IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင် မြေယာ - ၁

 IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင္  မြေယာ - ၁


မြို့ပြစီမံကိန်းများနှင့် IDPs အရေး

လက်ရှိ IDPs စစ်ဘေးရှောင်တွေကို နေရာ ရွေ့ပြောင်းတာမျိုးတွေဟာ ရခိုင်မှာ ဖြစ်နေပါတယ်။ ULA/AA ရဲ့ (၂၉-၅-၂၀၂၆)  ရက်စွဲပါ ကြေ ငြာချက္မှာ မြို့ပြစီမံကိန်းတွေ လုပ်မယ်၊ စီမံကိန်းအတွက် လိုအပ္တ့ဲ မြေတွေကို  အခြေအနေလိုအပ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီသိမ်းမယ်လို့ ကြေ ငြာထားပါတယ်။ အဆိုပါ မတ်လ ၂၉ ရက်ကြေ ငြာချက္ မှာ ဘယ်ဥပဒေရယ်လို့ မပါရှိပေမယ့် မြေပြင်မှာတော့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ရခိုင် မြေယာကိစ္စထဲမှာ မြေသိမ်းမှု ဖြစ်စဉ် အသစ်တွေဟာ ဆက်ရှိနေမယ့် သဘောလို့ ယူဆလို့ရပါတယ်။ ယခင် စစ်အာဏာရှင်လက်ထက်က သိမ္းယူခ့ဲတ့ဲ မြေသိမ်းခံရမှုတွေဟာ အခုအချိန်ထိ မရှင်းနိုင်သေးပါဘူး။ ယခင် စစ်အာဏာရှင် လက်ထက်က မြေသိမ္းတ့ဲအခါ "လျှော်ကြေးဆိုင်ရာ တရားမျှတမှုက" မရှိခ့ဲပါဘူး။ အခုလည်း ကာလတန္ဖိုးထက္နည္းတ့ဲ လျှော်ကြေးငွေနဲ့ ULA/AA ဟာ မြေသိမ်းဖို့ ခြေလှမ်း လှမ်းနေပါတယ်။ ဒီတော့ မြို့ပြစီမံကိန်း၊ မြိုပြအင်္ဂါရပ် လှပခေတ်မှီရေး စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မြေယာလျှော်ကြေးဆိုင်ရာ တရားမျှတမှုနဲ့ အချို့ IDPs စစ်ဘေးရှောင် တွေကို နေရာ ရွေ့ပြောင်း ဖယ်ရှားမှုတွေဟာ ရှိနေတော့မှာ ဖြစ်ပါတယ်။


ရခိုင်ဒေသရဲ့ လက်ရှိမြေယာပြဿနာတွေကို ကြည့်ရင် အုပ်စု ၅ ခုကို တွေ့ရမှာပါ။

၁- ယခင် အစိုးရအဆက်ဆက် သိမ္းဆည္းခ့ဲတ့ဲ မြေယာပြဿနာ

၂- တိုက်ပွဲ ကြောင့် ဆုံးရှုံး လက္လွတ္ခ့ဲရတ့ဲ မြေယာပြသနာ

၃- IDPs နေရပ်စွန့်ခွာသူများ၏ မြေယာ ပြဿနာ

၄-IDPs နေရပ္စွန့်ခွာသူများအား ပြန်လည်နေရာထားရေးအတွက် မြေယာ ပြဿနာ 

၅- လက်ရှိ ULA/AA ၏ မြို့ပြစီမံကိန်း များကြောင့် ဖြစ်လာသော မြေယာ ပြဿနာ

ဆိုပြီးတွေ့ရ တော့မှာပါ။



နံပတ် (၁) ကလွဲပြီး နံပါတ် (၂) ကနေ နံပတ် (၅) ထိ ကိစ္စတွေကို ကိုင်တွယ် ဖို့ရာမှာ ပြဿနာကို ဖြေရှင္းနိုင္တ့ဲ နိုင်ငံတကာ စံနှုန်းတွေရှိပါတယ်။


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ကုလသမဂ္ဂနှင် မြေယာပဋိပက္ခဆိုင်ရာ လမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict) ထဲမှာ 


- နေရပ်စွန့်ခွာရ  သူတွေရဲ့ မြေနေရာတွေမှာ အခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးဟာ နောင်အနာဂတ်မှာ ရှင္းရခက္တ့ဲ ပြဿနာတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေတယ်ဆိုတာကို ဖော္ပြထားပါတယ်။


- တိုက်ပွဲကြောင့် စွန့်ခွာခ့ဲရတ့ဲ  မြေ၊အိုးအိမ်၊ ရပ်ရွာ စတ့ဲ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ လက်ရှိမှာ လူမရှိ သူမရှိ ပလပ်မြေ ဖြစ်နေရင်တောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ် အလွဲသုံးစား သိမ်းပိုက္မှုတွေ မရှိအောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။


