန္ဒိယအစိုးရတို့ သဘောတူညီချက် တစ်ခု ရရှိခ့ဲသည္။ ထိုသဘောတူညီချက်တွင် -
"တစ်ဦးလျှင် တစ်မဲ" စနစ် ရွေးကောက်ပွဲ ကျင်းပပေးမည်။
ဘုရင်၏ အာဏာကို လျှော့ချပြီး အိန္ဒိယက ခန့်အပ်သော အုပ်ချုပ်ရေးမှူးက စီမံခန့်ခွဲမည်။
၂။ ၁၉၇၄ ရွေးကောက်ပွဲနှင့် အပြတ်အသတ် အနိုင်ရမှု
၁၉၇၄ ခုနှစ်တွင် "တစ်ဦးလျှင် တစ်မဲ" စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရာ ကာဇီ လဲင်ဒပ် ဒိုရ်ဂျီး (Kazi Lhendup Dorjee) ဦးဆောင်သော ဆစ်ကင် ကွန်ဂရက်စ် (Sikkim Congress) ပါတီက အမတ်နေရာ ၃၂ နေရာတွင် ၃၁ နေရာအထိ အပြတ်အသတ် အနိုင္ရခ့ဲသည္။
၃။ ၁၉၇၄ ခုနှစ် ဆစ်ကင်အစိုးရ အက်ဥပဒေ
အနိုင်ရ လွှတ်တော်မှ ဘုရင်၏အာဏာကို "ရုပ်သေး" အဆင့်ထားသော ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်သည်။ ဆစ်ကင် ဘုရင်မှ ထိုဥပဒေကို လက္မှတ်မထိုးဘဲ ငြင်းဆန်ရန် ကြိုးစားခဲ့သော်လည်း အိန္ဒိယ ဖိအားကြောင့် လက္မှတ်ထိုးခဲ့ရသည်။ ထိုဥပဒေက ဆစ်ကင်မှာ အိန္ဒိယရဲ့ "တွဲဖက်ပြည်နယ်" (Associate State) ဖြစ်လာသည်။
၄။ လူထုဆန္ဒခံယူပွဲသို့ ဦးတည်ခြင်း (၁၉၇၅)
ဘုရင်က သူ့၏ အချုပ်အခြာအာဏာကို ပြန်ရနိုင္ရန္ ကုလသမဂ္ဂအား တိုင်တန်း ကြိုးစားလာသောအခါ အိန္ဒိယနှင့် ဆစ်ကင်လွှတ်တော် (နီပေါနွယ်ဝင် အမတ်များ) က ဘုရင်စနစ်အား အပြီးတိုင် ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ ၁၉၇၅ ခုနှစ်တွင် ဆစ်ကင်ဘုရင်နန်းတော်အား အိန္ဒိယစစ်တပ်မှ ဝိုင်းရံထားပြီး ဘုရင်နန်းစောင့်တပ်အား လက်နက်ဖြုတ်သိမ်းလိုက်သည်။
၁၉၇၅ ဧပြီလ ၁၀ ရက်နေ့ ဆစ်ကင်လွှတ်တော်မှ "ဘုရင်စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယနှင့် အပြည့်အဝ ပူးပေါင်းရန်" တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်သည်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူမှ သဘောတူမှုကို သက်သေပြရန် ဧပြီလ ၁၄ ရက်နေ့၌ လူထုဆန္ဒခံယူပွဲ အရေးပေါ် ကျင်းပရန္ ဆုံးဖြတ်လိုက်ကြသည်။
၅။ ဆစ်ကင် လူထုဆန္ဒခံယူပွဲ (၁၉၇၅)
