နတ်မြစ်ကမ်းပါး တဖက်တချက်စီက သတင်းလွတ်လပ်ခွင့်နှင် ထုတ်ဖော်ပြောကြားခွင့်

 နတ်မြစ်ကမ်းပါး တဖက်တချက်စီက သတင်းလွတ်လပ်ခွင့်နှင် ထုတ်ဖော်ပြောကြားခွင့်


ရုပ်ပိုင်း ဆိုင်ရာနှင့် ဒီဂျစ်တယ်ပိုင်း ဆိုင်ရာ တိုက်ခိုက္မှု (physical and digital attacks)


ဘင်္ဂလားဒေရှ့်မှာတော့ ၂၀၂၆ ရွေးကောက်ပွဲအတွင်း တိုက်ခိုက်ခံရမှာကို သတင်းထောက္ တွေ စိုးရိမ်နေပါတယ်။ ခရိုင်နယ်မြေ ၁၉ခုက သတင်းထောက် ၂၀၁ ဦးကို သဘောထားအမြင် မေးမြန်း တ့ဲအခါမှာ ဖြေဆိုသူ ၈၉% က ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ အမျိုးသမီးသတင်းထောက် ၅၀% ကတော့ စော်ကားခံရမှာကို စိုးရိမ်ပြီး အခြားအမျိုးသမီးသတင်းထောက် ၄၀% က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ သတင်းထောက် ၇၅ % က မဟုတ်မမှန်သတင်းတွေနဲ့ အလုပ်ရုံးခန်းတွေကို လုပ်ကြံတိုက်ခိုက်ခံရမှာကို စိုးရိမ်သလို ၆၅ % ကတော့ သူတို့အချက်အလက်တွေ အဟက်ခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ အဆိုပါစစ်တမ်းမှာ သတင်းထောက်တွေအတွက် ဘေးကင်းလုံခြုံတ့ဲ အခြေအနေကို ဖန်တီးပေးဖို့၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို ကာကွယ်ပေးဖို့နဲ့ သတင်းလုပ်ငန်းခွင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ကို တောင်းဆိုထားပါတယ်။


သတင်းထောက်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက္မှုနဲ့ဒီဂျစ်တယ်ပေါ်ကနေ ခြိမ်းခြောက္ မှုတွေဟာ မြင့်မားလာတယ်လို့ အဆိုပါ စစ်တမ်းက သတိပေးထားပါတယ်။ အမျိုးသမီးသတင်းထောက်တွေအတွက် ပိုပြီး အခက္အခဲ​ေတွ ရင်ဆိုင်လာရနိုင်ခြေရှိပါတယ်။


"ခြိမ်းခြောက္မှုကမြင့်ဆုံး၊ ကြိုတင်ပြင်ဆင်ထားမှုအနည်းဆုံး၊ ၂၀၂၆ ရွေးကောက်ပွဲမှာ ဂျာနယ်လစ်တွေ ဘေးကင်းရေး " ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပပါတယ္။ အမျိုးသမီးသတင်းထောက်တွေကတော့ အဲဒီလိုတိုက်ခိုက္ မှုတွေကြောင့် အလုပ်အကိုင်တွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေပါတယ်။ 


ဘယ်သူက သတင်းထောက်တွေကို ခြိမ်းခြောက်တာလဲ


သတင်းထောက်တွေကို တိုက်ခိုက္ မှုရဲ့လက်သည်တွေရဲ့ ၉၀% ကျော်ဟာ နိုင်ငံရေးပါတီတွေနဲ့ ထောက်ခံသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးသတင်းထောက်တွေနဲ့ ဒေသဆိုင်ရာ သတင်းထောက်တွေကတော့ တရားဥပဒေစိုးမိုးရေး တာဝန်ကိုယူထားရတ့ဲ အုပ်စုတွေဟာလည်း သတင်းထောက်တွေကို ဒုက္ခလိုက်ပေးနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဘာသာရေး အစွန်းရောက်အုပ်စုတွေကလည်း သတင်းထောက်တွေအတွက် အန္တရာယ်ဖြစ်စေ တ့ဲသူ​တွေလို့ ပြောပါတယ်။


ခြုံငုံပြီးပြောရရင်

၁- လူထုရဲ့နိုင်ငံရေးရေချိန် (political labelling)

