လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)-၂

 လခြမ်းမြေနှင့်  "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)-၂



လိုအပ်တဲ့ "ပွတ်တိုက္မှု" 


မဖြစ်မနေစစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေကို နိုင်ငံတကာစံနှုန်းတွေဘက်က ချဉ်းကပ်ပြီး မီဒီယာတွေဘက်က ထောက်ပြတာရှိပါတယ်။ ဘာကြောင့် ထောက်ပြရတာလဲ ဆိုရင် ULA/AA အနေနဲ့ စံနှုန်းတွေနဲ့ ညီအောင်လုပ်ပြတာနဲ့ လူထုယုံကြည်မှု ခိုင်မာတာမျိုး ရှိနေစေချင်လို့ပါ။ တကယ်လို့ မဖြစ်မနေ စစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေမှာ ULA/AA ဘက်က စံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ညီအောင် အတပ်နိူင်ဆုံးလုပ်ပြနေရင် ULA/AA အတွက် ဘာတွေထိခိုက်လာမှာလဲ၊ ဘာမှမထိခိုက်ပါဘူး။ တစ်ခုသာရှိပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲက နိူင်ငံရေးအရ အကျိုးအမြတ်ရနေသူတွေ၊ မိမိရဲ့ အာဏာ လုပ်ပိုင်ခွင့်ကို ထိခိုက်လာနိုင်မယ်လို့ ထင်နေ တ့ဲသူတွေက တော့ " စံနှုန်းတန်ဖိုးတွေအောက္မှာ လူရာဝင်မှု" နဲ့ "နိုင်ငံရေး ရင့်ကျက္မှု " တို့ကို လိုလားကြမှာ မဟုတ်ပါဘူး။


ပစ္စုပ္ပါန် ဒွိဟ (Dilemma)


တော်လှန်ရေးကာလမှာ မီဒီယာ၊ လူထု နဲ့ (အဖွဲ့အစည်းကို အပြည့်အဝ ထောက်ခံသူတွေ) ကြားမှာ ဒီလို ပွတ်တိုက္မှုတွေ ရှိလာတာဟာ လိုအပ်ချက် တစ်ခုဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုနိုင်ဖို့လည်း လိုပါတယ်။ ဒီလို အသိအမှတ်ပြုမှုဟာ ULA/AA ရဲ့ လူထုစည်းရုံးရေးနဲ့ လူထုဆက်ဆံရေးကို တန်ဖိုးပိုတက်စေမှာလဲ ဖြစ်ပါတယ်။  "တော်လှန်ရေးနဲ့ နိုင်ငံတည်ဆောက်ရေး" အခြေအနေ နှစ်ခုကို တပြိုင်နက်တည်း ရှေ့ဆက်နေရတ့ဲ အခါ မီဒီယာ၊ လူထု နဲ့ အဖွဲ့အစည်းကို အပြည့်အဝ ထောက်ခံသူတွေကြားမှာ ဒီမိုကရက် ယဥ်ကျေးမှုကို ကျင့်သုံးလို့ရသလောက် မကျင့္သုံးခ့ဲရင္တော့ လိုအပ်ချက် ဖြစ်တ့ဲ ပွတ်တိုက္မှုဟာ အပြန်အလှန် ဖြစ်ပေါ်နေတဲ့ အင်အားစုတွေရဲ့ တင်းမာမှုဘက်ကို ရောက်သွားတတ်တာကိုလည်း သတိပြုဖို့လိုပါတယ်။


မီဒီယာတွေက အခွန်ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြ အဖြေရှာလာတ့ဲ အခါမှာ ဘက်အသီးသီးမှာ ဖြစ်လာတ့ဲ ပစ္စုပ္ပါန် ဒွိဟ ကို ချိန်ထိုးကြည့်ပါမယ်။


