IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင်မြေယာ- ၂

 IDPs စစ်ဘေးရှောင်၊ ICJ စီရင်ချက်နှင့် ရခိုင်မြေယာ- ၂


ICJ ကြားဖြတ်အမိန့်နှင့် ရခိုင်မြေယာ


ICJ ကြားဖြတ်အမိန့် (Provisional Measures) ဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူအုပ်စုတစ်စုကို မြေပေါ်က ရှင်းလင်းဖယ်ရှားမှုအတွက် မြေပြင်ပေါ်မှာ မူလ သက်သေခံ လက္ခဏာ တွေ ဆက်ရှိနေဖို့ အတွက်လည်း ပါတာကြောင့် မြေယာကိစ္စနဲ့ပါ ပတ်သက္မှုရှိလာပါတယ်။


အဆိုပါ စွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက်ပျက်သွားစေမယ့် မြေညှိတာ၊ ပုံစံပြောင်းလဲတာ၊စီမံကိန်းအသစ်များ အကြီးအကျယ်လုပ်တာ၊ အခြားနေရာက IDPs စစ်ဘေးရှောင်တွေကို နေရာချတာ မျိုးတွေကို လုပ်ဆောင်ရင် လုပ္ဆောင္တ့ဲ ဘယ်သူမဆို ICJ ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာ ရောက်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ICJ က အပြီးသတ်စီရင်ချက် ချမှတ်ပြီးရင်တောင် အမိန့်အား အကောင်အထည်ဖော်မှုအတွက် နောက်ဆက်တွဲ တရားရုံးကြားနာပွဲတွေ အသီးသီးဟာ ဆက်ရှိနေမှာ ဖြစ်လို့ "မြေပြင်ပေါ်မှာ မူလ သက်သေခံ လက္ခဏာ တွေ ဆက်ရှိနေဖို့" အချက်ဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ 


" မြေပြင်ပေါ်က မူလ သက်သေခံ လက္ခဏာ တွေ ပျက်သွား နိုင်သလား"


ပျက်သွားနိုင်ချေ ရှိပါတယ်။ ICJ တရားခွင်ထဲမှာ ဂမ်ဘီယာဘက်က ဒါနဲ့ပတ်သက်ပြီး ငြင်းကွယ်လို့မရတဲ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေ (Satellite Imagery) နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အစီရင်ခံစာတွေကို သက်သေအဖြစ် တရားရုံးတော်ကို အဓိက တင်သွင်းခဲ့ပါတယ်။၂၀၁၇ ခုနှစ် ဖြစ်စဉ်တွေအပြီးမှာ ရိုဟင်ဂျာရွာပေါင်း ၃၉၂ ရွာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာလုံးကျွတ် ဖျက်ဆီးပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ အဆိုပါ မီးလောင်ပြင်တွေကို မြေညှိပစ်တာမျိုးတွေကို ဂြိုဟ်တုဓာတ်ပုံတွေ နဲ့ ထင်ထင်ရှားရှား ပ​ြသနိုင္ခ့ဲပါတယ္။

အဆောက်အအုံတွေ၊ အိမ်ခြေရာတွေ၊ သစ်ပင်တွေနဲ့ ရွာရဲ့ မူလလက်ရာတွေကို အစအနမကျန်အောင် မြေညှိဖျက်ဆီးပစ်လိုက်ခြင်းဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ "ပြစ်မှုကျူးလွန်ရာနေရာ (Crime Scenes)" က မူလ အထောက်အထားသက်သေခံပစ္စည်းတွေကို တမင်တကာ ပျောက်ပျက်ဖျက်ဆီးပစ်တာဖြစ်တယ်လို့ ဂမ်ဘီယာဘက်က လျှောက်လဲခဲ့ပါတယ်။


