လူထုဝေဖန်မှုနှင့် နောက္ ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက်
လူထုဝေဖန်မှုနှင့် နောက်ပြန်လှည့်မရတော့တ့ဲ တန်ဖိုး၊ မျှော်လင့်ချက်
လက်ရှိ အနေအထားမှာ လူ့ထုကို ULA/AA ဘက်က နိုင်ငံရေးဖြစ်စဉ်/ စစ်ရေးဖြစ်စဉ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံပေးဆပ် ခိုင်းလိုပုံ ရပါတယ်။ ယခင်ကာလတွေတုန်းက ULA/AA အပေါ် လူထုဟာ "ငါတို့ရဲ့ အဖွဲ့အစည်း၊ ငါတို့ရဲ့ နိုင်ငံ" ဆိုတ့ဲ ရင္းနှီးမြုပ်နှံထားတ့ဲ ပုံစံနဲ့ ထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေ ခ့ဲပေမယ့္ လက်ရှိမှာတော့ ပိုမို ပေးဆပ်ခိုင်းချင်ပုံပါ။ အသက်၊ ချွေး၊ သွေး၊ ဘဝ၊ အချိန် ဆိုတ့ဲ အရင်းအနှီးတွေကို လူထုက ULA/AA အပေါ် ပေးတာပဲ ဖြစ်ဖြစ်၊ ULA/AA ကပဲ လူထုဆီက တောင်းဆို ရယူတာပဲ ဖြစ်ဖြစ် ဒါဟာ လူထုဘက်ကို ULA/AA ဆီ ကနေ "အမြင့်ဆုံး စံနှုန်း" ကို မျှော်လင့် ခိုင်းလိုက်တာနဲ့ တူပါတယ်။ ဘာကြောင့်ဆို ပေးရတ့ဲ အရင်းအနှီးကလည်း လူထုအနေနဲ့ကြည့်ရင် များလွန်း ကြီးလွန်းလို့ပါ။
အဲလို ပေးဆပ္ရတ့ဲ အရင္းအနှှီးကြီးလာတ့ဲအခါ ULA/AA အပေါ် လူထုဟာ ပိုပြီး နက်ရှိုင်းလေးလံ ဖိစီးတဲ့ နိုင်ငံရေး အမှန်တရားနဲ့ ချဉ်းကပ်လာမှာလည်း မြေကြီးလက်ခ မလွဲပါဘူး။ လူထုရဲ့ အဆိုပါချဉ်းကပ်မှုအပေါ် ULA/AA အနေနဲ့ "သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့၊ လူထုအသံတိတ်စေဖို့" ဆိုတဲ့ လမ်းကြောင်းနဲ့သာ တုန့်ပြန်မယ်ဆိုရင် ကိုယ့်အပေါ် လူထုယုံကြည်မှု ကင်းသွားအောင် လုပ်သလို ဖြစ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံရေးမှာ အချို့အဖွဲ့အစည်းတွေက "တော်လှန်ရေးအဖွဲ့" အဖြစ်နဲ့ပဲ ရပ်တည်နေချိန်မှာ၊ ULA/AA အနေနဲ့ "အစိုးရတစ်ရပ်" ပုံစံမျိုးကို တည်ဆောက်နေတာပါ။ "ကိုယ်ပိုင်အုပ်ချုပ်ရေး" ကနေ အကောင်အထည်ဖော်မှု "အစိုးရယန္တရား" တည်ဆောက်မှု (Institutionalization) ဖြစ်စဉ်ထဲကို ULA/AA ဟာ တိုးဝင်လာနေပါတယ်။ အစိုးရတစ်ရပ်ဆိုတာ လူထုရဲ့ ခံစားချက်နဲ့ မီဒီယာရဲ့ စောင့်ကြည့်ခြင်းကို မလွှဲမရှောင်သာ လက်ခံရပါမယ်။ မီဒီယာကို ဖိနှိပ်တဲ့ အစိုးရဟာ "အာဏာရှင်အစိုးရ" ဖြစ်ပြီး၊ မီဒီယာနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ အစိုးရကမှ "ဒီမိုကရေစီဆန်တဲ့ အစိုးရ" ဖြစ်ပါတယ်။
ULA/AA ဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက္မယ့် အဖွဲ့အစည်းလို့ပဲ ယူဆ ရပါတယ်။ ဒီတော့ မိမိအ ပေါ် ဝေဖန်မှုတွေကို ULA/AA ဟာ "အစိုးရတစ်ရပ်ရဲ့ မဖြစ်မနေ ရင်ဆိုင်ရမယ့် တာဝန်" အဖြစ်ပဲ သတ်မှတ်နိုင်လိမ့်မယ်လို့ပဲ ယူဆရပါတယ်။
ဝေဖန်ထောက်ပြ အဖြေရှာတ့ဲ "နိုင်ငံရေးယဉ်ကျေးမှု" (Political Culture)
