အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၃)
အီရန်၏ "Vahdat" (ဝါးဒတ်) မှသည် "Mostebed" (မိုစတီးဘဒ်) သို့ (၃)
၁၈၉၁ ခုနှစ် ဆေးရွက်ကြီးတော်လှန်ရေးဟာ အီရန်ရဲ့ ဘာသာရေးအလွှာ၊ ပညာတတ်လူလတ်တန်းစားအလွှာ၊ ကုန်သည်နဲ့ သာမန်လူတန်းစားတို့ အတွက်တော့ ကာဂျာစ် ဘုရင်နဲ့ ဗြိတိန်ကို ဆန့်ကျင်တ့ဲ ပထမဆုံး စည်းလုံးညီညွှတ်မှု ဝါးဒတ် (Vahdat) ကို ဖြစ်စေ ခ့ဲပါတယ္။ အဲဒီလို ၁၈၉၀ ပြည့်လွန်အချိန်ကာလ ၁၉ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစပိုင်းကာလတွေမှာ အီရန်ရဲ့ လူအဖွဲ့အစည်းကိုကြည့်ရင် ခေတ်ပညာတတ်လူလတ်တန်းနဲ့ ကုန်သည်တွေက ပေါ်လာပြီ။ အီရန်ရဲ့ ပထဝီဝင်နိုင်ငံရေးအရှိတရားက အာရှတိုက်ရဲ့ အနောက်ဘက္မှာ ရှိပြီး ဥရောပ အရှေ့ဘက်နဲ့ရော ဥရောပတောင်ပိုင်းက မြေထဲပင်လယ်ဘက်ကိုပါ ခြိတ်ဆက်စရာ ကုန်းကြောင်း ရေကြောင်း လမ်းတွေရှိပါတယ်။ အီရန်ရဲ့ အနောက်ဘက္မှာ အီရတ်နဲ့ နယ်မြေချင်းထိစပ်ပါတယ်။ အနောက္မြောက်ဘက္မှာ တူရကီ၊ အဇာဘိုင်ဂျန်နဲ့ အာမေနီးယားတို့ ရှိပါတယ်။ အီရန်ရဲ့ မြောက်ဘက်ဟာ ကစ်ပီယံပင်လယ် ရေအိုင်ပါ။ အရှေ့မြောက်ဘက်ဟာ တာခ့္မင်နစ္စတန်ဖြစ်ပြီး အရှေ့ဘက္မှာ အာဖဂန်နစ္စတန်ရှိပါတယ်။ အရှေ့တောင်ဘက်ဟာ ပါကစ္စတန်ဖြစ်ပြီး တောင်ဘက်တစ်လျှောက်ဟာ အိုမန်ပင်လယ်ကွေ့နဲ့ ပါရှန်းပင်လယ်ကွေ့တို့ရှိနေတာပါ။
ဒီတော့ အီရန်ရဲ့ ဘေးပတ်လည်က လူမှုအဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ကြည့်လိုက်ပါ။ အီရန်ရဲ့ အနောက်ဘက်ဟာ လူ့ယဉ်ကျေးမှု စတင္ခ့ဲတ့ဲ မက္ဆိုပိုတေးမေးယား ဒေသပါပဲ။ အနောက္မြောက်ဘက္မှာ ကိုယ်ပိုင်အစဉ်အလာတွေ အားကောင္းတ့ဲ တူရကီ၊ အာမေနီးယား တို့လို့ လူ့အဖွဲ့အစည်းတွေရှိပါတယ်။ အရှေ့ဘက် အာဖဂန်နစ္စတန်နဲ့ အရှေ့တောင်ဘက်က ပါကစ္စတန်ဆိုတာဟာလည်း ဟိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုတွေ အစိုင္အခဲလိုက္တည္နေ တ့ဲ နေရာတွေပါ။ အာဖဂန်နစ္စတန်ဆိုရင်လည် ဂရိယဉ်ကျေးမှုနဲ့ ဟိန္ဒု မြစ်ဝှမ်းယှဉ်ကျေးမှုတွေ ရောစပ်ကာ ယဉ္ကျေးမှုမြင့္မားခ့ဲတာပါ။ ပြီရင်း အီရန်ဟာ ကစ်ပီယံပင်လယ် ပတ်ဝန်းကျင်ဒေသတစ်ခုပါ။ ကစ်ပီယံဟာ ဥရောပနဲ့ အာရှ အစိတ်အပိုင်းနှစ်ခုစလုံးရှိနေပါတယ်။ ကစ်ပီယံရဲ့ ယဉ်ကျေးမှုဟာ ကောကေးဆပ် အရှေ့ပိုင်း၊ ဗဟိုအာရှ အနောက်ပိုင်း၊ ဥရောပအရှေ့ပိုင်းထဲမှာပါနေ တ့ဲ ရုရှားတောင်ပိုင်းရဲ့ မြေဩဇာကောင္းလှတ့ဲ လွင်ပြင်တွေနဲ့ အီရန်တောင်ကုန်းတွေ ဝိုင္းရံထားတ့ဲနရောပါ။ ဒီလို ယဉ္ကျေးမှုမြင့္မားတ့ဲ လူ့အဖွဲ့အစည်းတွေ ဝိုင်းရံနေ တဲဲ့ကြားကပဲ သမိုင်းမှာ အီရန်တွေဟာ ပါရှန်းအင်ပါယာကို တည္ထောင္နိုင်ခ့ဲတ့ဲသူတွေပါ။ ပြောချင်တာက ဇာတိမာန်စိတ်နဲ့ ပတ်သက်လာရင် အတိပ်က ရွှေထီးဆောင္းခ့ဲတာတွေကို ကြည့်ပြီး အာရိယန်သွေးအပြည့်နဲ့ ဘဝင္စိတ္မြင့်တတ်တ့ဲ ဗီဇက တောနေခြုံကြားက သာမန်အီရန်တစ်ယောက်ဆီမှာလည်း ရှိတာဟာ အဆန်းမဟုတ်ဘူးဆိုတာကိုပါ။ အီရန်တစ်ယောက်အတွက် ပါရှန်းအင်ပါယာ ပုံပြင်ဆိုတာ မိမိပတ်ဝန်းကျင်ဒေသက လူ့အဖွဲ့အစည်းတွေထက် ခေါင်းတစ်လုံးပိုမြင့်တယ် ဆိုတ့ဲ ဘဝင်လေဟတ်စိတ်ကို ရှိစေပါတယ်။ တဖက္မှာကလည်း အီရန်ပတ်ဝန်းကျင်က အခြားလူ့အဖွဲ့အစည်းတွေကလည်း အီရန်လောက်နီးနီးတော့ ကိုယ့်ဇာတိမာန်အပေါ်မှာ ဘဝင္လေဟတ်နိုင္တ့ဲ သူတွေချည်း ဖြစ်နေတော့ အကုန်လုံး ဇော်တွေချည်း ဖြစ်ကုန်ကြပါတော့တယ်။
ဒီတော့ အီရန်ဟာ ဥရောပသားတွေကို အထင်မကြီးပါဘူး။ အဲဒီအတိုင်းပဲ အိမ်နီးချင်းအာရပ်တွေကိုလည်း အထင်မကြီးပါဘူး။ အာရပ် နိုင်ငံတွေ တော်တော်များများကလည်း ဆွန်နီတွေဖြစ်ပြီး ဆွန်နီတွေက ရှီအိုက်တွေကို သမိုင်းတလျှောက် ဖိနှိပ္ခ့ဲတာ၊ ရက္စက္ ခ့ဲတာ၊ သတ္ဖြတ်ခ့ဲတာတွေလည်းရှိတော့ အီရန်ဟာ အစ္စလမ်ကမ္ဘာမှာလည်း မာန်တင်းပြီး ရပ္တည္နေရတ့ဲသူတွေပါ။ ပြောချင်တာကဒီလို သမိုင်းဖြစ်ထွန်းမှုတွေက အီရန်တွေကို ပတ်ဝန်းကျင်ကို မသင်္ကာစိတ်များသူတွေ အဖြစ်တွန်းပို့လိုက်ပါတယ်။ ဒါကို အရပ်စကားနဲ့ပြောရင် ရန်လိုစိတ်ရှိတယ်လို့ ပြောရမလားပါပဲ။ ရှိအိုက် ဘာသာရေးကျောင်းတော်တွေရဲ့ ဩဇာက ပိုခိုင်မာစေပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ဒီလို