အွန်လှိုင်းကိုအသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေရှ့် အဆိုပြုထား

 အွန်လှိုင်းကိုအသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေရှ့် အဆိုပြုထား


အောက်တိုဘာလ ၂၁ ရက်က ၂၄ ရက်အထိ ဗီယင်နာက ကုလသမဂ္ဂရုံးချုပ်မှာ မူးယစ်ဆေးဝါးကုန်သွယ်မှုအား နည်းပညာဖြင့် တိုက်ဖျက်ခြင်း ဒုတိယအကြိမ် အစည်းအဝေးကို ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ မူးယစ်ဆေးဝါးထိမ်းချုပ်ရေးဌာန (NDC) အထွေထွေဒါရိုက်တာ အမ်ဒီ ဟာဆန် မာရဖ် (Md Hasan Maruf) က တက်ရောက်ခ့ဲပါတယ္။ အဲဒီအစည်းအဝေးမှာ ဘင်္ဂလားဒေရှ့်ဘက်က အခုလို အဆိုပ​ြုခ့ဲတာပါ။


ဘင်္ဂလားဒေရှ့် နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (International Narcotics Control Board- INCB) ရဲ့ အောက္မှာ ဒီဂျစ်တယ် နည်းပညာဖြင့် မူးယစ်ဆေးဝါး ထောက်လှမ်းရေးနဲ့ အချက်အလက်စုဆောင်းရေး ကမ္ဘာလုံးဆိုင်ရာ စင်တာ (Global Digital Narcotics Intelligence and Exploitation Reporting Centre- DNIRC) ကို တည်ထောင်ဖို့ကို အဆိုပြုထားပါတယ်။ ဒါဟာအွန်လိုင်းနဲ့ နည်းပညာကိုအသုံးပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးဖို့ ခိုင္မာတ့ဲကမ္ဘာလုံးဆိုင္ရာ ပူးပေါင်းဆောင်ရွက္မှုကို ဦးတည်ပါတယ်။


INCB အတွင်းရေးမှုးအဖွဲ့ကိုလည်း အဖွဲ့နိုင်ငံများတွေ၊ နည်းပညာကုမ္ပဏီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ DNIRC က အွန်လှိုင်းပေါ်မှာ အချက်အလက်တွေကို စီစစ်စုဆောင်းပြီး ကမ္ဘာလုံးက မူးယစ်ဆေးဝါးရောင်းဝယ်မှုကို အတည်ပြုပေးမှာပါ။ ပြီးရင် သက်ဆိုင်ရာ နိုင်ငံတွေကို ပေးပို့သွားရမယ်လို့ ဆိုပါတယ်။ စင်တာဟာ INCB ရဲ့ ကြီးကြပ်မှုအောက္မှာ အလုပ်လုပ်ပါလိမ့်မယ်။ ကုလမူးယစ်တိုက်ဖျက်ရေး လုပ်ငန်းမူဘောင် (UNODC framework) ကိုလိုက်နာပါလိမ့်မယ်။ ပြီးရင် ဥရောပ သမဂ္ဂရဲ့ အချက်အလက်တွေကို ကာကွယ်မှု (GDPR standards) ကို လိုက်နာပါလိမ့်မယ်။


