မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၁
မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိမ်စာ- ၁
ရခိုင်ဒေသသည် အာဏာရှင်များလက်ထက်ကာလ တလျောက်လုံး မြေသိမ်းခံ ကျိမ်စာအား ပြင်းပြင်းထန်ထန် မိထားဖူးသည်။ ထိုကျိမ်စာ ULA/AA မှ နယ်မြေအများစုအား ထိန်းချုပ်ထားသည့် အခြေအနေတရပ်အောက်တွင် တချိန်ချိန်တွင်တော့ ပြန်လည် ကုစားနိုင်လိမ့်မည်၊ မည်သို့ပင်ဆိုစေ ULA/AA ထိန်းချုပ်ထားသော အခြေအနေတွင် စစ္အာဏာရှင္များက့ဲသို့ မြေသိမ်းမှုက ထပ်ပေါ်လာစရာမရှိနိုင် ဟု ရခိုင်လူထုဘက္မှ မျှော်လင့်ချက် အချို့ရှိခ့ဲသည္။ လက်ရှိတွင် စစ်အာဏာရှင်များ လက်ထက် သိမ္းခံခ့ဲရသော မြေကိစ္စများအတွက် ထင်သလောက် အကောင်အထည် မဖော်နိုင်။ ပိုဆိုးသည်က ULA/AA သည်ပင် မြေသိမ်းရန် အစပြုလာသည့် လက္ခဏာများ ရှိလာနေသည်ကို တွေ့နေရခြင်းပင်။
မျှချေပျက်သော ပြဿနာ
လူတစ်ယောက်အတွက် သူပိုင်သောမြေဟူသည် သူ၏ ရှင်သန်ရာ၊ သူ၏ အချုပ်အခြာလည်းဖြစ်သည်။ မြေသိမ်းခံရခြင်းဟူသည် လူတစ်ယောက်/ မိသားစုတစ်ခု၏ ရှင်သန်မှုအား သတ်ဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ မြေသိမ်းမှုအား ချဉ်းကပ်ရာတွင် လူမှုရေးဆိုင်ရာ တရားမျှတမှု (social justice) ဘက္မှ ပို၍ ချဉ်းကပ်ပေးရသည်။ အများကောင်းကျိုးအတွက် တစ်ယောက်သောသူဘက်က ပျက်စီးခြင်းငါးပါးတိုင်ရမည့် ကိစ္စမျိုးက ယနေ့ခေတ် ကမ္ဘာတွင် မကျင့်သုံးကြတော့ပေ။ စစ်ပွဲကာလ၊ တော်လှန်ရေးကာလအတွင်း ရခိုင်လူထု တွင် အလိုလိုပင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီက ပျောက်ဆုံးနေပြီးသားဖြစ်သည်။ မွသေိမျးမှုက့ဲသို့ (social justice) အပိုင်းကို ဇောင်းပေးရသည့် စီမံအုပ်ချုပ်ရေးဖြစ်စဉ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရှိနေလျှင်တောင်မှ တော်ကာမကျနိုင်ပေ၊ အကယ်၍ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပျောက်ဆုံးနေသော အခြေအနေတွင်တော့ မြေသိမ်းမှုများ၌ လူမှုရေးဆိုင်ရာတရားမျှတမှု (social justice) ဟူသည် အိပ်မက္မျှပင် မက္ ခွင့်မရတော့ပေ။
မြေသိမ်းမှုများနှင့် ရခိုင်လူထု ဆန္ဒ
စစ်အာဏာရှင်များ သိမ္းယူခ့ဲသော မြေများကို မူလပိုင်ရှင် သို့မဟုတ် မူလအကျိုးကို ခံစားခွင့်ရသူများထံ ပြန်ရောက္မှုကို ရခိုင်လူထုက မြင်လိုသည်။ လက်ရှိအနေအထားအရ ထိုသို့ အကောင်အထည်မဖော်ပေးနိုင်လျှင်တောင် စစ်အာဏာရှင်များ လက်ထက်က ရခ့ဲသော ဒဏ်ရာများအပေါ် ULA/AA ဘက္မှ နှစ်သိမ့် မျက်ရည်သုတ်ပေးမှုကို ရခိုင်လူထုက မြင်လိုသည်။ အချို့နေရာဒေသများတွင် မြေသိမ်းခံရသော တိုင်စာများက ဖုန်တက်နေပြီဖြစ်သည်။ မျက်ရည်က မခြောက်သေး ယခုက ထပ်ငိုရမည့်ကိန်းမျိုးကို ဆိုက်လာနေသည်။