ULA/AA ဘက်က အမြင်မှာ လက်ရှိကာလမှာ တော်လှန်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးကို တပြိုင်နက်တည်း လုပ်နေရပါတယ်။ လိုအပ်ချက်တွေ စိန်ခေါ်မှုတွေကြားက ဒါအတွက် နှပန်းလုံးနေရပါတယ်။ စစ်ရေးအတွက်ရော တည်ဆောက်ရေးအတွက်ရော အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ စစ်ပွဲတွေက အဆုံးအဖြတ်ပေးမယ့် အချိန်ကို ရောက်နေပါပြီ။ လက်နက်၊ ရိက္ခာ၊ ငွေကြေး မရှိရင် တော်လှန်ရေးက တန့်သွားနိုင်တယ်။ ဒါကြောင့် အခွန်လိုမျိုး ကိစ္စဟာ အသက်သွေးကြောပါ။ တဖက်မှာက ရခိုင်လူထုဟာလည်း အကြပ်အတည်းအောက္မှာ ထွက်ပေါက်ပိတ်နေပါတယ်။ ရခိုင်တော်လှန်ရေးရဲ့ အဓိက အားသာချက်က "ပြည်သူလူထုရဲ့ ထောက်ခံမှု" ပါ။ နိုင်ငံရေးအတွက် လူထုထောက်ခံမှုသာ လျော့သွားရင် စစ်ရေးအရ အောင်ပွဲခံဖို့ ပိုခက်သွားပါမယ်။

အခွန်က လူထုအတွက် ဝန်ပိစေပါတယ်။ ဒီတော့ အခွန်ကောက်ရင် လူထုစိတ်ဆိုးမယ်၊ မကောက်ရင် စစ်ရေးအတွက် အခက်အခဲရှိမယ်။ မီဒီယာတွေက လူထုရဲ့ အခက်အခဲကို ချပြလိုက်တဲ့အခါ ULA/AA အတွက် "ဖုံးဖိဖြေရှင်းလို့ မရတ့ဲ" အနေအထား ရောက်သွားပါတယ်။ 


ULA/AA ကို ထောက္ ခံက​ြတ့ဲသူတွေထဲက အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ  "ရန်သူ ၊ မိတ်ဆွေ" ဆိုတဲ့ သတ်မှတ်ချက် (Binary Perception) က ကြီးစိုးနေပါတယ်။ အဲဒီ အချို့ရဲ့ အမြင်က တော်လှန်ရေးကာလမှာ  "ငါတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်ရင် ရန်သူပဲ" ဆိုတဲ့ အမြင်မျိုးနဲ့ စုစည်းတတ်ကြတာပါ။  အထူးသဖြင့် ULA/AA ကို ရခိုင်အမျိုးသားလွတ်မြောက်ရေးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် မြင်ထားကြတဲ့အတွက် သူတို့ရဲ့ အုပ်ချုပ်ရေးကို ဝေဖန်ခြင်းဟာ "ရခိုင်အမျိုးသားရေးကို တိုက်ခိုက်တာ" လို့ အလိုလို ကောက်ချက်ချလိုက်ကြပါတယ်။

ဒီအချိန်မှာ မီဒီယာတွေဘက်က စံနှုန်းတွေ၊ အထောက်အထားတွေနဲ့ ပဲ ဖြစ်ဖြစ် သတင်းတင်ပြမှု ပုံစံနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုပဲ တင်ပြတင်ပြ  ဒါတွေဟာ ULA/AA အပေါ် ထောက်ခံသူတွေအတွက်တော့ "ငါတို့ရဲ့ အားနည်းချက်ကို ရန်သူလက်ထဲ အပ်လိုက်တာပဲ" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မီဒီယာတွေကို ဆဲဆိုကြတာ ဖြစ်ပါတယ်။


