Posts

Showing posts from June, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြေယာဆိုင်ရာ စံနှုန်းများ ကမ္ဘာဘဏ်၏ (ESS 5) စံနှုန်း ကမ္ဘာ့ဘဏ် (World Bank) ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဘောင် (Environmental and Social Framework - ESF) ထဲတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စံနှုန်း (Environmental and Social Standard- ESS ) များရှိသည်။ စုစုပေါင်း ESS စံနှုန်း ၁၀ ခုအထိ ရှိပြီး၊ တစ်ခုချင်းစီတွင် သတ်မှတ်ထားသော ခေါင်းစဉ်နယ်ပယ်အလိုက် စံနှုန်းများရှိသည်။ ထိုအထဲမှ အခန်း (၅) မှာ  "မြေယာသိမ်းဆည်းမှု၊ မြေအသုံးချမှု ကန့်သတ်ချက္များနှင့် မလိုလားအပ်ဘဲ ရွှေ့ပြောင်းအခြေချရမှုများ" (Land Acquisition, Restrictions on Land Use and Involuntary Resettlement) ဆိုင်ရာ စံနှုန်းဖြစ်သည်။ ထိုအခန်းထဲတွင် ပြဌာန်းထားသော အချက္များကို ESS 5 စံနှုန်းဟု ခေါ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ (SPS - Safeguard 2) စံနှုန်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တွင်လည်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (Safeguard Policy Statement -SPS) ရှိသည်။ ထိုအထဲမှ ( Safegu...

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၇

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၇ နိုင်ငံတကာ မြေ ယာဆိုင်ရာစံနှုန်းများ ပြောင်းလဲမှု နိုင်ငံတကာမြေယာဆိုင်ရာ စံနှုန်းများ ပြောင်းလဲမှုမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် လူမှုတည်ငြိမ်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ကြိုးစားမှုလည်းဖြစ်သည်။ ဤတွင် နိုင်ငံတကာဟု ပြောလိုက်သည်နှင့် ရခိုင်ဒေသ၏ အချို့သူများတွင် နားလည်မှုလွဲနေသော အမြင်တစ်ခုက ကပ်ပါလာသည်။ လက်ရှိ ရခိုင်ဒေသ၏ အချို့သူများ၏ အတွေးအမြင်မှာ နိုင်ငံတကာဟူသည် မိမိတို့နှင့် မသက်ဆိုင် အခြားသော အပြင်ဘက်တနေရာတွင်ရှိနေသည့် ကိစ္စဟု ယူဆနေသလို ပင်ဖြစ်နေသည်။ နိုင်ငံတကာကိစ္စရပ်ဆိုသည်မှာ ကမ္ဘာကြီးရှိ လူ့အဖွဲ့အစည်းတစ်ခုချင်းစီ၏ ကိုယ်ပိုင်ပြဿနာများ  လာစုကာ အဖြေရှာကြသည့်ကိစ္စဟု မြင်သောအမြင်မှာ ရခိုင်ဒေသ၌  အားနည်းနေပုံလည်းရသည်။ လူအဖွဲ့အစည်းတစ်ခုချင်းစီ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး  ၁၉၈၀ ပြည့်လွန်နှစ်များမတိုင်မီအချိန်  ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၏ ချဉ်းကပ်ပုံမှာ (Developmentism) အယူအဆဘက်ကို အလေးသာသော  "ဖွံ့ဖြိုးရေးရန်အတွက် အ...

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၆

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၆ မြန်မာနိုင်ငံ၏ မြေသိမ်းပြဿနာ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ၏ အကျိုးဆက္များကို မြန်မာနိုင်ငံသည်လည်း အိန္ဒိယတိုက်ငယ် နည်းတူ ခံစားခ့ဲရသည္။ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ဘက္မှ ကြည့်လျှင့် ပြည်သူသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် ဖြစ်၍ ကိစ္စရပ်တစ်ခုအပေါ် မစတင်ခင်အချိန်၊ စတင်ချိန်၊ ဆောင်ရွက်နေချိန်၊ ဆောင်ရွက်ပြီးချိန် စသည့်ဖြစ်စဉ်တစ်လျှောက်လုံး ပါဝင်ပတ်သက်ဆုံးဖြတ်ချ ပိုင်ခွင့်ရှိသည်။  ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေမှာ ထို သဘောကို မျက်ကွယ်ပြုထားသည်။ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတစ်ခုတွင်သာ အနည်းငယ် လမ်းဖွင့်ထားသည်။ သို့ဖြစ်၍  ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ၏ အကျိုးဆက္မှာ ဗြူရိုကရက် (အုပ်ချုပ်ရေး ယန္တယားထဲမှ လူများ) လက်တွင်သာ ဆုံးဖြတ်ခွင့် အာဏာများ ရောက်ရှိသွားတော့သည်။ ဤတွင် ဗြူရိုကရက်တို့၏ အာဏာစက်ထုတ်ပြခြင်း က ရှိလာတော့သည်။ ပြည်သူလူထု၏ ရပိုင်ခွင့်ကို ပိတ်ဆို့ထားသော အာဏာစီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ဗြူရိုကရက်တို့၏ အာဏာစက်သည် ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်ရန်မဟုတ်တော့ဘဲ ဖိနှိပ်မှုဖြင့်အာဏာတည်မှုကိုသာ ရှေ့ရှူတော့သည်။ ဖိနှိပ်မှုအား ခံရဖန်များလာသောအခါ လူ...

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၅

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၅ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ ပေါ်လာမှု နှင့် အိန္ဒိယ ၊ ဘင်္ဂလားဒေရှ့် တို့၏ မြေသိမ်းဥပဒေများ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ (The Land Acquisition Act, 1894) မှာ ဗြိတိသျှများ၏ အကျိုးစီးပွားကို အကောင်အထည်ဖော်ရန်အတွက်ဖြစ်သည်။ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေက ထိုအကျိုးစီးပွားအား ဖော်ဆောင်ရန်  ဗြိတိသျှကိုလိုနီအစိုးရ၏  အုပ်ချုပ်ရေး၊ စီးပွားရေး နယ်ချဲ့မှုဗျူဟာ ထဲမှ တစ်ခုလည်း ဖြစ်သည်။  ၁၈၂၄ ခုနှစ်မှ ၁၈၇၀ ခုနှစ်ကျော်အထိ ဗြိတိသျှ အိန္ဒိယ နယ်မြေတစ်လျှောက္ မြေယာကိစ္စအပေါ် ကိုင်တွယ်မှုတွင် ဗြိတိသျှတို့အနေဖြင့် ဥပဒေ တစ်ပြေးညီမှုအပိုင်းတွင် အားနည်းချက္များ ရှိခ့ဲသည္။ ကိုလိုနီနယ်မြေအပေါ် အကျိုးစီးပွားအရ အမြတ်ထုတ်နိုင်ရန် အုပ်ချုပ်ရေးယန္တရား ခိုင်မာရန် လိုအပ်သည်။ စီးပွားရေးအရ ခေါင်းပုံဖြတ်ရန်လည်း လမ်း၊ တံတား၊ မီးရထားလမ်း များရှိရန္လိုအပ္လာခ့ဲသည္။ ထိုအကျိုးစီးပွားအား ကာကွယ်ရန် စစ်တပ်စခန်း (Cantonments) များ တည်ဆောက်ရန် လိုအပ္လာခ့ဲသည္။ ထိုလုပ်ငန်းစဉ်များအတွက် မြေနေရာလိုအပ်လာသည်။ အစောပိုင်းကာလ  ၁၈၂၄ ခုနှစ်၊ ၁၈၅၀ ပြည့်နှစ်၊ ၁၈၇၀ ပြည့်နှစ်များတွင် မြေသိ...

IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင်မြေယာ- ၂

 IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင်မြေယာ- ၂ ICJ ကြားဖြတ်အမိန့်နှင့် ရခိုင်မြေယာ ICJ ကြားဖြတ်အမိန့် (Provisional Measures) ဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူအုပ်စုတစ်စုကို မြေပေါ်က ရှင်းလင်းဖယ်ရှားမှုအတွက် မြေပြင်ပေါ်မှာ မူလ သက်သေခံ လက္ခဏာ တွေ ဆက်ရှိနေဖို့ အတွက်လည်း ပါတာကြောင့် မြေယာကိစ္စနဲ့ပါ ပတ်သက္မှုရှိလာပါတယ်။ အဆိုပါ စွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက်ပျက်သွားစေမယ့် မြေညှိတာ၊ ပုံစံပြောင်းလဲတာ၊စီမံကိန်းအသစ်များ အကြီးအကျယ်လုပ်တာ၊ အခြားနေရာက IDPs စစ်ဘေးရှောင်တွေကို နေရာချတာ မျိုးတွေကို လုပ်ဆောင်ရင် လုပ္ဆောင္တ့ဲ ဘယ်သူမဆို ICJ ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာ ရောက်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ICJ က အပြီးသတ်စီရင်ချက် ချမှတ်ပြီးရင်တောင် အမိန့်အား အကောင်အထည်ဖော်မှုအတွက် နောက်ဆက်တွဲ တရားရုံးကြားနာပွဲတွေ အသီးသီးဟာ ဆက်ရှိနေမှာ ဖြစ်လို့ "မြေပြင်ပေါ်မှာ မူလ သက်သေခံ လက္ခဏာ တွေ ဆက်ရှိနေဖို့" အချက်ဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။  " မြေပြင်ပေါ်က မူလ သက်သေခံ လက္ခဏာ တွေ ပျက်သွား နိုင်သလား" ပျက်သွားနိုင်ချေ ရှိပါတယ်။ ICJ တရားခွင်ထဲမှာ ဂမ်ဘီယာဘ...

IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင် မြေယာ - ၁

 IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင္  မြေယာ - ၁ မြို့ပြစီမံကိန်းများနှင့် IDPs အရေး လက်ရှိ IDPs စစ်ဘေးရှောင်တွေကို နေရာ ရွေ့ပြောင်းတာမျိုးတွေဟာ ရခိုင်မှာ ဖြစ်နေပါတယ်။ ULA/AA ရဲ့ (၂၉-၅-၂၀၂၆)  ရက်စွဲပါ ကြေ ငြာချက္မှာ မြို့ပြစီမံကိန်းတွေ လုပ်မယ်၊ စီမံကိန်းအတွက် လိုအပ္တ့ဲ မြေတွေကို  အခြေအနေလိုအပ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီသိမ်းမယ်လို့ ကြေ ငြာထားပါတယ်။ အဆိုပါ မတ်လ ၂၉ ရက်ကြေ ငြာချက္ မှာ ဘယ်ဥပဒေရယ်လို့ မပါရှိပေမယ့် မြေပြင်မှာတော့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ရခိုင် မြေယာကိစ္စထဲမှာ မြေသိမ်းမှု ဖြစ်စဉ် အသစ်တွေဟာ ဆက်ရှိနေမယ့် သဘောလို့ ယူဆလို့ရပါတယ်။ ယခင် စစ်အာဏာရှင်လက်ထက်က သိမ္းယူခ့ဲတ့ဲ မြေသိမ်းခံရမှုတွေဟာ အခုအချိန်ထိ မရှင်းနိုင်သေးပါဘူး။ ယခင် စစ်အာဏာရှင် လက်ထက်က မြေသိမ္းတ့ဲအခါ "လျှော်ကြေးဆိုင်ရာ တရားမျှတမှုက" မရှိခ့ဲပါဘူး။ အခုလည်း ကာလတန္ဖိုးထက္နည္းတ့ဲ လျှော်ကြေးငွေနဲ့ ULA/AA ဟာ မြေသိမ်းဖို့ ခြေလှမ်း လှမ်းနေပါတယ်။ ဒီတော့ မြို့ပြစီမံကိန်း၊ မြိုပြအင်္ဂါရပ် လှပခေတ်မှီရေး စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မြေယာလျှော်ကြေးဆိုင်...

မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းအားချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှု

 မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းအားချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှု အစိုးရ မဟုတ္ သေးတ့ဲ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း လိုက်နာရမယ့် မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေရှိပါတယ်။ အဲဒီ စံနှုန်းတွေကို ၂၀၁၉ ခုနှစ်မှာ ထုတ္ပြန်ခ့ဲတ့ဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ကုလသမဂ္ဂနှင် မြေယာပဋိပက္ခဆိုင်ရာ လမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict) ရဲ့ စာမျက်နှာ (၁၀) နဲ့ (၁၁) မှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နေရပ်စွန့်ခွာသူတွေရဲ့ မြေယာအခွင့်အရေးကို လေးစားရပါမယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ္ထားတ့ဲ နေရာတွေက နေရပ်စွန့်ခွာသူတွေ အတွက် မြေယာဆိုင်ရာ တရားမျှတမှုကို တောင်းဆိုခွင့်ကို လေးစားရပါမယ်။  ပြီးရင် လက်နက်ကိုင် တပ်ဖွဲတွေဟာ နိုင်ငံတကာစံနှုန်းတွေက သွယ်ဖယ်နေ တ့ဲ ဥပဒေတွေ၊ လုပ်ကိုင်ဆောင်ရွက်နေ တ့ဲ ပုံစံတွေကိုလည်း  ပြန်လည်သုံးသပ်ပြီး ဒီလို လုပ်ရပ်တွေ ကြောင့် ဖြစ်ပေါ်လာမယ့် လူထုရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို တားဆီးပေးရပါမယ်။  တကယ်လို့ နယ်​ မြေလွတ်လပ်သွားတ့ဲ အခါမှာ ဒေသဆိုင်ရာမြေယာအချက်အလက်တွေကိုမြန်နိုင်သမျှမြန်...