လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၁)
လက်နက်ပါဝါဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- (၁)
ပြီးခ့ဲသောရက္ပိုင္း အတွင်း ပလက်ဝဘက်တွင် ကလေးသူငယ်ကျောင်းသားတစ်ဦး အပါအဝင် လူငယ် ၂၀ခန့်အား အေအေက သွားလာခွင့် ပိတ်ပင်ကာ ခေါ်ဆောင္သွားခ့ဲသည္ဟူသော သတင်းတစ်ပုဒ် လူမှုကွန်ရက်တွင် တက္လာခ့ဲသည္။ ထိုသတင်းနှင့်အတူ မည်သူမဆို အသက် ၁၀ နှစ်အထက်ရှိပါက ရခိုင်ပြည်မှ ထွက်ခွာခွင့်ကို ပိတ်ပင်သည်ဟုလည်း အသံအချို့ကို ကြားရသည်။ ၁၀ နှစ်အထက် ရှိသူများအား ရခိုင်ပြည်မှ ထွက်ခွာခွင့်ကို ပိတ်ပင်သည်ဟူသော အချက်က မည်မျှ မှန်၏၊ မမှန်၏ ကတော့ ULA/AA ကသာ အဖြေ ပေးနိုင်မည္ဖြစ်သည်။ တဖက်တွင် ULA/AA ကိုယ်တိုင် စစ်မှုထမ်းရန်အသက်အပိုင်းအခြားရှိသော သူများကို ရခိုင်ပြည်တွင်းမှ ထွက်ခွာခွင့်ကို ကန့်သတ်ထားသည်က အမှန်ဖြစ်သည်။
စစ်သားစုဆောင်းမှုမှ ညွှန်ပြနေသော လားရာ
မြန်မာစစ်တပ်သည်လည်းကောင်း၊ အခြားလက်နက်ကိုင် အုပ်စုများသည်လည်းကောင်း လက်ရှိ အခြေအနေတွင် စစ်သားစုဆောင်းမှု လုပ်နေကြသည်။ ထိုစစ်သားစုဆောင်းမှု က တဖက်တွင် သိသာထင်ရှားသော အချက်တစ်ချက်ကို ဖော်ပြနေသည်။ ထိုအချက္မှာ မြန်မာစစ်တပ်အပါအဝင် အခြားလက်နက်ကိုင် အုပ်စုတိုင်းနီးပါးတွင် အင်အားလိုအပ်ချက် ရှိနေသည်ဟူသော အဓိပ္ပါယ္ဖြစ်သည္။ အင်အားလိုအပ်ချက် ရှိနေသည် ဆိုခြင်းကပင် မြန်မာစစ်တပ် အပါအဝင် အခြားလက်နက်ကိုင် တပ်ဖွဲ့များတွင် စစ်ရေးဆိုင်ရာ ကိစ္စများအတွက် အင်အားမလုံလောက္မှု အရှိတရားကို သိသာစေသည္။ အင်အားလိုအပ်ချက်အား အဖွဲ့အစည်းလိုက် ဖြေရှင်းကြရာတွင် ယေဘူယျ တူညီသော လက္ခဏာမှာ မိမိတို့၏ ထိန်းချုပ်နယ်မြေမှ လူထုအား ထွက်ခွာခွင့်အား ကန့်သတ်ခြင်း၊ စစ်မှုထမ်းခိုင်းမှုတွင် လူဂုဏ်သိက္ခာအား ထိခိုက်စေသော လုပ်ရပ်များရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ ငွေကြေးသို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရလိုမှုဖြင့် ကိုယ်ကျိုးရှာခြင်း၊ လူထုအား ဖိနှိပ္ လိုခြင်း စသည့် ဖြစ်စဉ်များက ဘက်အသီးသီး အုပ်စုအသီးသီးတွင် ရှိနေကြသည်။
အဆိုပါ ဖြစ်စဉ်များက မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကြပ်အတည်းကို ဖြစ်ပေါ်လာစေသည်။
စစ်မှုထမ်းခိုင်းခြင်းနှင့် ထွက်ခွာမှုအား ကန့်သတ်ခြင်း
မည်သည့်အချိန်တွင် မဖြစ်မနေ စစ်မှုထမ်း စနစ်သည် တရားဝင်သနည်း။
နိုင်ငံတကာစံနှုန်းအရ မိမိတိုင်းပြည်နိုင်ငံ မတရားကျူးကျော်ခံရခြင်း၊ ပြည်တွင်း မငြိမ်မသက် ဖြစ်နေခြင်း တို့ကို ဖြေရှင်းရန် လိုအပ်ပါက နိုင်ငံ၏ အာဏာပိုင်များသည် ဥပဒေ ဖြင့် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးနိုင်သည်။