ဒါဟာ လူထုရဲ့"ရှင်သန်ရေး" နဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ "အုပ်ချုပ်ရေး" ကြားက ကွာဟချက် (Gap) လည်း ဖြစ်ပါတယ်။ ULA/AA အပေါ် ထောက်ခံသူတွေအတွက်ကတော့ "ဒီအဖွဲ့အစည်း မရှိရင် ငါတို့သေနိုင်တယ်" ဆိုတဲ့ စိုးရိမ်စိတ်က အဓိကပါ။ ဒါကြောင့် ဘယ်လို အခွန်ကောက်ကောက်၊ ဘယ်လောက် ပင်ပန်းပန်း၊ "သည်းခံကြရမယ်" ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိကြပါတယ်။ မီဒီယာတွေက "အခွန်ကြီးတယ်၊ စနစ်မကျဘူး" လို့ ပြောတဲ့အခါ၊ ဒါကို ထောက်ခံသူတွေက "စနစ်ကောင်းဖို့" လို့ မမြင်ဘဲ "အဖွဲ့အစည်းကို အပြစ်တင်တာ" လို့ပဲ မြင်ပါတယ်။ သူတို့အတွက်က "ဒီအချိန်မှာ အောင်ပွဲခံဖို့ပဲ လိုတယ်၊ ဝေဖန်ဖို့ မဟုတ်သေးဘူး" ဆိုတဲ့ အမြင်က အင်မတန် ပြင်းထန်နေပါတယ်။


သူတို့တွေရဲ့ အမြင်မှာ ငါတို့ဒါကို ပြင်လိုက္ရင် ပိုကောင်းမယ်ဆိုတာထက် မီဒီယာတွေ  "ဒဏ်ရာကို ခဏခဏလာ ထိနေတာ" လိုပဲ မြင်ကြတာပါ။ မီဒီယာဘက်က မြေပြင်အဖြစ်မှန်ကို ဖော်ထုတ်တယ် (ဒဏ်ရာကို ပြတယ်)။  အုပ်ချုပ်ရေးရဲ့ ချို့ယွင်းချက်ကို ထောက်ပြတယ် (ဆေးကုသဖို့ ပြောတယ်)။

မီဒီယာတွေက ဒီလိုလုပ်တဲ့အခါ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ "အာဏာရှိသူများ" သို့မဟုတ် "အကျိုးအမြတ်ရနေသူများ" က မီဒီယာကို မနှစ်မြို့တာ သဘာဝပါ။ အဲဒီနောက္မာမှ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေ၊ ထောက်ခံသူတွေကို လှုံ့ဆော်ပြီး မီဒီယာတွေကို "ရန်သူ" ပုံစံမျိုး ရိုက်သွင်းလိုက်တဲ့အခါ လူထုကိုလည်း အမှန်တရားကို မမြင်​ေခိုင်းတော့ဘဲ၊ မပြောရဲ မဆိုရဲ ဘဝနဲ့ အဖွဲ့အစည်းရဲ့ အကာအကွယ်ပေးသူတွေ အဖြစ် အသုံးချလာပါတယ်။ 



ဒီနေရာမှာ အကြီးမားဆုံး ပြဿနာက "မီဒီယာရဲ့ တာဝန်" ကို  နားလည်မှုလွဲနေခြင်းပါ။ မီဒီယာဆိုတာ အစိုးရ (သို့) အဖွဲ့အစည်းရဲ့ "အိတ်ထဲက အသံချဲ့စက်" မဟုတ်ဘဲ၊ ပြည်သူနဲ့ အုပ်ချုပ်သူကြားက "မှန်" ဖြစ်ရမယ်ဆိုတဲ့ အသိမျိုး ရခိုင်လူထုထဲမှာ အပြည့်အဝ မပျံ့နှံ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ မီဒီယာကို "စောင့်ကြည့်သူ" အဖြစ် မမြင်နိုင်ကြသေးပါဘူး။ 



လူထုရဲ့ ရေှ့မှာ အဖွဲ့အစည်းကို ထောက်ခံသူတွေက မီဒီယာတွေကို ဆဲဆိုနေတယ်ဆိုရင်လည်း ဒါဟာ မီဒီယာတွေ မှားနေလို့ မဟုတ်ပါဘူး။ ဒါဟာ မီဒီယာတွေ ဘက်က ကြည့်ရင် "တိုးတက္မှုရဲ့က္ခဏာ" တစ်ခုပါ။

အကယ်၍သာ ရခိုင်ပြည်သူတွေက မီဒီယာတွေကို ဘာမှမပြောဘဲ တိတ်ဆိတ်နေမယ်ဆိုရင်၊ အဲဒီလူ့အဖွဲ့အစည်းဟာ အာဏာရှင်ဆန်တဲ့ လမ်းကြောင်းပေါ်ကို အလွယ်တကူ ရောက်သွားနိုင်ပါတယ်။