- ပလပ်ခံရသလိုဖြစ်နေ တ့ဲ၊ ပလပ်မြေလို့ ထင်စရာရှိနေ တ့ဲ မြေတွေဟာ သွေးရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ပဋိပက္ခတွေကြောင့် ဖြစ်လာတ့ဲ  ပလပ်မြေ(Forcibly Abandoned Lands) တွေ ဖြစ်ပြီး အဲဒီ မြေတွေရဲ့ သက်သေအထော က်အထားဆိုင်ရာစံနှုန်းတွေကို လည်း ပြဋ္ဌာန်း ပေးနိုင်ဖို့။ အဲဒီ မြေတွေရဲ့ နဂို ပိုင်ရှင်တွေ၊ စွန့်ခွာရမှုတွေနဲ့ ပတ်သက်လို့ ဘယ်လို သက်သေ အထောက်အထားမျိုး ကိုသတ်မှတ်မယ်၊ ပြုလုပ်မယ်၊ အတည်ပြုမယ် စတ့ဲ စံနှုန်းတွေ ရှိဖို့။ အဲဒီမြေနေရာတွေမှာ အခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးလို နေရာဒေသရဲ့ လူမျိုးရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အပြောင်းအလဲ မဖြစ်သွားအောင်လည်း ဂရုစိုက်အလေးထား ကိုင်တွယ်ရမယ်လို့ ဆိုထားပါတယ္။


- နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေ ရဲ့ လက်ရှိ ခိုလုံနေထိုင်မှုကို ဖျက်ခိုင်းပြီး အခြားနေရာတွေကို ရွေ့ပြောင်းတာလိုမျိုး နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက္မှုတွေကိုလည်း ရေရှည်အမြင်နဲ့ တားဆီးဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။


UNHCR ရဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများဆိုင်ရာ လမ်းညွှန်အခြေခံမူများ (Guiding Principles on Internal Displacement) အချက် ၃၀ ထဲမှာလည်း IDPs စစ်ဘေးရှောင် တွေနဲ့သက္ဆိုင္တ့ဲ မြေယာ ဆိုင်ရာ အချက်တွေပါပါတယ်။


UNHCR ရဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများဆိုင်ရာ လမ်းညွှန်အခြေခံမူ အပိုဒ် (၂) မှာ " ဘယ်အဖွဲ့အစည်းအဖွဲ့အစည်း၊ ဘယ်အစိုးရမဆို ဤအခြေခံမူ ၃၀ စလုံးကို ဥပဒေကြောင်းအရ လေးစားလိုက်နာရမယ် လို့ ဆိုထားပါတယ်။ 


အခြေခံမူ အပိုဒ် (၄) အရ IDPs တွေကို ခွဲခြားဆက်ဆံမှုမရှိ ရပါဘူး။ လူမျိုး၊ ဘာသာ၊ ကျား/မ၊ နိုင်ငံရေးအယူအဆ ပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခြင်း မပြုရဘဲ၊ ထိခိုက်လွယ်တ့ဲ (ကလေး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်း) အုပ္စုတွေ ကို ဦးစားပေး စောင့်ရှောက်ရပါမယ်။

အခြေခံမူ အပိုဒ် ၅ အရ IDPs စစ်ဘေးရှောင်တွေရဲ့ လူအခွင့်အရေးကို လေးစားမှု ရှိရပါမယ်။ အစိုးရ ဒါမှမဟုတ် ဘယ် အဖွဲ့အစည်းမဆို  နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်း မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမယ်။ 

အခြေခံမူ အပိုဒ် ၆ အရ လူမျိုးရေးသန့်စင်မှု၊ စနစ်တကျ ပြစ်ဒဏ်ခတ်မှုနှင့် တရားမျှတမှုမရှိသော ပဋိပက္ခများကြောင့် လူထုကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း မပြုရ။ အဲလို အခြေအနေတွေကို ဖန်တီးပြီး ရွှေ့ပြောင်းဖို့ အခြေအနေမျိုးကို မဖန်တီးရပါဘူး။ 

အခြေခံမူ အပိုဒ် ၇ အရ အကယ်၍ မလွှဲမရှောင်သာဘဲ ရွှေ့ပြောင်းရပါက လုံံခ​ြုံရေး၊ ကျန်းမာရေး၊ အမိုးအကာနှင့် အစားအသောက္ တွေကို ကြိုတင်စီမံပေးရပါမယ်။ မိသားစုများ မကွဲအောင် လုပ်ဆောင်ရပါမယ်။ ဒီအချက်တွေကို ရွှေ့ပြောင်းရမယ်ဆိုရင် အာဏာပိုင်တွေက လိုက်နာရပါမယ်။ 