၂- လူထုရဲ့ မီဒီယာအပေါ်  အယုံအကြည်နည်းမှု (public distrust of media)

၃- အစွန်းရောက္ မှု (extremism)

၄- အုပ်စုလိုက် အကြမ်းဖက္မှု (mob violence)

၅- ဥပဒေစိုးမိုးရေး အားနည်းမှု (weak law enforcement)

၆- သတင်းတင်ပြသူတွေကို ပစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိသတင်းမှားဖြန့်ဝေမှု (targeted disinformation against reporters) တွေဟာ  ရွေးကောက်ပွဲကာလအတွင်း သတင်းထောက်တွေအပေါ် တိုက်ခိုက်ခံရမှုအတွက် အခြေခံအချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။


နောက်ဆုတ် ကျဉ်းမြောင်းလာရတ့ဲ လွတ္လပ်စွာ ထုတ္်ဖော်ပြောကြားခွင့် (shrinking space for free speech)


"လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်လား (expression)၊ လွတ်လပ်စွာ အသရေဖျက် ပုတ်ခတ်ခွင့်လား (defamation) မသဲကဲွဲကြတော့"


လက်ရှိ ဘင်္ဂလားဒေရှ့်မှာ နိုင်ငံရေး၊ လူမှုရေး နယ်ပါယ်က တက်ကြွတ့ဲအမျိုးသမီးတွေအပေါ် အွန်လိုင်းပေါ်မှာ ခြိမ်းခြောက္ မှုနဲ့ပုတ်ခတ်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ကျောင်းသားသမဂ္ဂ အမျိုးသမီးခေါင်းဆောင် တွေဟာလည်း အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်၊ ပုတ်ခတ်ဝေဖန်မှုကို ခံနေရပါတယ်။ ဒီအပေါ်မှာ တဖက်လှည့်နဲ့ နိုင်ငံရေးအရ အသုံးချမှုတွေဟာလည်း ရှိလာနေတယ်ပါတယ်။


ဒီဇင်ဘာလ ၁ ရက်နေ့က ဒါကာတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗဟို) (DUCSU)  ဒု ဥက္ကဌ အဘူ ဆာဒခ် ကာရမ် (Abu Sadik Kayem) က ဒါကာမက္ထရိုပိုလီတန်ထောက်လှမ်းရေး (DB) မှာ သမဂ္ဂ အမျိုးသမီးခေါင်းဆောင်တွေကို  ခြိမ်းခြောက္တ့ဲ၊ ပု​​တ်ခ​တ်ဝေဖန်တ့ဲသတင်း စာမျှက်နှာနဲ့ အကောင့် ကိုးခုကို တိုင္​ြကားခ့ဲပါတယ္။



ဒီလိုတိုင်ကြားမှုဟာ သမရိုးကျအခြေအနေတော့ မဟုတ်ပါဘူး။အမျိုးသမီးတွေ အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်၊ အသရေဖျက်ခံရတာအတွက် ပြန်လည်တရားမျှတမှု ရလိုမှု အတွက် ရိုးရှင်းတ့ဲ ရပ္တည်ချက်လည်းမဟုတ်ပါဘူး။ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေပါနေပါတယ်။ ဘာကြောင့်ဆို တရားစွဲဲတ့ဲ စာရင်းမှာ ဒါကာတက္ကသိုလ်ကျောင်းသား သမဂ္ဂ (DUCSU) ရဲ့ ဌာနခွဲ သတင်းစာမျှက်နှာတွေလည္းပါနေသလို နိုင်ငံရေးအရ သရော်စာတွေ၊ ဝေဖန်ချက်တွေကို ဘက္မလိုက်ဘဲ ရေးတင်နေ တ့ဲ ဝက်ဆိုက်ဒ် တွေပါ ပါဝင်နေလို့ပါ။ ဒီလို ကိုယ့္အချင္းချင္းဝေဖန်မှုကိုရော၊ ဘက္မလိုက္ဝေဖန်မှုတွေကိုရော တရားစွဲတ့ဲအပေါ်မှာ ဝေဖန်မှုက မြင့်တက်လာနေပါတယ်။