ဒဏ်ရာဟောင်းကို ပြန်ကြည့်ခြင်း
စစ်အာဏာရှင်များလက်ထက် မြေသိမ်းမှုတွင် လူထုအတွက် အခါးသီးဆုံး ဖြစ်ရသော အချက္များမှာ မြေယာ၏ ကာလတန်ကြေးအား မျက်ကွယ်ပြုမှုနှင့် မြေသိမ်းခံရသောသူအား ပြန်လည်ဘဝရပ်တည်ရန် အကူအညီထောက်ပံမှုများ မရှိခ့ဲ၍ ဖြစ်သည်။
ဒဏ်ရာအသစ်အပေါ် ကိုင်တွယ်မှု
လက်ရှိတွင် ရခိုင်ဒေသ၌ ဆုံးဖြတ်ချက် ချမှတ်နိုင်သူများ အချို့တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကို ခါးသီးနေသူများရှိသည်။ ထိုသို့ ခါးသီးနေသူများအတွက် အမေရိကန်၊ ဗြိတိန် တို့မှ စနစ်များက အဆင်ပြေမည် မဟုတ်သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ဂရုမစိုက်သည့် ရုရှားနှင့် တရုတ်တို့ ကျင့်သုံးနေသော မြေသိမ်းပုံ စနစ်များက အတုယူရန် အဆင်ပြေနိုင်မည်ဟု ယူဆရသည်။
ရုရှားတွင် ဘယ်လိုမြေသိမ်းသလဲ
ရုရှားဖက်ဒရေးရှင်း နိုင်ငံ မြေယာဥပဒေ (Land Code) - ပုဒ်မ ၅၆.၈ အရ ဈေးကွက်ပေါက်ဈေး (Market Value) အတိုင်း လျှော်ကြေးပေးရသည်။ ထို ပုဒ်မ ထဲတွင် မြေသိမ်းသောအခါ ပေးရမည့် လျှော်ကြေးငွေ (Compensation) ကို ဈေးကွက်ပေါက်ဈေး အပေါ် အခြေခံပြီး တွက်ချက်ရမည့် နည်းလမ်းများကို ဖော်ပြထားသည်။
- သိမ်းယူမည့် မြေကွက်၏ လက်ရှိပေါက်ဈေး။
- အဆိုပါမြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ၊ အိမ်ရာ သို့မဟုတ် အဆောက်အအုံအစိတ်အပိုင်းများ၏ လက်ရှိ ဈေးကွက်ပေါက်ဈေး။
- ဆုံးရှုံးနစ်နာမှုများ (Damages & Losses) အတွက် ကာမိစေခြင်း။
မြေယာတန်ဖိုးတင်မကဘဲ မြေသိမ်းခံရမှုကြောင့် ပိုင်ရှင်တွင် ဖြစ်ပေါ်လာသော တခြား နစ်နာမှုများကို ထည့်သွင်းတွက်ချက်ပေးရသည်။
- တခြားနေရာကို ပြောင်းရွှေ့ဖို့အတွက် ကုန်ကျစရိတ်။
- အခွင့်အလမ်းဆုံးရှုံးမှု (Lost Profit)- ဥပမာ- သိမ်းယူလိုက်သောမြေမှာ စီးပွားရေးလုပ်ငန်းလုပ်နေသော မြေဖြစ်လျှင် ထိုမြေရှိ လုပ်ငန်းရပ်ဆိုင်းသွား၍ ဆုံးရှုံးသွားမည့် အကျိုးအမြတ်များကိုပါ တွက်ချက်ပေးရသည်။
- စာချုပ်ဖျက်သိမ်းရမှု နစ်နာကြေး: တတိယလူနှင့် ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းလိုက်ရ၍ ပေးလျော်ရတဲ့ နစ်နာကြေးများ။ ဥပမာ- သိမ်းခံရသည့်မြေအား ရောင်းမည် သို့မဟုတ် ငှားမည်ဟု စာချုပ်ချုပ်ထားပါက မရောင်းဖြစ်၊ မငှားဖြစ်တော့သည့်အတွက် စာချုပ်အားချိုးဖျက်သူဘက္မှ ပြန်လျှော်ရမည့် ငွေကြေးကိုပါ ထည့်သွင်း တွက်ချက်ပေးရသည်။
အခြားနည်းလမ်းများ
