ကျွန်မသည်လည်း ဗင်နစ်ဆာ ဂူလင် ဖြစ်သည် နှင့် အမျိုးသမီးရဲဘော်များအပေါ် လိင်အမြတ်ထုတ်မှု

 ကျွန်မသည်လည်း ဗင်နစ်ဆာ ဂူလင် ဖြစ်သည် နှင့် အမျိုးသမီးရဲဘော်များအပေါ် လိင်အမြတ်ထုတ်မှု


"သူမ အသတ်မခံရခင်မှာ စစ်တပ်အတွင်းမှာ သူမအပေါ် အထက်အရာရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက္မှုတွေ ခံနေရတယ်လို့ သူမရဲ့ မိသားစုကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အထက်လူကြီးတွေကို တိုင်ကြားရင် အလုပ်ထုတ်ခံရမှာ ဒါမှမဟုတ် လက်စားချေခံရမှာကို ကြောက်တဲ့အတွက် သူမ အနေနဲ့ တရားဝင် မတိုင္က​ြားနိုင္ခ့ဲပါဘူး။"


ဒါဟာ အမျိုးသမီးတပ္ ဖွဲ့ဝင်တစ်ဦးဖြစ်တ့ဲ ဗင်နစ်ဆာ ဂူလင် ( Vanessa Guillen) ဖြစ်ရပ်မှာ အမေရိကန်ပြည်သူတွေ ဒေါသအထွက်ရဆုံး အချက်ပါ။ 


ဗင်နစ်ဆာ ဂူလင် ဆိုတာ ဘယ်သူလဲ။ 


ဗင်နစ်ဆာ ဂူလင် (Vanessa Guillen) ဟာ တက္ကဆက် ( Texas) ပြည်နယ်၊ ယခု ဖောတ့် ကာဗာဇိုစ် (Fort Cavazos) လို့အမည်ပြောင္းထားတ့ဲ ဖော့တ် ဟုဒ် ( Fort Hood)  အခြေစိုက် အမေရိကန် အမျိုးသမီး ကြည်းတပ်တပ်သား တစ်ဦးဖြစ်ပါတယ်။ သူမဟာ အသက် ၂၀ အရွယ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ စစ်စခန်းအတွင်းကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။


သူမ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေနဲ့ အများပြည်သူတွေက အပြင်းအထူး လိုက်လံရှာဖွေခဲ့ကြပါတယ်။ နှစ်လကျော်အကြာ ဇွန်လ ၃၀ ရက်နေ့မှာတော့ လီယွန် (Leon) မြစ်အနီးမှာ သူမရဲ့ ရုပ်အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး မြှုပ်နှံထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။


စုံစမ်းစစ်ဆေးချက်တွေအရ သူမကို သတ်ခဲ့သူဟာ အတူအလုပ်လုပ်တဲ့ တပ်သား အာရွန် ရော်ဘင်ဆင် ( Aaron Robinson)  ဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ ရော်ဘင်ဆင်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ရော်ဘင်ဆင်ရဲ့ ရည်းစားဖြစ်သူကတော့ အလောင်းဖျောက်ဖျက်ရာမှာ ကူညီခဲ့မှုနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရပါတယ်။


ဒီအမှုမှာ အမေရိကန်ပြည်သူတွေ ဒေါသအထွက်ဆုံး အချက်က ဗင်နီဆာ မသေဆုံးခင်မှာ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက္မှု(Sexual Harassment) တွေ ခံနေရတယ်လို့ သူမရဲ့ မိသားစုကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အထက်လူကြီးတွေကို တိုင်ကြားရင် အလုပ်ထုတ်ခံရမှာ ဒါမှမဟုတ် လက်စားချေခံရမှာကို ကြောက်တဲ့အတွက် တရားဝင် မတိုင်ကြားခဲ့ရပါဘူး။ ပြီးရင် သူမဟာ တပ်တွင်း တာဝန်ထမ်းဆောင်ချိန်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပြီး သူမရဲ့တပ်ဖွဲ့ဟာ သံသယဖြစ်စရာကောင်းလောက်အောင် ရှာဖွေမှုဟာ နှေးကွေးခ့ဲပါတယ္။ သူမရဲ့ မိသားစုကိုလည်း သူမနဲ့ပတ္သက္တ့ဲ သတင်းအချက်အလက်တွေ မပေးဘဲ ဖျောက်ဖျက်ထားခ့ဲပါတယ်။