ဒီဇင်ဘာ (၆) ရက်နေ့ ဆွေးနွေးပွဲမှာ သရော်စာနှင့် ကာတွန်း ကဏ္ဍနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြပါတယ်။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲနားကို တဖြေးဖြေးကပ်လာတာနဲ့အမျှ ဘင်္ဂလားဒေရှ့်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟာ ကျဉ်းမြောင်းလာနေပါတယ်။ နိုင်ငံရေးအခင်းအကျင်းတွေကို သရော်ချက်တွေ၊ ကာတွန်းတွေဟာ ထိန်းကျောင်းတည့်မတ်မှုဖြစ်ပြီး ဒါဟာ အသရေဖျက်ပုတ်ခတ်တာနဲ့ သဘောတရားချင်းကွာပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေး အခြေအနေတွေကို ဝေဖန်ထောက်ပြ သရော်မှု တွေကို အသရေဖျက္မှုအဖြစ် ခေါင်းစဉ်တပ်ပြီး တရားစွဲဆိုမှုတွေ ရှိနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှုအပေါ် " တရားစွဲဆို တိုက်ခိုက်ခြင်း (harassing lawsuit) " ပုံစံဟာ မြင့်တက်လာနေပါတယ်။ ဒီလိုလုပ်ရပ်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အပေါ် " နိုင်ငံအာဏာနဲ့  တရားစွဲမှု (selective application of state power)" လို့ ဘင်္ဂလားဒေရှ့် မီဒီယာတွေက ဝေဖန်ပါတယ်။ 


နိုင်ငံရဲ့ အာဏာကို ရယူဖို့အတွက် ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေး ပါတီအသီးသီးအပေါ် လက်ရှိအချိန်မှာ ဝေဖန်ထောက်ပြမှုတွေ ရှိနေပြီး ဒီအပေါ်မှာ တရားပြန်လည်စွဲဆိုမှုတွေလည်း ရှိနေပါတယ်။ 


"အဲဒီလို ဝေဖန်မှု မေးခွန်းထုတ်မှုကို မခံနိုင်ဘဲ တရား​ စွဲ နေကြသူတွေဟာကိုယ့်အတွေးနဲ့ကိုယ် လိပ်ပြာမလုံဖြစ်နေပြီး အခြားသူတွေကို လိုက်လံဖိနှိပ်နေတာပါ။  အားကောင္းတ့ဲ မေးခွန်းတွေနဲ့  သူတို့ကို မေးခွန္းထုတ်လာတ့ဲအခါ ပြဿနာလာရှာတယ်လို့ သူတို့က ထင်နေတယ်။ ပြီးရင် သူတို့ကို အသရေဖျက်တယ် ဆိုပြီး တရားပြန်စွဲကြတယ်။ ဒီလို နိုင်ငံရဲ့ အာဏာကိုသုံးပြီး တရားပြန်စွဲနေမှုဟာ လွတ်လပ်စွာထုတ်ဖော်မှုအတွက် အန္တရာယ်ပါပဲ။ ကိုယ့်ရဲ့ သဘောထားအမြင်ကို ပြန်ပေးခြင်း (feedback machanism) ဟာ ထိရောက္တ့ဲစနစ်ပါ။ ဒါပေမယ့် ဘင်္ဂလားဒေရှ့် လူ့အဖွဲ့အစည်းက ဒါကိုလျစ်လျူရှူနေကြတယ်။ တကယ်လို့ ခင်ဗျားဟာ မေးခွန်းထုတ်ခွင့် ကို ပါယ်ချနေရင် ခင်ဗျားကိုယ်တိုင် ဆိုးဝါးတ့ဲ စနစ်တစ်ခုကို ဖန်တီးနေတာပဲ" လို့ဓာတ်ပုံသတင်းထောက် ရှဟိဒူလ် အာလမ် (Shahidul Alam) က ပြောပါတယ်။


