အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် စက္ကူကျား စံတန်ဖိုးများ
အဖွဲ့အစည်းတစ်ခု၏ အလေ့အထ (Organizational Behavior) နှင့် စက္ကူကျား စံတန်ဖိုးများ
ဖြစ်ရပ်- ၁
၂၀၂၂ ခုနှစ်၏ မိုးဦးကာလ၊ တိုက်ပွဲများ ရပ်နေသည့်အချိန်၊ ရခိုင်တောင်ပိုင်းဒေသ၏ မြို့တစ်ခုတွင်ဖြစ်သည်။ နေလည်ခင်းပိုင်းများ၌ တက္ကသိုလ်မှ ကျောင်းသား များနှင့် ဆရာအချို့က လက်ဘက်ရည်ဆိုင်ထိုင်ရင်း စာသင်၊ စာမေးတတ်ကြသည်။
"ညဉ်းတို့ ရခိုင်တွေ အလကားပါ"
"ဆရာ အဲလို မပြောနဲ့၊ သမီးတို့ ဘာဖြစ်နေလို့လဲ"
"ဟုတ်တယ်လေ၊ တနိုင်ငံလုံးပွဲဆူနေတာ၊ နင်တို့ပဲ ထိုင်နေကြတယ်၊ နင်တို့ အေအေလည်း အလကားပဲ"
"ဘုန်း" (ကလေးမလေးက ခုံကို လက်ဖြင့် စိတ်ဆိုးစွာ ရိုက်လိုက်သည်)
"အလကားလို့ မပြောနဲ့ ဆရာ၊ အဲလို ပြောတာ သမီးမကြိုက်ဘူး"
လူသူရှင်းသောလက်ဘက်ရည်ဆိုင်တစ်ခု၏ ဒေါင့်တနေရာတွင် ဆရာဖြစ်သူနှင့် တပည့် ဖြစ်သူတို့ တိုးတိုးလေး ရန်တွေ့နေကြသံများဖြစ် သည်။ တပည်ဖြစ်သူ မိန်းကလေးမှာ ရခိုင်၏ တောင်ဘက် အစွန်းဆုံးနေရာ ဒေသက ဖြစ်သည်။ ခေတ်လူငယ်အလျောက် ပုံစံက လွတ်လပ် ပေါ့ပါးလျှက်၊ နိုင်ငံရေး ဘာညာလည်း စိတ်ဝင်စားပုံ မပေါ်၊ ဆရာဖြစ်သူက ပြည်မဘက်က ဖြစ်ပုံရသည်။ လူလတ်ပိုင်းအရွယ် တည်တည်ငြိမ်ငြိမ်ဖြင့်။ ဆရာ တပည့်နှစ်ယောက်က ရန်ခဏဖြစ်လိုက်ကြပြီးနောက် စာဆက်သင်ကြသည်။
--------------
ဖြစ်ရပ်- ၂
ရခိုင်တောင်ပိုင်းသို့ တိုက်ပွဲများ အရိပ်အယောင်သန်းလာချိန်။ ရခိုင်တောင်ပိုင်းဒေသခံ မိသားစုတစ်စု ပြည်မဘက်စစ်ရှောင်ကြသည်။ လမ်းပေါ်တွင် ULA/AA ဂိတ်နှင့်တွေ့သည်။ ဂိတ်က ဆက်သွားခွင့်မပြု။ မိခင်ဖြစ်သူက သူမ၏ သားဖြစ်သူကို ကြည့်လိုက်ပြီး ဂိတ်တွင် တာဝန်ကျနေသူ အား တောင်းပန်လိုက်သည်။
"ဆရာတို့ရယ်၊ ကျွန်မသားလေး ပညာရေးက ရှိနေသေးလို့ပါ"
"ခွီးတိသင္တ့ဲ စာကို ဒေနေရာကလူတိ ကောင်းပင် သင်ချင်နီကတ်တေကား၊ ယင်းခွီးစာကို အဇာလုပ်ဖို့၊ လုံးဝ မလားဂေ့"
ထိုမိသားစု ရှေ့ဆက္မတိုးနိုင္ခ့ဲတော့။ လာရာလမ်းသို့ ပြန်လှည့္ခ့ဲရသည္။
ဤဖြစ်ရပ်များက ဟိုးအတိပ်တွင် ကျန်ခ့ဲပြီ မှုံမိုင်းရီခ့ဲပြီဖြစ်သည်။ ဖြစ်ရပ် (၁) ထဲမှ ဆရာ တပည့် နှစ်ယောက်သည်လည်းကောင်း၊ ဖြစ်ရပ် (၂) မှ မိသားစုသည်လည်းကောင်း လက်ရှိအချိန်တွင် ဘယ်သောင် ဘယ်ကမ်းသို့ ရောက်နေကြပြီမသိ။ လက်ရှိ ရခိုင်ပြည်၏ လူမှုဘဝ အကြပ်အတည်များ အောက်တွင် မည်သို့ ရှင်သန်နေကြသေးသည်ကိုလည်း မသိတော့။
-----------------------