- ပိုင်ရှင်က ငွေကြေးအလိုက်ဖြင့် မဟုတ်ဘဲ မြေယာချင်း အစားထိုးလဲလှယ်ခြင်း စနစ် ကို လက်ခံ၍လည်းရသည်။ မြေပိုင်ရှင်က သဘောတူပါက အစိုးရက သိမ်းယူသော မြေတန်ဖိုးနှင့် တူညီသော၊ တန်ဖိုးချင်းမျှသော တခြားမြေကွက် သို့မဟုတ် အိမ်ရာကို အစားထိုးပေး၍လည်းရသည်။ တန်ဖိုးချင်းမတူသောမြေကို လက်ခံပါက ကွာဟငွေကြေးကို အပြန်အလှန် ထပ်မံပေးချေရသည်။
ရုရှား၏ မြေသိမ်းမှုတွင် လုပ်ထုံးလုပ်နည်းနှင့် အချိန်ကာလ သတ်မှတ်ချက္များရှိသည်။ မြေသိမ်းရန် ဆုံးဖြတ်ချက်ချပြီးကြောင်း မြေပိုင်ရှင်ထံ အနည်းဆုံး ၁ နှစ် ကြိုတင် စာဖြင့်တရားဝင် အကြောင်းကြားရသည်။ (ပိုင်ရှင်မှ သဘောတူလျှင် ၁ နှစ်မပြည့်ခင် လျှော်ကြေးယူပြီး ဖယ်ပေး၍ရသည်။) အစိုးရနှင့် မြေပိုင်ရှင်ကြားတွင် လျှော်ကြေးနှုန်းထား၊ ပေးချေမည့် ပုံစံများကို သဘောတူညီချက် စာချုပ်ချုပ်ဆိုရသည်။ အစိုးရက ပေးသောလျှော်ကြေးနှုန်းထားအား မြေပိုင်ရှင်က မကျေနပ်၍ သဘောတူညီချက် စာချုပ်အား လက္မှတ်မထိုးပါက-
အစိုးရဘက်က မြေသိမ်း ဆုံးဖြတ်ချက်ချပြီး ၃ လအတွင်း တရားရုံးကို ဦးတိုက်လျှောက်ထားရသည်။ ရုရှားတရားရုံးမှ လွတ်လပ် အမှီအခိုကင်းသော အိမ်ခြံမြေအကဲဖြတ်ပညာရှင် (Independent Appraiser) များကို ခန့်အပ်ကာ ကာလပေါက်ဈေးကို ပြန်လည်တွက်ချက်စေကာ အဆုံးအဖြတ်ပေးသည်။ တရားရုံးက သတ်မှတ်သော တန်ဖိုးအတိုင်း အစိုးရက လျှော်ကြေးပေးသည်။
ရုရှားက့ဲသို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ဂရုမစိုက်သော နိုင်ငံတွင် မြေသိမ်းလျှင် ဥပဒေအရ ပိုင်ရှင်နစ်နာမှုမရှိစေရန် ကာလပေါက်ဈေး + နစ်နာကြေး အပြည့်အဝရရှိရန် စနစ်တကျ ကာကွယ်ပေးထားသော လုပ်ထုံးလုပ်နည်းများ ရှိနေသည်။
တရုတ်တွင် မြေဘယ်လို သိမ်းသလဲ
တရုတ်သည်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအား ဂရုမစိုက်သူဖြစ်သည်။ တရုတ်တွင် ရုရှား နှင့် မတူသည်က "မြေယာကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် မရှိခြင်း" ပင် ဖြစ်သည်။ ထိုအချက်က ရုရှားထက်ပင် ဆိုးသေးသည်။ တရုတ်ဥပဒေအရ မြေအားလုံးကို နိုင်ငံတော် (သို့မဟုတ်) ကျေးလက်လူထုစုပေါင်းအဖွဲ့အစည်း (Rural Collectives) က ပိုင်ဆိုင်ကာ လူထုမှာ "မြေအသုံးချပိုင်ခွင့် (Land Use Rights)" ကိုသာ ရရှိသည်။ ထို့ကြောင့် တရုတျတှင် မြေသိမ်းခြင်းဟူသည် မြေပိုင်ဆိုင်မှုအား သိမ်းခြင်းမဟုတ်ဘဲ မြေအသုံးချခွင့်အား ပြန်လည်ရုပ်သိမ်းခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် မြေယာစီမံခန့်ခွဲမှုဥပဒေ (Land Administration Law) အား ၂၀၁၉ ခုနှစ်တွင် ပြန်လည္ပြင်ဆင္ခ့ဲသည္။ ထိုဥပဒေ ပုဒ်မ ၄၈ အရ
