မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြေယာဆိုင်ရာ စံနှုန်းများ ကမ္ဘာဘဏ်၏ (ESS 5) စံနှုန်း ကမ္ဘာ့ဘဏ် (World Bank) ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဘောင် (Environmental and Social Framework - ESF) ထဲတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စံနှုန်း (Environmental and Social Standard- ESS ) များရှိသည်။ စုစုပေါင်း ESS စံနှုန်း ၁၀ ခုအထိ ရှိပြီး၊ တစ်ခုချင်းစီတွင် သတ်မှတ်ထားသော ခေါင်းစဉ်နယ်ပယ်အလိုက် စံနှုန်းများရှိသည်။ ထိုအထဲမှ အခန်း (၅) မှာ "မြေယာသိမ်းဆည်းမှု၊ မြေအသုံးချမှု ကန့်သတ်ချက္များနှင့် မလိုလားအပ်ဘဲ ရွှေ့ပြောင်းအခြေချရမှုများ" (Land Acquisition, Restrictions on Land Use and Involuntary Resettlement) ဆိုင်ရာ စံနှုန်းဖြစ်သည်။ ထိုအခန်းထဲတွင် ပြဌာန်းထားသော အချက္များကို ESS 5 စံနှုန်းဟု ခေါ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ (SPS - Safeguard 2) စံနှုန်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တွင်လည်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (Safeguard Policy Statement -SPS) ရှိသည်။ ထိုအထဲမှ ( Safegu...