မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈

 မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၈


နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြေယာဆိုင်ရာ စံနှုန်းများ


ကမ္ဘာဘဏ်၏ (ESS 5) စံနှုန်း

ကမ္ဘာ့ဘဏ် (World Bank) ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဘောင် (Environmental and Social Framework - ESF) ထဲတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စံနှုန်း (Environmental and Social Standard- ESS ) များရှိသည်။ စုစုပေါင်း ESS စံနှုန်း ၁၀ ခုအထိ ရှိပြီး၊ တစ်ခုချင်းစီတွင် သတ်မှတ်ထားသော ခေါင်းစဉ်နယ်ပယ်အလိုက် စံနှုန်းများရှိသည်။ ထိုအထဲမှ အခန်း (၅) မှာ  "မြေယာသိမ်းဆည်းမှု၊ မြေအသုံးချမှု ကန့်သတ်ချက္များနှင့် မလိုလားအပ်ဘဲ ရွှေ့ပြောင်းအခြေချရမှုများ" (Land Acquisition, Restrictions on Land Use and Involuntary Resettlement) ဆိုင်ရာ စံနှုန်းဖြစ်သည်။ ထိုအခန်းထဲတွင် ပြဌာန်းထားသော အချက္များကို ESS 5 စံနှုန်းဟု ခေါ်သည်။


အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ (SPS - Safeguard 2) စံနှုန်း

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တွင်လည်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (Safeguard Policy Statement -SPS) ရှိသည်။ ထိုအထဲမှ ( Safeguard Requirements 2 -SR 2) မှာ "ဒုတိယမြောက် အကာအကွယ်ပေးရေးမူဝါဒ စံနှုန်း" ဖြစ်သည်။ ထိုစံနှုန်းမှာ မလွှဲမရှောင်သာ နေရာရွှေ့ပြောင်းရခြင်း မူဝါဒ ( "Involuntary Resettlement") ဖြစ်ပြီး  မြေသိမ်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။


IDB ဘဏ်၏ ( Performance Standard 5 -PS 5) စံနှုန်း

အမေရိကနိုင်ငံများ ဖွံ့ဖြိုးရေးဘဏ် (Inter-American Development Bank - IDB)မှာ  လက်တင်အမေရိကနှင့် ကာရီဘီယံဒေသတွင်းရှိ အကြီးမားဆုံး ဖွံ့ဖြိုးရေးဘဏ်ဖြစ်သည်။ IDB တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ မူဘောင် (Environmental and Social Policy Framework -ESPF) အား လက်ရှိကျင့်သုံးနေသည်။ ထိုမူဘောင်ထဲမှ မြေသိမ်းဆည်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စံနှုန်းမှာ Performance Standard 5 (PS 5) ဖြစ်သည်။ PS 5 စံနှုန်း၏ အမည် အပြည့်အစုံမှာ မြေသိမ်းဆည်းခြင်းနှင့် မလွှဲမရှောင်သာ နေရာရွှေ့ပြောင်းရခြင်း ("Land Acquisition and Involuntary Resettlement") ဖြစ်သည်။


