မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၆
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၆
မြန်မာနိုင်ငံ၏ မြေသိမ်းပြဿနာ
၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေ၏ အကျိုးဆက္များကို မြန်မာနိုင်ငံသည်လည်း အိန္ဒိယတိုက်ငယ် နည်းတူ ခံစားခ့ဲရသည္။ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ဘက္မှ ကြည့်လျှင့် ပြည်သူသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် ဖြစ်၍ ကိစ္စရပ်တစ်ခုအပေါ် မစတင်ခင်အချိန်၊ စတင်ချိန်၊ ဆောင်ရွက်နေချိန်၊ ဆောင်ရွက်ပြီးချိန် စသည့်ဖြစ်စဉ်တစ်လျှောက်လုံး ပါဝင်ပတ်သက်ဆုံးဖြတ်ချ ပိုင်ခွင့်ရှိသည်။ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေမှာ ထို သဘောကို မျက်ကွယ်ပြုထားသည်။ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတစ်ခုတွင်သာ အနည်းငယ် လမ်းဖွင့်ထားသည်။ သို့ဖြစ်၍ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ၏ အကျိုးဆက္မှာ ဗြူရိုကရက် (အုပ်ချုပ်ရေး ယန္တယားထဲမှ လူများ) လက်တွင်သာ ဆုံးဖြတ်ခွင့် အာဏာများ ရောက်ရှိသွားတော့သည်။ ဤတွင် ဗြူရိုကရက်တို့၏ အာဏာစက်ထုတ်ပြခြင်း က ရှိလာတော့သည်။ ပြည်သူလူထု၏ ရပိုင်ခွင့်ကို ပိတ်ဆို့ထားသော အာဏာစီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ဗြူရိုကရက်တို့၏ အာဏာစက်သည် ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်ရန်မဟုတ်တော့ဘဲ ဖိနှိပ်မှုဖြင့်အာဏာတည်မှုကိုသာ ရှေ့ရှူတော့သည်။ ဖိနှိပ်မှုအား ခံရဖန်များလာသောအခါ လူထုဟူသည် အကြောက်တရားနေရာတွင် ခံပြင်းမှုနှင့် ဒေါသကို ရောက်သွားကာ ပြန်လည်တွန်းကန်လာတတ်သည်။ ဤသို့ဖြင့် လူ့အဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းမှုမှာ ပျက်သွားတော့သည်။
၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေအရ ဗြူရိုကရက်တို့သည် အာဏာကို လူထုမှကင်းကွာကာ တလွဲတချော် အဓိပ္ပါယ္ဖွင့္ဆိုတော့သည္။ ၎င်းတို့အဓိပ္ပါယ္ဖွင့္ဆိုပုံကား ရေထု၊ မြေထု၊ လေထုကို နိုင်ငံတော်ကပိုင်သည် ဟူသော စကားပင် ဖြစ်သည်။ နိုင်ငံတော်၏ မူလပိုင်ရှင်မှာ ပြည်သူဆိုသော အချက်ကိုတော့ မသိဟန်ဆောင်ကာ "ခက်ထန်စွာ အာဏာပြမှုအပေါ် အရသာတွေ့နေတတ်သည်"။ ထိုအရသာကိုပင် "အစိုးရတစ်ရပ်၏ အာဏာတည်အောင် ပြုမှုခြင်း (State Building) " သဖွယ် ပြောဆိုပြန်သည်။ ဤသို့ဖြင့် State Building ဟူသည် "လုပ်ပိုင်ခွင့်ရှိသူများမှ ဗြူရိုကရေစီကို အသုံးချ၍ လူထုကို ဖိနှိပ်ခြင်း" ဆိုသော အဓိပ္ပါယ္ကို ရောက်သွားတော့သည်။ ဆိုလိုချင်သည်က အာဏာဖြစ်စဉ် တလွဲတချော်ဖြစ်မှုတွင် "လွဲနေသော အမြင်ခံယူချက်"များလည်း ပါနေသည်ကို ထောက်ပြလိုရင်းဖြစ်သည်။