အခုလို လူထုကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်နေသလို၊ မီဒီယာတွေကလည်း သူတို့လုပ်ရမယ့် တာဝန်ကို ဇွဲရှိရှိ ဆက်လုပ်နေတာဟာ "နိုင်ငံရေးအရ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတစ်ခု" ဖြစ်လာဖို့အတွက် လိုအပ်တဲ့ "ပွတ်တိုက္မှု" တွေပါ။


ULA/AA ကို ထောက်ခံသူတွေက  မီဒီယာ တွေကို ဆဲဆိုနေတာဟာ သူတို့ရဲ့ "ချစ်ခြင်းမေတ္တာကြောင့်" ဖြစ်သလို၊ မီဒီယာတွေက ဝေဖန်နေတာဟာလည်း "ရခိုင်ပြည်ရဲ့ လားရာနဲ့ လူထုလိုအပ်ချက် ကြောင့်ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးဟာ "ရခိုင်ပြည် ကောင်းစားရေး" ဆိုတဲ့ ဘက်ကို ကိုယ့်ရှူဒေါင့်နဲ့ကိုယ် ကြည့်နေတာဖြစ်လို့ နည်းလမ်းချင်း ကွဲပြားကာ ပွတ်တိုက္မှုက ခဏခဏ ဖြစ်နေအုံးမှာပါ။


ဒါဆို မီဒီယာတွေက ဘာဖြစ်လို့ ပြောနေကြတာလဲ


အတိုဆုံးအဖြေက လူထုရဲ့"ရှင်သန်ရေး" နဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ "အုပ်ချုပ်ရေး" ကြားက ကွာဟချက် (Gap) ပေါင္းကူးနိုင္ဖို့အတွက္ဒီယာတွေက ပြောလာရတာ ဖြစ်ပါတယ်။ ဒီလိုပြောလာရတ့ဲအခါ မီဒီယာတွေရဲ့ သဘောအရ ဘာတွေ ဘယ်လို ဖြစ်ပျက်နေတယ် ဆိုတာကို ပြောရပါတယ်။ ပြီးရင် ဘာကြောင့် ဒီလို ဖြစ်ပျက်ရတယ် ဆိုတာကို ပြောရပါတယ်။ ဒီလိုပြောတ့ဲအခါ မြေပြင်လူထုရဲ့ အသံကို ထင်ဟတ်ဖို့၊ ကျင့်ဝတ်နဲ့ ညီဖို့၊ အမြင်ဘက်စုံဖို့နဲ့အဖြေကိုဆွဲထုတ်ဖို့ ဆိုတ့ဲ အစိတ်အပိုင်းတွေ ပါရပါတယ်။ ဒါမှ ပြဿနာကို မြန်မြန်ဖြေရှင်း နိုင်မှာ ဖြစ်လို့ပါ။