လူမျိုးတိုင်း တန်းတူရေး၊လွတ်မြောက်ရေး၊စည်းလုံးညီညွတ်ရေးတို့သည်ရက္ခိုင့်တပ်တော်၏အခြေခံကြသောစိတ်နေစိတ္ ထား ဖြစ်သည် ဟူ၍ ULA/AA ၏ (X) twitter လူမှုကွန်ရက်တွင် ( ၆,၇,၂၀၂၀) ရက်စွဲဖြင့် ဖော်ပြထားသည်ကိုတော့ တွေ့ဖူးခဲ့သည်။ ထိုစိတ်နေစိတ်ထားမှာ (X) twitter ပေါ်တွင်ရှိပြီး မြေပြင်အောက်ခြေတွင်တော့ ဘယ်နေရာ ရောက်နေမှန်း တော့ မပြောတတ်ပေ။
ကျင့်ဝတ် တန်ဖိုးဟူသည် အဖွဲ့အစည်းတစ်ခုအတွက် မယိမ်းမယိုင်သော စွဲကိုင်ထားမှု ( Organizational Ethos ) သာဖြစ်ရမည်။ နိုင်ငံရေးရောင်းတန်းဝင်ရန် ဗန်းပြမှု (Political Window Dressing) မျိုး မဖြစ်ရချေ။ ကျင့်ဝတ် တန်ဖိုးကို အလေးထားမှုဆိုသည်မှာလည်း လူဗီဇအရ ခဏခဏ သတိပေးနေမှ တော်ကာကျသည့်အရာဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် အဖွဲ့အစည်း မည်သည့် လူ့ဘောင်မှ ကျင့်ဝတ် တန်ဖိုးအား တခါပြောပြီး အသိပေးပြီးသည်နှင့် နောက်ထပ် အသိပေးစရာ မလိုဟူ၍ မရှိချေ။
ကျင့်ဝတ် စံနှုန်းများအား လက်တွေ့ အကောင်အထည်ဖော်ရန် စိတ်မပါဘဲ ပါးစပ်ကသာ "လုပ်နေသည်၊ ဆောင်ရွက်နေသည်" ဟု ပြောဆိုနေခြင်းက (Lip Service) ဖြစ်သည်။ လျှာတွင် အရိုးမရှိ၍ ပြောနေခြင်း ဟူသော သဘောဖြစ်သည်။ Lip Service အမှုအကျင့်က တဖက်တွင် ကြောက်စရာကောင်းသော နှုတ်ချို သွေးရိုင်း ဝါဒ (Euphemism) မျိုးကို လမ်းဖွင့်ပေးတတ်သည်။ နှုတ်ချို သွေးရိုင်း အမူအကျင့် (Euphemism) မှာ လုပ်ရပ်က မည်မျှပင် ကြမ်းကြုတ်မှု ဖြစ်နေပါစေ၊ ထိုလုပ်ရပ်မှာ လိုအပ်၍ လုပ်ရသည့် သူတော်စင်လမ်း သဖွယ် အဓိပ္ပါယ္ ဖွင့်ဆိုလာခြင်းဖြစ်သည်။ ခမာနီတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ကျူးလွန်မှုတွင် ထိုသတ်ဖြတ်မှုမှာ လိုအပ်ချက်ဖြစ်သည်ဟု ခမာနီအဖွဲ့အစည်းအတွင်း လှုံဆော်မှုသည်လည်း နုတ်ချို သွေးရိုင်း အမှုအကျင့် ဖြစ်သည်။
ထားရှိအပ်သော ကျင့်ဝတ် စံတန်ဖိုးများအား နိုင်ငံရေးရောင်းတန်းဝင်ရန် ဗန်းပြမှု (Political Window Dressing) အဖြစ်သာ ထားပါက (Lip Service) အမှုအကျင့်သည် ဖြစ်လာတတ်သည်။ ထိုသို့ ဖြစ်လာပါက ကျင့်ဝတ် စံတန်ဖိုးဟူသည် စက္ကူကျား စံတန်ဖိုး (Paper Tiger Laws) များသာ ဖြစ်လာတော့သည်။ စာရွက်ပေါ်တွင် ဖော်ပြချက္မှာ အင်မတန်မှ တန်ဖိုးကြီးမားသော်လည်း မြေပြင်တွင် ဘယ်အဖွဲ့ဝင်ကမှ ဂရုမစိုက်သည့် စည်းမျဉ်းများ ဖြစ်သွားတော့သည်။
အုပ်ချုပ်သူအတွက် စက္ကူ လူထုအတွက်တော့ ကျား