ဂမ်ဘီယာနိုင်ငံရဲ့ ဦးဆောင်ရှေ့နေဖြစ်သူ ပါမောက္ခ ဖိလစ်ဆန်းဒ် (Philippe Sands) က တရားရုံးမှာ  ရိုဟင်ဂျာတွေ ထွက်ပြေးသွားရတဲ့ ကညင်ချောင်း၊ အင်းဒင် စတဲ့ ကျေးရွာတွေရဲ့ မြေနေရာတွေပေါ်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် နယ်ခြားစောင့်ရဲစခန်းတွေ၊ စစ်တပ်စခန်းတွေနဲ့ အစိုးရရဲ့ ဌာနဆိုင်ရာ အဆောက်အအုံသစ်တွေ တိုးချဲ့ဆောက်လုပ်ထားတာကို ဂြိုဟ်တုဓာတ်ပုံတွေကနေတစ်ဆင့် သက်သေပြခဲ့ပါတယ်။

ပြီးရင် မူလရိုဟင်ဂျာပိုင် မြေနေရာအချို့နဲ့ ၎င်းတို့ စွန့်ခွာသွားတဲ့ လယ်ကွင်းပြင်တွေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားအချို့နဲ့ အခြားအခြေချသူ (ဗုဒ္ဓဘာသာဝင်) တွေအတွက် အိမ်ရာသစ်တွေ ဆောက်လုပ်ပေးပြီး နေရာချထားပေးနေတာတွေ၊ ကုန်သွယ်ရေးဇုန်တွေ၊ ငါးဖမ်းလုပ်ငန်းဇုန်တွေနဲ့  အစိုးရက ဦးဆောင်သည့် UEHRD စီမံကိန်းအောက်က အဆောက်အအုံတွေကို မူလရွာဟောင်းတွေမှာ ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်မယ့် အခွင့်အရေးကို လုံးဝပိတ်ပင်လိုက်တာဖြစ်သလို၊ လူဦးရေအချိုးအစားကို တမင်ပြောင်းလဲပစ်တာဖြစ်တယ်လို့လည်း သူက ICJ တရားခွင်မှာ တင်ပြခဲ့ပါတယ်။


IIFFMM က ထောက္ပ​ြခ့ဲတ့ဲ ရခိုင်ဒေသ ရင်ဆိုင်လာရမယ့် မြေယာ ပြဿနာတွေ


ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (Independent International Fact-Finding Mission on Myanmar - FFM) ရဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာအပြည့်အစုံတွေထဲမှာ ရိုဟင်ဂျာတွေတင်မကဘဲ ရခိုင်ပြည်နယ်အတွင်းရှိ အခြားလူနည်းစုများ ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ မြေယာသိမ်းဆည်းမှု၊ ပုံစံပြောင်းလဲမှု ကိစ္စရပ်တွေကို အသေးစိတ် အချက်အလက်တွေနဲ့တကွ ထည့်သွင်းဖော်ပြထားပါတယ်။


အခြားလူနည်းစုများအပေါ် သက်ရောက္မှု ဒုက္ခတွေ


 ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောမြောက်ပိုင်းရှိ မြို၊ သက်၊ ဒိုင်းနက် အပါအဝင် လူမျိုးစုတွေဟာ နေထိုင်ရာကျေးရွာတွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတာကို ဖော္ ပြခ့ဲပါတယ္။ အထူးသဖြင့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဟိန္ဒူဘာသာဝင် အများအပြား သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်စဉ်ကို IIFFMM က သီးခြား အခန်းကဏ္ဍတစ်ခုအနေနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ အခြားလူနည်းစု သောင်းချီပြီး မိမိနေထိုင်ရာ နယ်မြေတွေကို စွန့်ခွာကာ စစ်ဘေးရှောင် (IDP) ဘဝ ရောက္ ခ့ဲရတာတွေ၊ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား သေဆုံးတာတွေ၊ ဖမ်းဆီးစစ်ဆေးခံရတာတွေ စတ့ဲ လူ့အခွင့်အရေး ချိုးဖောက္မှုတွေ ထည့်သွင်း အစီရင်ခံထားပါတယ်။


