လခြမ်းမြေနှင့် "နိုင်ငံရေး ရင့်ကျက်မှု" (Political Maturity)- ၁

 လခြမ်းမြေနှင့်  "နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity)- ၁


နိုင်ငံရေးအရ ရင့်ကျက္မှုဆိုတာ  လူ့အဖွဲ့အစည်းတစ်ခုထဲမှာ တစ်ဦးချင်းအလိုက် နိုင်ငံရေးအမြင်၊ ဆုံးဖြတ်ချက်နှင့် တုံ့ပြန်ချက်တွေထဲမှာ ပိုမိုမြင့်မားတ့ဲ အသိဥာဏ်၊ သည်းခံနိုင်မှုနှင့် တာဝန်ယူမှုရှိလာတာမျိုးကို ဆိုလိုတာပါ။ ဒါဟာ စိတ်ခံစားချက်အပေါ် အခြေခံပြီး တုံ့ပြန်ခြင်းမျိုးမဟုတ်ဘဲ၊ အခြေအနေအရပ်ရပ်ကို အမြော်အမြင်ရှိရှိ ချိန်ဆနိုင္တ့ဲ အရည်အချင်းတစ်ခု ပါ။ 


လက်ရှိရခိုင်ဟာ နိုင်ငံရေးအရ၊ စစ်ရေးအရ အကြပ်အတည်းအောက္မှာ ရှိနေပါတယ်။ ပြီးရင် စားဝတ်နေရေး အကြပ်အတည်းနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကြပ်အတည်းက ဆိုးဆိုးဝါးဝါးရှိနေပါတယ်။ ဒီလို အနေအထားမှာ ရခိုင်လူထုဟာ နိုင်ငံရေး ရင့်ကျက္မှု (Political Maturity) ရှိနေရင် ရင္ဆိုင္​ေနရတ့ဲ အခက်အခဲတွေကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်မှာပါ။


နိုင်ငံရေးအရ ရင့်ကျက္မှု (Political maturity) ဆိုတာဟာ စိတ်ခံစားချက်၊ အမြင်ကျဉ်းမြောင်းမှု ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေထက်  သည်းခံတာ၊ ဆွေးနွေးတိုင်ပင်တာနဲ့ ရေရှည်အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်စွမ်းတွေ ရှိတာကို ဆိုလိုတာပါ။  ဒါတွေထဲမှာ တာဝန်ယူမှုရှိတာ၊ ဥပဒေစိုးမိုးရေးကို လေးစားတာနဲ့  သဘောထားကွဲလွဲမှုတွေကို လက်ခံတတ်တာ၊ အဲဒီ ကွဲလွဲတွေကပဲ အပြုသဘောဆောင္တ့ဲ နည်းလမ်းတွေကို စီမံခန့်ခွဲလာနိုင်တာ စတ့ဲ အရည်အသွေးတွေရှိပါတယ်။


လခြမ်းမြေ၏ ချည်နှောင်မှု


ရခိုင်မှာ လူထုနဲ့ ULA/AA ကြားမှာ အပြန်အလှန် ချည်နှောင်မှုက ရှိပါတယ်။ လူထုဟာ ULA/AA အပေါ်မှာ အမြင့်ဆုံး မျှော်လင့်ချက်ကို ထားပါတယ်။ မြို့သိမ်းစစ်ပွဲတွေ ဖြစ်လာပြီးနောက်ပိုင်းမှာ အောက်ခြေမှာ အာဏာပြမှုတွေ၊ စနစ်မကျမှုတွေ ရှိနေပေမယ့် လူထုဟာ တော်တော်များများ သည်းခံနေကြပါတယ်။ ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ် အစပိုင်းလောက္မှာတော့ လူထုထံက ဝေဖန်မှုတွေဟာ အသံထွက်လာပါတယ်။ ဒီနေရာမှာ ULA/AA ဘက်ကို သိစေချင်တာက လူထုဟာ သည်းခံနေ တယ်၊ ယခု ဝေဖန်မှုတွေ ရှိလာတယ် ဆိုတာဟာ ULA/AA အပေါ်မှာ အမြင့်ဆုံး မျှော်လင့်ချက်ကို ထားနေ သေးတယ္ ဆိုတ့ဲ အချက်ကြောင့်ပါပဲ။ လူထုဟာ သူတို့ထားတ့ဲ အမြင့်ဆုံး မျှော်လင့်ချက်ကို အထိအခိုက္မခံချင်လို့ သည်းခံမှုနဲ့ ဝေဖန်မှုကို လုပ်နေတာပါ။