ဒီတော့ အမေရိကန်ပြည်သူတွေဟာ ဒေါသတကြီးနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြကြပါတော့တယ်။ ဒီလိုနဲ့ လူထုဘက်က စစ်တပ်ကို ထိပ္တိုက္ တွေ့ရင္ဆိုင္ပ​ြလာတ့ဲအခါ   အခြားတပ်ဖွဲ့ဝင်အမျိုးသမီးတွေကလည်း သူတို့အပေါ် တပ်တွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါး အမြတ်ထုတ် ခံရတာတွေကို ဖော်ထုတ်ရဲလာကြပါတော့တယ်။ တပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ (#IAmVenessaGuillen) ပိုစ့် hashtag တွေနဲ့ လူမှုကွန်ရက်ပေါ်မှာ (MeToo) လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်။ 


ဒီဖြစ်ရပ်ကြောင့် အမေရိကန်စစ်တပ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက္မှုတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကျွန်ုပ်သည္လည္း ဗင်နီဆာဂူလင် ဥပဒေ ("I Am Vanessa Guilln Act") ကို ပြဋ္ဌာန်းခဲ့ရပါတော့တယ်။ ဒီဥပဒေအရ-

စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက္မှု တိုင်ကြားချက်တွေကို တပ်တွင်း အမိန့်ပေးစနစ် (Chain of Command) ကနေ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းက စစ်ဆေးခွင့်ရသွားပါတယ်။ ဒါဟာ တိုင်ကြားသူတွေကို ပိုမို အကာအကွယ်ပေးလာနိုင်ခဲ့ပြီး စစ်တပ်အတွင်းက အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ တရားမျှတမှုအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 


ဗင်နီဆာ ဂူလင် လိုပဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ထိပါးနှောင့်ယှက် ခံ​ေနရတ့ဲ အမျိုးသမီးရဲဘော်တွေဟာ မိမိတို့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာလည်း ရှိနေပါတယ်။ အထက်အရာရှိ အမျိုးသားများရဲ့ ပြုမှုပုံတွေဟာ အမျိုးသမီးရဲဘော်တွေရဲ့ ကာယအိန္ဒြေလုံခြုံမှုနဲ့ လူသားချင်းတန်းတူမှု ချိုးဖျက် ချနင်းနေသလို ဖြစ်နေပါတယ်။ 

လူကြီးတွေ အရမ်းပင်ပန်းနေလို့ နင်တို့တွေ ဒီလောက်တောင် မလုပ်ပေးချင်ဘူးလား ဆိုတ့ဲ အကြောင်းပြချက်နဲ့ အမိန့်အောက္မှာ အမျိုးသမီးရဲဘော်အချို့ဟာ ချောင်ပိတ်ခံနေရပါတယ်။ တော်လှန်ရေးခံယူချက်နဲ့ မိမိယုံကြည်ရာအဖွဲ့အစည်းထဲ ဝင်လာခါမှ ဖျော်ဖြေရေး ဆန်ဆန်အသုံးချခံနေရပြီး လူ့ဂုဏ်သိက္ခာ၊ လုံခြုံမှုနဲ့ တရားမျှတမှု ပျောက်ဆုံးစွာ ဆက်ဆံခံနေရပါတယ်။ 


ငါရဲဘော်တွေ ပင်ပန်းလို့ ပျော်ပါစေ ဆိုတ့ဲ စကားဟာ " အမျိုးသား ရဲဘော်တွေ ပျော်ဖို့အတွက် အမျိုးသမီးရဲဘော်တွေက ဖျော်ဖြေပေးရမလို" ဖြစ်နေတယ် ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။ ဒါတွေဟာ အမျိုးသမီးရဲဘော်များရဲ့ တော်လှန်ရေးခံယူချက်နဲ့ လိင်ဖြစ်တည်မှုကို ဖိနှိပ်မှုဖြစ်နေတယ် ဆိုတာကိုလည်း ဂရုပြုဖို့လိုပါတယ်။ အမျိုးသမီးရဲဘော်များအတွက် အဖွဲ့အစည်း အသွင်သဏ္ဍာန်ထိန်းချုပ်မှုနဲ့ ငြင်းဆန်ရင်ခံရမယ့် အပြစ်ဒဏ် ရက်စက္မှုက ခြောက္လှန့္ တ့ဲအခါ နှုတ်ဆိတ် ကြောက်လန့်မှုကသာ လွှမ်းမိုးခံလိုက္ရတ့ဲ အခြေအနေတွေကိုလည်း ဖယ်ရှားပစ်ဖို့လိုပါတယ်။