မြေယာကိစ္စများနဲ့ ဥပဒေကြောင်းအရ ပြောင်းလဲမှုများ


IIFFMM အစီရင်ခံစာမှာ မြေယာနဲ့ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကတော့ အစိုးရနဲ့ စစ်တပ်က ရခိုင်ပြည်နယ်အတွင်းရှိ မြေယာတွေကို စီမံခန့်ခွဲပုံ ကြောင့် မြေယာအခွင့်အရေး ဆုံးရှုံးရတာတွေ ကို ဆန်းစစ်ထားချက်တွေပဲ ဖြစ်ပါတယ်။


မြေလွတ်၊ မြေရိုင်းနှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ (VFV Law)ကို ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်လိုက်တဲ့ ဒီဥပဒေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားရသူတွေရဲ့ မြေယာတွေအပေါ် ဘယ်လိုသက်ရောက္မှုရှိလဲဆိုတာကို IIFFMM က ထောက်ပြခဲ့ပါတယ်။ အဆိုပါဥပဒေအရ စွန့်ပစ်ထားခဲ့ရတဲ့ မြေတွေကို "မြေလွတ်မြေရိုင်း" အဖြစ် သတ်မှတ်ပြီး အစိုးရက သိမ်းဆည်းကာ စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် စစ်တပ်စီမံကိန်းတွေအတွက် ချပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေဟာ နေရပ္စွန့္ခွာသွား ရတ့ဲ ရိုဟင်ဂျာများသာမက၊ တိုက်ပွဲွေတွကြောင့် ထွက်ပြေးနေရပြီး မိမိတို့မြေယာကို တရားဝင် ပြန်လည်မှတ်ပုံတင်ရန် အခွင့္အရေးမရှိတော့တ့ဲ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် အခြားလူနည်းစုများရဲ့ မြေယာပိုင်ဆိုင်ခွင့်များကိုပါ ဆုံးရှုံးစေတယ်လို့ IIFFMM က သတိပေးထားပါတယ်။


IIFFM က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ (ဥပမာ - UEHRD) ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်​ ​ြကည့်မှတ္တမ္းတင္ခ့ဲပါတယ္။ အဆိုပါ UEHRD ရဲ့ စီမံကိန်းတွေဟာ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက္မှ မြေသိမ်းမှု ဘက်ကို ရောက်နေတာကို IIFFMM က ထောက်ပြပါတယ်။  မောင်တောနှင့် ဘူးသီးတောင် နယ်စပ်ဒေသများတွင် ကုန်သွယ်ရေးဇုန်တွေ၊ စိုက်ပျိုးရေးဇုန်တွေနဲ့ ငါးဖမ်းလုပ်ငန်း အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ မြေယာ အများအပြားကို သိမ်းဆည်းမှုတွေ ဖြစ်လာနိုင်တာတွေကို IIFFMM က မှတ်တမ်းတင်ထားပါတယ်။ 

ထွက်ပြေးသွားတ့ဲ ရိုဟင်ဂျာရွာဟောင်း မြေနေရာတွေမှာ အစိုးရက အိမ်ရာသစ်တွေ ဆောက်လုပ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းဘက်ကသူတွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်း ဘက်သူတွေ၊  ဗုဒ္ဓဘာသာဝင် မိသားစုတွေ ခေါ်ယူကာ "စံပြကျေးရွာတွေ" (Model Villages) တည်ထောင်ပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒေသခံ ဓားပိုင်၊ မြို၊ သက် စတ့ဲ တိုင်းရင်းသားငယ်တွေကိုလည်း အဲဒီ မြေနေရာအသစ်တွေမှာ နေရာချထားပေးပြီး နယ်စပ်ဒေသရဲ့ လူဦးရေအချိုးအစားကို တမင်ပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့တာတွေ ရှိတယ်လို့ IIFFMM အစီရင်ခံစာက ဖော်ပြထားပါတယ်။


ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၄၀၀ ကျော်ပါဝင်တဲ့ "အစီရင်ခံစာအပြည့်အစုံ" (Detailed Findings of the Fact-Finding Mission - A/HRC/39/CRP.2) ထဲမှာ စောစောက ပြောခ့ဲတ့ဲ အချက်တွေ ကို ဖော်ပြထားပါတယ်။


အစီရင်ခံစာ အပိုဒ်နံပါတ် ၁၀၉၈ ( Paragraph 1098) ထဲမှာ 

မြေလွတ်၊ မြေရိုင်းဥပဒေ နဲ့ မြေပိုင်ခွင့် ဆုံးရှုံးတာတွေ၊ ရခိုင်အပါအဝင် အခြားလူနည်းစုများအပေါ် သက်ရောက်တာတွေကို ဖော်ပြထားပါတယ်။ ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ မြေယာတွေကို အစိုးရက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် VFV ဥပဒေပြင်ဆင်ချက်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားတွေပါ မြေယာဆုံးရှုံးနိုင်ခြေ ကို အဲဒီအပိုဒ်က ထောက်ပြထားပါတယ်။


အစီရင်ခံစာ အပိုဒ်နံပါတ် ၁၀၉၉ (Paragraph 1099) ထဲမှာ မြေလွတ်၊ မြေရိုင်း ဥပဒေကြောင့် စွန့်ပစ်ထားခဲ့ရတ့ဲ မြေတွေကို အစိုးရက ပြန်လည်သိမ်းဆည်းပြီး ကုမ္ပဏီကြီးတွေ၊ စစ်တပ်စီမံကိန်းတွေနဲ့ ခရိုနီ စီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့် အလွယ်တကူ ချပေးဖို့ လမ်းပွင့်သွားတာတွေကို ထောက်ပြထားပါတယ်။ 


အစီရင်ခံစာ အပိုဒ်နံပါတ် (၁၁၀၀)  Paragraph 1100 ထဲမှာ  ရိုဟင်ဂျာတွေသာမက ရခိုင်ပြည်နယ်ထဲက လက်နက်ကိုင်ပဋိပက္ခ တွေ၊ AA နဲ့ စစ်တပ်ကြားကတိုက်ပွဲတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မိမိတို့မြေယာကို တရားဝင် သတ်မှတ်ရက်အတွင်း လာရောက္မှတ္ပုံမတင္နိုင္တော့တ့ဲ ရခိုင်တိုင်းရင်းသားတွေနဲ့ အခြားလူနည်းစုတွေရဲ့ ဘိုးဘွားပိုင်မြေတွေပါ မြေလွတ်၊ မြေရိုင်း ဥပဒေ အရ သိမ်းဆည်းခံရမယ့် အန္တရာယ် ရှိနေတာကို ဖော်ပြထားပါတယ်။


အပိုဒ်နံပါတ် ၁၀၈၃ မှ ၁၀၈၆ ထိ (Paragraph 1083 to 1086) အရ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က မြေသိမ်းမှုနဲ့ စီမံကိန်းတွေ အကြောင်းကို ဖော်ပြထားပါတယ်။ အဲဒီ အပိုဒ်တွေထဲမှာပြည်ထောင်စုအဆင့် လူသားချင်းစာနာမှုကူညီပံ့ပိုးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ရဲ့ ဖွဲ့စည်းပုံနဲ့ အဲဒီ စီမံကိန်းတွေက ရခိုင်မြောက်ပိုင်း မြေယာတွေကို ဘယ်လို လွှဲပြောင်းရယူနေတယ် ဆိုတာကို ဖော်ပြထားပါတယ်။


အပိုဒ်နံပါတ် ၁၀၉၂ ( Paragraph 1092) ထဲမှာ မောင်တော၊ ဘူးသီးတောင်မြို့နယ်ထဲက ကုန်သွယ်ရေးဇုန်တွေ၊ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်း အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ မူလပိုင်ရှင်တွေထံက မြေယာ သိမ္းတ့ဲ ကိစ္စတွေကို ဖော်ပြထားပါတယ်။


