ရခိုင်၊ တော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသမီးများအပေါ် လေးစားမှု ကင္းမ့ဲလာခြင်းများ
ရခိုင်၊ တော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသမီးများအပေါ် လေးစားမှု ကင္းမ့ဲလာခြင်းများ
စစ်ပွဲ၊ ပဋိပက္ခတွေ ဖြစ်လာရင် အထိခိုက်အလွယ်ဆုံး အုပ်စုတွေထဲမှာ အမျိုးသမီးတွေလည်းပါပါတယ်။ တော်လှန်ရေးဟာ ဖိနှိပ်မှုက လွတ်မြောက်အောင် ရုန်းကန်နေ တ့ဲ ကိစ္စပါ။ ဒီတော့ တော်လှန်ရေးရဲ့ အခြေခံဟာ လူအချင်းချင်း ဖိနှိပ်မှုကို တွန်းလှန်မှု ပဲ ဖြစ်သင့်ပါတယ်။ ရခိုင်ဒေသရဲ့ လက်ရှိ အခြေအနေမှာ အမျိုးသမီးအချို့ ရင္ဆိုင္ေနရတ့ဲ ပြဿနာက လူမှုရေးနယ်ပါယ်ထဲမှာတင် မကဘဲ စနစ် မူဝါဒပိုင်း ဆိုင်ရာ ဘက်ကနေပြီး ချဉ်းကပ်ရမယ့် ကိစ္စ အဖြစ်ပါရှိနေတာပါ။
လူမှုစီးပွား ဘဝ အကြပ်အတည်းနှင့် အမျိုးသမီးများအပေါ် ဝတ္ထုပြုခြင်း
ဝတ္ထုပြုခြင်း (Objectification) ဆိုတာ အရိုးရှင်းဆုံးပြောရင် လူကို လူသားအဖြစ်မမြင်ဘဲ အသုံးချစရာ အရာဝတ္ထုတစ်ခု အနေနဲ့ ရှူမြင်တာပါပဲ။ ဒီလိုရှူမြင်ပုံမျိုးဟာ ဖွံ့ဖြိုးတိုးတက္မှုကို တက္လှမ္းချင္တ့ဲ လူ့အဖွဲ့အစည်းတစ်ခုအတွက် အန္တရာယ်လည်း ဖြစ်ပါတယ်။ အရပ်သား အမျိုးသမီးတွေ၊ စစ်သမီးတွေ အပေါ် ကာယကံရှင်ရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး အတင်းဓမ္မလက်ထပ်မှုဖြစ်စဉ်အချို့တွေ ရှိနေပြီး ဒါတွေအတွက် တရားမျှတမှုကို တောင်းဆိုခွင့်မရတာဟာလည်း ဝတ္ထုပြုခြင်းပါပဲ။ နောက်တချက်က မယားပြိုင် အတွေးအခေါ် အစပြုလာမှုပါ။ ဒီနေရာမှာ အရင်ဇနီးမယားဖြစ်သူဘက်က ရပ်တည်ချက်ဟာ မယားပြိုင် အနေနဲ့ မနေလိုတ့ဲအတွက္ ကွာရှင်းမှုလမ်းကြောင်းဘက်ကို ရောက်လာလို့သာ မယားပြိုင် သင်္ကေတ လက္ခဏာက ဖြစ်မလာသေးတာပါ။
ဒီတော့ ကွာရှင်းမှုလမ်းကြောင်းဘက်ကို ရောက်လာတယ်ဆိုရင်တောင် အကျိုးဆက်က အမျိုးသမီးတွေအဖို့လူမှုရေးဆိုင်ရာ စိတ်ဒုက္ခတွေက ရှိလာပါတယ်။ ကွာရှင်းမှုလမ်းကြောင်းတွေဟာအိမ်ထောင်ရှင် အမျိုးသမီးတယောက်အပေါ် ခင်ပွန်းဖြစ်သူက ဘာရယ်ညာရယ် အကြောင်းပြချက္မရှိဘဲ ကွာရှင်းကာ နောက်ထပ် အိမ်ထောင်ပြုမှု ပုံစံဘက်ကို ပိုရောက်နေပါတယ်။ ဒီလို ကွာရှင်းမှု ဖြစ်စဉ်တွေထဲမှာ ကွာရှင်းတ့ဲ အမျိုးသမီးတွေအတွက် လူမှုရေးဆိုင်ရာ တရားမျှတမှု (Social Justice) က မရှိသလောက် ဖြစ်နေပါတယ်။ ဒါက အိမ်ထောင်ရေး ဆိုင်ရာနဲ့ တရားမျှတမှု အပိုင်းပါ။