အီ ယာကီ (E-Yarki) ဝက်ဆိုက်ဟာ သရော်စာတွေကို ခဏခဏရေးတင္တ့ဲ ဝက်ဆိုက်ပါ။ ဒါကာ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်အချို့ရဲ့ ဆောင်ရွက်ပုံတွေကို သရော္စာရေးတ့ဲအခါ တရားစွဲခံရပါတယ်။ ဒီလို တရားစွဲဆိုခံရတာအပေါ် ဝေဖန်ချက်တွေ များလာတ့ဲအခါ တရားစွဲခံရသူ စာရင်းထဲက အီ ယာကီ ဝက်ဆိုက်ကို ပြန်လည် ဖယ္ရှားလိုက် ပါတယ်။ လက်ရှိမှာ အဲဒီလို သရော်ချက်တွေ၊ ဝေဖန်ချက်တွေကို တရားစွဲတ့ဲအခါ အစိုးရရဲ့ ခွင့်ပြုချက်လိုနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံအာဏာကို အသုံးပြုပြီး တရားစွဲတယ်လို့ ဝေဖန်ခံနေရတာပါ။ ပြီးရင် ဒီလိုဝေဖန်ခံရ၊ ထောက်ပြခံရလို့ တရားစွဲနေကြသူတွေဟာလည္း တချိန်ထဲမှာ ဒီမိုကရေစီကို တောင်းဆိုနေသူ တွေ ဖြစ်နေပါတယ်။ စနစ်ဟောင်းကို မကြိုက်လို့ ဒီမိုကရေစီကို တောင္းဆိုတ့ဲ သူတွေက ဝေဖန်မှုတွေကို သည်းမခံနိုင် ဖြစ်နေတာဟာ ကောင္းတ့ဲ နိုင်ငံရေးလက္ခဏာမဟုတ်ဘူးပါဘူး။


" ဒီလိုကိစ္စတွေမှာ ပြည်ထဲရေး ရုံးကို သွားတယ်၊ ထောက်လှမ်းရေး (DB) ရုံးကို သွားတယ်၊ ဆွေးနွေးတယ္၊ပြီးရင်အမှုဖွင့်တယ်၊ အဲဒါ ပုံမှန်လုပ်ထုံးလုပ်နည်းလို ဖြစ်နေပြီ၊ နေပါအုံး ဘယ်သူက ဒါမျိုးလုပ်ရမယ်လို့ ပြောထားလို့လဲ။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ လူတွေဟာ တရားစွဲဆိုမှုတွေနဲ့ အကြပ်ရိုက်နေကြပြီ။ ပွစိပွစိ ပြောလာကြပြီ။ အဲဒီလိုပွစိပွစီ ပြောတ့ဲသူတွေဟာလည္း တရားရုံးရောက်၊ ထောင်ကိုရောက် ထပ် ဖြစ်ကြမှာလား။ သရော်စာရေးသူတွေနဲ့ ကာတွန်းဆရာတွေကို သည်းမခံနိုင်လို့ တရားစွဲတ့ဲသူတွေက သူတို့ဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်လို့ ပြောနေကြတယ်။ ဒါပေမယ့်လုပ်နေကြတာက စနစ်ဟောင်း အကျင့်ဟောင်းထဲက ပုံစံတွေနဲ့၊ ကိုယ့်မကြိုက်လို့ တော္လှန္ခ့ဲတ့ဲ စနစ်တွေ၊ ဥပဒေ တွေကို သုံးပြီး အခြားသူတွေကို ကိုယ်တိုင်က နှိပ်ကွပ်နေကြပြီ။ ဒီလိုပုံနဲ့ ဒီမိုကရေစီကို သွားမှာလား" လို့  တရားလွတ်တော်ချုပ်ရှေ့နေ ဘာရစ်စတာ ဆာရာ ဟူစိန် ( Barrister Sara Hossain) က ဆိုပါတယ်။ သူမက ဆက်ပြီး အီ ယာကီ (E-Yarki) အပေါ်တရားစွဲပြီး စာရင်းထဲက ပြန်ဖျက်ပေးလိုက်တာနဲ့ ပတ်သက္လို့ " ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကျွန်မကိုယ်တိုင် ရှေ့နေတစ်ယောက်ပါ၊ ဒါပေမယ့် ဒီကိစ္စမှာ ဥပဒေကြောင်းအရ လုပ်ပုံကိုင်ပုံတွေကို နားမလည်နိုင်တော့ဘူး၊ ဒါကာ တက္ကသိုလ်ကျောင်းသားတွေက ဒီလို ပရိုစီဂျာတွေကို ပြဌာန်းလိုက်တာလား၊ ဒီလိုဆိုရင် ထောင်ချီနေ တ့ဲ တလွဲစွပ်စွဲ အမှုဖွင့်တာတွေကို ကော ဖျက်ပေးမှာလား" လို့ ဥပဒေကြောင်းအရ တလွဲဖြစ်နေပုံတွေကို ဝေဖန်ပါတယ်။


ဟန်ကိုယ်ဖို့ နဲ့ နှမ်းဖြူးမှု (hypocrisy)


