အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၃

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၃


လာအို


အရှေ့တောင္အာရှဒေသတွင္းနိုင္ငံများက့ဲသို့ လာအိုသည်လည်း အွန်လိုင်းလိမ်လည်မှုများရှိနေသည်။ တစ်ပါတီစနစ်က အွန်လိုင်းစီးပွားရေးဖြင့် ကုန်သွယ်ခွင့်၊ ရင်းနှှီးမြုပ်နှံခွင့်များကို ပေးထားသည်။ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုကနည်း၊ စက္မှုလုပ်ငန်းများက အားမကောင်း၊ နိုင်ငံသည်လည်း အကြွေးနွံ့ထဲနစ်ဝင်လာသည်။ ဤသည်က လာအို၏ တစ်ပါတီစနစ်နှင့် အုပ်ချုပ်သူများ၏ မူဝါဒ အားနည်းချက်ဖြစ်သည်။ အကြွေးပြဿနာကို ဖြေရှင်းပုံက အလွယ်လမ်းကိုင်လိုက်၍ စီးပွားရေးအချောင်နှိုက်အကွက်တွင် ဝဲလည်တော့သည်။ အခြားနိုင်ငံများမှ အပေါစားလျော့စျေးဖြင့်ပေးသော ကုန်ပစ္စည်းများကို တင်သွင်းသည်။ မြေယာနှင့် သယံဇာတကို နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူ များကို လျော့စျေးဖြင့် ထိုးပေးသည်။ ဤသို့ ဖြစ်သလို ပုံစံဖြင့် ဝင်ငွေရလမ်းအပေါ် လာအိုအစိုးရက မှီခိုနေရသည်။ ဤသို့ဖြင့် တရားမဝင်စီးပွားရေးများ ရှင်သန်ရာ ရေကန်အသင့် ကြာအသင့် ဖြစ်လာတော့သည်။ လာအို၌ တရားမဝင် စီးပွားရေးလုပ်ငန်းများက ထမင်းစားရေသောက် သမရိုးကျဆန်ဆန်ပင် စည်ပင်နေသည်။ တခါတရံ အစိုးရ၏ အကာအကွယ်ကိုပင် ရနေသေးသည်။ 


ရွှေ​တ​ြိဂံ အထူးစီးပွားရေးဇုန် (Golden Triangle Special Economic Zone- GTSEZ) ကား အကောင်းဆုံးနမူနာဖြစ်သည်။ တရုတ်လူမျိုး စီးပွားရေးသမား ကျောက်ဝေ (Zhao Wei) ဆိုသူက GTSEZ ကို ချယ်လှယ်နေသည်။ ကျောက်ဝေကား အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကိုရင်ဆိုင်နေရသည်။ သို့သော် လာအို အစိုးရက အကာအကွယ်ပေးထားသည်။ ၂၀၂၄ ခုနှစ်တွင် လာအိုအစိုးရက သူ့အား ဒေသန္တရတည်ဆောက်ရေးတွင် ပံပိုးကူညီသူအဖြစ် နိုင်ငံအဆင် ဆုတံဆိပ် ( State Medal) ကိုပင် ပေးအပ်လိုက်သေးသည်။ နာမည်ကသာ အထူးစီးပွားရေးဇုန် (SEZ) ဖြစ်သည်။ ထိုဇုန်ထဲတွင်တော့ ကျောက်ဝေ၏ ကိုယ်ပိုင် ကာစီနိုရုံများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် လာအို အာဏာပိုင်များ အကာအကွယ်ပေးထားသော အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများရှိသည်။ ယင်းလုပ်ငန်းများကို အာဏာပိုင်များက တိုက်ဖျက်ရန်ပင် စိတ်မကူး၊ အပံအပိုးပေးထားခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဩဇာခံမှုနှင့် နိုင်ငံခြားဝင်ငွေပင်ရသည်ဟုပင် မြင်နေကြသေးသည်။