အိန္ဒိယ ကြီးကြပ်မှုဖြင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ဆစ်ကင်ပြည်သူ ၉၇ ရာခိုင်နှုန်းကျော် က ဘုရင်စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယနဲ့ ပူးပေါင်းရန္ မဲပေးခဲ့ကြသည်။ (ဤနေ ရာတွင္ လူဦးရေ အများစုဖြစ်သော နီပေါနွယ်ဖွားများ၏ မဲက အဆုံးအဖြတ် ဖြစ်သွားခဲ့သည် ဆိုသော်လည်း ဘူတီးယား- လီပချာ တို့၏ မဲဆန္ဒကလည်း ပါနေသည်။ အဘယ်ကြောင့်ဆိုသော် နီပေါအနွယ်က ၇၅% ရှိရာ ၉၇% ကိုရရန် ၂၂% ကလိုနေသည်။ ထိုလိုနေသော ၂၂% မှာ ဘူတီးယား- လီပချာ၂၅%ထံမှ ဖြစ်သည်။
၁၉၇၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ဆစ်ကင်သည် အိန္ဒိယ၏၂၂ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။
၆။ အငြင်းပွားဖွယ်ရာ အချက္များ
ဆစ်ကင်ဘုရင်ကလူထုဆန္ဒခံယူပွဲအား ကန့္ကွက်ခ့ဲသည္။ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ၉၇% ထောက်ခံချက်ဆိုသည်ကလည်း အငြင်းပွားစရာများထဲတွင် ရှိနေသည်။
ဘူတီးယား- လီပချာ များ အမှန်တကယ်မဲထည့်ခဲ့ပါသလား။
ဘူတီးယားနှင့် လီပချာ ကြားတွင်လည်း ပြဿနာက ရှိသည်။ ဘူတီးယား-လီပချာ အားလုံးမှာ ဘုရင်သစ္စာခံ ဟူ၍ သတ်မှတ်၍ မရပေ။ အထူးသဖြင့် လီပချာ (Lepcha) မျိုးနွယ်စုဝင် တချို့တွင် ဘုရင် (ဘူတီးယားနွယ်ဖွား) ၏ အုပ်ချုပ်မှုအောက် သူတို့အပေါ် "ဒုတိယတန်းစား မျိုးနွယ်စု" အဖြစ်သာ ဆက်ဆံသည်ဟု ဟု ခံစားချက်ကရှိသည်။ ထိုက့ဲသို့ ခံစားချက်ကြောင့်ပင် နီပေါနွယ်ဝင် ခေါင်းဆောင် ဖြစ်သူ ကာဇီ လဲင်ဒပ် ဒိုရ်ဂျီး ( Kazi Lhendup Dorjee ) ကိုယ်တိုင်ပင် ဘူတီးယား-လီပချာ အနွယ်ဝင် ဖြစ်သော္လည်း နီပေါအနွယ်များနှင့္ ပေါင်းစည်းစေ ခ့ဲသည္။ သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ပြီး ဘုရင်စနစ်ကို ဆန့်ကျင်ခဲ့သော ဘူတီးယား-လီပချာတွေ အတော်များများ ရှိခဲ့သည်။
လူထုဆန္ဒခံယူပွဲက လွတ်လပ်ပါသလား။
၁၉၇၅ ခုနှစ် လူထုဆန္ဒခံယူပွဲ ကျင်းပချိန်သည် အခြေအနေ ပုံမှန်မဟုတ်ပေ။ အိန္ဒိယစစ်တပ်မှ နန်းတော်ကို ဝိုင်းထားပြီး ဘုရင့်တပ်မတော်ကို လက်နက်ဖြုတ်သိမ်းထားသည်။လမ်းမတွေပေါ်တွင် အိန္ဒိယစစ်သားများနှင့္ အိန္ဒိယလိုလားသူများ ပြည့်နေသည်။ ဘုရင်စနစ်ကို ထောက်ခံသူများ ဖမ်းဆီးခံရ၊ တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြသည်။ ဘုရင်ကို ကြိုက်သော်လည်း အန္တရာယ်ကင်းအောင် "အိန္ဒိယနှင့် ပေါင်းရန်" မဲပေးခဲ့ကြသူများရှိနိုင်သည်။
မဲစာရင်းနှင့် ရလဒ်အပေါ် သံသယများ
