အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် တပ်မှုးအဆင့်တွေ့ဆုံ
အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့် တပ်မှုးအဆင့်တွေ့ဆုံ
အိန္ဒိယ နယ်ခြားစောင့်တပ် (BSF) နဲ့ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ် (BGB)တို့ဟာ တပ်မှုးအဆင့် တွေ့ဆုံကြတယ်လို့ ထရိပူရကလာတ့ဲ သတင်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ ထရိပူရနယ္ မြေထဲမှာရှိတ့ဲ နယ်စပ်အနီး မာနူဂတ် (Manughat)နေရာ က မြေယာအကောက်ခွန်ရုံးမှာ တွေ့ဆုံကြတာပါ။
အဲဒီတွေ့ဆုံမှုမှာ နယ်စပ်တလျှောက် ဖြစ်ပျက်ခ့ဲတ့ဲ အခြေအနေအပေါ်မှာ နှစ်ဘက်စလုံးက ပြန်လည်သုံးသပ်မှုတွေ လုပ္ခ့ဲကြပါတယ္။ နယ်စပ်ဒေသ စီမံခန့်ခွဲရာမှာ အရေးကြီးတ့ဲ အချက်တွေကိုလည်း ဆွေးနွေးခ့ဲကြသလို ခွင့္ပြုချက္မ့ဲ ဖြတ်ကျော်ဝင်ရောက္မှုတွေ၊ မှောင်ခိုကုန်ပစ္စည်းတင်သွင်းမှုတွေလိုမျိုး တရားမဝင် လုပ်ရပ်တွေကို တားဆီးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက္မှုတွေ အားကောင်းလာဖို့နဲ့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကို ရည်ရွယ်ပြီး အခုလိုတွေ့ဆုံကြတာပါ။
အိန္ဒိယ အကြီးတန်းအရာရှိတွေက ခိုင္မာတ့ဲ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရေးတွေဟာ အပြန်အလှန်နားလည်မှုလွဲမှားတာတွေကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပြီးရင် နယ်စပ်တလျှောက် တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းထားလိမ့်မယ် လိုလည်းဆိုပါတယ်။ နှစ်ဖက်စလုံးက နယ္စပ္တလျောက္နေထိုင္တ့ဲဒေသခံတွေအတွက် ဘေးကင်းရေးနဲ့ လုံခြုံရေးဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှုနဲ့ မိတ်ဆွေဆက်ဆံရေးတည်ဆောက္မှု အပေါ်မှာ မူတည်နေတာကို လက်ခံထားကြပါတယ်။
နိုင်ငံတကာ နယ်နိမိတ် နေရာတွေကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲကြဖို့နဲ့ နှစ်ဖက် ပူးပေါင်းဆောင်ရွက် ညှိ့နှိုင်းမှုအပေါ် အခြေခံကြဖို့လည်း BSF နဲ့ BGB တို့ကြား သဘောတူခ့ဲကြတယ္လို့ ဆိုပါတယ်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဟာ ၄,၀၉၆ ကီလိုမီတာ ရှည်လျားထိစပ်နေပြီး တရားမဝင် ဖြတ်သန်းမှု၊ မှောင်ခိုကူးမှု တရားမဝင် ကျွဲနွား၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကူးသူများကို ဖမ်းဆီးရာမှာ နှစ်ဖက်တပ်ဖွဲ့များကြား နားလည်မှုလွဲမှားတာ၊ထိပ်တိုက်ရင်ဆိုင်ရတာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ နှစ်ဖက်စလုံးက ထိုအခြေအနေတွေကို ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းလေ့ရှိပါတယ်။ BSF နဲ့ BGB တို့ဟာ အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုကို တည်ဆောက်ဖို့အတွက် နှစ်စဉ် နှစ်ကြိမ်ခန့် အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိပါတယ်။
မူရင်း
https://northeasttoday.in/northeast/tripura-bsf-bgb-hold-sector-commander-level-border-coordination-meeting-at-manughat/
Comments
Post a Comment