အွန္လိုင္းပလက္ဖောင္းတွေဖြစ်တ့ဲ ဂူးဂဲလ်၊ မက္တာ၊ တယ်လီဂရမ်၊ ဘဏ်အကောင့်နဲ့ ချက်ချင်းလက်ငင်း ငှပေေချနိုင္တ့ဲ ဆာဗစ် (courier services) တွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက္မှုတွေကို DNIRC က ခြေရာခံ စိစစ်ပါလိမ့်မယ်။ AI နည်းပညာကို အသုံးပြုပါလိမ့်မယ်။ ပြီးရင် သက်ဆိုင်ရာ နိုင်ငံတွေကို ပို့ပါလိမ့်မယ်။ DNIRC ဟာ INCB ရဲ့ ညွှန်းကြားချက်အောက္မှာ ရှိနေမှာဖြစ်ပြီး ရရှိတ့ဲ အချက်အလက်တွေကို ဘက္မလိုက်ပဲ၊ လုံခြုံအောင်ထားမှာ ဖြစ်ပါတယ်။ DNIRC စနစ်က INCB အဖွဲ့ဝင်နိုင်ငံတွေအတွက် အလုပ်ဘယ်လောက်ဖြစ်မလဲဆိုတာကို ကနဦးအစီအစဉ် (pilot projects) အဖြစ် ဘင်္ဂလားဒေရှ်၊ စင်္ကာပူ၊ နယ်သာလန်၊ ယူအေအီးနဲ့ အမေရိကန်ပြည်ထောင်စုတိုမှာ အကောင်အထည်ဖော်ဖို့ အတွက် ဘင်္ဂလားဒေရှ့်က အဆိုပြုပါတယ်။ ဒါဟာ အင်တာပိုနဲ့ ယူရိုပိုလ် တို့လို့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ မခြိတ်ဆက်ခင်မှာ အစမ်းသုံးကြည့်မယ့် ကနဦး အစီအစဉ်လည်းဖြစ်ပါတယ်။


အဆိုပြုချက်၏ ဇတ်လမ်းအစ


ဘင်္ဂလားဒေရှ့်မှာ ကလေးငယ်များအပေါ် အမြတ်ထုတ်မှုနဲ့ ပျောက်ဆုံးခြင်း တားဆီးရေးစင်တာ  (National Centre for Missing and Exploited Children - NCMEC) ဆိုတာရှိပါတယ်။ အဲဒီ စင်တာကို လာတိုင္တ့ဲ အမှုတွေကို ဘင်္ဂလားဒေရှ့် CID ကစစ်ဆေးရပါတယ်။ တလောက အမှုတစ်ခုမှာ CID ရယ်၊ NCMEC ရယ်၊ ဂူဂဲလ် ရယ်ပူးပေါင်းပြီး နည်းပညာအကူအညီနဲ့ ထောက္လှမ္းတ့ဲအခါ အမှုရဲ့ဇစ်မြစ်ကို ခြေရာခံမိပြီး သံသယဖြစ်စရာလူကို ဖမ္းဆီးနိုင္ခ့ဲပါတယ္။ ဒီအကြောင်းတရားက NIRC ကို ဖွဲ့စည်းဖို့ စိတ်ကူးမျိုးကို ဘင်္ဂလားဒေရှ်ဘက်က ရလာတယ်လို့ မာရဖ် က ပြောပါတယ်။ " အွန်လိုင်းကို အသုံးပြုပြီး မူးယစ်ဆေးဝါး လုပ်နေတာကို နိုင်ငံတကာက အချက္အလက်တွေစုစည်းထားတ့ဲ စင်တာက ခြေရာခံနိုင်လိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။


ဘင်္ဂလားဒေရှ့်အတွက် ခေါင်းခဲစရာ


ဘင်္ဂလားဒေရှ့်အနေနဲ့ လတ်တလောကာလအတွင်း မူးယစ္ ဆေးဝါးနဲ့ပတ္သက္တ့ဲ အမှုတွေ၊ ဖမ်းဆီးရတာတွေဟာ တော်တော်များနေတယ်လို့ဆိုပါတယ်။ ဘယ်လောက်ပဲ ဖမ်းဖမ်း မူးယစ်ဆေးဝါးရောင်းဝယ်မှုကလည်း နည္းမသွားတ့ဲ အပြင် ပိုပြီးတိုးလာနေပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ပထဝီဝင်အနေအထားက မူးယစ်ဆေးတွေ ဖြတ်သန်းဖို့ လမ်းဖြစ်နေတယ်လို့ မာရဖ်က ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ကို ​ဖြတ်ကျော္တ့ဲ မူးယစ်ဆေးဝါးတွေဟာ ဘယ်ကလာပြီး ဘယ်ကိုသွားနေတာပါလဲ။


ယာဘ (Yaba)

ယာဘ (Yaba)က မြန်မာဘက်ကနေပြီး ဘင်္ဂလားဒေရှ့်ကို ဝင်နေပါတယ်။  ငါးဖမ်းလှေတွေ၊ စက်လှေငယ်တွေနဲ့ နတ်မြစ်ကိုဖြတ်ပြီးဝင်လာတာပါ။ 