သမိုင်းပညာရှင်အချို့နှင့် ဘုရင် ထောက်ခံသူများက ၉၇% ကိန်းဂဏန်းအား "ပြင်ဆင်ထားတဲ့ ရလဒ်" ဟုဆိုကြသည်။ လူထုဆန္ဒခံပွဲအား တက်သုတ်ရိုက်လုပ်မှုကို ထောက်ပြကြသည်။ လွတ်တော်မှ ဆုံးဖြတ်ချက်ချပြီး ၇၂ နာရီအတွင်း လူထုဆန္ဒခံယူပွဲကို အမြန်ကျင်းပခဲ့ခြင်းဖြစ်သည်။ တောတောင်ထူထပ်သော ဆစ်ကင်အတွက် မြန်မြန်ဆန်ဆန်နဲ့ ၉၇% အထိ မဲပေးရန် မဖြစ်နိုင်ဟု ဆိုကြသည်။ မဲရလဒ်ကို ကြီးကြပ်ရေတွက်သူမှာလည်း အိန္ဒိယမှ ခန့်အပ်ထားတဲ့ အရာရှိများသာ ဖြစ်သည်။ လူထုဆန္ဒခံယူပွဲ ကျင်းပချိန် ဆစ်ကင်ပြည်နယ်အတွင်း ပြင်ပ သတင်းထောက္များနှင့် နိုင်ငံခြားသား ဝင်ရောက်ခွင့် တင်းကျပ်ထားခဲ့သည်။ ဆစ်ကင် သတင်းမှန်သမျှ အိန္ဒိယအစိုးရ သတင်းပြန်ကြားရေးဌာနမှ ထွက်လာနေခြင်းသာရှိသည်။ ဆစ်ကင်ဘုရင် ကုလသမဂ္ဂထံ အကြိမ်ကြိမ် ဆက်သွယ်ပြီး ကြားဝင်ပေးရန် တောင္းဆိုခ့ဲရာတွင္ အိန္ဒိယက တယ်လီဖုန်းလိုင်း ဖြတ်တောက်ထားခဲ့သည်။ နယူးဒေလီရှိ နိုင်ငံခြားသံတမန်များကိုလည်း ဆစ်ကင်အရေးမှာ အိန္ဒိယ၏ ပြည်တွင်းရေ ကိစ္စသာဖြစ်ကြောင်း ပြောဆိုထားသည်။ အကြောင်းပြချက်က အိန္ဒိယအစိုးရနှင့် ဆစ်ကင် ၁၉၅၀ စာချုပ်အရ အိန္ဒိယ၏ အကာအကွယ်ပေးခံ (Protectorate State) ဖြစ်ရာ ဆစ်ကင်တွင် ဖြစ်ပျက္မှုက အိန္ဒိယ၏ ပြည်တွင်းရေးသာ ဖြစ်သည်ဟု ဆိုသည္။ ထို့ကြောင့် ကုလသမဂ္ဂ (UN) ကဲ့သို့ အဖွဲ့အစည်းများ ဝင်ရောက်စွက်ဖက်ရန်လမ်းကြောင်းကို ပိတ်ပင်ထားသည်။
နိုင်ငံတကာ အခြေအနေ
ဗီဲယကျနမ္စစ်ပွဲ အပြီးသတ်ကာလဖြစ်နေချိန် အမေရိကန်အနေဖြင့် အာရှ နိုင်ငံငယ်လေးတစ်ခုအရေးဖြင့် အိန္ဒိယနှင့် ပြ ဿနာ မတက်ချင်ပေ။ တရုတ်ဘက္မှ အိန္ဒိယ၏လုပ်ရပ်အား "နယ်ချဲ့ဝါဒ" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော်လည်း စစ်ရေးအရ ဝင်ရောက်ကူညီဖို့ရန် စိတ်မပါပေ။ အမှန်က ဆစ်ကင်ကို တရုတ်လည်းမျက်စိနေကျနေ ခ့ဲသည္။ ၁၉၅၀ ပြည့်နှစ်တွင် တိဘက်ကို တရုတ်က စစ်တပ်အင်အားဖြင့် သိမ်းထားပြီးပြီ ဖြစ်သည်။
လူထုဆန္ဒခံယူပွဲ၏ ထူးဆန်းမှုများ
နိုင်ငံတကာ စောင့်ကြည့်သူ မရှိသော ဆစ်ကင် ဆန္ဒခံယူပွဲတွင် သံသယဖြစ်စရာများက ပြွတ်သိပ် ကျန်နေခဲ့သည်။
ရွေးကောက်ပွဲကျင်းပကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာတင် လူဦးရေရဲ့ ၆၀% ကျော် မဲရုံကို လာရောက်နိုင်မှုက တောတောင်ထူထပ်သော ဆစ်ကင်အတွက် မယုံနိုင်စရာ ပင်။