ဒီနေရာမှာ လူထု ဘာကိုသည်းခံတာလဲ လို့မေးရင် ULA/AA ရဲ့ ထိန်းချုပ်မှုကို သည်းခံပါတယ်။ အမှုအခင်းဖြစ်ရင် ULA တည္ထောင္ထားတ့ဲ တရားရုံးကိုသွားတယ်။ နေရာတစ်ခုက တစ်ခုကို ဖြတ်သန်းရင် ULA သတ္မှတ္ ထားတ့ဲ စနစ်၊ ထောက်ခံစာတွေကို ယူလာတယ်။ အခွန်သတ်မှတ်လာရင်လည်း အခွန်ကို ထည့်တယ်။ ဒါဟာ လူထုဘက်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သည်းခံမှုနဲ့ နာခံမှုကို ပေးထားတာလို့လည်း မြင်ကြည့်ဖို့လိုပါတယ်။ ရခိုင်လူထုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံဖူးထားတ့ဲ သူတွေပါ။ အုပ်ချုပ်မှုစနစ်တစ်ခုဟာ "ဘယ်လောက်ကောင်းမလဲ ဆိုတာကို မသိနိုင်ပေမယ့် ဘယ်လောက်တော့ ဆိုးနိုင်တယ်" ဆိုတာကို တော့ သိနိုင္တ့ဲ စွမ်းရည်တွေ ရှိပါတယ်။ လူထုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို မကြိုက်ပါဘူး။ ဒါဟာ ULA/AA အတွက် အဓိက နိုင်ငံရေး အရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်လူထုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ ဆင္တူတ့ဲ လုပ်ရပ်မျိုးကိုလည်း မကြိုက်ဘူးဆိုတာကို သိဖို့ ခံစားမိဖို့လည်း လိုပါတယ်။


"နိုင်ငံရေး ရင့်ကျက္မှု" (Political Maturity) ကိုတည္ဆောက္တ့ဲ အခါမှာ အုပ်ချုပ်သူလည်း ရင့်ကျက်ဖို့လိုသလို လူထုကလည်း ရင့်ကျက်ဖို့လိုပါတယ်။


