မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းအားချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှု
မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းအားချိုးဖောက္မှုနှင့် စစ်ရာဇဝတ်မှု
အစိုးရ မဟုတ္ သေးတ့ဲ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း လိုက်နာရမယ့် မြေယာဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေရှိပါတယ်။ အဲဒီ စံနှုန်းတွေကို ၂၀၁၉ ခုနှစ်မှာ ထုတ္ပြန်ခ့ဲတ့ဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ကုလသမဂ္ဂနှင် မြေယာပဋိပက္ခဆိုင်ရာ လမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict) ရဲ့ စာမျက်နှာ (၁၀) နဲ့ (၁၁) မှာ ဖော်ပြထားပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နေရပ်စွန့်ခွာသူတွေရဲ့ မြေယာအခွင့်အရေးကို လေးစားရပါမယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ္ထားတ့ဲ နေရာတွေက နေရပ်စွန့်ခွာသူတွေ အတွက် မြေယာဆိုင်ရာ တရားမျှတမှုကို တောင်းဆိုခွင့်ကို လေးစားရပါမယ်။
ပြီးရင် လက်နက်ကိုင် တပ်ဖွဲတွေဟာ နိုင်ငံတကာစံနှုန်းတွေက သွယ်ဖယ်နေ တ့ဲ ဥပဒေတွေ၊ လုပ်ကိုင်ဆောင်ရွက်နေ တ့ဲ ပုံစံတွေကိုလည်း ပြန်လည်သုံးသပ်ပြီး ဒီလို လုပ်ရပ်တွေ ကြောင့် ဖြစ်ပေါ်လာမယ့် လူထုရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို တားဆီးပေးရပါမယ်။
တကယ်လို့ နယ် မြေလွတ်လပ်သွားတ့ဲ အခါမှာ ဒေသဆိုင်ရာမြေယာအချက်အလက်တွေကိုမြန်နိုင်သမျှမြန်မြန် ကောက်ယူရဖို့လည်း တာဝန်ရှိပါတယ်။
ကိုယ့်ထိန်းချုပ်နယ်မြေတွေမှာ ရှိနေ တ့ဲ မှတ္ပုံတင္ထားတ့ဲ လူထုရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ အိပ်ထဲ မထည့်နိုင်အောင် လက်ပြောင်းလက်လွှဲရောင်းဝယ်မှုတွေကိုလည်း ထိန်းချုပ်ထားပေးရမှာပါ။ အလှဲသုံးစားမဟုတ္ တ့ဲ တရားမျှတ အကျိုးအကြောင္းဆီလျှော်တ့ဲ လူထုရဲ့ ရောင်းဝယ်မှုတွေအတွက်ဆိုရင်တော့ အဲဒီ ရောင်းဝယ်မှုကို ထိမ်းချုပ်စရာတော့ မလိုပါဘူး။
ပြီးရင် ကိုယ်ထိမ်းချုပ် နေရာတွေမှာ လုံလောက္တ့ဲလုပ္ထုံးလုပ္နည္းဥပဒတွေ ရှိနေရမှာ ဖြစ်ပြီး နယ်မြေသို့ပြန်လာသူတွေအတွက် သူတို့ မြေယာအခွင့်အရေးတွေကို အထောက်အပံ့ပြုမယ့် ယန္တရားလုပ်ငန်းစဉ်တွေလည်း ရှိနေရမှာပါ။
ပလပ်ခံရသလိုဖြစ်နေ တ့ဲ၊ ပလပ်မြေလို့ ထင်စရာရှိနေ တ့ဲ မြေတွေဟာ သွေးရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ပဋိပက္ခ ကြောင့်ဖြစ်လာတ့ဲ ပလပ်မြေ(Forcibly Abandoned Lands) တွေ ဖြစ်ပြီး အဲဒီ မြေတွေရဲ့ သက်သေအထော က်အထားဆိုင်ရာစံနှုန်းတွေကို လည်း ပြဋ္ဌာန်း ပေးနိုင်ရမှာပါ။
လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကိုယ်ထိမ်းချုပ်နေရာက ပြည်တွင်းနေရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်အရေးတွေမှာ မြေယာကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရမှာပါ။ ဘယ်လို ထည့်သွင်းစဉ်းစားရမလဲဆိုရင် သူတို့ရဲ့ မူရင်းနေရပ်က မြေယာ ပိုင်ဆိုင်မှုကို အာမခံချက်ပေးနိုင်ဖို့ လက်ရှိ ခိုလုံနေ တ့ဲ နေရာ ကြောင့် အဲဒီနေရာမှာ မူရင်းဒေသခံတွေနဲ့ မြေယာ ပဋိပက္ခတွေ၊ ရေနဲ့ အခြားသယံဇာတ သုံးစွဲမှုတွေမှာ ပြဿနာ ထပ် မဖြစ်စေဖို့အတွက် စဉ်းစားရမှာပါ။
ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေရဲ့ ဖြစ်တည်ရာအခြေအနေကိုလိုက်ပြီး ဘယ်အချိန်မှာ ဘယ်ရလဒ်ထိ ရောက်အောင် ဆောင္ရွက္မယ္ဆိုတ့ဲ အချိန်ကာလ သတ်မှတ်ချက္ပါတ့ဲ လုပ်ငန်းမူဘောင်တွေ ရှိရပါမယ်။
တပြည်လုံးအဆင့်မြေနဲ့ ဆက္စပ္တ့ဲ အခွင့်အရေးတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ ဥပဒေ၊ မူဝါဒ၊လုပ်ထုံးလုပ်နည်းတွေ ခိုင်ခိုင်မာမာ ချမှတ်ရပါမယ်။
မြေယာလျှော်ကြေး၊ နစ်နာကြေးတွေနဲ့ပတ်သက်ပြီး ဒေသ ကာလတန်ဖိုးနဲ့ လျှော်ကြေးတွက်ချက္မှုမှာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာ အလေးထားပေးရပါမယ်။
ပလပ်မြေတွေကို ဥပဒေမဲ့သိမ်းယူထားခွင့်နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အစီအမံတွေ ရှိရပါမယ်။
နေရာပြောင်းရွေ့ရခြင်းနဲ့ ပတ်သက်ပြီး မြေယာစီမံခန့်ခွဲမှုမှာ လက္ငင်းဆောင်ရွက္နိုင်တ့ဲ အစီအစဉ်တွေရှိရပါမယ်။
မြေယာအခွင့်အရေးအတွက် တရားမျှတမှုကို တောင္းဆိုနိုင္တ့ဲ တရားစီရင်ရေးယန္တရားတွေ ရှိရပါမယ်။
မြေယာအခွင့်အရေးကိုပြန်လည်ရရှိဖို့ အထောက်အကူဖြစ်စေ တ့ဲ ဥပဒကြောင်းအရအကြုံးဝင္တ့ဲ မြေယာ မှတ်ပုံတင္ အချက်အလက္ ထုတ်ပေးတ့ဲ ယန္တရားတွေကြားမှာ ပေါင်း စပ်ဆောင်ရွက်နိုင်သောအစီအမံတွေ ရှိရပါမယ်။
နေရပ်စွန့်ခွာအမျိုးသမီးတွေ အတွက် မြေယာ အထောက္အထားများပေးနိုင္တ့ဲ အစီအမံတွေ ရှိရပါမယ်။
ရခိုင်ဒေသ ၏ ရှေ့ဆက်လာမယ့် မြေယာ ပြဿနာ
ရခိုင်မှာဆိုရင် နေရပ္စွန့္ခွာနေရတ့ဲ သူတွေရဲ့ မြေနေရာတွေမှာ အခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးဟာ နောင်အနာဂတ်မှာ ရှင္းရခက္တ့ဲ ပြဿနာတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေတယ်ဆိုတာကို လည်း သတိပြုဖို့လိုပါတယ်။
တိုက်ပွဲကြောင့် စွန့္ခွာခ့ဲရတ့ဲ မြေ၊အိုးအိမ်၊ ရပ်ရွာ စတ့ဲ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ လက်ရှိမှာ လူမရှိ သူမရှိ ပလပ်မြေ ဖြစ်နေရင်တောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ် အလွဲသုံးစား သိမ်းပိုက္မှုတွေ မရှိအောင် ဆောင်ရွက်ရမှာပါ။
ပလပ်ခံရသလိုဖြစ်နေ တ့ဲ၊ ပလပ်မြေလို့ ထင်စရာရှိနေ တ့ဲ မြေတွေဟာ သွေးရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ပဋိပက္ခတွေကြောင့် ဖြစ် လာတ့ဲ ပလပ်မြေ(Forcibly Abandoned Lands) တွေ ဖြစ်ပြီး အဲဒီ မြေတွေရဲ့ သက်သေအထော က်အထားဆိုင်ရာစံနှုန်းတွေကို လည်း ပြဋ္ဌာန်း ပေးနိုင်ရမှာပါ။ အဲဒီ မြေတွေရဲ့ နဂို ပိုင်ရှင်တွေ၊ စွန့်ခွာရမှုတွေနဲ့ ပတ်သက်လို့ ဘယ်လို သက်သေ အထောက်အထားမျိုး ကိုသတ်မှတ်မယ်၊ ပြုလုပ်မယ်၊ အတည်ပြုမယ် စတ့ဲ စံနှုန်းတွေ ရှိရပါမယ်။ အဲဒီမြေနေရာတွေမှာ အခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးလို နေရာဒေသရဲ့ လူမျိုးရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အပြောင်းအလဲ မဖြစ်သွားအောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။
နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေ ရဲ့ လက်ရှိ ခိုလုံနေထိုင်မှုကို ဖျက်ခိုင်းပြီး အခြားနေရာတွေကို ရွေ့ပြောင်းတာလိုမျိုး နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်မှုတွေကိုလည်း ရေရှည်အမြင်နဲ့ တားဆီးဖို့လိုပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေ ရဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မှုကိုလည်း လေးစားရမှာ ဖြစ်သလို နေရပ်ကို မပြန်နိုင္သေးတ့ဲ အချိန်မှာ ခိုလုံနေထိုင်ခွင့်ကိုလည်း အရေးထားဖို့လိုပါတယ်။ ခိုလုံနေ တ့ဲ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ ဒုက္ခသည်တွေ ကို လက်ရှိခိုလုံနေထိုင်ရာ နေရာက ဖယ်ခိုင်း ရွေ့ခိုင်းရင်လည်း နောက်အနာဂတ်မှာ ပဋိပက္ခ မဖြစ်စေ တ့ဲ နေရာချထားမှုမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ အဲလို ခိုလုံရာ နေရာကို ရွေ့ပြောင္းရတ့ဲအခါမှာလည္း လူမှုရေးဆိုင်ရာ၊ နစ်နာမှုဆိုင်ရာ အထောက်အပံတွေ ပေးဖို့လည်း လိုပါတယ်။
အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေ ကိုသာ ရှေ့တန်းတင်နေရင်တော့ အကျိုးအမြတ်ကို လူတစ်စုက ခံစားနေရပြီး သာမန်လူထုအတွက်တော့ ဆင်းရဲကြပ်တည်းမှုနဲ့အတူ ပဋိပက္ခသံသာရာ ဆုံးမှာ မဟုတ်တော့ပါဘူး။
ရခိုင်ဒေသဟာ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ စီရင်ဆုံးဖြတ်မှုအောက္မှာ ကျရောက်နေ တ့ဲ ဒေသလည်း ဖြစ်ပါတယ်။ လူတွေကို သူတို့နေထိုင်ရာ မြေ နေရာ ဖယ္ရှားတ့ဲ ကိစ္စဟာ ဂျီနိုဆိုက်အထိ ရောက်သွားနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ရောမစာချုပ် (Rome Statute) အရ မြေနဲ့ ဆိုင္တ့ဲ ရာဇဝတ်မှုတွေ ကို ဖော်ပြထားတာတွေလည်း ရှိပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) အဖြစ် သတ်မှတ်နိုင်သော အမှုများ
၁- ICC ပဋိညာဉ် ပုဒ်မ ၇ (၁) (ဃ) [Article 7 (1) (d)]
အတင်းအဓမ္မ နေရာရွေ့ပြောင်းမှု (Deportation or forcible transfer of population) အရ "နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ အကြောင်းပြချက္မရှိဘဲ လူပုဂ္ဂိုလ်တွေကို ၎င်းတို့ တရားဝင်နေထိုင်ရာ ဒေသကနေ အတင်းအဓမ္မ မောင်းထုတ်ခြင်း သို့မဟုတ် တခြားနေရာသို့ ရွှေ့ပြောင်းစေမှု ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပါတယ်။
၂- ICC ပဋိညာဉ် ပုဒ်မ ၇ (၁) (င) [Article 7 (1) (e)] ပြင်းထန်စွာ လွတ်လပ်ခွင့် ကန့်သတ်မှု/ဖမ်းဆီးချုပ်နှောင်မှု (Imprisonment or other severe deprivation of physical liberty)
နိုင်ငံတကာဥပဒေရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သွားလာလှုပ်ရှားခွင့်နဲ့ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ပိတ်ပင်ကန့်သတ်ခြင်း၊ အကျဉ်းချခြင်း သို့မဟုတ် တရားမဝင် ဖမ်းဆီးချုပ်နှောင်ခြင်း ဟာလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ပါပဲ။ ဒီအချက်ထဲမှာ ဒီမြေ ဒီနရောကလဲှဲပွီး အခြားနေရာကို မသွားရဘူး ဆိုတ့ဲ ပြင်းထန်တ့ဲ အစုလိုက်အပြုံလိုက် ပိတ်ပင် ချက်လည်း ပါပါတယ်။
စစ်ရာဇဝတ်မှု (War Crimes)အဖြစ် သတ်မှတ်နိုင်သော ပုဒ်မများ
ICC ပဋိညာဉ် ပုဒ်မ ၈ အောက္မှာ အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှုနဲ့ သွားလာမှု ကန့်သတ်ခြင်းတွေကို စစ်ပွဲကာလ (လက်နက်ကိုင်ပဋိပက္ခ) အတွင်း ကျူးလွန်ရင် စစ်ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားပါတယ်။