မီဒီယာတွေက ဖော်ပြလာတ့ဲအခါ လူထုက ဘာကြောင့် ကြေနပ်နေကြတာလဲ


လူထုက ULA/AA အပေါ် အခွန်မပေးချင်လို့၊ မပေးဆပ်ချင္လို့ ကြေနပ်နေတာ မဟုတ်ပါဘူး။ "မိမိတို့ရဲ့ နာကျင်မှုကို နားလည်ပေးတဲ့သူ ရှိတယ်" ဆိုတဲ့ ခံစားချက်ကြောင့် ကြေနပ်နေတာပါ။ လူထုဘက်က ကြည့်ရင် မီဒီယာတွေဘက်က ဖော်ပြချက်ကြောင့် သူတို့အသံထွက်ခွင့်ရသွားပါတယ်။ အရင်ကဆိုရင် "တော်လှန်ရေးကြီးအတွက် သည်းခံကြပါ" ဆိုတဲ့ စကားလုံးအောက္မှာ လူထုက ကိုယ့်ဒုက္ခကို အသံမထွက်ရဲကြဘူး။ အခုတော့ မီဒီယာတွေကနေတစ်ဆင့် ကိုယ့်ဒုက္ခကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ရသွားတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ "ခံစားချက်ကို ဖြေသိမ့်ပေးတဲ့ (Venting mechanism)" ယန္တယား နေရာကို မီဒီယာက ဝင်ပြီး ရပ်ပေးရပါတယ်။ "အသိဉာဏ်ကို တည်ဆောက်ပေး (Intellectual foundation)" မူကို မီဒီယာ ဝင်ပြီး ကူထမ်းပေးရပါတယ်။ တကယ်လို့ မရပ်ရင် မကူထမ်းရင် အဲဒီ မီဒီယာကို လူထုက ဒဏ်ခတ်မှာပါ။ အသံထွက္ ခွင့္ရလာတ့ဲအခါ လိုအပ်နေ တ့ဲ အစိတ်အပိုင်းရဲ့ တရားမျှတမှုကို တောင်းဆိုချက်က ပါလာပါတယ်။  "ငါတို့ အကြပ်အတည်းကို ဘယ်လို ဖြေရှင်းမလဲ" ဆိုတဲ့ မေးခွန်းကို လူထုက တနည်းနည်းနဲ့ မေးခွင့်ရသွားတာဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် "အရွယ်ရောက်လာခြင်း" (Maturation) အဆင့်တစ်ခုပါ။ ဒီလို တော်လှန်ရေးကာလမှာ လူထုရဲ့ ရင့်ကျက္မှု(Muturation) ဖြစ်လာတာဟာ လူထုက ULA/AA ကို ရန်သူလို့ မြင်တာမဟုတ်ပါဘူး။ "ကိုယ့်အဖွဲ့အစည်းကို ကိုယ်တိုင် တည့်မတ်ပေးဖို့ ကြိုးစားနေတာ"သာ ဖြစ်တဲ့အတွက် လူထုက မီဒီယာတွေက ဖော်ပြချက်ကို ပိုပြီး စိတ်ကျေနပ်နေတာပါ။


ဒီ ပစ္စုပ္ပါန္ ဒွိဟ တွေက ဘာဆက်ဖြစ်လာမလဲ


ဆင့်ကဲ နိုင်ငံရေး တိုးတက် မှုတွေ ဖြစ်လာနိုင်ပါတယ်။  ULA/AA ဘက်က လူထုကို ပိုပြီး ချဉ်းကပ် စည်းရုံးဖို့လိုလာပါတယ်။ အချို့ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာမှု မြှင့်တင်ပေးဖို့ လိုလာပါတယ်။ ဘယ်လို အခြေအနေဖြစ်နေလို့ ဒီလို အခွန်အကြပ်အတည်းတွေ ဖြစ်နေရတယ်၊ အခွန်ကို ဘယ်မှာသုံးနေရတယ်၊ ဘာကြောင့် ဒီလို ကောက်ခံမှုက များရတယ် ဆိုတာကို လူထုကို ရှင်းပြရပါတော့မယ်။ "ပြောစရာမလိုဘူး၊ လုပ်ရုံပဲ၊ ဒါဟာ အမိန့်ပဲ၊ မလိုက်နာရင် သစ္စာဖောက်၊ ရှင်းပစ်လိုက္မယ်" ဆိုတဲ့ စနစ်ကနေ "ပြည်သူကို ဗဟိုပြု ရှင်းပြရမယ် ဆိုတ့ဲ ဗဟို​ပြုစနစ်ကို ပြောင်းလဲလာဖို့ ပြင်ဆင်လာရပါတော့မယ်။ လူထုနဲ့ လက်ရည်တပြင်တည်း နေချင်သည် ဖြစ်စေ၊ မနေချင်သည် ဖြစ်စေ လူထုနဲ့ နီးကပ်လာတ့ဲအခါ လူထုအသံကို အမှန်တကယ် ကြားလာရပါတော့မယ်။ နားခါးစရာအချို့ရှိပေမယ့် လိုအပ်ချက်အရ စနစ်ကို ပ​ြုပြင်တ့ဲအခါ အထိအခိုက်က နည်းသွားပြီး လူထုယုံကြည်မှုက ရေရှည် ခိုင်မာလာပါတယ်။ လူထုဖက်ကလည်း သူတို့  ထောက်ပြတဲ့အတိုင်း ဂိတ်ကြေးတွေကို စနစ်တကျ ပြန်လည် စီမံခန့်ခွဲတာ၊ လမ်းတံတား အခွန်အခ တွေကို ပြင်ဆင်တာမျိုးကို က​ြုံလာတ့ဲအခါ စိတ်ကြေနပ်မှုက ရလာပါမယ်။