ပထဝီဝင်အရှိတရားအောက္မှာ အီရန်လူ့အဖွဲ့အစည်းအတွက် ခိုင္မာပြတ်သားတ့ဲ ခေါင်းဆောင်မှုကိုပဲ လိုချင်ကြမှာလည်း အဆန်းမဟုတ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်ဒေသက လူမှုအဆောက်အအုံ ယဉ်ကျေးမှု အတွေးအခေါ်အပြောင်းအလဲတွေဟာ အီရန်အပေါ်ရိုက်ခတ်သလို အီရန်ရဲ့ လူမှုယဉ်ကျေးမှု အတွေးအခေါ် အပြောင်းအလဲတွေဟာလည်း ပတ်ဝန်းကျင်ကို ရိုက္ ခတ္ တယ္ဆိုတ့ဲ လောကနိယာမကိုတော့ အီရန်လည်း မလွန်ဆန်နိုင်ပါဘူး။ ဒီတော့ ဥရောပရဲ့ လူမှုအဆောက်အအုံ အတွေးအခေါ် အပြောင်းအလဲဟာ အီရန်အပေါ်မှာလည်း ရိုက်ခတ်လာပါတယ်။ ဒါကြောင့်လည်း ၁၉ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစု အစပိုင်းတွေမှာ အီရန်ရဲ့ ခေတ်ပညာတတ်လူလတ်တန်းစားတွေထဲမှာ ဆိုရှယ်ဒီမိုကရက် စံနှုန်းတွေ ခတ္စားခ့ဲပါတယ္။
၁၉ရာစု ကုန်ခါနီးနဲ့ ၂၀ ရာစုအစပိုင်းမှာ အီရန်ရဲ့ လူလတ်တန်းစားပညာတတ်တွေရော၊ ဘာသာရေးအလွှာက ပုဂ္ဂိုလ်တွေရော၊ ကုန်သည်နဲ့ သာမန်လူတန်းစားတွေရော တဖက္မှာက သူတို့ကိုလာပြီး ချုပ်ကိုင်နေ တ့ဲ ဗြိတိန်နဲ့ ရုရှားကို သိပ်အမြင်မကြည်ကြပါဘူး။ အုပ်ချုပ်သူ ကာဂျာစ် ဘုရင်ကလည်း ဗြိတိန်နဲ့ ရုရှားကြားမှာ သူထိုင်ခုံ ဖင်ငြိမ်အောင် နေရင်း လိုက်လျောနေရတာကို အီရန်ပညာတတ်လူတန်းစားနဲ့ ဘာသာရေးအလွှာဘက်က အမြင်မကြည်တော့ပါဘူး။
၂၀ ရာစု အစပိုင်း အီရန် အီလစ်များ၏ နိုင်ငံရေးအထိုင်များ
အချုပ်အခြာအာဏာ အပေါ် မွေးရာပါ စွက်ဖက်ပိုင်ခွင့်
ဘာသာရေးအလွှာဘက်က အမြင်မှာ ရှိအိုက် အစ္စလမ်ရဲ့ ဝီလာယတ် အဲလ် ဖာကီ "Wilayat al-Faqih" အယူအဆ အရ "တမန်တော်ကို ဆက်ခံသူ အီမန်အရှင် မရှိချိန်မှာ ဘာသာရေးဥသျှောင္က လူ့အဖွဲ့အစည်းကို ထိန်းကျောင်းရမယ်" ဆိုတ့ဲ အချက်က ရှိနေပါတယ်။ ဒီအယူအဆအရ ရှိအိုက် ဘာသာရေးကျောင်းတော်များဟာ အချုပ်အခြာအာဏာကို အုပ်ချုပ်သူနဲ့အပြိုင် စီမံလို့ရတယ် ဆိုတ့ဲ အတွေးအခေါ်က အင်စတီကျူးရှင်း တစ်ခုလို ဖြစ်နေပါပြီ။