အခြေခံမူ အပိုဒ်  ၈ အရ ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ်ဟာ ထိခိုက်ခံရသူတွေ၊ IDPs စစ်ဘေးရှောင်တွေရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေရပါဘူး။

အခြေခံမူ အပိုဒ်  ၉ အရ အထူးကာကွယ်မှု အနေနဲ့ စဉ်းစားရမယ့်အချက်ရှိပါတယ်။ ဌာနေတိုင်းရင်းသားများနှင့် လယ်သမားများကဲ့သို့ မြေယာနှင့် အထူးနီးစပ်သည့် လူထုကို အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းမှ အထူးကာကွယ်ပေးရပါမယ္။ ဥပမာ- သစ်တောတွေ၊ တောတောင်တွေ၊ မြစ်ချောင်းတွေကို မှီခိုနေရတ့ဲ သူတွေကို သူတို့မှီခိုနေရတ့ဲ သဘာဝအရင်းအမြစ်တွေနဲ့ ဝေးတ့ဲနရောကို မပို့ရပါဘူး။ တံငါလုပ္တ့ဲ ကျေးရွာ တစ်ခု စစ်ဘေးရှောင်ရရင် သူတို့တံငါ လုပ်လို့ရတ့ဲ အခြား နေရာကိုပဲ ရွေ့ပေးရမယ် ဆိုတ့ဲ သဘောပါ။

အခြေခံမူ အပိုဒ်  ၁၀ အရ IDPs စစ်ဘေးရှောင်တွေကို သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတွေ မလုပ်ရပါဘူး။ အခြေခံမူ အပိုဒ်  ၁၁ အရ အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ လူကုန်ကူးခြင်းများမှ ကာကွယ်ရပါမယ်။ အခြေခံမူ အပိုဒ်  ၁၂ အရ IDPs တွေကို စခန်းများထဲမှာ အကျဉ်းသားလို ပိတ်လှောင်မထားရဘဲ လွတ်လပ်စွာ သွားလာခွင့် ရှိရပါမယ်။ အခြေခံမူ အပိုဒ်  ၁၃ အရ ကလေးသူငယ်များကို စစ်သားအဖြစ် စုဆောင်းခြင်းနှင့် IDPs များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း မပြုရပါဘူး။ အခြေခံမူ အပိုဒ်  ၁၄  နဲ့ ၁၅ အရ IDPs တွေကို ဘေးကင်းရာသို့ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်၊ ခိုလှုံခွင့်တောင်းခံခွင့် တွေကို ပေးရပါမယ်။ အခြေခံမူ အပိုဒ်  ၁၆ နဲ့ ၁၇ အရ IDPs တွေရဲ့ ကွဲကွာနေ တ့ဲ မိသားစုဝင်တွေကို ပြန်လည်ရှာဖွေပေးရပါမယ်။ မိသားစု အတူတူ နေထိုင်ခွင့် ရှိရပါမယ်။ အခြေခံမူ အပိုဒ် ၁၈ အရ IDPs တွေရဲ့  အစားအသောက်၊ ရေ၊ အမိုးအကာ၊ အဝတ်အထည်နှင့် ဆေးဝါး စသည့် အခြေခံလိုအပ်ချက္​ တွေကို အဆင့်အတန်းရှိရှိ ရရှိအောင် အာဏာပိုင်တွေက ဆောင်ရွက်ပေးရပါမယ်။ အခြေခံမူ အပိုဒ်  ၁၉ အရ ဒဏ်ရာရသူ၊ ဖျားနာသူများနှင့် စိတ်ဒဏ်ရာရသူတွေကို လိုအပ်သော ဆေးကုသမှု ပေးရပါမယ်။ အခြေခံမူ အပိုဒ်  ၂၀ အရ မှတ်ပုံတင်၊ မွေးစာရင်း စသည့် ပျောက်ဆုံးသွားသော သက်သေခံကတ်ပြား စတာတွေကို အစိုးရက ပြန်လည်ထုတ်ပေးရပါမယ်။ အခြေခံမူ အပိုဒ် ၂၁ အရ စွန့္ခွာခဲ့ရတ့ဲ အိုးအိမ်၊ ခြံမြေ၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်း မခံရအောင် ကာကွယ်ပေးရပါမယ်။ အခြေခံမူ အပိုဒ်  ၂၂ နဲ့ ၂၃ အရ  မဲပေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ကလေးငယ်များ အခမဲ့ မူလတန်းပညာ သင်ကြားခွင့် ကို အာဏာပိုင်တွေက ဖန်တီးပေးရပါမယ်။ အခြေခံမူ အပိုဒ်  ၂၈ အရ IDPs များဟာ မိမိတို့ အိုးအိမ်ကို ဘေးကင်းဂုဏ်သိက္ခာရှိရှိ "မိမိသဘောဆန္ဒအလျောက်" (Voluntary) ပြန်ခွင့် သို့မဟုတ် အခြားနေရာသစ်တစ်ခုမှာ အခြေချခွင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပြီးအတင်းအကျပ် ပြန်ခိုင်း၊ နေခိုင်းတာမျိုး မပြုရပါဘူး။ အခြေခံမူ အပိုဒ်  ၂၉ အရ နေရပ်ပြန်လာသူတွေရဲ့ မြေယာ၊ ပိုင်ဆိုင်မှုတွေကို ပြန်လည်ရရှိအောင် အာဏာပိုင်များက ကူညီရပါမယ်။ တကယ်လို့ ပျက်စီးဆုံးရှုံးသွာရင် သင့်တော်သော လျော်ကြေး (Compensation) ကို အာဏာပိုင်တွေက ပေးရပါမယ်။ ဒီအချက်တွေကို ဆောင်ရွက်ချင်ရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်လို့ ဆိုပါတယ်။