ကမ္ဘာဘဏ်၏ (ESS 5) စံနှုန်းတွင် ပါဝင်သော အချက်များ

စီမံကိန်းတစ်ခုဆွဲသောအခါ မြေသိမ်းခြင်း၊ လူများကို အတင်းအကျပ် ရွှေ့ပြောင်းခြင်း မဖြစ်စေရန် စတင်စဉ်းစားရမည်။ တပ်နိုင်သမျှ ဖြစ်နိုင်သမျှ ရှောင်လွဲရန်စဉ်းစားရမည်ဖြစ်သည်။ နည်းလမ်းပေါင်းစုံ ရှူဒေါင့်ပေါင်းစုံ ဘက္မှ အခြားနည်းလမ်းများကို အပြင်းအထန် ရှာဖွေရ၍  ရှောင်လွှဲမရမှသာ မြေကို သိမ်းဆည်းခြင်းကို လုပ်ခွင့်ရှိသည်။ သိမ်းဆည်းရာတွင်လည်း မြေသိမ်းခံရသော သူများ၏ ဘဝအခြေအနေ ပြန်လည်မြှင့်တင်ပေးရန် အစီအစဉ်များပါဝင်ရမည်။ မြေသိမ်းခံရသူများကို လျော်ကြေးပေးရုံတင် မဟုတ်ဘဲ၊ ၎င်းတို့၏ လူနေမှုအဆင့်အတန်း၊ ဝင်ငွေရရှိမှု လမ်းကြောင်းများကို စီမံကိန်းမတိုင်ခင်ကထက် ပိုကောင်းစေရန် (သို့မဟုတ်) အနည်းဆုံး မူလအခြေအနေထက်မနိမ့်စေရန်ပြန်လည်ထူထောင် ထောက်ပံကူညီရမည်။ အရေးကြီးဆုံးအချက်မှာ ပိုင်ဆိုင်မှုအထောက်အထားမရှိသူများကိုပါ အကာအကွယ်ပေးခြင်း ဖြစ်သည်။  မြေယာပိုင်ဆိုင်ခွင့် ဘိုးဘွားပိုင် အထောက်အထား (စာရွက်စာတမ်း) တရားဝင် မရှိသော်လည်း အဆိုပါမြေပေါ်တွင် အမှန်တကယ် မှီတင်းနေထိုင် အသက်မွေးဝမ်းကျောင်းပြုနေသော အခြေခံလူတန်းစားများ၊  ကျူးကျော်ဟု သတ်မှတ်ခံရသူများကိုပါ လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များ ရှိရမည်။ ဆုံးရှုံးမှုတန်ဖိုးအား ပြန်ပေးခြင်း (Replacement Cost) တွင် လျော်ကြေးငွေ တွက်ချက်သောအခါ လက်ရှိပေါက်ဈေးတင်မက  အဆိုပါ မြေ၊အိမ်မျိုး ပြန်လည်ဝယ်ယူဆောက်လုပ်ပါက ကုန်ကျမည့် "အမှန်တကယ် အစားထိုးစရိတ်" ကို အခြေခံရမည်ဖြစ်ကာ တန်ဖိုးလျော့တွက်ခြင်း မရှိစေရပါ။


အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ Safeguard Policy Statement (SPS - Safeguard 2) စံနှုန်းတွင် ပါဝင်သော အချက္များ

ADB ၏ စံနှုန်းအရ မြေကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိသူများ၊တရားဝင် မရသေးသော်လည်း ဥပဒေအရ တောင်းဆိုပိုင်ခွင့်ရှိသူများ၊ အထောက်အထား လုံးဝမရှိသော်လည်း ထိုမြေကို အမှန်တကယ် အသုံးပြုနေသူများ အပေါ်အပြည့်အဝ အာကာအကွယ်ပေးထားသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ၊ ဘဝအရည်အသွေးနှိမ့်ကျသူများ၊ မြေမဲ့ယာမဲ့များ၊ အမျိုးသမီး ဦးဆောင်သော မိသားစုများနှင့် တိုင်းရင်းသား မျိုးနွယ်စု၊ လူမျိုးစုများမှာ မြေသိမ်းခံရလျှင် ပိုပြီး ထိခိုက်လွယ်သော အုပ်စုများ ( Vulnerable Groups) များ ဖြစ်ကြသည်။ ထိုသူများအတွက် သီးသန့် အစီအမံများချမှတ်ကာ လူမှုစီးပွား မြှင့်တင်ရေး အကူအညီများ ပိုပေးရန် အလေးထားသည်။ စီမံကိန်း ဖြစ်စဉ်တစ်လျှောက် ပွင့်လင်းမြင်သာမှုရှိသော တိုင်ပင်ဆွေးနွေးခြင်း (Meaningful Consultation) ကိုပြုလုပ်ရမည်။ စီမံကိန်းအစကတည်းကပင် ထိခိုက်ခံရမည့် ဒေသခံများနှင့် အဓိပ္ပာယ်ရှိရှိ၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ရမည်။ ၎င်းတို့၏ သဘောထားများကို စီမံကိန်း ဒီဇိုင်းထဲ ထည့်သွင်းစဉ်းစားရမည်။ ထိခိုက်နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် ယန္တရား (Grievance Redress Mechanism - GRM) များကို ထားရှိရမည်။ ဒေသခံများ  လျော်ကြေးမကျေနပ်မှု၊ နစ်နာမှု ရှိပါက အခမဲ့ လျင်လျင်မြန်မြန် တိုင်ကြားဖြေရှင်းနိုင်သော ယန္တရား (GRM) ကို စီမံကိန်းဧရိယာတွင် မဖြစ်မနေ ထားရှိပေးရမည်။


ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ၏ စံနှုန်းများ

ILO မှာ အလုပ်သမားအခွင့်အရေးနှင့် လူမှုရေးတရားမျှတမှုကို ဦးတည်သောအဖွဲ့ဖြစ်သည်။ မြေသိမ်းခြင်းနှင့် ပတ်သက်၍ ILO တွင် အလွန်ကျော်ကြားပြီး ကမ္ဘာက လိုက်နာရသော ပြဋ္ဌာန်းချက် (Convention) တစ်ခု ရှိသည်။ ထိုပြဌာန်းချက္မှာ တိုင်းရင်းသား လူနည်းစုများနှင့် မျိုးနွယ်စုများဆိုင်ရာ  သဘောတူစာချုပ် အမှတ် ၁၆၉ (ILO Convention No. 169 (Indigenous and Tribal Peoples Convention) ဖြစ်ပြီး မြေယာသိမ်းဆည်းမှုမှာ အလွန်အရေးပါသော နိုင်ငံတကာဥပဒေ စံနှုန်းတစ်ခု ဖြစ်သည်။ ထို စာချုပ်အရ ရိုးရာမြေယာ ပိုင်ဆိုင်ခွင့် အပေါ် အကာအကွယ်ပေးရမည်ဖြစ်သည်။ တိုင်းရင်းသားများ၊ လူမျိုးစုများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာသော မြေနှင့် သဘာဝသယံဇာတများကိုအသိအမှတ်ပြု အကာအကွယ်ပေးရမည် ဖြစ်သည်။ "ကြိုတင်၍ အသိပေးပြီး လွတ်လပ်စွာ သဘောတူညီချက်ရယူခြင်း" မူဝါဒ FPIC မူဝါဒ (Free, Prior, and Informed Consent) ကိုကျင့်သုံးရမည်။ FPIC မူဝါဒ ဆိုလိုချက်မှာ တိုင်းရင်းသားဒေသများတွင် ၎င်းတို့၏ သဘောမတူဘဲ မြေသိမ်းခြင်း၊ ရွှေ့ပြောင်းခြင်း၊ အကြပ်ကိုင် ဖိအားပေးခြင်း လုံးဝ မလုပ်ရဟု ဆိုလိုခြင်းဖြစ်သည်။ 


IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ၏ မူဝါဒများ

IMF မှာ ကမ္ဘာ့ဘဏ်၊ ADB၊ IDB က့ဲသို့ လမ်းခင်း၊ တံတားဆောက် စသည့် စီမံကိန်းများအတွက် ချေးငွေ ပေးသော အဖွဲ့မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ခု၊နိုင်ငံတစ်ခု စီးပွားရေး ပျက်ကပ်မဆိုက်ရန်၊ ငွေကြေးဖောင်းပွမှု ထိန်းနိုင်ရန် ထိုနိုင်ငံ လူ့အဖွဲ့အစည်း၏ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများကို မက္ ခရိုစီးပွားရေး (Macroeconomics) ဆိုင်ရာ ချေးငွေနှင့် မူဝါဒပိုင်းအပေါ် အကူအညီပေးသော အဖွဲ့အစည်းဖြစ်သည်။ IMF တွင် မြေသိမ်းခြင်းအတွက် သီးသန့် Social Standard မရှိသော်လည်း  မကြာသေးခင် နှစ်ပိုင်းအတွင်း IMF  မူဝါဒများကို အပြောင်းအလဲ ပ​ြုလုပ္လာခ့ဲသည္။ ထို့ကြောင့် မြေသိမ်းယူမှုမှာ IMF ၏ လူမှုရေးအကာအကွယ်ပေးမှု အသုံးစရိတ် (Social Spending Safeguards ) စံနှုန်းနှင့် အုပ်ချုပ်မှု ကောင်းမွန်ရေး (Governance & Anti-Corruption) စံနှုန်းအောက်တွင် ရှိလာခ့ဲသည္။ လူမှုရေးအကာအကွယ်ပေးမှု အသုံးစရိတ် (Social Spending Safeguards ) စံနှုန်း အရ  နိုင်ငံတစ်ခုကို ချေးငွေပေးသောအခါ IMF က ဘတ်ဂျက်ကို ခြိုးခြံချွေတာခိုင်းသော်လည်း ထိုသို့ခြွေတာနေ၍ ဆင်းရဲသားများ ပိုမိုနစ်နာသွားမည် ဆိုပါက ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး အသုံးစရိတ်များကို မလျှော့ချရဆိုသော စည်းကမ်းချက္များ (Social Safeguards) ထည့္သွင္းလာခ့ဲသည္။ အုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် အဂတိကင်းရေး (Governance & Anti-Corruption) စံနှုန်းအရ အစိုးရမျေား မြေသိမ်းသောအခါ ခြစားမှုများ၊ တရားမဝင် မြေကွက္ရောင္းစားမှုက့ဲသို့ ကိုယ်ကျိုးရှာမှုများ မရှိစေရန် ပွင့်လင်းမြင်သာမှု ရှိသော ဘဏ္ဍာရေးစနစ် ဖြစ်ရန် IMF က ဖိအားပေး ကြီးကြပ်လေ့ ရှိလာသည်။