အဲဒီလို လည္ပတ္သွားတ့ဲ အခြေအနေဟာ ULA/AA အတွက် လူထုကို "ရှုံးနိမ့်ခြင်း"  မဟုတ်ပါဘူး။ ဒါဟာ လူထုနဲ့ တသားတည်းဖြစ်မှုကို ပြန်သွားတ့ဲ ရဲရင့္တ့ဲ "အသွင်ကူးပြောင်းခြင်း" ပါ။ မီဒီယာတွေက ULA/AA ကို ချောက်ထဲတွန်းချတာ မဟုတ်ဘဲ၊ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုပြီး "ပွင့်လင်းမြင်သာမှုရှိတဲ့" စနစ်ဘက်ကို တွန်းပို့ပေးနေတာပါ။

ဒီအခြေအနေမှာ ULA/AA သာ ရဲရင့္တ့ဲ အသွင်ကူးပြောင်းခြင်း"ကိုလုပ်ပြမယ်ဆိုရင် ပိုပြီး ခိုင်မာတဲ့ "အစိုးရတစ်ရပ်" ဖြစ်လာမှာပါ။ အကယ်၍များ မီဒီယာတွေနဲ့ လူထုရဲ့ အသံကို ဂရုမစိုက်ဘဲ "ဒါဟာ ငါတို့ အမိန့်ပဲ၊ မလိုက်နာရင် သစ္စာဖောက်၊ ရှင်းပစ်လိုက္မယ်" ဆိုတ့ဲ ပုံစံနဲ့ ဆက်သွားနေမယ် ဆိုရင်လည်း လူထုရဲ့ စိတ်ပျက္မှုတွေက ပိုပြီး များပြားလာမှာပါ။


ULA/AA သာ ရဲရင့္တ့ဲ အသွင်ကူးပြောင်းခြင်းကို လုပ်လာမယ်ဆိုရင် ဒီပွဲမှာ အနိုင်ရမယ့်သူက ULA/AA လား၊  လူထုလားလို့ မေးရင်... အဖြေက "နှစ်ဦးစလုံးပါပဲ"။ အေအေက အုပ်ချုပ်ရေး ရင့်ကျက်လာမယ်၊ လူထုကလည်း ကိုယ့်အခွင့်အရေးကိုယ် သိလာပြီး တာဝန်ယူစိတ် ရှိလာမယ်။ ဒါဟာ ရခိုင်လူ့အဖွဲ့အစည်းရဲ့ အကြီးမားဆုံး နိုင်ငံရေး အာသီသကို ပုံပေါ်ဖို့ အရှိန်အဟုန်လည်း ဖြစ်ပါတယ်။


ဒါကြောင့်လည်း ရခိုင့်နိုင်ငံရေး အလှည့်အပြောင်းကို ဒီလို "လိုအပ္တ့ဲ ပွတ်တိုက္မှု" တွေကနေ ကြည့်လို့ရပါတယ်။ ULA/AA ဘက်က လူထုရဲ့ အသံကို ဘယ်လို နားထောင်မှာလဲ၊ ရဲရင့္တ့ဲ အသွင်ကူးပြောင်းခြင်း တွေကို ဘယ်လောက်ထိ လုပ်မှာလဲ ဆိုတာတွေကလည်း  ရှေ့ဆက္မယ့် ရခိုင်နိုင်ငံရေးရဲ့ အလှည့်အပြောင်း တွေကို ပုံဖော်လာပါလိမ့်မယ်။


ဆက်ရန်



Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း