လူ့အဖွဲ့အစည်းတစ်ခုရဲ့ စံနှုန်းအရ ဘယ်အမျိုးသမီးတစ်ယောက်ကို မဆို ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဟာ ကျင့်ဝတ် သိက္ခာမ့ဲမှု သက်သက်သာ ဖြစ်ပါတယ်။ မုဒိမ်းမှုတွေက ထင်သာမြင်သာ ရှိပေမယ့်၊ အချို့သော လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေက ထင်သာမြင်သာ သိပ်မရှိပါဘူး။ ဒါပေမယ့် ခံရတ့ဲ အမျိုးသမီးတွေအတွက်တော့ ခြိမ်းခြောက္မှုတွေပါပဲ။ ဒါတွေဟာ အမျိုးသမီးတွေကို ဝတ္ထုပြုတတ်တ့ဲ အတွေးအခေါ်ကနေလာတ့ဲ သက်ရောက္မှုတွေပါပဲ။ ဒီလို ဖြစ်စဉ်တွေ အပေါ် ဘာအကြောင်းပြချက်နဲမှ ကျူးလွန်မှုနဲ့ ကျူးလွန်သူကို အကာအကွယ်ပေးနေစရာလည်း မလိုပါဘူး။
ဒီလိုမျိုး အမျိုးသမီးတွေအပေါ် ရိုက်ခတ်နေ တ့ဲ ကိစ္စတွေဟာ လူမှုစီးပွားဘဝ ကြပ်တည်းနေချိန်မှာ ပိုပြီး များလာတတ်ပါတယ်။တနည်းအားဖြင့် ဆင္းရဲကြပ်တည်းလာတ့ဲ လူ့အဖွဲ့အစည်းတစ်ခုမှာ အမျိုးသမီးတွေကို လေးစားမှုဟာလည်း ပျောက်ကွယ်လာတတ်တ့ဲ အန္တရာယ်ရှိပါတယ်။
စစ်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေး ကျပ်တည်းမှု၊ ဘဝမျှော်လင့်ချက် ပျောက်ဆုံးမှုတွေေ ရဲ့ တဖက်မှာ ရခိုင်လူ့အဖွဲ့အစည်းအတွင်းမှာ "နောက်လင်၊ နောက်မယား" ပြဿနာတွေ၊ (ဗိုလ်လုပွဲ) ပြဿနာ တွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ တနျဖိုးနှိမျ့ခတြ့ဲ Comments တွေ အားကောင်းနေ တ့ဲ ယဉ်ကျေးမှု ဖောက်ပြန်မှုတွေ လှိုင်းလုံးလို တက်လာနေတာကို သတိပြုဖို့လိုပါတယ်။ ဒါတွေကို ရေတို စစ်ရေးအမြင်တစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘဲ အမျိုးသမီးတွေကို စီးပွားရေးအခွင့်အလမ်းတွေ ပေးပြီး ရေရှည်မူဝါဒတွေနဲ့ ဖြေရှင်းရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။
လက္ရှိရင္ဆိုင္ေနရေတ့ဲ စိန်ခေါ်မှုက "စစ်နိုင်ရုံတင်မကဘဲ လူ့ဂုဏ်သိက္ခာကို လေးစားတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းသစ်တစ်ခု (Nation Building) ကိုပါ တည်ဆောက်နိုင်ဖို့" ပါပဲ။
ဒါဟာ ပဋိပက္ခဒေသတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတ့ဲ အကျိုးဆက်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ပွဲ၊ ပဋိပက္ခနဲ့ အကြပ်အတည်းတွေ ရှိနေ တ့ဲ နေရာတစ်ခုမှာ အမျိုးသမီးတွေကို ရိုက္ ခတ်တတ်တ့ဲ ပုံစံတွေကို ကမ္ဘာကြီးက သင်္ခန္းစာရထားခ့ဲတာ ကြာပါပြီ။ ဒီနေရာမှာ အဓိကအချက်တစ်ခုက နိုင်ငံတကာပဋိညာဉ်တွေဟာ ရခိုင်ဒေသကိုလည်း သက်ရောက်တယ် ဆိုတာပါပဲ။ အဲဒီလို သက်ရောက်နေလို့ ရခိုင်ဒေသဟာလည်း နိုင်ငံတကာ ပဋိညာဉ်တွေကို လေးစားလိုက်နာဖို့ တာဝန်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျင့်ထုံးတွေအရ ရခိုင်ဒေသမှာ ကိုယ်ပိုင်တရားစီရင်ရေးနဲ့ ဥပဒေ မရှိရင် အဆိုပါ ဥပဒေဟာကွက်နေရာမှာ နိုင်ငံတကာပဋိညာဉ်တွေက ဥပဒေအရ သက်ရောက်လာပြီး စီရင်လို့ရပါတယ်။ အခြေအနေတရပ်ကြောင့် လက်ရှိ လက်ငင်း မခံစားရရင်တောင် နိုင်ငံတကာ ပဋိညာဉ်တွေမှာလည်း ဖိအားသက်ရောက္မှုတွေ ရှိနေတယ် ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