လူ့ထုကို ULA/AA ဘက်က နိုင်ငံရေးဖြစ်စဉ်/ စစ်ရေးဖြစ်စဉ်တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံပေးဆပ် ခိုင်းလိုက်ခြင်းဟာ တဖက္မှာ ရခိုင်လူထုကို "မေးခွန်းထုတ်တတ် သူတွေ" ဖြစ်အောင် ULA/AA ကိုယ်တိုင် ဖန်တီးပေးလိုက်တာနဲ့တူပါတယ်။ အရင်ကဆိုရင် "ဗိုလ်ချုပ်ပြောရင် မှန်တယ်" ဆိုတဲ့ ခေတ်မျိုး ရှိကောင်းရှိနိုင်ပေမဲ့၊ အခုတော့ "ဒါ ဘာကြောင့်လဲ၊ ဒါ ဘယ်လိုလဲ" ဆိုတဲ့ မေးခွန်းတွေက လူထုထဲမှာ ပျံ့နှံ့နေပါပြီ။
ဒါကို ULA/AA ဘက်ကသာ "ဘာမှ မမေးနဲ့" ဆိုတဲ့ ပုံစံမျိုး ပြန်လုပ်လိုက်ရင်၊ အဲဒီမေးခွန်းထုတ်တတ်တဲ့ လူထုကပဲ ULA/AA အပေါ် ဖိအား ဖြစ်စေမှာပါ။ ဒီလို အနေအထားက ULA/AA အတွက် "ကံကောင်းခြင်းလား၊ အခက်အခဲလား" ဆိုရင် ULA/AA အတွက် အင်မတန်မှ "ခက်ခဲပေမဲ့ အကျိုးရှိတဲ့ အနေအထား" ပါ။ ဘယ်လို အခက်အခဲလည်းဆိုရင် ဘာပဲလုပ်လုပ် ဝေဖန်ထောက်ပြမှုတွေကို အမြဲတမ်း တံခါးဖွင့်ထားရပါတော့မယ္။ အမှားလုပ်ရင် ချက်ချင်း အဝေဖန်ခံရပါတော့မယ္။ အေးအေးဆေးဆေး "အာဏာပြ" လို့ မရတော့ပါဘူး။
အကျိုးအမြတ်က အဲလို ဝေဖန်စောင့်ကြည့်မှုကြောင့်ပဲ ULA/AA အဖွဲ့အစည်းအတွင်းမှာ "အကျင့်ပျက်ခြစားမှု (Corruption)" ကို လျှော့ချနိုင်လာမယ်။ "စွမ်းဆောင်ရည် (Efficiency)" ကို မြှင့်တင်နိုင်လာမယ်။ အမှားကင္းတ့ဲ၊ အမှားနည်းတဲ့ အစိုးရတစ်ရပ် မဟုတ်ပေမယ့် အမှားကို ချက်ချင်း ပြုပြင်နိုင်တ့ဲ အစိုးရမျိုး အဖြစ် ပုံရိပ်ပေါ်လာမှာပါ။ ဝေဖန်ထောက်ပြ အဖြေရှာမှုတွေက ULA/AA အပေါ် ကျင့်ဝတ်သိက္ခာပိုင်းမှာ လူထုယုံကြည်မှု ပိုရလာတ့ဲ အကျိုးဆက်အထိ သက်ရောက်ပါတယ္။
ရခိုင်ပြည်နယ်မှာ လူထုရဲ ဝေဖန်ထောက်ပြမှု အခန်းကဏ္ဍက "သတင်းပေး" သက်သက် ထက်လည်းပိုပါတယ်။ လောလောဆယ် ရခိုင်အနေအထားမှာ "လူတစ်စုရဲ့ အာဏာ" ထဲမှာပဲ လည်ပတ်နေသေးတာပါ။ ဒါပေမယ့် "လူထုရဲ့ ဝေဖန်စောင့်ကြည့်မှု" ကလည်းရှိလာတာမို့ ULA/AA ဟာ ကျန်တဲ့အဖွဲ့အစည်းတွေထက် အများကြီး ပိုပြီး "ရှင်သန်နိုင်စွမ်း" (Resilience) ရှိလာမှာပါ။ ရှင်သန်နိုင်စွမ်းရှိမှုဟာ တန်ဖိုးတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတန်ဖိုးက မြင့်သွားပြီဆိုရင် နောက်ပြန်လှည့်ပြီး ပြန်ကျဖို့က ခက်ပါတယ်။ ဒါဟာ "ကံကောင်းမှု" ဆိုရင် ရခိုင်လူထုအတွက်တင်မကဘဲ၊ ULA/AA ကိုယ်တိုင်အတွက်လည်း တကယ်ကို ရဲရင့္တ့ဲ ကံကောင်းခြင်းပါပဲ။
တကယ်လို့ ULA/AA ဟာ လူထုရဲ့ ဝေဖန်ထောက်ပြမှုတွေကိုအကောင်းဘက်ကနေ ပြန်လည်သုံးသပ်ပြီး ပြုပြင်စရာကို ပြုပြင်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းကြောင်းမှာလည်း စံနမူနာ တစ်ခုဖြစ်နေမှာပါ။
Comments
Post a Comment