ICJ ကြားဖြတ်အမိန့်နှင့် မြေယာ


၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ "ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်" (Provisional Measures) ထဲမှာ မြေယာတွေ၊ နေရပ်ခြေရာတွေနဲ့ သက်ဆိုင်သွားစေမယ့် အချက်တစ်ချက် ပါဝင်ပါတယ်။

ကြားဖြတ် အမိန့် အချက် (၃) မှာ -

"မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့ သက်ဆိုင်တ့ဲ မည်သည့်သက်သေအထောက်အထားကိုမဆို ဖျက်ဆီးခြင်းမပြုဖို့နဲ့ အဲဒီ သက်သေအထောက်အထားတွေကို စနစ်တကျ ထိန်းသိမ်းထားဖို့ ထိရောက်သော အစီအမံများ ဆောင်ရွက်ရမယ်" လို့ ဖော်ပြထားပါတယ်။


ICJ ကြားဖြတ်အမိန့် အချက် (၃) ဘာကြောင့် ပေါ်လာသလဲ


သက်သေခံမြေနေရာတွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ ဘက်က ICJ တရားခွင်မှာ ရိုဟင်ဂျာတွေ စွန့်ခွာသွားတ့ဲ မြေနေရာအချို့မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ အခြားလူနည်းစုတွေကို နေရာချထားပေးတာတွေ၊ အစိုးရစီမံကိန်းတွေ  လုပ်ဆောင်နေတယ်လို့ တင္ပြခ့ဲပါတယ္။ အဲဒီ တင်ပြချက်ကြောင့် "သက်သေအထောက်အထား မဖျက်ဆီးရ" ဆိုတ့ဲ အချက် ထွက်လာတာပါ။


လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေက ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေ၊ မြေနေရာတွေကို  ဘူဒိုဇာဖြင့် ထိုးပြီး အဆောက်အအုံသစ်များ ဆောက်လုပ်မှုတွေဟာ  သက်သေအထောက်အထား ဖျက်ဆီးတာ၊ မြေယာပိုင်ဆိုင်မှု အထောက်အထားများ ပျောက်ပျက်အောင် လုပ်တာဖြစ်လို့ ICJ ကြားဖြတ်အမိန့်အရ အဲဒီ မြေနေရာတွေနဲ့ သက်သေတွေကို မဖျက်ဆီးဘဲ မူလအတိုင်း ထိန်းသိမ်းထားရမယ် လို့ ဆိုပါတယ်။


ICJ ကြားဖြတ်အမိန့် ထုတ္ပြန်လာပြီး နောက်ပိုင်းမှာ အဆိုပါ စွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက်ပျက်သွားစေမယ့် မြေညှိတာ၊ ပုံစံပြောင်းလဲတာ၊စီမံကိန်းအသစ်များ အကြီးအကျယ်လုပ်တာ၊ အခြားနေရာက IDPs စစ်ဘေးရှောင်တွေကို နေရာချတာ မျိုးတွေကို လုပ်ဆောင်ရင် လုပ္ဆောင္တ့ဲ ဘယ်သူမဆို ICJ ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာ ရောက်တာကိုလည်း သတိပြုဖို့ လိုပါတယ်။


ဂမ်ဘီယာဘက်က သက်သေအဖြစ် တင္သွင္းခ့ဲတ့ဲ IIFFMM အစီရင်ခံစာထဲမှာ ရခိုင်ဒေသက မြေယာ ဆိုင်ရာ အချက်တွေနဲ့ ပတ်သက်လို့လည်း ရခိုင္အပါအဝင် အခြားလူမျိုးစုအတွက် မြေယာအခွင့္အရေးကို ထိခိုက်စေနိုင္တ့ဲ အချက်တွေကိုလည်း ဖော်ပြထားပါတယ်။ 


ဆက်ရန်


















Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်