ဤသို့ဖြင့် အဖြစ်အပျက်က နှာခေါင်းက သွေးထွက်ရန် ဖြစ်လာတော့သည်။ တရုတ်နိုင်ငံသားများတော်တော်များများ အွန်လှိုင်းလိမ်လည်မှု၏ သားကောင်များဖြစ်လာသော အခါ တရုတ်အစိုးရလည်း ရှူးရှူးရှဲရှဲ ဖြစ်လာ၏။ တရုတ်နဂါး၏ ဒေါသမာန် မျက်စောင်းမထိုးလာခင် ရွှေစိတ်တော် ပြေပါစေကြောင်း လာအိုအာဏာပိုင်တို့ လုပ်ပြတော့သည်။ အထူးစီးပွားရေးဇုန်အတွင်းရှိ ရာနဲ့ချီ ရှိနေသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဩဂုတ်လကပင် တိုက်ဖျက္မည်၊ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ် ဩဂုတ်လ အထိ သတ်မှတ်ကာ တရားဥပဒေစိုးမိုးရေးကို လာအိုအာဏာပိုင်တို့ ဟိုတကွက် ဒီတကွက် သရုပ်ဖော်ပြတော့သည်။ ရွှေ တ​ြိဂံ အထူးစီးပွားရေးဇုန်ကား လူကုန်ကူးမှုလုပ်ငန်း၊ အွန်လိုင်းမသာမာမှု၊ အွန်လိုင်းလိမ်လည်မှု၊ ကာစီနိုရုံများ၊ အိမ်ခြံမြေလုပ်ငန်းများဖြင့် ဒီရေတက်နေချိန်ဖြစ်သည်။ ငွေမဲအား ငွေဖြူဖြစ်ရန်အတွက် ကာစီနိုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတို့ဖြင့် ခြိတ်ဆက်ထားသည်။ လာအိုအာဏာပိုင်တို့ နှမ်းဖြူးပြသော တိုက်ဖျက်ရေးတွင် ပစ်မှတ်ထားခံရသူများက အောက်ခြေအဆင့် ဝန်ထမ်းများသာ အများစုဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပိုင်ရှင်များက ဘာမှမဖြစ်၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကလည်း အပြောင်းအလဲမရှိ။ အဓိက သော့ချက်ကို မဖွင့်ဘဲ အကိုင်းအဖြား အနားသတ်ပြမှုကို တက်ကြွစွာ တိုက်ဖျက်မှုအဖြစ် ဂုဏ်ဆာလိုက်သေးသည်။ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၏ ရုပ်ပြဇတ်ဆောင် (principle actors) များက ဘာမှမဖြစ်၊ ၎င်းတို့လုပ်ငန်း၏ စီးဆင်းလည်ပတ်မှုအထိုင်သည်လည်း အင်္ဂါမခြွတ်ယွင်းပေ။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ခု နှစ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တစ်စခန်းထ ရွှေထီးဆောင္းခ့ဲသည္။ ယခုကား ဘယ်လိုလဲဟု မေးလာသော် ဆက်လက် ကျန်ဆဲ၊ ရှင်သန်ဆဲဟုသာ ဖြေရပါလိမ့်မည်။ ပ​ြီးခ့ဲသော လ အတွင်း အစီရင်ခံစာများအရ စီးပွားရေးဇုန်ထဲ အွန်လိုင်းလိမ်လည်မှုက ခေါင်းထောင်နေဆဲဟု ဆိုထားသည်။


ဖိလစ်ပိုင်


အွန်လိုင်းလိမ်လည်မှုအား တိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်က အအောင်မြင်ဆုံးဖြစ်သည်။ ဖိလစ်ပိုင်ဇတ်ခုံတွင် နောက်ကြောင်းပြန်သော္ နိုင်ငံ၏ ပြင်ပလောင်းကစားမှုက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပလူပျံစေ ခ့ဲသည္။ အံဩစရာကောင်းသည်က အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ခေါင်းထောင်လာသော အချိန်ကာလမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် လက်သံပြောင်ယုံတင်မက လက္ပါလွန္ခ့ဲသော ဒူတာတေး၏ သက်တမ်းတွင် ဖြစ်လာခြင်းဖြစ်သည်။ ဒူတာတေးလက်ထက်တွင် ဖိလစ်ပိုင်ပြင်ပ လောင်းကစား အော်ပရေတာ (Philippine Offshore Gaming Operators- POGOs) အတွက် လိုင်စင်ချပေးသည့် စနစ်ကို အသစ္တီထွင္ခ့ဲသည္။ POGOs သို့ ထုတည်ဖြင့်လာ၍ ရင်းနှီးမြုပ်နှံ့သူများမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။ လိုင်စင်စနစ်က ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရတို့အတွက် ဝင်ငွေများစွာရစေသည်။ လွမ်းခြုံ ဘက်စုံချဉ်းကပ်ခြင်းကလည်းမရှိ၊ ဗဟိုချုပ်ကိုင်မှုကို လျော့ချထားသောကြောင့် လိုင်စင်ချပေးမှုတွင် ယိုပေါက်က ရှိလာသည်။ ယိုပေါက်ကို အသုံးချသွားသူများက ဒေသန္တရနိုင်ငံရေးသမားများဖြစ်ကြသည်။ လက်သင့်ရာစားတော်ခေါ် သစ္စာခံမွေးအကျင့်စရိုက်က လိုင်စင်ချပေးတွင် နေရာယူလာတော့သည်။ အွန်လိုင်းလောင်းကစား လုပ်ငန်းများက မျက္မျက်ကလေးကြေးပိုပေး၍ နိုင်ငံရေးသမားများလည်း အိတ်ကပ်စူဖြိုးကုန်ကြတော့သည်။ အပြန်အလှန်အားဖြင့် နိုင်ငံရေးသမားများက အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက် အကာအကွယ်ပေးသည့် ဒိုင်းကာ တစ္လက္ဖြစ်လာခ့ဲသည္။