IDB ဘဏ်၏ ( Performance Standard 5 -PS 5) စံနှုန်းတွင် ပါဝင်သောအချက္များ

IDB ၏ စံနှုန်းများမှာ ကမ္ဘာ့ဘဏ်၊ ADB တို့၏ စံနှုန်းများနှင့် အနှစ်ချုပ်ချင်း တူညီသည်။ IDB စံနှုန်းများတွင် လက်တင်အမေရိကဒေသ၏ လက်ရှိ အခြေအနေအပေါ် မူတည်၍ ပိုမိုထူးခြား တင်းကျပ်သော အချက် (၄) ချက် ရှိသည်။ 

- အမျိုးသမီးများနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးများအပေါ် ပိုမိုအကာအကွယ်ပေးခြင်း

လက္တင္အမရေိကဒသေတွင္ အမျိုးသမီးအိမ်ထောင်ဦးစီးများမှာ လူမှုစီးပွားဘဝ ထိခိုက်လွယ်ဆုံး အုပ်စုထဲ ပါဝင်နေသည်။ IDB  စံနှုန်းအရ မြေသိမ်းသောအခါ လျော်ကြေးပေးရာတွင်လည်းကောင်း၊ အိမ်ရာအသစ် ပြန်ချပေးရာတွင်လည်းကောင်း "လင်မယား နှစ်ယောက်လုံး အမည်ပေါက်" သို့မဟုတ် "အမျိုးသမီး အမည်ပေါက်" ဖြင့် တရားဝင်ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းတွေ ထုတ်ပေးရန် အထူးအလေးထားလာသည်။ သို့မှသာ မြေသိမ်းခံရပြီးနောက် မိသားစုပြဿနာများ ဖြစ်လာခ့ဲလျှင္ အမျိုးသမီးများ လမ်းဘေးရောက္မသွားရန် အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။  စီးပွားရေးအရ ထိခိုက်မှု (Economic Displacement) ကို တိကျစွာ ကုစားရန် IDB မှ ဖိအားပေးသည်။ လက်တင်အမေရိက မြို့ကြီးများတွင် တရားဝင် ဆိုင်ခန်းမရှိဘဲ လမ်းဘေး ဈေးရောင်းကာ အသက္မွေးဝမ်းကျောင်းပြုနေကြသော လမ်းဘေးဈေးသည် (Informal Traders) များ သန်းနဲ့ချီ ရှိသည်။ IDB စံနှုန်းက စီမံကိန်းကြောင့် ထိုသူများ ဈေးရောင်းသောနရော ပျောက္ဆုံးသွားလျှင္ အိမ်ခြေရွှေ့ပြောင်းရသူများနည်းတူ စီးပွားရေး ထိခိုက်နစ်နာမှုအတွက် ဝင်ငွေပြန်လည်ထူထောင်ရေး အစီအစဉ်များ၊ နေရာအစားထိုးမှုများကို မဖြစ်မနေ လုပ်ဆောင်ပေးရန် သတ်မှတ်ထားသည်။ ဌာနေတိုင်းရင်းသားများ (Indigenous Peoples) အခွင့်အရေး နှင့်ပတ်သက်၍ IDB ၏စံနှုန်းမှာ အစွမ်းထက်လှသည်။ လက်တင်အမေရိက အင်ဒီယန်းဌာနေတိုင်းရင်းသားများ၏ ရိုးရာမြေယာများကို သိမ်းဆည်းမည်ဆိုပါက အခြားအဖွဲ့အစည်းများထက် ပိုမိုတင်းကျပ်သော Performance Standard 7 (Indigenous Peoples)စံနှုန်းကိုပါ တွဲဖက်ကျင့်သုံးရသည်။ ကြိုတင်၍ အသိပေးပြီး လွတ်လပ်စွာ သဘောတူညီချက်ရယူခြင်း FPIC စံနှုန်း မပါဘဲ တိုင်းရင်းသားမြေတွေကို လုံးဝ သိမ်းခွင့်မပြုချေ။ 