မဲရလဒ် ၉၇%ဟူသည် ဒီမိုကရေစီသမိုင်းတွင် အလွန်ရှားပါးတဲ့ ကိန်းဂဏန်းဖြစ်ပြီး ပုံမှန်အားဖြင့် အာဏာရှင်နိုင်ငံတွေမှာပဲ တွေ့ရလေ့ရှိသော ရလဒ်မျိုး ဖြစ်သည်။
၁၉၇၅ ခုနှစ် အိန္ဒိယ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သော ဘီအက်စ် ဒါစ် ( B.S. Das) ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် "ဆစ်ကင် လူထုဆန္ဒခံယူပွဲမှာ နိုင်ငံရေးအရ လိုအပ်ချက်အရ လုပ်ဆောင်မှု ဟန်ပြပွဲ (Charade) တစ်ခု" ဟု ဝန်ခံထားသည်။
"ကျွန်တော် မှားခဲ့ပါတယ်"
ဤစကားက အဓိက ဇာတ်ဆောင်ဖြစ်သူ နီပေါအနွယ်ပါတီခေါင်းဆောင် ကာဇီ လဲင်ဒပ် ဒိုရ်ဂျီး (Kazi Lhendup Dorjee ) ၏ ကြေကွဲဖွယ်ရာ စကားဖြစ်သည်။ သူက ဘုရင်စနစ်ကို ဖြုတ်ချပြီး ဆစ်ကင်ကို ဒီမိုကရေစီနိုင်ငံအဖြစ် မြင်ချင်ခဲ့သည်။ သို့သော် အိန္ဒိယပြည်နယ် ဖြစ်သွားပြီးနောက်ပိုင်း အာဏာမှာ သူတို့ရွေးကောက်ထားသော အစိုးရလက်ထဲ မရှိတော့ပေ။ နယူးဒေလီမှ လာသော ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) လက်ထဲကို ရောက်သွားသည်။ အိန္ဒိယဘက်က ဆစ်ကင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) အတိုင်းအတာတစ်ခုအထိ ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် အိန္ဒိယ၏ တခြားပြည်နယ်တွေလိုပဲ တိုက်ရိုက်ထိန်းချုပ်ခံနေရသည်။
၁၉၇၅ ခုနှစ်မှာ ၉၇% မဲဖြင့် အနိုင်ရခဲ့သူ ကာဇီ လဲင်ဒပ် ဒိုရ်ဂျီး တစ်ယောက် ၄ နှစ်အကြာ ၁၉၇၉ ခုနှစ် ရွေးကောက်ပွဲ၌ တစ်နေရာမှ မနိုင်တော့ပေ။ ဆစ်ကင်ပြည်သူများ (နီပေါအနွယ်ဝင်နှင့်ဘူတီးယား) ဘက်က အိန္ဒိယလက်အောက်ရောက်သွားပြီးနောက်ပိုင်း လွတ်လပ်မှု ဆုံးရှုံးသွားမှုကို သတိပြုမိလာပြီး သူ့အား"နိုင်ငံကို ရောင်းစားသူ" ဟု ထင်မြင်သွားကြသည်။ နိုင်ငံရေးလောကကနေ အထီးကျန်စွာ ဖယ်ထုတ်ခံလိုက်ရပြီး ကာလင်ပွန် (Kalimpong) ရှိ သူ့ရဲ့အိမ်တွင် တစ်ဦးတည်း နေထိုင်သွားခဲ့ရသည်။
"ကျွန်တော် မှားခဲ့ပါတယ်"၊ "ကျွန်တော်ဟာ ဆစ်ကင်ပြည်သူတွေအတွက် ဒီမိုကရေစီကို ယူဆောင်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ဟာ အိန္ဒိယရဲ့ နယ်ချဲ့အစီအစဉ်မှာ အသုံးချခံလိုက်ရတဲ့ နယ်ရုပ်တစ်ခု ဖြစ်သွားခဲ့တယ်ဆိုတာ နောက်ကျမှ သိလိုက်ရပါတယ်။" ဟု သူ့ဘဝ နောက်ဆုံးနှစ်များတွင် သတင်းထောက်များလာရောက် တွေ့ဆုံသောအခါ ညည်းတွားခဲ့သည်။ ၂၀၀၇ ခုနှစ် အသက် ၁၀၃ နှစ်အရွယ်တွင် သူ ကွယ်လွန်သွားခဲ့သည်။