ဖင်စီဒိုင်း (Phensedyl)

အိန္ဒိယဘက်က ဖင်စီဒိုင်းတွေ ဘင်္ဂလားဒေရှ့်ကို မှောင်ခို ခိုးသွင်းပါတယ်။


ဘိန်းဖြူ (Heroin)၊ ဆေးခြောက် (Cannabis)၊ သှေးသားထဲထိုးသွင္းနိုင္ တ့ဲ မူးယစ်ဆေးအရည် (Injectable Drugs)

အိန္ဒိယ- ဘင်္ဂလားဒေရှ့်နယ်စပ်တလျှောက်က ဖြတ်သန်းပါတယ်။


DNIRC နဲ့ INCB ဟာ လူပုဂ္ဂိုလ်များရဲ့ ပုဂ္ဂလိကလုံခြုံမှုကို အာမခံပေးရပါမယ်။ ဒါမှ မူးယစ်ဆေး အချက်အလက်တွေအတွက် ပုဂ္ဂလိက ဆိုင်ရာ ပူးပေါင်းဆောင်ရွက္မှုတွေက ရှိလာမှာပါ။ ပြီးရင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ခြေရာခံဖို့ နဲ့ အချက်အလက်တွေကို နိုင်ငံတွေဆီကို ဖြန့်ဝေဖို့အတွက် လုပ်ပိုင်ခွင့်တွေ ပေးအပ်ရမှာပါ။ အွန်လိုင်းကို အသုံးပြုမှု မူးယစ္ ဆေးဝါးလုပ္တ့ဲအခါ အွန်လိုင်းငွေပေးငွေယူ စနစ်ကိုလည်း သုံးလာမှာပါ။ ဒါကြောင့် တရားမဝင် မသမာတ့ဲ ငွေကြေးတွေကို ခြေရာခံဖို့၊ တားဆီးဖို့အတွက် အွန်လိုင်းငွေပေး ငွေယူ ဝန်ဆောင်မှု ပေးတ့ဲ အုပ်စုတွေကိုလည်း ပူးပေါင်းပါဝင်အောင် သတင်းစကားကို ပေးဖို့လည်းလိုပါတယ်။ မသမာတ့ဲငွေ ကြေးနဲ့ ခရစ်တိုငွေကြေး အကူအပြောင်းစီးဆင်းမှုတွေကို ခြေရာခံဖို့နဲ့ လွတ်လွတ်လပ်လပ်စုံစမ်းစစ်ဆေးနိုင်ဖို့လည်းလိုပါတယ်။ အွန်လိုင်းပေါ်မှာ သံသယဖြစ်စရာ ဝက်ဆိုက်တွေ၊ ဆောင်ရွက္မှုတွေအတွက် သက်ဆိုင်ရာ အစိုးရတွေနဲ့ အချက်အလက် ဖလှယ်နိုင်ရပါမယ်။ အစိုးရတွေဆီက လိုအပ္တ့ဲ အချက္အလက္ တွေ တောင်းခံနိုင်ရပါမယ်။ သတင်းအချက်အလက်တွေ လုံခြုံဖို့နဲ့ ဆက္သွယ္နိုင္တ့ဲအရင်းအမြစ်တွေ လုံခြုံမှုကိုလည်း အာမခံရပါမယ်။တောင်းခံနိုင်ရပါမယ်။ 


ဘင်္ဂလားဒေရှ့်ရဲ့ အဆိုပ​ြုတ့ဲ DNIRC ဟာ  အကောင်အထည်ဘယ်လောက်ထိ အောင်မြင်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ INCB ကတော့ အသက်ဝင်နေပါပြီ။ ဘင်္ဂလားဒေရှ့်ဘက်ကို ဝင်နေ တ့ဲ မူးယစ်ဆေးလမ်းကြောင်းအတွက်တော့ အိပ်မက္ဆိုးတွေ မက္လာနိုင်ပါတယ်။


https://www.tbsnews.net/bangladesh/bangladesh-proposes-global-digital-centre-combat-online-drug-trade-1303366


Comments