လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- နိဂုံး
လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- နိဂုံး
ဦးဆောင် အဖွဲ့အစည်းရဲ့ ပြယုဂ်
နိုင်ငံရေးအရ ရင့်ကျက္မှုဟာ "အနိုင်ရဖို့" ထက် "မှန်ကန်ဖို့" ကို ပိုပြီး အလေးထားဖို့အတွက် လူ့အဖွဲ့အစည်းကို ဦးဆောင်နေ တ့ဲ အဖွဲ့အစည်းဟာ ကျင့်သုံးပြဖို့လိုပါတယ်။ ဒါဟာ အဖွဲ့အစည်းဆိုင်ရာ တည်ငြိမ်မှုကို ရေရှည်မှာ ပိုအားကောင်းစေပါတယ်။ အဖွဲ့အစည်းထဲမှာကို ထိပ်ပိုင်းရော အောက်ခြေပါ လူပြိန်းကြိုက်ဝါဒကို ခုခံနိုင်စွမ်းရှိဖို့ လိုပါတယ်။ စိတ်ခံစားချက်အသားပေး ဟောပြောမှုတွေ၊ ရေတိုလူပြိန်းကြိုက် မြှူဆွယ်မှုတွေနဲ့ "လှည့်ဖြားခြယ်လှယ်ခံရခြင်းသံသရာ" တွန်းလှန်နိုင်ဖို့လည်း လိုပါတယ်။ ပါတီစွဲနဲ့ အစွန်းရောက္မှုတွေကို ရိုက်သွင်းနေတာထက် ဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာကို ထည့္ တွက္တ့ဲ ခေါင်းဆောင်မှုပိုင်းကို ဖြစ်လာအောင် ပိုပြီးတွန်းအား ပေးရပါမယ်။ ခေါင်းဆောင်ပိုင်းကို ဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာ အပိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေအောင် ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ်။
အဖွဲ့အစည်းအတွင်းမှာ အမှားအယွင္းတွေ ရှိလာတ့ဲလာတ့ဲအခါ အပြန်အလှန် လက်ညှိုးထိုးနေမယ့်အစား အမှားကို ဝန်ခံပြတတ်ကြဖို့လည်းလိုပါတယ်။ ဝန်ခံရဲမှလည်း ပြင်ဆင်ဖို့ ကြိုးစားလာရဲမှာပါ။ တစ်ဖက်နှင့်တစ်ဖက် အမုန်းတရားများတွေ၊ ခွဲခြားဆက်ဆံမှုတွေ ထက် ဘုံတူညီတ့ဲ ရည်မှန်းချက်ကို အတူတကွ လျှောက်လှမ်းနိုင်မှုဟာ နိုင်ငံရေးအရ ရင့်ကျက္မှုပြယုဂ်ပါ။
ULA/AA အနေနဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု (Prioritizing National Interest) နဲ့ နိုင်ငံသားတာဝန် ဆိုတ့ဲ အချက်နှစ်ချက်ကို အကောင်အထည်ဖော်ရာမှာ လူထုကို အစုအပြုံ လိုက်ပိတ်ပင်မှု (Mass restriction) သဘောမျိုး မလုပ်မိဖို့လည်း လိုပါတယ်။ နိုင်ငံတစ်ခု တည်ဆောက်ရေးဆိုတာဟာ လူထုကို "အစုအပြုံလိုက် ပြစ်ဒဏ်ပေးမှု" (Collective Punishment) မဟုတ်တာကိုလည်း သတိပြုဖို့လိုပါတယ်။ လူထုတစ်ရပ်လုံးရဲ့ ရေရှည်အကျိုးစီးပွားကို အမြဲဦးစားပေးမှုဟာ မိမိတို့ရဲ့ပါတီအကျိုး၊ အဖွဲ့အစည်းအကျိုး၊ အာဏာအကျိုး၊ တစ်ကိုယ်ရေအကျိုးပွားထက် ပိုပြီး အကောင်အထည်ဖော်ပေးရမယ့်အရာဆိုတာကို မိမိအဖွဲ့ဝင်တွေကို မကြာခဏ အသိပေးနေဖို့လိုပါတယ်။ "ငါတို့ဘက်ကနိုင်ဖို့" ထက် "ပြည်သူလူထု နိုင်သွားဖို့" ဆိုတ့ဲ အမြင်က ပိုပြီး လူထုနဲ့ တသားတည်းကျတာကို ဂရုပြုမိဖို့လိုပါတယ်။
နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ တာဝန္ တ့ဲလား