စစ်ပြန်တစ်ယောက်လည်းဖြစ်ပြီး ကာတွန္းလည္းရေးတ့ဲ အာရှန် ဟာဘီဘ် (Ashan Habib) က " ကျုပ်တို့တွေအနားမှာ ပြဿနာတွေက ဝိုင်းဝိုင်းလည်နေတာပဲဗျ၊ ဒါပေမယ့် ပေါက်ကရ ကောလဟလ တွေအမှန္ဖြစ်လာတ့ဲအခါကျုပ်လည်း ရယ်မိပါတယ်။ အီ- ယာကီ ဝက်ဆိုက်ကို တရားစွဲတာကို အပြင်းအထန်ကန့်ကွက် ဆန့်ကျင်ပါတယ်။ ကျုပ္တို့က နိုင်ငံရေးအရ ကျမ်းမာတ့ဲ လူသားဆန်တ့ဲ လူ့အဖွဲ့အစည်းကို လိုချင်တာ " လို့ပြောပါတယ်။ 


စာရေးဆရာနဲ့ စည်းရုံးရေးမှုဖြစ်သူ ဖိရိုဇ် အာမက် ( Firoz Ahmed) က " နိုင်ငံရေးအရ ပုံရိပ်ဖော်ဖို့နဲ့ နှမ်းဖြူးဖို့ (hypocrisy) အထာ" တွေနဲ့ အမျိုးသမီးအရေး ဆိုပြီး လုပ်နေ တ့ဲသူတွေကို အခုလို ဝေဖန်ပါတယ်။ "အမျိုးသမီးတွေကို အွန်လိုင်းမှာ ဆိုးဆိုးဝါးဝါးတိုက် ခိုက် ခ့ဲက​ြဖူးတ့ဲ သူတွေက အခုတော့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ဆိုပြီး အမှုတွေဖွင့် တရားတွေ စွဲနေကြပြီ။ သူတို့အုပ်စုထဲက အမျိုးသမီးတွေကမှ အမျိုးသမီးပဲ။ သူတို့အုပ်စုထဲက မဟုတ်တ့ဲ အမျိုးသမီးတွေက တော့ လူမဟုတ်တာ ကျနေတာပဲ" 


သူက ဆက်ပြီး "ကျေးလက္ ဘာအူလ်သီချင်းသည်  (Baul Singers) တွေကို တိုက်ခိုက်နေတာကိုသာ ကြည့်တော့၊ ဘာအူလ် သီချင်းတွေက သူတို့ထုံးစံအတိုင်းပဲလေ၊ တစ်ယောက်ကို တစ်ယောက် သရော်မယ်၊ နောက်ပြောင်မယ်၊ ပြီးရင်း အဆုံးသတ်မှာ အပြန်အလှန် လှိုက်လှဲ နုတ်ဆက်ပွေ့ဖက်သွားကြမယ်။ အဲလို သည်းခံမှုမျိုး လူလတ်တန်းစားပညာတတ်တွေမှာ မရှိတော့ဘူး" လို့ဝေဖန်ပါတယ်။ 


ထင္ရှားတ့ဲ ကာတွန်းဆရာ မီဟီဒီ ဟာကီ (Mehedi Haque) က "သည်းခံမှု ဆိုတာ ပညာတတ်ရဲ့ လက္ခဏာပါ။ အသိညဏ္နည္းတ့ဲသူတွေကတော့ ကာတွန်းတွေ၊ သရော်စာတွေကို ပြန်တိုက်ခိုက်ကြတော့တာပဲ။ ဒီမိုကရေစီ နဲ့ ယဥ်ကျေးမှု မြင့္မားတ့ဲ လူ့အဖွဲ့အစည်းကို ဦးတည်နေတာ ဟုတ်မဟုတ် ဘယ်လို အချက်တွေနဲ့ ညွှန်ပြ နေမလဲ၊ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေက သူတို့အပေါ် ဝေဖန္မှုတွေ၊ သရော်မှုတွေကို ဘယ်လောက်ထိ သဘောထားကြီးကြီးနဲ့ သက်တောင့်သက်သာနဲ့ ကိုင်တွယ်ပြမလဲ ဆိုတ့ဲ အချက်တွေနဲ့လဲ ညွှန်ပြနိုင်တယ်" လို့ ဝေဖန်ပါတယ်။