လက်ရှိမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး ရခိုင်ဒေသအနေနဲ့ ပြန်လည်ဂရုပြုသင့်တ့ဲ နိုင်ငံတကာ ပဋိညာဉ်တွေရှိပါတယ်။
- CEDAW စာချုပ် (အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကွန်ဗင်းရှင်း)
အပိုဒ် (၁၅) - ဥပဒေရှေ့မှောက်တွင် အမျိုးသမီးနဲ့ အမျိုးသားဟာ တန်းတူရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေလို အရပ်ဘက်ဆိုင်ရာ ကိစ္စရပ်များ၊ စာချုပ်ချုပ်ဆိုခွင့်နှင့် အမှီအခိုကင်းခွင့်တွေမှာ တန်းတူဥပဒေကြောင်းအရ အကာအကွယ် ရရှိပါတယ်။
အပိုဒ် (၁၆) - အိမ်ထောင်ရေးနှင့် မိသားစုဘဝ အတွက်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူညီမျှမှုရှိပါတယ်။ မိမိဆန္ဒအလျောက်သာ အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး အတင်းအဓမ္မလက်ထပ်ခြင်း (Forced Marriage) ကို လုံးဝခွင့်မပြုပါဘူး။ ကွာရှင်းပြတ်စဲမှုနှင့် သားသမီးကိစ္စများတွင်လည်း အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူအခွင့်အရေး ရှိပါတယ်။
- ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) - အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS)
ဒါကတော့ စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံတကာစံနှုန်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) ဟာ ၂၀၀၀ ပြည့်နှစ်မှာ တစ်ခဲနက် အတည်ပြုခဲ့တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေထဲမှာ အမျိုးသမီးတွေဟာ ဒုက္ခသည်အဖြစ် အသုံးချခံ၊ မြေစာပင်အဖြစ်ပဲ အမြဲရှိနေခဲ့တဲ့ အစဉ်အလာကို ပြောင်းလဲဖို့ ဒီစံနှုန်းကို ချမှတ်ခဲ့တာပါ။ ဆုံးဖြတ်ချက် (၁၃၂၅) မှာ ပါဝင်ဆောင်ရွက်ခွင့် (Participation)၊ ကာကွယ်စောင့်ရှောက်ခြင်း (Protection)၊ တားဆီးကာကွယ်ခြင်း (Prevention) နဲ့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး (Relief and Recovery) ဆိုပြီး အဓိက မဏ္ဍိုင် (၄) ချက်ပါဝင်ပါတယ်။ အဲဒီ မဏ္ဍိုင် ၄ ချက်ထဲမှာ ကာကွယ်စောင့်ရှောက်ခြင်း (Protection) နဲ့ ပါဝင်ဆောင်ရွက်ခွင့် (Participation) အပိုင်း နှစ်ခုကို ရခိုင်ဒေသဟာ သတိပြုမိဖို့လိုပါတယ်။
ကာကွယ်စောင့်ရှောက်ခြင်း (Protection)
စစ်ပွဲကာလအတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု (Gender-based violence/Sexual violence) တွေကနေ ကာကွယ်ပေးရမယ်။ စစ်ပွဲတွေ ဖြစ်လာရင် လက်နက်ကိုင်ထားတဲ့ အမျိုးသားတွေကြားထဲမှာ အင်အားနည်းတဲ့ အရပ်သား အမျိုးသမီးတွေနဲ့ တပ်တွင်းက အမျိုးသမီးရဲဘော်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက္မှု၊ အမြတ်ထုတ်မှုတွေရဲ့ သားကောင် ဖြစ်သွားရလေ့ ရှိပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် UNSCR 1325 က အောက်ပါအချက်တွေကို ပြတ်ပြတ်သားသား ချမှတ်ထားပါတယ်။