IDB တွင် MICI (Independent Consultation and Investigation Mechanism) ဟုခေါ်သော  သီးခြားလွတ်လပ်သော နစ်နာမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှိသည်။ ဒေသခံများက စီမံကိန်းကြောင့် မြေယာနစ်နာမှုရှိပါက IDB ၏ စီမံကိန်းအရာရှိများကို ကျော်ကာ MICI အဖွဲ့ဆီ တိုက်ရိုက်တိုင်ကြား၍ရသည်။ MICI က စစ်ဆေး၍ စံနှုန်းချိုးဖောက်ကြောင်း တွေ့ရလျှင် ဘဏ်ဥက္ကဋ္ဌထံ အစီရင်ခံပြီး ချေးငွေ ချက်ချင်း အပိတ်ခိုင်းနိုင်သော အာဏာရှိသည်။


စံနှုန်းများ၏ အခြေခံအနှစ်သာရနှင့် လုပ်ငန်းနယ်ပါယ်


ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF က့ဲသို့သော နိုင်ငံတကာ အဖွဲ့အစည်းများသည် နိုင်ငံတကာစံနှုန်းများကို အခြေခံ (Underlying Principles) အဖြစ် လိုက်နာကြသည်။ ကမ္ဘာ့ဘဏ်၊ ADB၊ IDB၊ IMF တို့၏ လုပ်ငန်းနယ်ပါယ်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေ ထုတ်ချေးသော လုပ်ငန်းနယ်ပါယ် ဖြစ်သည်။ ထိုလုပ်ငန်းနယ်ပါယ်များတွင် ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာ၌ ILO စံနှုန္းက့ဲသို့ နိုင်ငံတကာစံနှုန်းများကို လိုက်နာကြသည်။ အကောင်အထည်ဖော်ကြသည်။ လိုက်နာရန်လည်း ဖိအား တွန်းအားများ ပေးသည်။ (ဆိုလိုသည်က အင်တာပို (နိုင်ငံတကာ ရဲတပ်ဖွဲ့) ပင်ဖြစ်စေ၊ WHO ပင်ဖြစ်စေ၊ ICRC ပင်ဖြစ်စေ၊ ICJ ဖြစ်စေ မိမိတို့အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ မတူညီသော လုပ်ငန်းစဉ်နယ်ပါယ်များတွင် နိုင်ငံတကာစံနှုန်းများ၏ စံနှုန်းများ၏ အခြေခံအနှစ်သာရကို လက်ကိုင်ထားကြသည့် သဘောကို ဆိုလိုရင်းဖြစ်သည်။)


ဖံွ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ လက်ကိုင်ထားသော မြေသိမ်းယူမှုဆိုင်ရာ အခြေခံအချက္များမှာ 

-ဖြစ်နိုင်ပါက မြေသိမ်းဆည်းရမည့်အရေးနှင့် လူရွှေ့ပြောင်းရမည့်အရေးကို လုံးဝရှောင်ရှားပေးခြင်း (Avoid First)

- လုံးဝရှောင်လွှဲ၍မရပါက ထိခိုက်မှုကို အနည်းဆုံး (Minimize)

ဖြစ်အောင် စီမံကိန်းဒီဇိုင်းကို ပြင်ဆင်ခြင်း

- ထိခိုက်နစ်နာရသူများ၏ ပစ္စည်းဥစ္စာများကို လက်ရှိပေါက်ဈေး (Replacement Cost) အတိုင်း အပြည့်အဝလျော်ကြေးပေးခြင်း (Compensate)၊ အသက္မွေးဝမ်းကျောင်းနှင့်လူနေမှုအဆင့်အတန်းကို မူလအခြေအနေ (သို့) မူလအခြေအနေထက် ပိုကောင်းအောင် ပြန်လည်ထူထောင်ပေးခြင်း (Restore) တို့ကို အခြေခံထားခြင်းဖြစ်သည်။


ဤမူဝါဒ စံနှုန်းကြီးများသည် စီမံကိန်းအကောင်အထည်ဖော်သူများ (အစိုးရ သို့မဟုတ် ပုဂ္ဂလိက) အနေဖြင့် ဒေသခံပြည်သူများ၏ အခွင့်အရေးကို လေးစားလိုက်နာစေရန် ဥပဒေကဲ့သို့ တာဝန်ခံခိုင်းသည့် အဓိက မဏ္ဍိုင်ကြီးများ ဖြစ်သည်။ ထိုစံနှုန်းများကို မလိုက်နာပါက မလိုက်နာသည့် လူ့အဖွဲ့အစည်းများအား ကမ္ဘာ့ဘဏ်၊ ADB၊ IDB တို့မှ မည်သို့ အရေးယူ ပြစ်ဒဏ်ပေးသည်ကို ထပ်မံ ဖော်ပြပါမည်။


ဆက်ရန်


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ကိုယ့်ဖာသာကိုယ် အခွန်စစ်ပွဲဆင်နွဲနေသော လခြမ်းမြေ

စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်