ဒါကာတက္ကသိုလ်ကျောင်းသားတွေရဲ့ တရားစွဲမှုအပေါ် ဝေဖန်ချက် များနေရတ့ဲ အကြောင်းရင်းခံတစ်ခုက နိုင်ငံရေးသရော်စာတွေ တင်နေ တ့ဲ အီ ယာကီ (E-Yarki) ဝက်ဆိုက်ရဲ့ သရော်စာ ကဏ္ဍ အယ်ဒီတာဟာ အမျိုးသမီးဖြစ်နေလို့ပါပဲ။ 


အီယာကီရဲ့ သရော်စာ ကဏ္ဍ အယ်ဒီတာ အမျိုးသမီးဖြစ်သူ ရှိမု နာဆာရ် (Shimu Naser) က သူမတို့ ဝက်ဆိုက် တိုင်ကြားခံရတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။ 

" ဒီတိုင်ကြားချက်က လူပုဂ္ဂိုလ်၊ ပါတီ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်အရ သရော်စာ ရေးသူတွေကို တရားစွဲတာမဟုတ်ပါဘူး၊ ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဌ လုပ်ပုံက သူတို့ သမဂ္ဂက အမျိုးသမီးတွေကို ထိခိုက္အောင္လုပ္ထားတ့ဲ ကိစ္စတွေကို စုပြီး အစိုးရကို တင္ပ​ြတ့ဲသဘောပေါ့။ ဒါဟာ အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒအရ တဖက်သတ်ဆန်ဆန် အပေါ်စီးဆန်ဆန် သတိပေးမှုပါပဲ။ အစိုးရက သဘောထားမှတ်ချက် ပေးပ​ြီးတ့ဲနောက္မှာ သရော်စာရေးသူ အုပ်စုကို တရားစွဲဖို့ အမှုတွဲကို တည်ဆောက်နေတယ်" လို ပြောပါတယ်။


ရခိုင်ဘက် သတင်းလွတ်လပ်မှုအခြေအနေ


ဒါတွေက နတ်မြစ်ရဲ့ တဖက်ကမ်းမှာရှိတ့ဲ ဘင်္ဂလားဒေရှ့်ထဲက သတင်းလွတ်လပ်မှုအခြေအနေတွေပါ။ အခြားတဖက်ကမ်းမှာ ရှိတ့ဲ ရခိုင်ဒေသထဲက သတင်းလွတ်လပ်မှုအခြေအနေတွေက ကော ဘယ်လိုရှိနေပါသလဲ။ ဘင်္ဂလားဒေရှ့်မှာ သတင်းထောက်တွေကို တိုက်ခိုက္ မှုအမျိုးမျိုးရဲ့ ၉၀% ဟာ နိုင်ငံရေးပါတီတွေနဲ့ ထောက်ခံသူတွေ ဆီက လာတာလို့ဆိုပါတယ်။ ဒါဟာ နိုင်ငံရေးအုပ်စုအသီးသီးအနေနဲ့ သူတို့အပေါ် ဝေဖန်မှုတွေကို သည်းခံမှုမရှိဘူးဆိုတာကို ပြနေပါတယ်။  


ရခိုင်ဘက်အခြမ်းမှာရော အခြေအနေက ဘယ်လိုရှိပါသလဲ။


အခြေအနေက ဘင်္ဂလားဒေရှ့်နဲ့ တထပ်တည်းမဟုတ်ပေမယ့် နိုင်ငံရေး အဝိုင်းအဝန်းထဲက သူတွေ၊ အုပ်ချုပ်ရေးအဝိုင်းအဝန်းထဲကသူတွေ အနေနဲ့ သူ့တို့အပေါ် ဝေဖန်မှု၊ ထောက်ပြမှုတွေကို အဖွဲ့အစည်းတစ်ခုထဲ အချင္းချင္းဖြစ်စေ၊ အပြင်က သူဖြစ်စေ တူးတူးခါးခါး ဖြစ်နေကြဆဲပါ။ ဘင်္ဂလားဒေရှ့်က နိုင်ငံရေးအင်အားစုတွေလိုပဲ ရခိုင်မှာလည်း နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအဝိုင်းအဝန်းက သူတွေဟာ နိုင်ငံရေးအရ ဝေဖန္မှုတွေ အပေါ် သည်းခံလိုစိတ်နည်းကြပါတယ်။ 