အတင်းအကျပ် စစ်မှုထမ်းခြင်း (Forced Conscription) သည် နိုင်ငံတကာစံနှုန်းအရ နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံတော်အာဏာပိုင်များက ဥပဒေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရှိသည့် လုပ်ရပ်တစ်ခုဖြစ်သည်။
သတိပြုရန်မှာ ဤအချက်များတွင် နိုင်ငံတော်အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ဟူသည် အလုံးစုံ အရာခပ်သိမ်း အမှန်မဟုတ်သေးပေ။
မည်သည့်အချိန်တွင် ထွက်ခွာခွင့်အား ကန့်သတ်ခွင့်ရှိသနည်း။
နိုင်ငံတကာ စံနှုန်းအရ အများသူငါအတွက် အကျိုးဖြစ်ထွန်းစေရန်၊ ဘေးအန္တရာယ္ ကင်းရှင်းစေရန်၊ ထွက်ခွာသူ၏ ဘေးအန္တရာယ်ကို တားဆီးပေးရန် အတွက် ဖြစ်ပါက နိုင်ငံတော်အာဏာပိုင် များသည် လူထု၏ ထွက်ခွာခွင့်ကို ကန့်သတ်ပိတ်ပင် ပိုင်ခွင့်ရှိသည်။
မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်းပင်ဖြစ်စေ၊ လူထု၏ ထွက်ခွာခွင့်အား ကန့်သတ်ပိတ်ပင်မှုပင် ဖြစ်စေ နိုင်ငံတကာစံနှုန်းအရ အချက် ၄ ချက်ဖြင့် ပြည့်မှီရမည်ဖြစ်သည်။
၁- ဥပဒေနှင့်အညီ (Legality) ဖြစ်ရမည်။ အရေးကြီးဆုံး သဘောသဘာဝ ဖြစ်သော တရားမျှတမှု၊ တန်းတူညီမျှ၊ အကျိုးအကြောင်းညီညွှတ်မှု ဆိုသော ဥပဒေ အင်္ဂါရပ်များ ပါဝင်ရမည်။ စေခိုင်းချက်၊ ညွှန်ကြားချက်၊ အမိန့်၊ ကန့်သတ်ချက် စသည့် ကိစ္စရပ်များမှာ နိုင်ငံ၏ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက္များနှင့်အညီ ဖြစ်ရမည်။ ထိုအမိန့် ဥပဒေဟူသည်လည်း မည်သူမဆို သိရှိနားလည်နိုင်သော ပြဋ္ဌာန်းချက်ဖြစ်ရမည်။ အဘယ်ကြောင့် သိရှိနားလည်နိုင်သော ပြဌာန်းချက် ဖြစ်ရမည်ဆိုသော် ထိုပြဌာန်းချက်အပေါ်တွင် လူထုဘက္မှ သူ့၏ အမြင်အား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မကြိုက်ပါက ကန့်ကွက်ခွင့် ရှိနေစေရန် ဖြစ်သည်။
၂။ တရားဝင် ရည်ရွယ်ချက် (Legitimate Aim) ရှိရမည်။ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ကန့်သတ်ရခြင်း၏ အကြောင်းရင်းမှာ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့အကျိုးစီးပွား (သို့မဟုတ်) ဘေးအန္တရာယ်မှ ကာကွယ်ပေးရန်အတွက်သာ ဖြစ်ရမည်။
၃။ ကန့်သတ်ချက်၊ အမိန့်အားနာခံခိုင်းချက္များသည် အခြားနည်းလမ်းများ (ဥပမာ - သတိပေးခြင်း၊ အကြံပြုခြင်း) ဖြင့် မဖြေရှင်းနိုင်သည့်အခါမျိုးတွင်မှ အသုံးပြုရမည်။ ထိုသို့ အခြားနည်းလမ်းများ ဖြင့် ဖြေရှင်းရန်မဖြစ်နိုင်ဟူသော အကြောင်းပြချက်သည် အကျိုးအကြောင်းဆီလျှော်ရမည် ဖြစ်သည္။ထို ကန့်သတ်ချက်၊ အမိန့်အား နာခံခိုင်းချက္များကို မထုတ်ပြန်လျှင် မဖြစ်တော့၍ နောက္ဆုံးလက်နက္ အဖြစ် အသုံးပြုရန် လိုအပ်ချက် (Necessity) ကြောင့္သာ ဖြစ်ရမည်။