အပိုဒ်နံပါတ် ၁၀၈၇  ( Paragraph 1087) ထဲမှာ ရိုဟင်ဂျာကျေးရွာတွေက မီးလောင်ပြင်တွေကို ဘူဒိုဇာနဲ့ ထိုးညှိပြီး အစိုးရက အိမ်ရာအသစ်တွေ ဆောက်လုပ်တာတွေကို  ဂြိုဟ်တုဓာတ်ပုံ တွေနဲ့ ဖော်ပြထားပါတယ်။


အပိုဒ်နံပါတ် ၁၀၈၈ မှ ၁၀၈၉ ထိ ( Paragraph 1088 & 1089) အရ  ဆောကျလုပျပွီးစီးတ့ဲ နေရာအသစ်တွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှ လာကွတ့ဲ ဗုဒ္ဓဘာသာဝင် တွေ၊ ဒေသခံ မြို၊ သက်၊ ဒိုင်းနက် စသည့် လူနည်းစု တိုင်းရင်းသားငယ်တွေကိုပါ နေရာချထားပြီး ဒါဟာ  နယ်စပ်ဒေသ၏ လူဦးရေအချိုးအစားကို ပြောင်းလဲပစ်ဖို့  ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုထားပါတယ်။ 


ICJ နဲ့ ULA/AA


အခုအချိန်မှာတော့ ဘူးသီးတောင်၊ မောင်တော နယ်မြေတွေဟာ ULA/AA လက်ထဲကို ရောက်နေပါပြီ။ အထက်က ဆိုခ့ဲတ့ဲ IIFFMM ရဲ့ အစီရင်ခံစာဟာ ဘူးသီးတောင်၊ မောငျတော နယ်မြေတွေ ULA/AA လက်ထဲ မရောက်ခင်က အခြေအနေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် IIFFMM ရဲ့ အစီရင်ခံစာပါ အချက်တွေဟာ ULA/AA ကို တိုက်ရိုက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် ULA/AA ဟာ အဲဒီ အစီရင်ခံစာပါ အချက်တွေအတွက် တာဝန်မရှိတော့ဘူးလား လို့မေးလာရင် ULA/AA ဟာ လက်ရှိမှာ နယ်မြေကို စိုးမိုးထားသူ ဖြစ်တ့ဲအတွက္ တာဝန်ရှိပါတယ် လို့ပဲ ဖြေရမှာပါ။


ပြီးရင် ULA/AA ကိုယ်တိုင်က လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုတွေကို ဂမ်ဘီယာနိုင်ငံက ICJ-အပြည်ပြည်ဆိုင်ရာတရားရုံး၌ လည်းကောင်း၊ ဘင်္ဂလားဒေရှ်နိုင်ငံက ICC- နိုင်ငံတကာရာဇဝတ်မှု တရားရုံး၌လည်းကောင်း၊ International Jurisdiction နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံတရားရုံး၌လည်းကောင်း အမှုဖွင့်တိုင်ကြားပြီး ကျူးလွန္ခ့ဲတ့ဲ မြန်မာတပ်မတော်အား အရေးယူနိုင်ရန် စတင်ကြိုးပမ်းနေတာကို မိမိတို့ MNTJP/MNDAA၊ PSLF/TNLA၊ ULA/AA အနေဖြင့် အပြည့်အဝ ထောက်ခံတယ်၊ အပြည်ပြည်ဆိုင်ရာတရားရုံးတို့မှ အတိဒုက္ခရောက်နေရတ့ဲ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုများအတွက် သမာသမတ်ရှိစွာ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်လိမ့်မယ် မိမိတို့က မျှော်လင့်တယ်၊ ကိုးကန်၊ တအောင်း၊ရခိုင်ဒေသထဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေကို ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွင်း ကျူးလွန္ခ့ဲသော မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူရန်ကြိုးပမ်းသူတွေ၊ အဖွဲ့အစည်းတွေကို မဟာမိတ္ သုံးဖွဲ့ဖြစ်တ့ဲ MNTJP/MNDAA၊ PSLF/TNLA၊ULA/AA တို့က ရရှိထားသောသတင်းအချက်အလက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိတယ် ဆိုပြီး (၂၈၊ ၁၁၊ ၂၀၁၉) ရက်နေ့ မှာ ကြေ ငြာချက်ထုတ်ထားတာ ရှိပါတယ်။ 