ဘင်္ဂလားဒေရှ့်မှာ စနစ်ဟောင်းကို တွန်းလှန်ခ့ဲတ့ဲသူတွေ ကိုယ်တိုင်က စနစ်ဟောင်းရဲ့ အမှုအကျင့်တွေကို လိုက်လုပ်နေကြတယ်လို့ တရားလွတ်တော်ချုပ်ရှေ့နေ ဘာရစ်စတာ ဆာရာ ဟူစိန် ( Barrister Sara Hossain)  ပြောခ့ဲသလိုပါပဲ။ ရခိုင်မှာလည်း ပြောရေးဆိုခွင့်္မရှိတ့ဲ ဖိနှိပ်တ့ဲ စနစ်ဟောင်းကို ရင်ဆိုင်တိုက်ပွဲဝင်နေသူတွေကိုယ်တိုင်က စနစ်ဟောင်းရဲ့ အမှုအကျင့်တွေရှိလာပါတယ်။


ဘင်္ဂလားဒေရှ့်မှာတော့ နိုင်ငံရေးတည်ငြိမ်မှု တစ်စုံတစ်ရာရှိနေလို့ ဒီလိုပြဿနာတွေကို ကျင့်ဝတ်ပိုင်းအရ အပြန်အလှန် ထိန်းကျောင်းမှု စနစ်အားကောင်းနေပေမယ့် ရခိုင်မှာတော့ အပြန်အလှန် ထိန်းကျောင်းမှုက အားမကောင်းပါဘူး။ ဘင်္ဂလားဒေရှ့်မှာ ကျောင်းသားအုပ်စုတွေဟာ အပြောင်းအလဲတရပ်ကို ဦးဆောင္လာခ့ဲပြီး လက်ရှိကြားဖြတ်အစိုးရနဲ့ လူထုရဲ့ မျက်နှာသာ ပေးမှုအောက္မှာရှိနေပါတယ်။ ဒီလို  နိုင်ငံရေးအရ မျက်နှာသာပေးခံရတ့ဲ အဖွဲ့အစည်းတစ်ခုက သူတို့အပေါ် ဝေဖန်ထောက်ပြမှုတွေကို  စော်ကားမှု တံဆိပ်ကပ်ပြီး တရားစွဲမယ်လို့ ပြောလာတ့ဲအခါ ဘင်္ဂလားဒေရှ့် မီဒီယာတွေက ဒါဟာ "နိုင်ငံအာဏာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တရားစွဲမှု" အဖြစ်ပြန်လည်ထောက်ပြ နိုင်ပါတယ်။ ရခိုင်ဒေသမှာတော့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထဲမှာ ပါဝင်ပတ်သက်နေသူတွေ အချို့ကိုယ်တိုင် "လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကို ပိတ်ပင်ထား" ပေမယ့် ဒီအပေါ်မှာ တရားနည်းလမ်းတကျ ပြန်လည်ဝေဖန်ဆန်းစစ် ထောက်ပြမှုဟာ မရှိသလောက်နည်းပါတယ်။


ရခိုင်ဖက်အခြမ်းမှာ စစ်ပွဲကာလ ဆိုတ့ဲ အချက်တစ်ခုအောက္မှာ အုပ်ချုပ်ရေး၊ တည်ဆောက်ရေး နယ်ပါယ်အပေါ် ဆန်းစစ်ဝေဖန်ခွင့်နဲ့ လူထုရဲ့ အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဟာ ပိတ်ပင်ခံထားရဆဲပါ။ ဘင်္ဂလားဒေရှ့်မှာ ဝေဖန်ထောက်ပြမှုတွေကို "အသရေဖျက္မှု၊ အမျိုးသမီးတွေ အပေါ် တိုက်ခိုက်မှု" အဖြစ် လမ်းကြောင်းလွဲ ပုံဖော်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှုကို ပိတ်ပင်ဖို့ ကြိုးစားကြပါတယ်။ ရခိုင်မှာတော့ "လူထု ဘေးကင်းလုံခြုံရေး၊ စစ်ရေးအချက်အလက် မပေါက်ကြားရေး" ဆိုတ့ဲ အချက်ကို ကိုင်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှုကို ပိတ်ပင်နေပါတယ်။ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအဝိုင်းအဝန်းက လူတွေရဲ့ ဆောင်ရွက်ပုံတွေအပေါ် မတူညီတ့ဲ ရှူဒေါင့်က ဝေဖန်တ့ဲသူတွေဟာ "ဒလန်တံဆိပ်၊ သစ္စာဖောက် တံဆိပ်" ကပ်ခံရနိူင်ပါတယ်။ သာမန်လူတွေအတွက် သွေးရိုးသားရိုး ဖုန်းဆက်ရင်တောင် မသင်္ကာဖြစ်ပြီး စစ်လားဆေးလား လုပ္ခံရတ့ဲ ဖြစ်စဉ်တွေ ရှိနေပါတယ်။


