ရိုဟင်ဂျာများနေရပ်ပြန်ရေးမှာ ဒေသရဲ့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ကြောင့် အခက်တွေ့နေဆဲဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး ပြောကြား
ရိုဟင်ဂျာများနေရပ်ပြန်ရေးမှာ ဒေသရဲ့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ကြောင့် အခက်တွေ့နေဆဲဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး ပြောကြား
တောင်အာရှဒေသတွင်းနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများ တိုက်ဖျက်ရေး (UNODC) ရဲ့ ကိုယ်စားလှယ်အသစ် အဖြစ် ခရစ်စတန် ဟဲလ်ဂျ် (Kristian Hlge) ကို ခန့်အပ်လိုက်ပါတယ်။ တောင်အာရှဆိုင်ရာ UNODC ရုံးက နယူးဒေလီမှာ အခြေစိုက်ပါတယ်။ ခရစ်စတန် ဟဲလ်ဂျ်ဟာ ဒါကာ ကို ရောက်ရှိလာပြီး ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး အမ်ဒီ တိုဟဒ် ဟူစိန် ( Md Touhid Hossain) ကို သူရဲ့ ခန့်အပ်လွှာ (Letter of Credence) ကို ပေးအပ္ခ့ဲတယ္လို့ ဘင်္ဂလားဒေရှ့် အခြေစိုက္မီဒီယာတွေက ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
UNODC ရဲ့ အသစ္ရောက္ရှိလာတ့ဲ ခရစ်စတန် ဟဲလ်ဂျ် (Kristian Hlge) က ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေးအရာရှိကို သူရဲ့ လုပ်ငန်းစဉ်တွေကို အတိုချုပ္ကို ရှင်းပြခ့ဲပါတယ်။
တောင်အာရှ ဆိုင်ရာ UNODC ရုံးက
၁- မူးယစ်ဆေးဝါး ကုန်ကူးမှု ( drug trafficking)
၂- လူကုန်ကူးမှု (human trafficking)
၃- အဂတိတရားနဲ့ လာဘ္ပေးလာဘ်ယူ လုပ်မှု (corruption)
၄- အကြမ်းဖက္မှု ( terrorism)
၅- အခြား ရာဇဝတ္မှုဆန်တ့ဲ ဒုစရိုက္မှု ( other transnational organised crimes) တွေကို တိုက်ဖျက်ရာမှာ ဘင်္ဂလားဒေရှ့်နဲ့ ပူးပေါင်းဆောင်ရွက္မယ့် လုပ်ငန်းစဉ်တွေရှိလာမှာပါ။
ဘင်္ဂလားဒေရှ့် အကြံပေးအရာရှိက ဘင်္ဂလားဒေရှ့်နိုင်ငံထဲမှာ UNODC ရဲ့ရုံးဌာနတစ်ခု ထည်ထောင်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါမှ ပိုပြီး မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတွေကို တိုက္ဖျက္တ့ဲအခါ ပိုပြီးအားကောင်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးဆိုရင် အကျိုးရလဒ်က ပိုရှိမယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးကိစ္စနဲ့ ရာဇဝတ်မှုတွေရှိနေတာဟာ ရိုဟင်ဂျာများနေရပ်ပြန်ရေးကို ထိခိုက်နေတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အကြံပေး က UNODC ကိုယ်စားလှယ္ကို ပြောပါတယ်။
ဘင်္ဂလားဒေရှ့် အပေါ်ဖိအား
အမေရိကန် အစိုးရက နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီရင်ခံစာကို International Narcotics Control Strategy Report (INCSR)နှစ်စဉ်ထုတ်ပြန်လျှက်ရှိပါတယ်။ INCSR အစီရင်ခံစာကို နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဗြူရို (Bureau of International Narcotics and Law Enforcement Affairs (INL)) က ထုတ်ပြန်ရပါတယ်။ INL က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက္မှာ ရှိပါတယ်။