လူထုဟာ လူပြိန်းကြိုက်ဝါဒကို ခုခံနိုင်စွမ်း (Resilience Against Populism) ရှိဖို့လိုပါတယ်။  စိတ်ခံစားချက်အသားပေး ဟောပြောမှု (emotional rhetoric)တွေ၊ ရေတိုလူပြိန်းကြိုက် မြှူဆွယ်တာတွေ၊ လှည့်ဖြားခြယ်လှယ်ခံရနိုင်တာတွေကို  တွန်းလှန်နိုင်ဖို့လိုပါတယ်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု (Critical Thinking) အဲလို လှည့်ဖြားခြယ်လှယ် ခံရမှုကို တားဆီးပေးပါတယ်။ ရသမျှ သတင်းစကားတိုင်း၊ ဝါဒဖြန့်မှုတိုင်းကို မျက်စိမှိတ်မယုံဘဲ အချက်အလက်တွေကို စိစစ်တာ၊ ဘယ်သူအတွက် အကျိုးရှိသလဲလို့ တွေးခေါ်တာနဲ့ စိတ်ခံစားချက်နောက်ကို မလိုက်ဘဲ ယုတ္တိရှိရှိ စဉ်းစားတာတွေ ပိုမိုအားကောင်းလာဖို့လိုပါတယ်။ စနစ်နှင့် ဥပဒေကို လေးစားမှု (Respect for Rule of Law) ဆိုတ့ဲ သဘောတရားရဲ့ အနှစ်သာရကို လူထုအား သဘောပေါက်ဖို့လိုပါတယ်။ မိမိလိုချင်သော ရလဒ်တစ်ခုကို ရရှိရန်အတွက် နည်းလမ်းမှန်၊ စနစ်မှန်ကိုသာ အသုံးပြုတတ်ဖို့လိုပါတယ်။ နည်းမှန် စနစ်မှန် အသုံးပြုတယ်ဆိုတာမှာ ကိုယ်တိုင် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း တွေဟာ ကိုယ့်အတွက် တရားမျှတရဲ့လား၊ ကိုယ့်ကိုကော ဘာထိခိုက်နေလဲ၊ ကိုယ့်က အခွင့်အရေးယူရင် အခြားဘယ်သူ့ကို ထိခိုက္မလဲ၊ အားလုံးအကျိုးအတွက် ဘယ်လိုစဉ်းစားသင့်လဲ ဆိုတ့ဲ အချက်တွေလည်းပါပါတယ်။ တကယ်လို့ လူထုဟာ  စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေဘောင်အတွင်းမှသာ လှုပ်ရှားဆောင်ရွက်ပြနိုင်လာရင် တဖက္မှာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုကို ပိုပြီးထိန်းသိမ်းပြထားနိုင်ပါတယ်။ အဲဒီလို ထိန်းသိမ်းပြနိုင်မှုက အာဏာပြ ပါဝါပြချင္ကြတ့ဲ အုပ်ချုပ်သူတွေ အဝေးကို ရောက်စေပါတယ်။


ရခိုင်လူထု မြို့သိမ်းတိုက်ပွဲကာလတွေတလျှောက် သည်းခံနေ တ့ဲ အချိန်မှာ လူပြိန်းကြိုက်ဝါဒကို တသွင်သွင် အသုံးချပြီး ကိုယ့်ကိုယ်ကို ပုံရိပ်ဖော် အကျိုးစီးပွား ရယူတတ္ တ့ဲ သူတွေ နေရာရလာတာကိုလည်း တွေ့နေရမှာပါ။


အုပ်ချုပ်သူတွေဘက်က မတူကွဲပြားမှုကို လက်ခံနိုင်မှုကို  (Tolerance of Diversity) ပြသနိုင်ဖို့လည်း အရေးကြီးပါတယ်။ အမြင်မတူသူတွေကို  ရန်သူဟု မသတ်မှတ်ဘဲ၊ ဒီမိုကရေစီ၏ အခြေခံဖြစ်တ့ဲ 'ကွဲပြားခြားနားသောအမြင်များ' ရှိနေတာဟာ သဘာဝကျတယ် ဆိုတ့ဲ လက်ခံနိုင်မှုကိုလည်း ပြဖို့လိုပါတယ်။ ပါတီအတွင်းမှာ အငြင်းပွားမှုတွေကို ရန်ပွဲအဖြစ် မပြောင်းလဲစေဘဲ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံနိုင်ဖို့က လိုအပ်ပါတယ်။ ဘယ်လိုပဲ အမြင်မတူကြသည်ဖြစ်စေ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု (Prioritizing National Interest)က ရှိနေရမှာပါ။ ပါတီအကျိုး၊ အဖွဲ့အစည်းအကျိုး၊ တစ်ကိုယ်ရေအကျိုးစီးပွား ဆိုတာထက် နိုင်ငံနဲ့ လူထုတစ်ရပ်လုံး ရေရှည်အကျိုးစီးပွားကို အမြဲဦးစားပေးဖို့က လိုပါတယ်။ ပါတီအတွင်းက အုပ်စုတွေဟာ  "ငါတို့ဘက်ကနိုင်ဖို့" ထက် "နိုင်ငံအတွက် ဘာကအကောင်းဆုံးလဲ" ဆိုသည့် အမြင်ကို လက်ကိုင်ထားဖို့လိုပါတယ်။ 