ပညာတတ်လူလတ်တန်းစားတွေဘက်ကအမြင်မှာတော့ ကာဂျာစ် ဘုရင်ဆီမှာ လုပ်ပိုင်ခွင့်အာဏာတွေကို စုပုံပေးထားတ့ဲအခါ ကာဂျာစ်ဘုရင်နဲ့ ဗြိတိန်၊ ရုရှားတို့ သဘောတူညီချက်တွေကို လူထုရဲ့ အကျိုးစီးပွားကို မင့ဲဘဲ လုပ်ခွင့်ရနေတယ်လို့ မြင်ပါတယ်။ ပြီရင် ဘာပဲဆိုဆို သူတို့က ဥရောပရဲ့ လူမှုအဆောက်အအုံ ပြောင်းလဲမှုကိုလည်း သိပါတယ်။ တချိန်တုန်းက သူတို့အနေနဲ့ ပုခုံးချင်း ယှဉ္နိုင္ခ့ဲတ့ဲ ဥရောပလူ့အဖွဲ့အစည်းဟာ ဘုရင်အာဏာကို ကန် သတ် တဲ့ ဖှဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အယူအဆ (Constituionalism) တနည်း လူမှုပဋိညာဉ်အယူအဆက အားကောင်းလာပြီး သူတို့က အီရန်ကို ကျော်တက်သွားပြီဆိုတာကို နားလည်ပါတယ်။ ဒါကြောင့် ဘုရင်ရဲ့ အာဏာကို ပါလီမန်နဲ့ ကန့်သတ်ရမယ်။ ဘုရင်သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအောက္မှာ နေရမယ် ဆိုတ့ဲ အယူအဆက အားကောင်းနေပါတယ်။
ဒီလို ဘုရင်အာဏာကို ကန့်သတ်ပြီး လူထုက ရွေးချယ္ထားတ့ဲ အမတ္ ေတွပါတ့ဲ ပါလီမန်ကို ကျင့်သုံးဖို့ ကိစ္စကို အချို့သော ဘာသာရေးဆရာတွေရဲ့ အမြင်မှာ ရှိအိုက် ဘာသာရေးကျောင်းတော်ရဲ့ ဝီလာယတ် အဲလ် ဖာကီ "Wilayat al-Faqih" အယူအဆဘက်က ကြည့်ရင်လည်း ကန့်ကွက်စရာမရှိပါဘူး။ ဘာကြောင့်ဆို အရင်ကလည်း ရှိအိုက်ကျောင်းတော်ဟာ ဘာသာရေးအယူအဆအရ အချုပ်အခြာအာဏာပိုင်းမှာ ဝင်ပါနေရတာပါပဲ။ ရှိအိုက်ကျောင်းတော်ရဲ့ အထိုင်ကလည်း ဝီလာယတ် အဲလ် ဖာကီ အယူအဆအရ ဘာသာရေးခေါင်းဆောင်ဟာ ကိုရမ်ကျမ်းတော်မြတ်အောက်က နေပြီး "ပျောက်ဆုံးနေ တ့ဲ အီမန်" ကိုယ်စား အနေနဲ့ အချုပ်အခြာအာဏာကို ဝင်ပါနေရတာပါ။ ဒီတော့ ရှိအိုက်ကျောင်းတော်ဟာ အချုပ်အခြာအာဏာကို ဝင္ပါတ့ဲအခါ အထိန်းအကွပ်က "ကိုရမ် ကျမ်းတော်မြတ် နဲ့ ပျောက်ဆုံးနေ တ့ဲ အီမန်ရဲ့ ကိုယ်စား" ဆိုတ့ဲ သဘောကပါနေပါတယ်။ သဘောကတော့ ရှိအိုက်ကျောင်းတော်ဟာ အချုပ်အခြာအာဏာကို သုံးတ့ဲအခါ အဲဒီလို အထိန်းအကွပ် အောက်က သုံးနေရပြီး အုပ်ချုပ်သူဘုရင်ကတော့ စည်းလွတ်ဝါးလွတ် သုံးခွင့်ရနေတယ် ဆိုတ့ဲ အမြင်ရှိလာပါတယ်။ တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ရှိအိုက်ဘာသာရေးကျောင်းတော်က