အဲဒီ အစီရင်ခံစာက အပိုင်း နှစ်ခု ခွဲပြီး ထုတ်ပြန်ပါတယ်။ * Volume I: မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းထိန်းချုပ်မှု (Drug and Chemical Control) နဲ့ * Volume II: ငွေကြေးခဝါချမှု (Money Laundering and Financial Crimes) ဆိုပြီးပါ။
Volume I: မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းထိန်းချုပ်မှု (Drug and Chemical Control) မှာ
ဘင်္ဂလားဒေ့ရှ် ဟာ မူးယစ်ဆေးဝါး ဖြတ်သန်းရာ အဓိက နိုင်ငံ (Drug Transit Country) လို့ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှ (ရွှေ တရိဂံ) နဲ့ တခြားနေရာတွေကနေ ဆေးခြောက်၊ ဘိန်းဖြူနဲ့ မက္သမ်ဖက်တမင်း (စိတ်ကြွဆေး) တွေ ဟာ ဘင်္ဂလားဒေရှ့်ကို ဖြတ်သန်းနေတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံ (ရခိုင်နဲ့ ချင်းပြည်နယ်) က ရေလမ်း/ကုန်းလမ်းကနေတစ်ဆင့် Yaba (မက္သမ်ဖက်တမင်း) နဲ့ မူးယစ်ဆေးဝါးတွေ ဝင်ရောက္မှု အများဆုံး ဖြစ်ပါတယ်။ ဘင်္ဂလားရှေ့် နိုင်ငံတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာနေတယ်လို့ ဆိုပါတယ်။
အိန္ဒိယက ထုတ်လုပ်/ဖြတ်သန်းရာ နှစ္မျိုးလုံးရှိတ့ဲ အဓိက နိုင်ငံ (Major Drug Transit and Illicit Drug Producing Country)ထဲမှာပါနေပါတယ်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ ပါဝင်တဲ့ ရွှေလခြမ်း (Golden Crescent) နဲ့ မြန်မာတို့ ပါဝင်တဲ့ ရွှေတရိဂံ (Golden Triangle) ဒေသ နှစ်ခုကြားမှာ တည်ရှိတဲ့အတွက် အဓိက ဖြတ်သန်းရာ လမ်းကြောင်း ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဆေးဝါး ထုတ်လုပ်မှု မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အလွဲသုံးစားလုပ်တာတွေ ရှိနေပါတယ်။ ကြီးမားတဲ့ ဆေးဝါးနှင့် ဓာတုဗေဒ လုပ်ငန်းတွေအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်းများ (Precursor Chemicals) တွေကို သိုလှောင်တာတွေရှိပြီး ၊ အဲဒီတဆင့် လာဘ်ပေးလာဘ်ယူ အဂတိမှုတွေ ကြောင့်ယိုစိမ့်မှုနဲ့ အလွဲသုံးစားလုပ်တွေဟာရှိနေပါတယ်။
မြန်မာကလည်း အဓိက ထုတ်လုပ်သူ (Major Illicit Drug Producing Country) စာရင်းထဲမှာပါဝင်ပါတယ်။ ဘိန်းနဲ့ မက္သမ်ဖက်တမင်း (စိတ်ကြွဆေး) အပါအဝင် ဖန်တီးပြုလုပ်ထားသော မူးယစ်ဆေးဝါးများ (Synthetic Drugs) ကို အကြီးစား ထုတ်လုပ်ရာ နိုင်ငံဖြစ်နေပါတယ်။ ရွှေတရိဂံ ဒေသဟာ ဗဟိုချက် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တရားမဝင် ဖြန့်ဖြူးမှုတွေ သိသိသာသာ မြင့်တက်လာပြီး အိန္ဒိယနှင့် တရုတ်တို့ကနေပြီး မူးယစ်ဆေးဝါးထုတ်လုပ္ရာမှာ အရေးကြီးတ့ဲ လိုအပ္တ့ဲ ဓာတုပစ္စည်းတွေကို စိမ့်ဝင်နေပါတယ်။
* Volume II: ငွေကြေးခဝါချမှု (Money Laundering and Financial Crimes) နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာမှာ
၁။ မြန်မာ (Burma)
အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံကို စိုးရိမ်ဖွယ်ရာ ငွေကြေးခဝါချမှုဆိုင်ရာ ဒေသ (Jurisdiction of Primary Concern) လို့ သတ်မှတ်ထားပါတယ်။ မူးယစ်ဆေးဝါး၊ တရားမဝင် ရွှေတူးဖော်ရေး၊ သစ်တောထွက်ပစ္စည်းနဲ့ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု၊ လောင်းကစားများနဲ့ ဆက်စပ် ပြီး ငွေကြေးခဝါချမှုတွေ အလွန်မြင့်မားနေပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယူနစ် (Financial Intelligence Unit - FIU) အပါအဝင် အဖွဲ့အစည်းများ၏ စွမ်းရည် သိသိသာသာ လျော့ကျသွားပါတယ်။ မြန်မာဟာ ၂၀၂၂ ခုနှစ်ကပင် FATF ၏ အန္တရာယ်များစာရင်း (High-Risk Jurisdiction or Black List) တွင် ပါဝင်နေဆဲဖြစ်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့တာတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေပါတယ်။ ဥပဒေမဲ့ လောင်းကစားရုံများနှင့် ငွေပေးချေမှုစနစ်များတွင် ဒစ်ဂျစ်တယ်ငွေကြေးများ အသုံးပြုမှု မြင့်တက်နေပြီလို့ ဆိုပါတယ်။
၂။ ဘင်္ဂလားဒေ့ရှ် (Bangladesh)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စိုးရိမ်ဖွယ်ရာ ငွေကြေးခဝါချမှုဆိုင်ရာ ဒေသအဖြစ် (Jurisdiction of Primary Concern) သတ်မှတ်ထားပါတယ်။ အဂတိလိုက်စားမှု၊ ပြည်ပသို့ တရားမဝင်ငွေလွှဲပြောင်းမှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုမှ ရရှိသော ငွေကြေးများ ခဝါချမှု အန္တရာယ်မြင့်မားနေပါတယ်။ ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပြောင်းငွေ (Remittances) များအတွက် တရားမဝင်သော Hundi ၊ Hawala ငွေလွှဲစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေမှုက ဘဏ္ဍာရေးစနစ်ပြင်ပမှာ ငွေများလည်ပတ်နေပါတယ်။ အာဏာပိုင်များမှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနဲ့ တရားစွဲဆိုမှုများ တိုးမြှင့်လုပ်ဆောင်ပေမယ့် ကြီးမားတ့ဲအမှုများကို တရားရုံးတွင် ဆက်လက်စစ်ဆေးရန် နှောင့်နှေးမှုများ ရှိနေဆဲ ပါ။ဘင်္ဂလားဒေ့ရှ်ဟာ FATF ၏ တိုးတက္မှု စောင့်ကြည့်စာရင်း (Grey List) က လွတ်ဖို့အတွက် ကြိုးစားလာရပေမယ့် မဟာဗျူဟာမြောက် ချို့ယွင်းချက္ တွေကို ဖြည့်ဆည်းရန် ဆက်လက်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
၃။ အိန္ဒိယ (India)
အိန္ဒိယနိုင်ငံကို စိုးရိမ်ဖွယ်ရာ ငွေကြေးခဝါချမှုဆိုင်ရာ ဒေသအဖြစ် (Jurisdiction of Primary Concern) သတ်မှတ်ထားပါတယ်။ ကြီးမားတ့ဲ စီးပွားရေးလုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ငွေကြေးလည်ပတ်မှု ပမာဏတွေ များပြားနေခြင်းက ငွေကြေးခဝါချမှု အန္တရာယ်ကို ပိုဖြစ်စေပါတယ်။ အိန္ဒိယ နိုင်ငံထဲက ငွေကြေးခဝါချမှုတွေမှာ အဂတိလိုက်စားမှု၊ အခွန်ရှောင်တိမ်းမှု၊ ဘဏ္ဍာရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ တရားမဝင် ရွှေကူးသန်းရောင်းဝယ်မှုနဲ့ အကြမ်းဖက္မှုအတွက် ငွေကြေးထောက်ပံ့မှုတို့က အဓိကလမ်းကြောင်းဖြစ်နေပါတယ်။