လူ့သဘာဝအရ ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာရင် ကာကွယ္ချင္တ့ဲ စိတ်က အလိုလိုရှိပါတယ်။ တကယ်လို့ နိုင်ငံရေးဖြစ်စဉ်တွေဟာ ကိုယ့်အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ဦးဆောင်နေ တ့ဲ အဖွဲ့အစည်းဘက်က လူထုကိုနားလည်အောင် စည်းရုံးလာနိုင်ရင် အခုရခိုင်မှာ ဖြစ်နေ တ့ဲ မဖြစ်မနေ စစ်မှုထမ်းကိစ္စနဲ့ ထွက်ခွာခွင့်ကို အစုအပြုံလိုက္ ကန့္သတ္ ထားတ့ဲ ကိစ္စမျိုးဟာ အဖြေရှိပါတယ်။ ရခိုင်ဒေသရဲ့ နိုင်ငံရေးဖြစ်စဉ်တွေဟာ လူတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ပြောတ့ဲအခါမှာ လူ့တစ်ယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာဟာ ဘာလဲဆိုတာကိုလည်း ပြောပြဖို့လိုပါတယ်။ တာဝန်ဆိုတာဟာ အမိန့်ကန့်သတ်ချက်ထက် အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာမှုဆီကသာ မြစ်ဖြားခံသင့်တာပါ။
တာဝနျသိတ့ဲ ပတ်ဝန်းကျင်
ULA/AA ဘက်က လူထုကို ရခိုင်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တက်ကြွစွာ ပါဝင်ခြင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် မဟုတ်ဘဲ တာဝန်တစ်ခုအဖြစ် ရှုမြင်စေချင်ပုံရပါတယ်။ လူထုကို အဲလိုရှူမြင်ဖို့အတွက် ULA/AA ကိုယ်တိုင်က ခေါင်းဆောင်မှုမှာ ရေရှည်အတွက် မှန်ကန်သော ဆုံးဖြတ်ချက်တွေ ချမှတ်တာနဲ့ အကျပ်အတည်းတွေကို ထိရောက် စီမံခန့်ခွဲရာမှာ ဒီမိုကရက်စံနှုန်းကို တွေကို မျက်ကွယ်မပြုဖို့လိုပါတယ်။
ရခိုင်ဒေသရဲ့ နိုင်ငံရေးဖြစ်စဉ်တွေဟာ လူတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို လူထု ပညာပေးမှု (Civic Education) တွေကတဆင့် ပိုမိုအားကောင်းအောင် လုပ်လာနိုင်ရင် နိုင်ငံရေးဟာ လူထုအတွက် သူတို့ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာကို ပိုနားလည်လာကြမှာပါ။
လက်ရှိ ကြုံတွေ့နေရတ့ဲ နိုင်ငံရေးဖြစ်စဉ်တွေဟာ လူထုရဲ့ အနာဂတ်နဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ ဒါကြောင့် လူထုကို ULA/AA အနေနဲ့ "ဒါ ငါတို့ အမိန့်၊ ဘာမှလာမပြောနဲ့ နာခံရမယ်" ဆိုတ့ဲ ချဉ်းကပ်မှုထက် "လူထုရဲ့ အနာဂတ်ကို လူထုကိုယ်တိုင် ဆုံးဖြတ်ခွင့်ရသင့်တယ်" ဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးဖို့လိုပါတယ်။
နိုင်ငံရေးအရ ရင့်ကျက္မှုဆိုတာဟာ နိုင်ငံရေးဗဟုသုတရှိတာလောက် ကိုခေါ်တာမဟုတ်ပါဘူး၊ နိုင်ငံရေးဖြစ်စဉ်တွေမှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပြုမူပုံ (အမူအကျင့်ဆိုင်ရာ နဲ့ အတွေးအမြင်) က ပို၍အရေးကြီးတာပါ။
တခါတရံမှာ နိုင်ငံရေးအရ ဆန့်ကျင်ဘက် ရှူဒေါင့် အမြင်တွေရှိလာရင်တောင် အဲဒီအပေါ်မှာ ဝေဖန်ဆန်းစစ်ပြမှုနဲ့ အပြုသဘောဆောင္တ့ဲ လုပ်ရပ်တွေကို ချီးကျူးနိုင္တ့ဲ ရင့်ကျက္မှု လက္ခဏာကိုလည်း ပြဖို့လိုပါတယ်။
တော်လှန်ရေးကာလ ဖြစ်လို့ နိုင်ငံရေးရင့်ကျက္မှုက ပိုလိုပါတယ်။ ရခိုင်လူထုဟာ အထွေထွေအကြပ်အတည်းနဲ့ လူသားချင်းစာနာမှုကပ်ဘေး ထဲမှာ ရှိနေတာပါ။ တော်လှန်ရေးကာလ ဖြစ်လို့ နိုင်ငံရေးရင့်ကျက္မှုမလိုဘူးဆိုရင် ခမာနီတွေလို လူထု ကို အစုအပြုံ လိုက်ပိတ်ပင်မှု (Mass restriction) နဲ့ "အစုအပြုံလိုက် ပြစ်ဒဏ်ပေးမှု" (Collective Punishment) လုပ်မှာလားလို့ပဲ မေးစရာဖြစ်လာပါလိမ့်မယ်။
ပြီး။
Comments
Post a Comment