ကျွန်ုပ်သည်လည်း ဗင်နီဆာဂူလင် ဥပဒေ ("I Am Vanessa Guillen Act") မှာလို

လက်နက်ကိုင်တပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ထိပါးစော်ကားမှု တွေရှိလာရင်အမျိုးသမီး ရဲဘော်များအတွက် တပ်တွင်း အမိန့်ပေးစနစ် (Chain of Command) ကနေ မဟုတ်ဘဲ လွတ်လွတ်လပ်လပ် တိုင်ကြားနိုင္တ့ဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ကို ထူထောင်ဖို့လိုလာပါတယ်။ 

တိုင်ကြားသူ အမျိုးသမီးရဲဘော်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ ဆိုင်ပိုင်းဆိုင်ရာ အကာအကွယ္ပေးနိုင္တ့ဲ မူဝါဒ စနစ်တွေ လိုနေပါတယ်။ 


အမေရိကန်စစ်တပ်ထဲမှာ ဗင်နီဆာဂူလင် ဖြစ်ရပ်မျိုးတွေ ရှိခ့ဲပါတယ္။ ဒါပေမယ့် အမေရိကန်စစ်တပ်ဟာ ပြည်သူ့ရဲ့ အာဏာကို အမြဲနာခံပါတယ်။ ဗင်နီဆာ ဂူလင် ဖြစ်ရပ်မျိုး ရှိလာရင်လည်း ဖြစ်ရပ်ကို ဝန်ခံရဲပါတယ်။ ပြီးရင် နောက်ထပ် ဗင်နီဆာဂူလင် တွေ ထပ်ဖြစ်မလာအောင်လည်း သင်္ခန်းစာယူပါတယ်။ ဗင်နီဆာ ဂူလင် ဖြစ်ရပ်ဟာ လက်ရှိ အမေရိကန် စစ်ဘက် အရာရှိ သင်တန်းတွေမှာ ထည့်သွင်း သင်ကြားနေပြီး နောက်ဒီလိုထပ်မဖြစ်အောင် အမြဲနိုးဆော်နေပါတယ်။ အမေရိကန် စစ်ဘက်ရဲ့ သင်္ခန်းစာမှာ ဗင်နီဆာဂူလင် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သင်ကြားမှုအချို့ကို ( လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့် သစ္စာခံမှု- ၆

 https://burmese.bnanews.net/articles/26931/ ) မှာ ဖတ်ကြည့်နိုင်ပါတယ်။


လူသားဂုဏ်သိက္ခာ၊ တရားမျှတမှုနဲ့ ကျင့်ဝတ်ကို လေးစားလို့ ကျရှုံးသွားတ့ဲ စစ်တပ်ဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ အမှားကို ဝန်ခံလို့လည်း ကျရှုံးသွားတ့ဲ စစ်တပ်ဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ တိုက်ပွဲကာလ အတွင်းဖြစ်လို့ ကျင့်ဝတ်တွေ၊ စံနှုန်းတွေကို ဖယ်ထားလိုက်ပါဆိုရင်တော့ ဒါဟာ ကိုယ့်အင်အားကိုယ် သတ်ဖြတ်နေတာနဲ့ အတူတူပါပဲ။


ဒီဆောင်းပါးဟာ  လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းက အမျိုးသမီး ရဲဘော်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊လုံခြုံရေးနဲ့ တရားမျှတမှုအတွက် ရည်ညွှန်းပါတယ်။


ကိုးကား


https://edition.cnn.com/2020/07/02/us/vanessa-guillen-fort-hood-disappearance

https://edition.cnn.com/2020/06/30/us/vanessa-guillen-search-remains-found/index.html


https://www.ksat.com/news/texas/2021/04/22/remembering-vanessa-guillen-one-year-later/





Comments