၄။ ရရှိသောအကျိုးနှင့် ပေးဆပ်ရသော တန်ဖိုးသည် လူထုအတွက် အချိုးအစားညီမျှမှု (Proportionality) ဖြစ်ရမည်။ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာမှုအား ပိတ်ပင်ခြင်းတို့သည် လိုအပ်သော အခြေအနေထက် ပိုလွန်နေခြင်း မဖြစ်ရပါ။ ဆိုလိုသည်မှာ ရည်ရွယ်ချက်၊ ကန့်သတ်ချက်၊ အမိန့်အားလိုက်နာရန် ပြုလုပ်ချက် တို့အား လူထုအား ပေးဆပ်လိုက်နာခိုင်းရာတွင် လူထု ရရှိမည့် အကျိုးစီးပွားနှင့် ပေးဆပ်မှုမှာ အချိုးအစား မျှတနေရမည်။ အကယ်၍ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်းတို့ကြောင့် ပြည်သူကို ပိုမိုထိခိုက်စေခြင်း (သို့မဟုတ်) အကြောင်းမဲ့သက်သက် ဖိနှိပ်ခြင်းမျိုး ဖြစ်နေပါက နိုင်ငံတကာစံနှုန်းများနှင့် မညီပါ။
သို့ဖြစ်၍ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်းတို့ကြောင့် ပြည်သူများကို ဘေးအန္တရာယ်မှ ကာကွယ်ရန်၊ ပြည်သူအတွက် အကျိုးစီးပွားများကို ဖော်ဆောင်နိုင်သည်ဟု သက်သေ ပြနိုင်ပြီး ပြည်သူ လိုအပ်ချက္များ အကူအညီများကို ထိုနေရာတွင် ပေးအပ်နိုင်ပါကနိုင်ငံတကာစံနှုန်းနှင့် ညီနိုင်သည့်အခြေအနေတွင် ရှိပါသည်။
ထိုသို့မဟုတ်ဘဲ စစ်မှုထမ်းခိုင်းခြင်း၊ ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း တို့ကြောင့် ရလဒ်မှာ ပြည်သူ့အတွက် အကျိုးစီးပွားလည်း မရှိ၊ ပြည်သူတို့၏ လွတ်လပ်မှုကို ဖိနှိပ်ရန် (သို့မဟုတ်) အခြားနေရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ပြည်သူများ ပိုမိုကောင်းမွန်သော အခွင့်အရေးရရှိမည်ကို မလိုလား၍ ပိတ်ပင်ခြင်းမျိုး ဖြစ်ပါက ၎င်းသည် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက္မှု ဖြစ်ပြီး နိုင်ငံတကာစံနှုန်းနှင့် မညီနိုင်သည့် ရာဇဝတ်မှု လုပ်ရပ်များ ဖြစ်လာပါသည်။
ထို့ကြောင့် ထိုအုပ်ချုပ်သူ၏ လုပ်ရပ် (အမိန့် အာဏာ၊ မူဝါဒ) သည် "ပြည်သူကို အမှန်တကယ် ကာကွယ်ပေးခြင်း (Protection)" ဟုတ်မဟုတ် နှင့် "ပြည်သူ့အခွင့်အရေးကို ဖိနှိပ်ခြင်း (Suppression)" ဟုတ်မဟုတ်အပေါ်တွင် မူတည်၍ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆုံးဖြတ်လာမည် ဖြစ်သည်။
ဥပဒေနှင့် အညီ ဖြစ်ခြင်းဆိုသည်မှာ တရားမျှတမှု၊ တန်းတူညီမျှ၊ အကျိုးအကြောင်းညီညွှတ်မှု စသည့် အင်္ဂါရပ်များ ပါဝင်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။
စစ်ပွဲများတွင်ပင် အကန့်အသတ်ဟူသည် ရှိသည်။ စစ်ပွဲကာလအတွင်းတွင်ပင် လူသားဆန်မှုနှင့် လူသားချင်းစာနာမှုမှာ လိုအပ်သည်။ စစ်ပွဲကာလ အတွင်းမှာပင် ပဋိပက္ခထဲရှိ ထိခိုက်လွယ်သော အရပ်သားလူထုတွင် တရားမျှတမှု၊ တန်းတူညီမျှ၊ အကျိုးအကြောင်းညီညွှတ်မှု စသည့် ဥပဒေ အင်္ဂါရပ်များကို မျှော်လင့်တောင့်တမှုက ရှိနေသည်။
ဆက်ရန်
Comments
Post a Comment