ဤအကျိုးဆက္များက လူထုမှ အယုံအကြည်မ့ဲခြင်း၊ ဖွံ့ဖြိုးတိုးတက္မှုနှိမ့်ကျခြင်း၊ တရားမျှတမှုကင်းမ့ဲခြင်း၊ ဆင်းရဲမွဲတေမှု၊ လူတန်းကွာဟမှု၊ ပဋိပက္ခ ဆိုသည့် ဖြစ်ရပ်များကို အိန္ဒိယတိုက်ငယ်တစ်ခုလုံး ခံလိုက်ရတော့သည်။ မြန်မာနိုင်ငံသည်လည်း ထိုနည်းလည်းကောင်းပင်....။
၂၀၁၀ ပြည့်လွန်ကာလများတွင် နိုင်ငံတကာ၌ ပဋိပက္ခ ပြဿနာများကို အဖြေရှာကြရာတွင် မြေယာဆိုင်ရာ တရားမျှတမှုကိုပါ ထည့်သွင်းစဉ်းစားလာရတော့သည်။ ဤသို့ဖြင့် လူသားတို့၏ ပဋိပက္ခ ဖြေရှင်းမှုဆိုင်ရာ တန်ဖိုးများ မြင့်တက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံတော်တော်များများသည် မြေယာဆိုင်ရာ စီမံခန့်ခွဲမှုတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကိုပါ ထည့်သွင်းကာ ဥပဒေများကို ပြင်ဆင်ဖြည့်စွက်လာကြသည်။ ၂၀၁၀ ပြည့်လွန်ကာလများတွင် မြေယာအခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများက ကမ္ဘာတဝှမ်းတွင် နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ရှိနေ ခ့ဲသည္။ မြန်မာနိုင်ငံတွင်လည်း ထိုသို့ဂယက်ရိုက္ ခတ္မှုများရှိခ့ဲသည္။
သို့သော် ကမ္ဘာတစ်ဝှမ်း၌ မြေယာဆိုင်ရာ စီမံခန့်ခွဲမှုများတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုအား တစ်သီးပုဂ္ဂလ အခွင့်အရေးအပေါ် လမ်းဖွင့်ပေးခြင်းဖြင့်လည်းကောင်း၊ ဗဟိုချုပ်ကိုင်မှုနှင့် တင်းကြပ်မှုများအား ဖြေလျော့ပေးခြင်းဖြင့်လည်းကောင်း ပြန်လည်ကုစားတည်ဆောက်နေချိန်တွင် မြန်မာနိုင်ငံ၌ကား လယ်ယာမြေဥပဒေ ၊ မြေလွတ် မြေရိုင်း ဥပဒေများသာ ထွက်ပေါ်လာသည်။ လယ်ယာမြေဥပဒေ ၌ကား အငြင်းပွားမှုကို ရပ်ရွာအဆင့်တွင် လူထုကိုယ်စားပြုသူအချို့နှင့် စတင်ကြားနာခွင့်ပေးထားသော်လည်း ရလဒ်မှာ ပီပီပြင်ပြင်မရှိခ့ဲပေ။ ရပ်ရွာအဆင့်လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်များသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာနှစ်ခုကို တစ်ပိုင်းတစ်စ ရောနှောပေးရသော အင်စတီကျူရှင်းများ ဖြစ်လေရာ ရှေ့နေ ရှေ့ရပ်အသုံးပြုခွင့်၊ ဂျူရီစနစ်ထားခွင့်၊ အများပြည်သူရှေ့တွင် ကြားနာမှု စသည့် တရားစီရင်ရေး လက္ခဏာများက အားနည်းနေ ခ့ဲသည္။ မြေလွတ် မြေရိုင်း ကိစ္စရပ်တွင်တော့ လယ်ယာမြေ က့ဲသို ရပ်ရွာအဆင့်က စတင်ကြားနာခွင့်ပင် မရှိတော့။ ဓလေ့ထုံးထမ်းအရ လုပ်ကိုင်စားသောက်နေသော ရပ်ရွာလူအဖွဲ့အစည်း၏ စုပေါင်းအခွင့်အရေးကိုသော်လည်းကောင်း၊ တစ်ဦးချင်းအခွင့်အရေးကိုသော်လည်း အထောက်အထားထုတ်ပေးရန် ကိစ္စရပ်အား မြေလွတ် မြေရိုင်းဥပဒေတွင် ကြိုးနီအဆင့်ဆင့်တားထားသည်။ ဓလေ့ထုံးတမ်းအရ လုပ်ကိုင်စားသောက္မှီခိုနေရသော မြေ အပေါ် ဥပဒေအရ အသေအချာ ဖွင့်ဆိုမှုကို မပြုဘဲ ရပ်ရွာအုပ်ချုပ်ရေး ထောက်ခံချက် အသွင်ယူမှုအောက်တွင်သာ ဟိုမရောက် သည်မရောက်လုပ်ထားသည်။ ဤသို့ဖြင့် ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဖြတ်သန်းကာ ၂၀၁၉ ခုနှစ်သို့ ရောက်ခါမှ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအား ပြုပြင်ပြောင်းလဲကာ ဥပဒေသစ်တရပ်တွင်လာသည်။
ထိုဥပဒေသစ်ကား မြေသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း ဥပဒေ ( Land Acquisition, Resettlement, and Rehabilitation (LARR) Law (2019)) ဖြစ်သည်။
၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့် ၂၀၁၉ ခုနှစ် မြေသိမ်းဥပဒေ ကွာခြားချက်
၁၈၉၄ ဥပဒေတွင် နှင့် ၂၀၁၉ ဥပဒေတွင် "မြေ ကာလပေါက်ဈေး" ကိုအခြေခံထားသည်။ ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွင် အာဏာပိုင်များဘက္မှ တမင်ညှင်းဆဲမှု (ဥပမာ- လျော်ကြေးအား ရည်ရွယ်ချက်ချက် နှိမ့်ထားခြင်း၊ လူထု၏ တရားရုံးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ဥပဒေ လုပ်ငန်းစဉ် မကျွမ်းကျင်မှုကို အခွင့်အရေးယူကာ ဖိနှိပ်ခြင်း၊ အချိန်ဆွဲကာ ဖိအားပေးခြင်း) စသည့် ကိစ္စရပ်များအပေါ် ကာကွယ်ရန် ၁၈၉၄ ခုနှစ် ဥပဒေတွင် မပါရှိပေ။ ၂၀၁၉ ဥပဒေ တွင်လည်း ထိုသို့ဖြစ်ပေါ်လာပါက တိုက်ရိုက်တိုင်ကြားနိုင်သော ဥပဒေလုပ်ငန်းစဉ်ကို ဖော်ပြမထားပေ။ သို့သော် ၂၀၁၉ ဥပဒေတွင် မြေယာတန်ဖိုး တွက်ချက်မှု၌ "လက်ရှိအမှန်တကယ် ဖြစ်ပေါ်နေသော ကာလပေါက်ဈေး" သတ်မှတ်မှုတွင် ပိုမို၍ တိကျမှုရှိလာသည် ။ မြေနှင့် အရည်အသွေးတူ၊ တည်နေရာတူ မြေကွက်များ၏ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းများ၊ အဆိုပါ မြေအား အစားထိုးဝယ်ယူမည်ဆိုပါက ကုန်ကျမည့် "အစားထိုးလဲလှယ်စရိတ် (Replacement Cost)" ကိုပါ ကာလပေါက်စျေးသတ်မှတ်မှုတွင် ထည့်သွင်းစဉ်းစားပေးထားသည်။
မြေသိမ်းခံရမှုအတွက် စိတ်ဆင်းရဲရမှု၊ အဓမ္မသိမ်းယူခံရမှုကြောင့် ထိခိုက်နစ်နာမှုဆိုင်ရာ ဥပဒေအရ အပိုဆောင်းကြေး (Solatium) ရာခိုင်နှုန်း မှာ ၂၀၁၉ ဥပဒေက ၁၈၉၄ ဥပဒေထက် သာလွန်သည်။ ၁၈၉၄ ဥပဒေမှာ မြေတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကိုသာ ပေးသော်လည်း ၂၀၁၉ ဥပဒေမှာ အခြေအနေအပေါ် မူတည်ပြီး အပိုဆောင်းကြေးကို ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ပေးထားလာသည်။ (ဥပမာ - အများပြည်သူအကျိုးစီးပွား စီမံကိန်းဖြစ်ပါက မြေတန်ဖိုး၏ ၇၅%၊ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်စီမံကိန်းဖြစ်ပါက ၅၀% စသဖြင့် ခွဲခြားပြီး ပိုမိုများပြားစွာ ပေးလျော်ရန် ပြဌာန်းထားသည်။ ဥပမာ မြေနှင့် အဆောက်အအုံစုစုပေါင်း တန်ဖိုး သိန်း ၁,၀၀၀ ဟု ထွက်လာလျှင် ၇၅% ဖြစ်သည့် သိန်း ၇၅၀ ထပ်ပေါင်းပေးရသဖြင့် စုစုပေါင်း သိန်း ၁,၇၅၀ ရရှိမည်။ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်စီမံကိန်း (PPP) ဖြစ်လျှင်:စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့်အတွက် သိန်း ၁၅၀၀ ကို ရရှိမည် ဖြစ်သည်။