စက္ကူကျား စံတန်ဖိုးဟူသည် တဖက်တွင်တော့ " အုပ်ချုပ်သူအတွက် စက္ကူ"၊ လူထုအတွက်တော့ ကျား ဆိုသည့် သဘောမျိုးဘက်ကို ရောက်လာတတ်သည်။ သာမန်ပြည်သူများအပေါ် ကျင့်ဝတ် စံနှုန်း ဥပဒေဖြင့် အရေးယူပြီး အာဏာရှိသူများအတွက် ထို ကျင့်ဝတ် စံနှုန်း ဥပဒေမှာ အသက္မဝင်ဟူသော (Double Standard) အမှုအကျင့်ကို ဖြစ်စေသည္။ (Double Standard) အမှုအကျင့် ဖြစ်လာပါက ကျင့်ဝတ် စံနှုန်း ဥပဒေ ဟူသည် အုပ်ချုပ်သူ လူတန်းစားအတွက် အောက်ခြေနှင့် ပြည်သူအပေါ် နှိပ်ကွပ်ရန် လက်နက်သဖွယ် အသုံးချစရာသာ ဖြစ်ပြီး အုပ်ချုပ်သူများက ထို ကျင့်ဝတ် စံနှုန်း ဥပဒေ၏ အပေါ်တွင် ရှိနေခြင်း ဆိုသည့် (Rule by law) သဘောမျိုးဖြစ်လာ တော့သည်။
ဤအင်္ဂါရပ်များ အဖွဲ့အစည်းတစ်ခုထဲတွင် တစ်စိတ်တစ်ဒေသ သေးငယ်ဆုံးအပိုင်းမှ စတင် ဖြစ်ထွန်းလာလျှင် ကိုယ်တိုင်ထုတ်ပြန်ထားသော ကျင့်ဝတ် စံတန်ဖိုး စည်းမျဉ်းများကို ချိုးဖောက်ပြီး မည်သည့်အရေးယူခံရမှု၊ တာဝန်ယူမှု မရှိသော ( Lack of Accountability) အ လေ့အထမျိုးက ခေါင်းထောင်တော့သည်။ ထို အလေ့အထက တဖက်တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသော ယဉ်ကျေးမှု (Culture of Impunity ) ကို အားကောင်းစေပြန်သည်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေသော ယဉ်ကျေးမှု ဟူသည် အခြားမဟုတ် မိမိတို့တွင် လက်နက်၊ အာဏာရှိသည်ဖြစ်၍ ကျင့်ဝတ် စံနှုန်း တန်ဖိုးကို ဂရုစိုက်စရာမလို ဘာလုပ်လုပ် အရေးမယူခံရဆိုသော ယုံကြည်ချက္မျိုး စွဲကပ်သွားကာ ပြည်သူကို ပြန်ပြီး စိန်ခေါ်လာသည့် လက္ခဏာလည်း ဖြစ်သည်။
-------------------
ဤစာစု၏ အစ ဖြစ်စဉ် (၁) နှင့် (၂) ကို ပြန်သွားပါမည်။ ရခိုင်၏ တောင်ဘက် အစွန်းဆုံးနေရာ မှ နိုင်ငံရေးအကြောင်း ဘာမှမသိသော ဆယ်ကျော်သက် ကျောင်းသူ မိန်းကလေးငယ်တစ်ဦးသည် သူ၏ ဆရာဖြစ်သူကို " နင်တို့ ရခိုင်တွေ အလကား" ဟူသော စကားလုံးကို ဘာမှန်းမသိ ညာမှန်းမသိ စိတ်ဆိုးဖူးသည်။ ထိုသို့ စိတ္ဆိုးခ့ဲမှုကိုလည္း ဖြစ်စဉ် (၂) ထဲမှ "မလားဂေ့" ဟု တားဆီးသူ အဖွဲ့ဝင်သည် သိလည်း မသိ။ သိခ့ဲလျှင္လည္း နားလည် အသိအမှတ်ပြုမည်ပုံ က မရှိ။ သူ့တို့အတွက် ခံတွင်းတွေ့နေသည်က လေယူလေသိမ်းကွဲပြားမှုကို ကြမ်းတမ်းစွာ တုန့်ပြန်မှုသာ ဖြစ်သည်။
သို့သော် ထိုမိန်းကလေးငယ် ကိုယ်တိုင်သာ အဆိုပါ ဂိတ်မှ အဖွဲ့ဝင်များ၏ ကြမ်းတမ်းသော ဆက်ဆံမှုကို ကြုံတွေ့ခ့ဲရပါက သူမ၏ ဆရာဖြစ်သူကို စိတ္ဆိုး ရန်တွေ့ ချင်စိတ် ရှိအုံးမည်လား ဟု တွေးစရာ ဖြစ်စေ ခ့ဲသည်။ အဘယ်ကြောင့်ဆိုသော် Nationalism ဟူသည် လူ၏ ဗီဇစိတ်အရ အငုံအဖြစ်ရှိနေသော္လည္း အသိအမှတ်ပြု တည်ဆောက်ယူရသော အရာဖြစ်သည်။ လူ့ဂုဏ်သိက္ခာ (Human Dignity) ကိုသာ အသိအမှတ်မပြုပါက ထို Nationalism ဆိုသည်မှာလည်း ဘယ်သူမဆိုခမ်းခြောက္မိန္ဖျော့သွားတတ်၍ ဖြစ်သည်။
Comments
Post a Comment