၁- ICC ပဋိညာဉ် ပုဒ်မ ၈ (၂) (က) (၇) [Article 8 (2) (a) (vii)] အရ နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခများ (International Armed Conflicts) တွေထဲမှာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ အကာအကွယ်ပေးထားတဲ့ အရပ်သား သို့မဟုတ် ဖမ်းဆီးခံထားရသူတွေကို တရားမဝင် ပြည်နှင်ဒဏ်ပေးခြင်း၊ နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း စတ့ဲ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။
၂- ICC ပဋိညာဉ် ပုဒ်မ ၈ (၂) (ဘ) (၈) [Article 8 (2) (b) (viii)] အရ သိမ်းပိုက်ထားတဲ့ နယ်မြေက ဒေသခံပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ အားလုံးဖြစ်စေ အတင်းအဓမ္မ ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် နယ်မြေရွှေ့ပြောင်းစေခြင်း ဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။
နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများ (Non-International Armed Conflicts) တွေဖြစ်တ့ဲ ပြည်တွင်းစစ် သို့မဟုတ် အစိုးရတပ်နဲ့ တိုင်းရင်းသား/တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေအတွင်း မြေနဲ့ သက္ဆိုင္တ့ဲ စစ်ရာဇဝတ်မှု တွေ ရှိပါတယ်။
၃- ICC ပဋိညာဉ် ပုဒ်မ ၈ (၂) (စ) (၈) [Article 8 (2) (e) (viii)]အရ ပြည်တွင်းစစ်ထဲမှာ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ လုံခြုံရေး သို့မဟုတ် မလွှဲမရှောင်သာတဲ့ စစ်ရေးအရ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ၊ ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး အရပ်သားပြည်သူတွေကို ၎င်းတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းခြင်း (Ordering the displacement of the civilian population) ဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။
ICC ပုဒ်မ (၇) နဲ့ ပုဒ်မ (၈) ဘာကွာသလဲ။
ပုဒ်မ ၇ဟာ (လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု) ဖြစ်ပြီး စစ်ဖြစ်နေသည်ဖြစ်စေ၊ ငြိမ်းချမ်းနေသည်ဖြစ်စေ အရပ်သားတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထား ပြုလုပ်ရင်အကျုံးဝင်ပါတယ်။
ပုဒ်မ ၈ ဟာ (စစ်ရာဇဝတ်မှု)ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ (စစ်ပွဲ) ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ တိုက်ရိုက်ဆက်နွှယ်ပြီး စစ်ဘက်ဆိုင်ရာစည်းမျဉ်းတွေ (ဥပမာ ဂျီနီဗာကွန်ဗင့်ရှင်း) ကို ချိုးဖောက်ကာ ပြုလုပ်ရင် အကျုံးဝင်ပါတယ်။
အထက်ပါပုဒ်မတွေနဲ့ ICC က အရေးယူနိုင်ဖို့အတွက် သာမန်ရာဇဝတ်မှုအဆင့်မျိုး မဟုတ်ဘဲ အရပ်သားပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက္မှု (Widespread or systematic attack) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျူးလွန်ခဲ့တာ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဥပမာ- နယ်မြေကို ထိန်းချုပ်ထားသူတွေက နိုင်ငံရေးရည်ရွယ်ချက်၊ အကျိုးစီးပွား ရည်ရွယ်ချက်တွေ အတွက်လူတွေကို နေရာဖယ္ပေး ခိုင်းတာမျိုးဟာ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်တစ်ခုအတွက် ကျူးလွန်မှု မြောက်ပါတယ်။
Comments
Post a Comment