လျော်ကြေးမူဘောင် သတ်မှတ်မှု အတိုင်းအတာတွင် ၁၈၉၄ ဥပဒေ၌ မြေပေါ် အဆောက်အအုံ၊ သီးနှံ/သစ်ပင် ဖျက်ဆီးခံရမှုနှင့် ရွေ့ပြောင်းမှုစာရိတ် ကာမိရုံ တွက်ချက်ပေးသည်။ သို့သော် မြေသိမ်းခံရသူ၏ လူမှုစီးပွားဘဝအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး အပိုင်းက မပါပေ။ ၂၀၁၉ ဥပဒေ တွင် လျော်ကြေးတင်မက "ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး" ပါ ပူးတွဲပါဝင်လာသည်။
၁၈၉၄ ဥပဒေတွင် ကနဦးလျော်ကြေးဆုံးဖြတ်မှု၌ အစိုးရဘက္မှ အသာစည်းယူထားသည်။ ပြည်သူဘက်က မကျေနပ်ပါက တရားရုံးဖြစ်စဉ်ကိုသာ သွားရတော့သည်။ ၂၀၁၉ ဥပဒေတွင်တော့ လူသားဂုဏ်သိက္ခာကို အနည်းငယ် ဦးစားပေးလာသည်။ လျော်ကြေးမသတ်မှတ်မီ ဥပဒေအရ "မြေယာတန်ဖိုး အကဲဖြတ်ရေးအဖွဲ့" ဖွဲ့စည်းရပြီး ထိုအဖွဲ့ထဲတွင် ဒေသခံပြည်သူကိုယ်စားလှယ်များ ပါဝင်လာခွင့်ရှိလာသည်။ ထိုပြင် လျော်ကြေးပမာဏကို မကျေနပ်ပါက ကန့်ကွက်လွှာတင်သွင်းခွင့်နှင့် အယူခံဝင်ခွင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုတိကျစွာ ပြဌာန်းလာသည်။
သို့သော် ၁၈၉၄ ဥပဒေတွင်ကော၊ ၂၀၁၉ ဥပဒေတွင်ပါ မြေမသိမ်းရန်အတွက် အစိုးရအား ကန့်ကွက်တရားစွဲခွင့်မရှိပေ။ ထိုပြင် မြေသိမ်းသင့် မသင့် ဆုံးဖြတ်မှုအဆင့်တွင်ပင် ကာယံရှင်လူထုမှာ ပါဝင်ခွင့် အား ဥပဒေကြောင်းအရ လမ်းဖွင့်မပေးထားသေးပေ။ ထိုအဆင့်တွင် တရုတ်တို့က လူထုကြားနာပွဲ နှင့်ဖြေရှင်းသည်။ အိန္ဒိယတို့က ကာယကံရှင်မိသားစု ၈၀% သဘောတူညီချက်ဖြင့် ဖြေရှင်းသည်။ ရုရှားတို့က အစိုးရကို တရားစွဲရန် တရားရုံး လမ်းကြောင်းကို ဖွင့်ပေး၍ ဖြေရှင်းသည်။ ဗြိတိန်တို့က လွတ်တော်ကြားနာမှုဖြင့် ဖြေရှင်းသည် စသဖြင့် လူ့ဂုဏ်သိက္ခာကိုတော့ ပေးကြသည်။ ဘင်္ဂလားဒေရှ့် နှင့် တရုတ်တွင်တော့ လျော်ကြေးငွေကို အဆဖြင့်ပေးမှုတွင် လက်သံပြောင်ထားသည်။ အိန္ဒိယတွင်တော့ မြေသိမ်းလျှင် မြေပိုင်ရှင်လောက်သာမဟုတ် ထိုမြေအပေါ်တွင် မှီခိုနေရသော အလုပ်သမားများကို ပြန်လည်နေရာချထားရန် စဉ်းစားမှုက ပို၍ လက်သံပြောင်ပြထားသည်။
မြေပိုင်ရှင်မဟုတ်သော မြေကိုမှီခိုနေရသူ အလုပ်သမားများအတွက် ထည့်သွင်းစဉ်းစားချက်က ၁၈၉၄ ဥပဒေတွင်တော့ မျက်ကွယ်ပြုထားသည်။ ၂၀၁၉ ဥပဒေတွင်တော့ မြေမသိမ်းခင်း (EIA/SIA) အကဲဖြတ်ချက္များနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ် (Resettlement, Rehabilitation Plan- RRP) ကိုတော့ ဖော်ပြထားသော်လည်း အိန္ဒိယလောက် လက်သံ ပြောင်မှုမရှိပေ။
မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်းအရ လုပ်ကိုင်စားသောက်မှီခိုနေရသော မြေ အပေါ် ဥပဒေအရ အသေအချာ ဖွင့်ဆိုမှု မရှိပေ။ လူမျိုးစုများ၊ လူနည်းစုများ၏ မြေယာဆိုင်ရာ ဓလေ့ထုံးတမ်းပိုင်ဆိုင်မှုများကို အသိအမှတ်ပြုသော ဥပဒေဖြစ်စဉ်မရှိပေ။ ထိုအချက်က ၂၀၁၉ ဥပဒေအပေါ် ရိုက်ခတ်မှုရှိသည်။ အကယ်၍ ဒေသခံ လူထု၊ လူမျိုးစုများဘက်က အသံထွက္မှုအားနည်းလျှင်လည်းကောင်း၊ (EIA/SIA) ဆောင်ရွက်သူဘက္မှ လျစ်လျူရှူမိလျှင်လည်းကောင်း အထောက်အထားမရှိသော ဓလေ့ထုံးတမ်းအရ အသုံးချနေသော မြေများအတွက် အာမခံချက် သိပ်မရှိပေ။ ၂၀၁၉ ဥပဒေ တွင် အထောက်အထားမရှိသော ဓလေ့ထုံးတမ်းအရ အသုံးချနေသော မြေများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဖော်ပြထားသော်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားခြင်းမရှိပေ။
ရခိုင်ဒေသ အပေါ်ရိုက်ခတ်နေသော အချက္များ
မြန်မာနိုင်ငံ၏ ပြဿနာမှာ ၂၀၁၉ ဥပဒေ စာအုပ်တွင် ပြည်သူများအား အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များ၊ ပြန်လည်နေရာချထားရေးနှင့် ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ တိုးတက်ပါဝင်လာသည်မှာ မှန်သော်လည်း၊ လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုအပိုင်းတွင် အာဏာပိုင်များ၏ ပွင့်လင်းမြင်သာမှုရှိမရှိခြင်း၊ ကိုယ်ကျိုးစီးပွားရှာခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း စသည့်အချက္များကြောင့် လူထုမှာ ပြဌာန်းထားသော်လည်း အခွင့်အရေးမရသည့် အခြေအနေတွင် ရှိနေသေးသည်။
ရခိုင်ဒေသတွင်လည်း မြေယာဆိုင်ရာ မူဝါဒများက ထွက်လာရန် ရုန်းကန်နေရသေးသည်။ သို့ဖြစ်၍ ရေးသားထုတ်ပြန်ပြီးသား အခြေအနေတွင်ပင် မရှိသေးပေ။ တဖက်တွင် မြန်မာ့ နိုင်ငံရေး၏ ရိုက်ခတ်မှုဖြစ်သော ပွင့်လင်းမြင်သာမှုရှိမရှိခြင်း၊ ကိုယ်ကျိုးစီးပွားရှာခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း ဆိုသည့် အလေ့အကျင့်များ ရခိုင်ဒေသတွင္ ရှိနေ ကျန်နေသေးသည်။ ထို့ပြင် "လူထုအား ဝန်ဆောင်မှုပေးခြင်း" အစား "လုပ်ပိုင်ခွင့်ရှိသူများမှ ဗြူရိုကရေစီကို အသုံးချ၍ လူထုကို ဖိနှိပ်ခြင်း" အဓိပ္ပါယ္ကိုသာ State Building အဖြစ် အရသာတွေ့နေသော အတွေးအမြင်အချို့လည်း တစတစ တဖြေးဖြေးနေရာယူလာသည်ကိုလည်း တွေ့နေရသည်။ ထိုအခြေအနေမျိုး၌ မြေသိမ်းမှုမှာ ပြည်သူများအား အကြောက်တရားဘက်ကိုသာ တွန်းပို့ခြင်း ဖြစ်နေတတ်သည်ကိုလည်း ရခိုင်ဒေသ အနေဖြင့် ဂရုပြုသင့်သည်။
ဆက်ရန်
Comments
Post a Comment