အိန္ဒိယဘက်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေကို အကောင်အထည်ဖော်နေပါတယ်။ ငွေကြေးထောက်လှမ်းရေးဌာန (FIU) က သတင်းအချက်အလက်များကို ပုံမှန်ရယူနေပါတယ်။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်တွေ၊ ဝန်ဆောင်မှုတွေမှာ စည်းမျဉ်းသတ်မှတ်မှုတွေ ရှိလာဖို့ လုပ်ဆောင်နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာပါ အချက်တွေကိုကြည့်ရင်
၁- ဘင်္ဂလားဒေရှ့်ဟာ မြန်မာ နဲ့ အိန္ဒိယကြားမှာ ရှိနေပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ မူးယစ်ဆေး အဓိကထုတ်လုပ်သူတွေ ထဲမှာရှိနေပါတယ်။
၂- ပြီးရင် ဘင်္ဂလားဒေရှ့်ရော မြန်မာပါ မူးယစ်ဆေးဝါး၊ မသာမာတ့ဲ ငွေကြေးတွေကို ခဝါချဖို့အတွက် အကောင်းဆုံးရေခံ မြေခံတွေ ဖြစ်နေပါတယ်။
၃- အိန္ဒိယက အွန်လိုင်း ပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ ကိုင်တွယ်ဖို့အထိ ရှေ့ကို ရောက်နေပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာကတော့ အဲဒီအဆင့်ကို မရောက်သေးပါဘူး။ မရောက်သေးရင်တောင် ဘင်္ဂလားဒေရှ့်က ရုန်းထွက်အား မြန်မာထက်ပိုကောင်းပါတယ်။ ဘင်္ဂလားဒေရှ့်ဟာ အွန်လိုင်းက မူးယစ်ဆေးဝါးနဲ့ ငွေကြေးမသမာမှုတွေကို ကိုင်တွယ်ဖို့၊ အွန်လိုင်းက သားကောင်ရှာဖွေမှုတွေကို တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက္မှု အားကောင်းလာနေပါတယ်။
၄- မြန်မာနိုင်ငံ (ရခိုင်နဲ့ ချင်းပြည်နယ်) မှ ရေလမ်း/ကုန်းလမ်းတို့မှတစ်ဆင့် Yaba (မက်သမ်ဖက်တမင်း) နဲ့ မူးယစ်ဆေးဝါးတွေ ဝင်ရောက္မှု အများဆုံး ဖြစ်တယ်။ ဒီအခြေအနေတွေဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ရာဇဝတ်မှုတွေရှိနေတယ်။ ဒီအချက်က ရိုဟင်ဂျာများနေရပ်ပြန်ရေးကို ထိခိုက်နေတယ် လို့ ဘင်္ဂလားဒေရှ့် က အခုအချိန်မှာ ထုတ်ပြောလာပြီ ဖြစ်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ (International Narcotics Control Board- INCB) အဖွဲ့မှာလည်း အွန်လှိုင်းကိုအသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေရှ့် အဆိုပြုထားတာရှိပါတယ်။ ပြီးရင် ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာလည်း မူးယစ္ဆေးဝါးဖမ္းမိတ့ဲ သတင်းတွေကို ခဏခဏတင်နေပါတယ်။ အခြေအနေက တော့ ဘင်္ဂလားဒေရှ့်ကို ဖြတ်သန်းမယ့် မူးယစ်ဆေးဝါး ကွန်ရက်ဟာ တချိန်မှာတော့ ထုနဲ့တည်နဲ့ အမဲလိုက်ခံရမယ့် အချိန် နီးကပ်လာနေပါပြီဆိုတာ အချက်ပြနေပါပြီ။
ကိုးကား
https://www.tbsnews.net/bangladesh/dhaka-seeks-stronger-ties-unodc-1305646
https://www.state.gov/2025-international-narcotics-control-strategy-report
https://www.state.gov/2024-international-narcotics-control-strategy-report
https://www.tbsnews.net/bangladesh/bangladesh-proposes-global-digital-centre-combat-online-drug-trade-1303366
Comments
Post a Comment