ဒီတော့ ULA/AA ဟာ ကျင့်ဝတ်အရ မြေယာတွေမှာ သက်သေတွေ မပျောက်ပျက်ဖို့၊ မြေယာဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ နေရပ်စွန့်ခွာရသူတွေရဲ့ နေရာရွေ့ပြောင်းမှုတွေ မှာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဘာကြောင့်ဆို ICJ အပြီးသတ် အမိန့် ထွက်လာရင်တောင် ရခိုင်ဒေသ အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ ဖြစ်နေ တ့ဲ စစ်ရာဇဝတ်မှုတွေကို စုံစမ်းနေမှုက မရပ်တန့်မှာ မဟုတ်သေးလို့ပါ။


IIMM နဲ့ မပြီးပြတ်သေးတ့ဲ စုံစမ်းမှုတွေ


IIFFMM ကို IIMM က ဆက်ခံပါတယ်။ IIMM ရဲ့ စုံစမ်းစစ်ဆေးမှု နယ်ပါယ်ဟာ IIFFMM ထက် ပိုကျယ်ပျံပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်နဝါရီလ ၃၀ ရက်နေ့မှာ IIMM ရဲ့ ဖေ့စ်ဘုတ် က "(ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဗုဒ္ဓဘာသာဝင်တွေကို ရခိုင်ပြည်နယ်ဘက် ဝင်ရောက်အခြေချနေထိုင်ရန် မြန်မာအစိုးရ၏ အားပေးမှု) နဲ့ (၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာများရဲ့ မြေယာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခြင်းနဲ့ သိမ်းယူခြင်း ) စတ့ဲ အချက်တွေကို စုံစမ်းစစ်ဆေးပြီး ICJ ကို တင္သွင္းခ့ဲတယ္လို့ ဆိုထားပါတယ်။ ပြီးရင် ၂၀၂၆ခု နှစ် ၊ မတ်လ ၅ ရက်နေ့မှာလည်း IIMM ဖေ့စ်ဘုတ် က "သက်သေ၊ အထောက်အထား အရင်းအမြစ်တွေကို "ပထဝီဝင် (မြေပြင်)ဆိုင်ရာ အချက်အလက်တွေနဲ့ လည်း တိုက်ဆိုင် စစ်ဆေးနေတယ်" လို့ ထုတ်ပြန်ထားပါတယ်။ 


ဒီအချက်တွေက ရခိုင်ဒေသ လူထုအပေါ် ထိခိုက္နစ္နာမှုရှိတ့ဲ  မြေယာဆိုင်ရာ ကိစ္စရပ် ဖြစ်စဉ်တွေကို နိုင်ငံတကာက လက်ရှိ စောင့်ကြည့်နေတယ် ဆိုတာကို ဖော်ပြနေပါတယ်။ လူထုအပေါ် ထိခိုက်နစ်နာစေ တ့ဲ ကိစ္စရပ်တွေကို တားဆီးဖို့ ပျက်ကွက်နေမှုဟာ တဖက္မှာက ICJ ရဲ့ ကြားဖြတ်အမိန့်အပေါ် ချိုးဖောက္မှုနဲ့ နိုင်ငံတကာစံနှုန်းတွေကို မလိုက်နာမှုဘက်ကို ရောက်သွားဖို့လည်း နီးကပ်နေပါတယ်။ ဒီလိုဖြစ်လာရင် ရခိုင်ဒေသကို ထိန်းချုပ်သူများအပေါ် သက်ရောက္မှုတွေက အရှိန်ပိုပြင်း လာတတ်ပါတယ်။


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်