- ကျေးလက္မြေယာ သိမ်းယူခြင်း (Rural Land Requisition)တွင် စိုက်ပျိုးရေးမြေများအား မြို့ပြစီမံကိန်း သို့မဟုတ် အခြေခံအဆောက်အအုံ (လမ်း၊ တံတား၊ ရထားလမ်း) ဆောက်လုပ်ရန်အတွက် သိမ်းသောအခါ လျှော်ကြေးအား အပိုင်း (၄) ပိုင်း ခွဲ၍ တွက်ချက်ကာ ပေးထားသည်။
၁- မြေယာလျှော်ကြေး (Land Compensation) တန်ဖိုးအားပေးခြင်း။
မြေကို အသုံးပြုခွင့် ဆုံးရှုံးသွားသည့်အတွက် ပေးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အဆိုပါမြေ၏ လွန်ခဲ့သော ၃ နှစ်တာ ပျမ်းမျှနှစ်စဉ် အထွက်နှုန်း တန်ဖိုး၏ ၆ ဆ ကနေ ၁၀ ဆ အထိ တွက်ချက်ကာ ပေးသည်။
၂- ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေး (Resettlement Subsidy) တန်ဖိုးအားပေးခြင်း။
မြေသိမ်းခံရ၍ အလုပ်အကိုင်ပြောင်းရသော လယ်သမားများအတွက် အထွက်နှုန်းတန်ဖိုး၏ ၄ ဆ ကနေ ၆ ဆအထိ ပေးသည်။
၃- သီးနှံနှင့် အဆောက်အအုံ လျှော်ကြေး (Compensation for Attachments & Young Crops) တန်ဖိုးအားပေးခြင်း။
မြေပေါ် စိုက်ပျိုးထားဆဲ သီးနှံ၊ ရေတွင်း၊ ကုန်းပတ်၊ ကန်းသင်း၊ တာရိုး၊ အဆောက်အအုံငယ်များအတွက် ကာလပေါက်ဈေးအတိုင်း သီးသန့်တွက်၍ပေးသည်။
၄- လူမှုဖူလုံရေးစနစ် (Social Security) အတွက် တန်ဖိုးအားပေးခြင်း။
မြေယာ လုံးဝဆုံးရှုံးသွားသော လယ်သမားများအတွက် နောက်ပိုင်းတွင် အသက္မွေးဝမ်းကျောင်း ခက်ခဲမသွားစေရန် ဒေသန္တရအစိုးရက လူမှုဖူလုံရေး ရံပုံငွေ (ပင်စင်စနစ်) ထဲတွင် ထိုလယ်သမားအား ထည့်သွင်းပေးရသည်။
ဆိုလိုချင်သည်က တရုတ် တွင် မြေသိမ်းခံရသည်က ပျော်စရာကောင်းလှသည်။ လျှော်ကြေးအား ထိုက့ဲသို့ လေးမျိုး လေးစားဖြင့် တွက်ပေးထားသည်။
၂၀၂၁ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားမဥပဒေ (Civil Code) ၏ ပုဒ်မ ၂၄၃ တွင် (မြေသိမ်းယူခြင်းနှင့် လျော်ကြေးပေးမှု အကာအကွယ်) များကို ပြဌာန်းထားသည်။ ထိုပုဒ်မ အရ တရုတ်အစိုးရ အာဏာပိုင်များသည် အများပြည်သူအကျိုးစီးပွားအတွက် သမဝါယမပိုင်မြေများနှင့် နေအိမ်များကို သိမ်းယူနိုင်သော်လည်း ဥပဒေအရ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ထိုအာဏာပိုင်အား အရေးယူမည်ကို ဖော်ပြထားသည်။ ဤသည်ကား လူအခွင့်အရေးနှင့် ဒီမိုကရေစီကို ဂရုမစိုက်သည့် တရုတ်တို့၏ မြေသိမ်းသောအခါ လျော်ကြေးပေးပုံ အချို့တဝက်ဖြစ်သည်။
တရုတ်တို့၏ မြေသိမ်းမှုအား ဆက်လက်ဖော်ပြပါမည်။
ကိုးကား
ရုရှား
https://www.nordicstar.law/en/news/how-in-russia-the-authorities-confiscate-land-plots-for-state-needs-seven-cases-comment-rbc-pro/?hl=en-GB
တရုတ်
https://www.researchgate.net/publication/5129602_Land_Acquisition_Compensation_in_China_-Problems_Answers?hl=en-GB
Comments
Post a Comment