ဘူတန်အတွက် အိပ်မက္ဆိုး
ဆစ်ကင် ဖြစ်ရပ်မှာ ဘူတန်အစိုးရအတွက် ခြောက်လန့်စရာ အိပ်မက္ဆိုးဖြစ်သည်။ နီပေါနွယ်ဖွား လိုသျှမ်ပါ (Lhotshampa) လူဦးရေများလာလျှင် တစ်နေ့ ဆစ်ကင်လို ဖြစ်သွားမည်လား ၊ မူလဘူတန် (တိဗက်နွယ်ဖွား) ယဉ်ကျေးမှုက လိုသျှမ်ပါ နီပေါယဉ်ကျေးမှုအောက် ပျောက်သွားမည်လား ဆိုသည့် အတွေးက ဝင်လာတော့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဘူတန်သည် "Citizen Act" ဥပဒေထုတ္ကာ လိုသျှမ်ပါတွေကို စိစစ်နှင်ထုတ်ဖို့ ကြိုးစားခဲ့တော့သည်။ ဆစ်ကင်၏ ဖြစ်ရပ်က ဘူတန်အတွက် အမျိုးသားလုံခြုံရေးအပေါ် အစွန်းရောက်သည်အထိ ကာကွယ်ရမည်ဆိုသော တွန်းအားကို ဖြစ် ခ့ဲသည္။ ဤသို့ဖြင့် လုပ်ရပ်က လူ့အခွင့်အရေး ဘက်တွင် မှားယွင်းနေသည်ကိုပင် နိုင်ငံပျောက္မသွားအောင် ကာကွယ်မှုဟု ယူဆသည်။ ထိုယူဆချက်ကြောင့် ယခုအခါ ဘူတန်ဒစ်လည်နေပြန်သည်။ တဖက်တွင် ဘူတန်အတွက် တရုတ်၏ ခြိမ်းခြောက္မှုက ရှိသည်။ သို့ဖြစ်၍ ဘူတန်သည် အိန္ဒိယထံတွင် ရင်ငွေ့လုံနေရသည်။
ဒိုကလမ် (Doklam) ၏ အရေးပါမှု
တရုတ်က ဘူတန်၏ အနောက်ဘက် ဒိုကလမ်ဒေသကို မျက်စိကျသည်။ ဒိုကလမ်က အိန္ဒိယ၏ "ကြက်လည်ပင်း (Chicken's Neck)" ဆီလီဂူရီ လမ်းကြောင်း (Siliguri Corridor) ကို အပေါ်စီးကနေ မြင်ရသော နေရာဖြစ်သည်။ တရုတ်က ဒိုကလမ်ကို ထိန်းချုပ်နိုင်လျှင် အိန္ဒိယ၏ အရှေ့မြောက်ဘက် ပြည်နယ် ၇ ခုကို အိန္ဒိယကုန်းမကြီးနဲ့ ပြတ်တောက်အောင် လုပ်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ဒိုကလမ်နားတွင် တရုတ်က လူနေအဆောက်အအုံများ တည်ဆောက်နေသည်။ ဒိုကလမ်နှင့် ဆစ်ကင်က ကပ်လျှက်ရှိသည်။ ဆစ်ကင်အား အိန္ဒိယ ဆွဲသွင်းမှုက ထိုအချက်ကြောင့်လည်း ဖြစ်သည်။ အိန္ဒိယနှင့် တရုတ် အားပြိုင်မှုက ဘင်္ဂလားပင်လယ်အော်တွင်သာရှိသည်မဟုတ်၊ ဟိမဝန္တာအခြမ်းတွင်လည်း ရှိနေသည်။
ဆက်ရန်
ကိုးကား
https://en.wikipedia.org/wiki/Doklam
https://en.wikipedia.org/wiki/Kazi_Lhendup_Dorjee
https://en.wikipedia.org/wiki/Sikkim
https://www.hrw.org/legacy/backgrounder/wrd/refugees/3.htm
Comments
Post a Comment