အချုပ်အခြာအာဏာမှာ ဝင်ပါလို့ရပြီး ဘုရင်ရဲ့ အာဏာကိုလည်း အထိန်းအကွပ်ပြုထားနိုင်ရင် ပိုပြီးကောင်းတယ်လို့မြင်ပါတယ်။ ဒီလိုနဲ့ ကာဂျာစ်ဘုရင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ချုပ်ကိုင်ဖို့ အချက်က အီရန်ရဲ့ ဘာသာရေးအလွှာနဲ့ အီရန်ပညာတတ်တွေကြားမှာ ဘုံသဘောတူချက် တစ်ခုလို ဖြစ်လာပါတယ်။ ၁၈၉၁ ခုနှစ်မှာ ဆေးရွက်ကြီးဆန့်ကျင်ရေးနဲ့ ကာဂျာစ်ဘုရင်ရဲ့ အာဏာကို သွေးတိုးစမ်းခ့ဲတာ အောင်မြင်ထားတာလဲရှိပါတယ်။ ဆေးရွက်ကြီးဆန့်ကျင်ရေး ပြီးတော့ နောက်ဆယ်နှစ်အကြာ ၁၉၀၁ ခုနှစ်မှာ ဂျပန်နဲ့ ရုရှားစစ်ဖြစ်တော့ ရုရှားရှုံးသွားပါတယ်။ ရုရှားက အီရန်ကို ဗြိတိန်လိုပဲ ချယ်လှယ်နေ တ့ဲနိုင္ငံပါ။ ဥရောပသား ရုရှားက အာရှသားဂျပန်ဆီမှာ စစ်ရှုံးတော့ ရုရှားကို အမြင်မကြည္တ့ဲ အီရန်တွေကလည်း ဇာတိမာန်စိတ်က ပြန်နိုးထလာပါတယ်။ သူတို့စိတ်ထဲမှာ ငါတို့သာ ညီညွှတ်ရင် ဒီတောင်ကို ကျော်လို့ရတယ် ဆိုတ့ဲစိတ္က အရှိန်တက်လာပါတယ်။ ဒီလိုနဲ့ ရုရှား ဂျပန်စစ်ဖြစ်ပြီး နောက်လေးနှစ်အကြာ ၁၉၀၅ ခုနှစ်မှာ အီရန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တော်လှန်ရေးက စပါတော့တယ်။
အီရန်သာမန်လူထုအတွက်တော့ ဘာသာရေးအလွှာနဲ့ ခေတ်ပညာတတ်အလွှာတွေ ဦးဆောင္လာတ့ဲအခါ အဲဒီဦးဆောင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်လာပါတော့တယ်။ ဒီလိုနဲ့ အုပ်ချုပ်သူ ကာဂျာစ် ဘုရင်ရဲ့ ထိုင်ခုံကလည်း လှုပ်လာပါပြီ။
၁၉၀၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တော်လှန်ရေး
၁၈၉၆ ခုနှစ် မေလ ၁ ရက်နေ့မှာ လေးဆက္မြောက် ကာဂျာစ်ဘုရင် နာဆာ အဲလ် ဒင် ရှား ( Naser al-Din Shah) ဟာ ရှာအဗ္ဗဒူလ် အဇင် တန်ဆောင်း ( Shah Abdol-Azim Shrine) မှာ ဝတ်ပြုဖို့သွားရင်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ လုပ်ကြံသူက ကာဂျာစ်ဘုရင်ရဲ့ အုပ်ချုပ်ပုံကို မကြေနပ္တ့ဲ မီရ်ဇာ ရီဇာ ခါမန်နီ ( Mirza Reza Kermani) ပါ။ မီရ်ဇာ ရီဇာ ခါမန်နီ ( Mirza Reza Kermani) က ဗြိတိန်တွေကို ဆန့်ကျင်နေ တ့ဲ အာဖဂန်အခြေစိုက် ဂျမ်လ် အဲလ် ဒင် အဲလ် အာဖဂန်နီ ( Jaml al-Dn al-Afghni) ရဲ့ နောက်လိုက်တစ်ဦးလည်း ဖြစ်ပါတယ်။ ကာဂျာစ် ဘုရင်သေတော့ သူ့ရဲ့သားဖြစ်သူ မိုဇာဖ်ဖာ အဲလ် ဒင် ရှား ( Mozaffar al-Din Shah) က အရိုက်အရာကို ဆက်ခံပါတယ်။ မိုဇာဖ်ဖာ အဲလ် ဒင်ရှား လက်ထက္မှာ ဘဏ္ဍာရေးအကြပ်အတည်းကို ခါးခါးသီးသီး ရင်ဆိုင်ရပါတော့တယ်။ ကာဂျာစ်ဘုရင်ဟာ ဗြိတိန်နဲ့ ရုရှားဆီမှာ အကြွေးတွေလည်ပင်း ခိုက်နေပါတယ်။ ဒါကို ဖြေရှင်းဖို့ ဆေးရွက်ကြီးအပါအဝင် လမ်းတံတား မြေယာ တွေကို ထိုး ေ ကျွးပါတော့တယ်။ ဘဏ္ဍာရေးအကြပ်အတည်းဆိုက်တော့ အုပ်ချုပ်နည်းကလည်း အလွယ်လမ်းကိုလိုက်ပါတော့တယ်။ အဲဒီအလွယ်လမ်းက ကုန်စျေးနှုန်းကို မြင့်ပြီးရောင်းရင် ရောင္းတ့ဲသူကို ဖမ်းမယ်၊ ပြစ်ဒဏ်ပေးမယ် ဆိုပြီး လုပ်ပါတော့တယ်။
အမှန်ကတော့ ၁၉၀၅ ခုနှစ် မှာ စတင္တ့ဲ ဆန့်ကျင်မှုက ကာဂျာစ်ဘုရင် ရုရှားဆီပေးရမယ့် အကြွေးတွေကို ကန့်ကွက်ကြတာပါ။ ၁၉၀၅ ခုနှစ် ဒီဇင်ဘာလမှာ တီဟီရန် မြို့မှာ ကုန်သည်နှစ်ဦးကို စျေးတင်တယ်လို့ ဆိုပြီး ခြေဖဝါးကို ကြိမ္နဲ့ရိုက္တ့ဲ ပြစ်ဒဏ်ကို ပေးပါတော့တယ်။ ပြီးရင် အီရန်ကုန်သည်တွေကို စျေးတင်ရဲရင်တင်ကြည့် အရေးယူမယ် ဘာညာ ဖြဲခြောက်ပါတော့တယ်။ နဂိုထဲကမှ စျေးကွက်ထဲမှာ ဥရောပထုတ်ကုန်တွေကို မယှဉ်နိုင်လို့ တိုင္ပတ္ေနရတ့ဲ ြကားထဲ၊ ပြီးရင် အုပ်ချုပ်သူဘက်ကလည်း ကုန်ထုတ်လုပ်ငန်းအတွက် ဘာမှ အရင်းအနှီးမတည်ကူညီတာမရှိဘဲ အခွန်နဲ့ ဂုတ်သွေးစုတ်နေလို့ မကြေနပ်စိတ်တွေကိန်းနေ တ့ဲ အီရန်ကုန်သည်တွေက ကန့်ကွက်ကြပါတော့တယ်။ ဒီလိုနဲ့ စျေးနှုန်းကိုလည်းမတင်၊ စျေးလည်းမရောင်းတော့ဘူးဆိုကာ စျေးတွေပိတ်လာပါတော့တယ်။ ဆေးရွက်ကြီးဆန့်ကျင်ရေး တုန်းကလည်း အီရန်ဘာသာရေးအလွှာက လူထုဦးဆောင် အကာအကွယ္ပေးခ့ဲတော့ ဒီတကြိမ်မှာလည်း လူထုဟာ ဘာသာရေးအဆောက်အအုံရဲ့ အကာအကွယ်ကို ခိုလုံပြီး အုပ်ချုပ်သူ ဘုရင်ရဲ့ အာဏာကို အာခံကြပါတယ်။ တီဟီရန် ဗလီဝတ်ကျောင်းတော်ထဲ ဆန္ဒပြသူနှစ်စုဟာ ခိုလုံပြီး အုပ်ချုပ်သူကို အာခံနေပါတော့တယ်။ ကျန္ တ့ဲ ဘာသာရေးလိုမျိုးပါပဲ။ အီရန်ရဲ့ ရှီအိုက် ကျောင်းတော်တွေဟာလည်း ပြစ်ဒဏ်က ဘေးကင်းခွင့် ( sanctuary) အစဉ်အလာမျိုးက ရှိကြပါတယ်။ အစိုးရက လိုက်ဖမ်းရင်တောင် ဗလီထဲဝင်ပြေးသွားရင် အစိုးရဟာ အဲဒီသူကိုဝင်ဖမ်းဖို့အတွက် ကျောင်းတော်ထံမှာ ခွင့်ပြုချက် တောင်းရပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ဘုရင်တပ်ဖွဲ့တွေက ကျောင်းတော်ထဲထိဝင်လာပြီး ဆန္ဒပြလူအုပ်ကို လူစုခွဲပါတော့တယ်။ ဒီလိုနဲ့ တီဟီရန် ဗလီရဲ့ အပြင်ဘက္မှာ ဘုရင်တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ဆွဲသူဆွဲ ရမ်းသူရမ်း နဲ့ ဗရမ်းပတာ လုံးထွေးကုန်ကြပါတော့တယ်။ ဒီလိုနဲ့ ၁၉၀၆ ခုနှစ် ဇွန်နဝါရီလ ၁၂ရက်ကိုရောက်လာပါတယ်။ အဲဒီနေ့မှာ ဘုရင်က ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပါတယ်။ ဘုရင်က သူ့ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး တရားရေးလွတ်တော် (House of Justice) ကို အာဏာလွဲပေးပါတယ်။ တရားရေးလွတ်တော် ဆိုတာ နောက်ခါပေါ်ပေါက်လာမယ့် အီရန်လွတ်တော်ရဲ့ ရှေ့ပြေးလို့လည်း ပြောလို့ရပါတယ်။
ဒီပြဿနာက ဇစ်မြစ်က ရုရှားဆီကို ပြန်ဆပ်ရမယ့် အကြွေးကိစ္စနဲ့ အရင်းပြုဖြစ်လာတာပါ။ ရုရှားနဲ့ ဗြိတိန်ဆိုတာလည်း အီရန်ကို ဩဇာလွမ်းမိုးပြီး စိတ်ကြိုက်ချယ်လှယ် နေတာပါ။ ရုရှားနဲ့ ဗြိတိန်ကလည်း အချင်းချင်း မတည့်ပါဘူး။ ဒီတော့ ရုရှားကိုပစ်မှတ်ဖြစ်နေ တ့ဲ ကိစ္စအပေါ် ဗြိတိန်ကလည်း ဝင်ပြီးအမြတ်ထုတ်ပါတယ်။ ဒီလို အခြေအနေရှုပ်ထွေးနေတုန်းမှာ ၁၉၀၆ ခုနှစ် အစောပိုင်းရက်တွေထဲ မိုဟာမက္ရဲ့ ဆွေမျိုးမိသားစုဝင် ဆေးယဒ် (Sayyid) တစ်ဦးကို ဘုရင်တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်ပါတယ်။ ကော့ဆက့စ် မှာ ဆန္ဒပြသူ ၁၂ ယောက်သေဆုံးပြီး လူ ၁၀၀ ထိခိုက်ဒဏ်ရာရပါတယ်။ စျေးတွေက ထပ်ပိတ်ပြီး ဘာသာဆေရာ အူလမာ (ulama) တွေကပါ သပိတ်မှောက်လာပါတော့တယ်။
ဆက်ရန်
ကိုးကား
https://en.wikisource.org/wiki/The_Persian_Revolution_of_1905-1909/Appendix_A
Comments
Post a Comment