၂၀၂၃ ခုနှစ်တွင်တော့ ထိုဇတ်ရှုပ်က အပုတ်နံထွက်လာတော့သည်။ တာလက် (Tarlac) နယ်မြေတွင် မြို့တော်ဝန် အက်လစ် ဂေါင် (Alice Guo) သည် အွန်လိုင်းမသမာမှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု စုံစမ်းရေးအရင်းအမြစ်က ထုတ္ဖော္လာခ့ဲသည္။ သူမ၏ မြို့တော်ဝန် သက်တမ်းအတွင်း သူမနယ်မြေထဲရှိ အွန်လိုင်းမသမာမှုများနှင့် သူမ၏ အကျိုးစီးပွားမှာ ဆက်စပ်နေသည်။ သူမလည်း ယနေ့တွင် တရားစွဲခံနေရပြီဖြစ်သည်။ ပြဿနာတစ်ခုက သူမသည် တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး သူမ၏သရုပ်သကန်ကို ဖုံးကွယ်ကာ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ခံယူထားသည်ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဆိုစေ သူမအဖြစ်အပျက်က ဖိလစ်ပိုင်၏ ဒေသန္တရအုပ်ချုပ်ရေးနှင့် စီးပွားရေး တွင် သူမတို့၏ ကွန်ရက်သည် မည်မျှကြီးမားနက်ရှိုင်းမှုရှိသည်ကိုတော့ ဖော်ပြနေပါသည်။ အခြားနယ်မြေများဖြစ်သော ပမ်ပန်ဂါ (Pampanga)၊ လပ်စ်ပီယာစ် ( Las Pias) နှင့်  ပါဆေး (Pasay) တို့တွင်လည်း အလားတူဖြစ်ရပ်များရှိနေ ခ့ဲသည္။ ထိုနယ်မြေများ၌ အကာအကွယ္မ့ဲလူကုန္ကူးခံရသူများ၏ ဇတ်လမ်းမျိုးကို ခဏခဏကြားရသည်။ သပွတ်အူလိုက်နေသော အစိုးရဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ ဇတ်လမ်းများကို ခဏခဏကြားနေရသည်။


ဖိလစ်ပိုင်၏ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းဇတ်ခုံက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့၏ ဇတ်ခုံမျိုးနဲ့မတူပေ။ ဥပဒေပိုင်းဆိုင်ရာ ထိန်းချုပ်မှုစွမ်းအားက ဖိလစ်ပိုင်တွင် ပိုရှိသည်။ မားကိုစ် သမ္မတဖြစ်လာချိန်တွင် ၂၀၂၄ ခုနှစ်၌ POGOs အားပိတ်ပင်လိုက်သည်။ ၂၀၂၅ ခုနှစ်တွင် ဥပဒေအဖြစ်လက္မှတ်ထိုးလိုက်သည်။ ထိုဥပဒေက နောက်ကြောင်းပြန်လိုက်ပိုင်ခွင့်ရှိနေသည်။ လူဝင်မှုကို ပြန်စုံစမ်းနိုင်သည်။ ဒေသန်တရ အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက္မှုများကို ပြန်လိုက်နိုင်သည်။ အလုပ်သမားများကို နယ်နှင်နိုင်သည်။ အချို့ အွန်လိုင်းမသာသူ အော်ပရေတာများကို အမြဲပိတ်သိမ်းပစ်လိုက်ပြီဖြစ်သည်။ လူသိရှင်ကြား စိစစ်ခြင်းက နိုင်ငံရေးဆိုင်ရာ အကာအကွယ်ကို ပိုရှိစေသည်။


ထိုက့ဲသို့ မူဝါဒပိုင်းဖြင့် လူသိရှင်ကြား ကိုင်တွယ်နေလျှင်တောင် များစွာသော အော်ပရေတာများက အမည်ပြောင်းလိုက်ကြသည်။ အချို့က မှောင်ခိုတရားမဝင် လုပ်နေကြသည်။ တခါတရံ အွန်လိုင္းလိမ္လည္မှုလုပ္ငန်းအဖြစ်အသုံးပြုခ့ဲသော အဆောက်အအုံနှင့် လူပုဂ္ဂိုလ်အမည်ကိုပါ သုံးစွဲနေကြသေးသည်။ ၎င်းတို့အော်ပရေတာ များထပ်လည်ပတ်စေရန် ခြေကုတ်နေရာ အသစ်များကို ရှာနေကြသည်။ ဤဖြစ်စဉ်တလျှောက်ကို အမှန်တကယ် တရားဥပဒေစိုးမိုးရေးက ထိန္းသိမ္းခ့ဲသည္ဟု ဆိုနိုင်သော်လည်း  ဖိလစ်ပိုင်၏ ဒေသန္တရအစိုးရ အာဏာ ဥပဒေအမျိုးမျိုးကြားရှိ တစ်ခုနှင့်တစ်ခု ဟ ကြေးအပေါ် ခွထိုင်ထားနိုင်သည့် အွန်လိုင်းလုပ်ငန်းများကိုတော့ စိစစ်ဖယ်ထုတ်မှု မလုပ်နိုင်သေးချေ။


ဆက်ရန်


The diplomat တွင်ဖော္ပြထားသော cracking-southeast-asias-scam-economy ကို ပြန်ဆိုသည်။








Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း