နောက်ပြီး ပါတီတွင်း အုပ်စုတွင်းထဲမှာပဲ ဖြစ်ဖြစ်၊ လူထုနဲ့ ဆက်ဆံရာမှာပဲ ဖြစ်ဖြစ် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဖြေရှင်းမှု (Non-violent Resolution) ကို ဦးစားပေးဖို့လိုပါတယ်။ 

ပြဿနာများကို လက်နက်၊ လုပ်ပိုင်ခွင့်၊ အာဏာ စတာတွေအသုံးပြုပြီး ဖြစ်ဖြစ်၊  အကြမ်းဖက္မှု ပုံစံနဲ့ဖြစ်ဖြစ်  အသုံးမပြုဘဲ စကားပြောဆိုမှု (Dialogue)တွေ၊  ညှိနှိုင်းမှုတွေနဲ့ တရားဝင်သော နည်းလမ်းများဖြင့်သာ ဖြေရှင်းလိုစိတ်ရှိခြင်း တို့ကို တည်ဆောက်ရမှာပါ။ 


နိုင်ငံရေးအရ ရင့်ကျက္မှုရဲ့ အဓိကရှုထောင့်တွေထဲမှာ အပြန်အလှန် အပ​ြုသဘောဆောင္တ့ဲ ပါဝင်ဆောင်ရွက္မှုက ရှိပါတယ်။ ပြင်းထန်တ့ဲ သဘောထားကွဲလွဲမှုတွေ ရှိနေလင့်ကစား ပဋိပက္ခထက် ဆွေးနွေးအဖြေရှာခြင်း၊ သည်းခံခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့ကို ဦးစားပေးဖို့လိုပါတယ်။


လိုအပ်တဲ့ "ပွတ်တိုက္မှု" 


မဖြစ်မနေစစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေကို နိုင်ငံတကာစံနှုန်းတွေဘက်က ချဉ်းကပ်ပြီး မီဒီယာတွေဘက်က ထောက်ပြတာရှိပါတယ်။ ဘာကြောင့် ထောက်ပြရတာလဲ ဆိုရင် ULA/AA အနေနဲ့ စံနှုန်းတွေနဲ့ ညီအောင်လုပ်ပြတာနဲ့ လူထုယုံကြည်မှု ခိုင်မာတာမျိုး ရှိနေစေချင်လို့ပါ။ တကယ်လို့ မဖြစ်မနေ စစ်မှုထမ်း ကိစ္စ၊ ရခိုင်ပြည်တွင်းက ထွက်ခွာခွင့် မပေးတ့ဲ ကိစ္စတွေမှာ ULA/AA ဘက်က စံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ညီအောင် အတပ်နိူင်ဆုံးလုပ်ပြနေရင် ULA/AA အတွက် ဘာတွေထိခိုက်လာမှာလဲ၊ ဘာမှမထိခိုက်ပါဘူး။ တစ်ခုသာရှိပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲက နိူင်ငံရေးအရ အကျိုးအမြတ်ရနေသူတွေ၊ မိမိရဲ့ အာဏာ လုပ်ပိုင်ခွင့်ကို ထိခိုက်လာနိုင်မယ်လို့ ထင်နေ တ့ဲသူတွေက တော့ " စံနှုန်းတန်ဖိုးတွေအောက္မှာ လူရာဝင်မှု" နဲ့ "နိုင်ငံရေး ရင့်ကျက္မှု " တို့ကို လိုလားကြမှာ မဟုတ်ပါဘူး။


ဆက်ရန်


Comments

Popular posts from this blog

အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၂)

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏ အပြောင်းအလဲ အပေါ်လေ့လာခြင်း

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း