နိုင်ငံရေး၊ လူမှုရေးနဲ့ မီဒီယာတွေမှာ တက်ကြွစွာပါဝင်နေ တ့ဲ အမျိုးသမီးတွေကို ခြိမ်းခြောက် စော်ကားမှုတွေဟာ နှစ်ဖက်စလုံးမှာ ရှိနေဆဲပါ။ စာရေးဆရာနဲ့ စည်းရုံးရေးမှုဖြစ်သူ ဖိရိုဇ် အာမက္ ( Firoz Ahmed) ပြောသွားသလို "သူတို့အုပ်စုထဲက အမျိုးသမီးတွေကမှ အမျိုးသမီးပဲ။ သူတို့အုပ်စုထဲက မဟုတ်တ့ဲ အမျိုးသမီးတွေက တော့ လူမဟုတ်တာ ကျနေတာပဲ" ဆိုတ့ဲ အတိုင်းပါပဲ။


လုပ်ပိုင်ခွင့် အာဏာပါဝါရှိတ့ဲသူတွေ အကြိုက် ပြောဆိုနေထိုင္ကြတ့ဲ အမျိုးသမီးတွေ လက်တစ်ဆုတ်စာ အဖို့တော့ (hypocrisy) ရုပ်ပြလှဖို့၊ အသုံးချဖို့အတွက် အကာအကွယ်အနည်းငယ်တော့ ရကြပါလိမ့်မယ်။ အခြားအမျိုးသမီးတွေ အဖို့ကတော့ ကျား/မ ညီမျှခွင့် ဆိုတာ ဝေးနေဆဲပါပဲ။ 


ဘင်္ဂလားဒေရှ့်မှာတော့ ဒီလိုပြဿနာ တွေကို ဖြေရှင်းဖို့အတွက် ကြိုးစားနေပါတယ်။ မူဝါဒတွေ၊ ဥပဒေတွေဘက်က ဖြေရှင်းဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ဘင်္ဂလားဒေရှ့် မီဒီယာသမားတွေ ပြောသလို နိုင်ငံရေးအရ ရင့်ကျက်ပြီး ယဉ်ကျေးမှု မြင့္မားတ့ဲ လူမှုအဖွဲ့အစည်း ဘက်ကို ဇိုင်းပြင်းနေကြပါတယ်။ အပြောင်းအလဲမှာ ဦးဆောင်သူ နေရာက ပါခ့ဲတ့ဲ ကျောင်းသားတွေနဲ့ ပညာတတ်လူလတ်တန်းစားတွေကို နိုင်ငံရေးသည်းခံမှု နည်းပါးနေတာကို ဝေဖန်ပြီး ပြန်ထိန်းကျောင်းဖို့ ကြိုးစားနေကြပါတယ်။ ဘင်္ဂလားဒေရှ့်ဟာ ဒီခရီးရှည်ကို အကြာကြီး ဖြတ်သန်းရအုံးမှာပါ။ ရခိုင်ဘက္မှာ လည်း ဒီခရီးရှည်ဟာ ကြာအုံးမှာပါပဲ။ ရခိုင်ဘက်အခြမ်းနဲ့ ဘင်္ဂလားဒေရှ့် အခြမ်းကြား ကွာခြားချက် ဘင်္ဂလားဒေရှ့်မှာ အရှိန်တစ်ခုကိုရနေပေမယ့် ရခိုင်ဘက္မှာတော့ ခြေလှမ်းတောင် မလှမ်းရသေးပါဘူး။


ကိုးကား

http://www.tbsnews.net/bangladesh/89-journalists-fear-physical-attacks-2026-election-coverage-study-1303171


https://www.tbsnews.net/bangladesh/speakers-express-concern-over-shrinking-space-free-speech-1303106





Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း