**စစ်လက်နက်တစ်ခုလို အသုံးချမှုကို တားဆီးခြင်း - စစ်ပွဲတွေမှာ ရန်သူ့ဘက်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေကို စစ်ဗျူဟာ (War Weapon) တစ်ခုလို အသုံးမချမိအောင် ဥပဒေနဲ့ တားဆီးရပါမယ်။
**ကိုယ်ပိုင်တပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်ကို ထိန်းကျောင်းခြင်း - ဒါက ကိုယ့်တော်လှန်ရေးတပ်ဖွဲ့၊ ကိုယ့်လက်နက်ကိုင်အဖွဲ့ထဲက အရာရှိတွေ၊ ရဲဘော်တွေဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး တပ်တွင်း/တပ်ပြင်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်မထုတ်နိုင်အောင် ပြင်းထန်တဲ့ စစ်စည်းကမ်း၊ ပြစ်ဒဏ်တွေ ချမှတ် ကာကွယ်ရပါမယ်။
**လွတ်လပ်သော တိုင်ကြားမှု ယန္တရား ရှိခြင်း - ဖိနှိပ်ခံရတဲ့ အမျိုးသမီးတွေဟာ အထက်လူကြီးကို ကြောက်လို့ နှုတ်ဆိတ်မနေရဘဲ ဘေးကင်းလုံခြုံစွာ တိုင်ကြားနိုင်တဲ့ လမ်းကြောင်း (Reporting Mechanism) မျိုးကို ဖန်တီးပေးထားရပါမယ်။
ပါဝင်ဆောင်ရွက်ခွင့် (Participation)
ရှေးခေတ်အတွေးအခေါ်တွေ နဲ့ ဖိုဝါဒီတွေရဲ့ အမြင်မှာ "စစ်တိုက်တာ ယောက်ျားတွေအလုပ်၊ မိန်းမတွေက အိမ်မှာ ကလေးမွေးပြီး ပြုစုရမယ်၊ ဒါမှမဟုတ် စစ်သားတွေ စိတ်အပန်းပြေအောင် ဖျော်ဖြေပေးရမယ်" ဆိုတဲ့ အသုံးချခံ သက်သက် (Biological Instrument) အဖြစ် အမျိုးသမီးတွေကို ရှူ မြင်ကြပါတယ်။ UNSCR 1325 က ဒီအတွေးအခေါ်ကို ရိုက်ချိုးပြီး အမျိုးသမီးတွေကို အောက်ပါကဏ္ဍတွေမှာ အခွင့်အရေးပေးဖို့ တောင်းဆိုထားပါတယ် -
**ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်ခွင့် - စစ်ရေးဗျူဟာ ချမှတ်တာမျိုး၊ ဒေသန္တရ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်တာမျိုး၊ မူဝါဒ ချမှတ်တာမျိုး စတဲ့ အရေးကြီးတဲ့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေကို တန်းတူ ပါဝင်ခွင့်ပေးရပါမယ်။ မိန်းမတွေအပေါ် ရိုက်ခတ်နေ တ့ဲ ကိစ္စတွေကို ယောက်ျားတွေချည်းပဲ ထိုင်ပြီး ဆုံးဖြတ်နေတာမျိုး မဖြစ်စေရပါဘူး။
**ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲများ - စစ်ပြီးရင် နယ်မြေ ပြန်လည်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင် တင်ပြခွင့် ရရပါမယ်။
**တန်းတူရဲဘော်အဖြစ် အသိအမှတ်ပြုခြင်း - အမျိုးသမီးတွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲဝင်ခိုင်းတယ်ဆိုရင် တာဝန်တင် တန်းတူမကဘဲ အခွင့်အရေးနဲ့ လေးစားမှု (Respect) ကိုပါ တန်းတူ ပေးရပါမယ်။ တော်လှန်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ ပြန်လည်ထူထောင်ရေး ကဏ္ဍစုံရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ တန်းတူ ပါဝင်ခွင့်ရရပါမယ်။ အမျိုးသမီးတွေကို အသုံးချခံ ပစ္စည်းတစ်ခုအဖြစ်ပဲ မထားရပါဘူး။
ရောမစာချုပ် (Rome Statute) နှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) စံနှုန်းများ
နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေအရ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကျူးလွန်တဲ့ အချို့သော လုပ်ရပ်တွေကို "စစ်ရာဇဝတ်မှု" (War Crimes) သို့မဟုတ် "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု" (Crimes Against Humanity) အဖြစ် သတ်မှတ်ထားပါတယ်။
ရောမစာချုပ်ရဲ့ ပြဋ္ဌာန်းချက်များအရ စစ်ပွဲအတွင်း အရပ်သား သို့မဟုတ် တပ်တွင်း အမျိုးသမီးများကို အတင်းအဓမ္မ သားမယားပြုကျင့်ခြင်း (Rape)၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခြင်း (Sexual Slavery)၊ နှင့် အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ခြင်း (Forced Marriage) တို့ဟာ နိုင်ငံတကာဥပဒေအရ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒါဟာ ရန်သူအမျိုးသမီးတပ်ဖွဲ့ဝင်များကိုသာ မိမိတပ်ဖွဲ့ထဲက အမျိုးသမီး တပ်ဖွဲ့ဝင်များကို ကျူးလွန်ရင်လည်း နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) စံနှုန်းအရ ရာဇဝတ်မှု မြောက်ပါတယ်။
လက်ရှိ ရခိုင်ဒေသဟာ ICJ ရဲ့ စီရင်ဆုံးဖြတ်မှုအောက်မှာ ရှိနတေ့ဲ ဒေသဖြစ်ပြီး ကုလသမဂ္ဂကိုယ်တိုင်က အချက်အလက်ရှာဖွေရေး ယန္တယားကို ဖွဲ့စည်းကာ လူ့အခွင့်အရေးချိုးဖောက္မှုတွေ၊ အချက်အလက်ဖျောက်ဖျက်မှုတွေကို မျက်စိဒေါက်ထောက်ကြည့်ခံနေရတ့ဲ ဒေသလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၃၂၅) UNSCR 1325 မဏ္ဍိုင် (၄) ချက်ခုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ စစ်ပွဲကာလမှာ အမျိုးသမီးတွေကို ကာကွယ် (Protect) ပေးနိုင်မှ၊ စစ်ပြီးတဲ့အခါ သူတို့ဘဝတွေ ပြန်လည်ထူထောင် (Recover) လာနိုင်မှာဖြစ်ပြီး၊ အုပ်ချုပ်ရေးနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင် (Participate) လာခွင့်ရမှသာ နောက်ထပ် ဖိနှိပ်မှုတွေ မဖြစ်အောင် တားဆီး (Prevent) နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အခု ရခိုင်ဒေသ (အာရက္ခမြေ) မှာ လူမှုရေး၊ စစ်ရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် UNSCR 1325 ရဲ့ မဏ္ဍိုင် (၄) ချက်ထဲက ကိစ္စတွေကို မူဝါဒထဲမှာ ထည့်သွင်းအကောင်အထည်ဖော်ဖို့လည်း လိုအပ်နေပါတယ်။
Comments
Post a Comment