အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၂

 အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း- ၂


ခရစ်တိုငွေကြေးနှင့် ဒီဂျက်တယ်ငွေပေးချေမှု စနစ်က မျှော်မှန်းနိုင်သည်ထက်ပင် ပို၍ ကျယ်ပြန့်လာခ့ဲသည္။ ထိုအခြေအနေအား အွန်လိုင်းလိမ်လည်မှုက အသုံးချသွားသည်။ ကွန်ပြူတာ၊ဖုန်း မျက်နှာပြင်ကိုဖြတ်သန်း၍ မကောင်းသောရည်ရွယ်ချက်ဖြင့် ဖောက်ထားသော ဘဏ်အကောင့် (mule bank account) များ၊ အွန်လိုင်းငွေကြေးဖလှယ်မှု (virtual currency)များ၊ အမျိုးမျိုးသော ခရစ်တို ငွေပေးချေရေး အက်ပလီကေးရှင်းများ၊ ခရစ်တိုနှင့် ငွေသား ရောထွေးငွေကြေး စုဆောင်းသိုလှောင်မှုများ၊ ကြားပွဲစားများမှ ငွေမဲမှ ငွေ ဖြူ ပြောင်းလဲမှုများ၊ ထိုမှတဆင့် တရားဝင် ဘဏ်လမ်းကြောင်းထဲသို့ ပြန်စီးဝင်မှုများ စသည့်အချက္များကို အသုံးချ၍ လည်ပတ်လာတော့သည်။ ထို ပလက်ဖောင်းများမှ မဟုတ်တမ်းတရားဖြင့် ရှာထားသော ငွေသည် စက္ကန့်မခြား နိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်၍ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဖြတ်သန်းသွားနိုင်သည်။ ဤသို့ ခေတ်ရေစီးကြောင်းတိုးတက္မှုက ရှေးဟောင်းနှောင်းဖြစ် လာဘ်စား လာဘ်ယူမှုကို အစားထိုးနိုင်သည့်မဟုတ်ပေ။ သို့သော် ရှေးဟောင်းနှောင်းဖြစ် လာဘ်ပေးလာဘ်ယူမှုကို ပိုမိုကျယ်ပြန့်စေသည်။ အရှေ့တောင်အာရှ၏ စီးပွားရေးလမ်းကြောင်းပေါ်တွင် အဆိုပါ တရားမဝင်ငွေကြေးများက ထုတည်နှင့် ဝင်ရောက်လာပြီး ထိုမှတဆင့် ကမ္ဘာ၏ ခိုင်မာသော ငွေကြေးစနစ်ထဲသို့ ဝင်ရောက်သွားတော့သည်။


၂၀၂၃ ခုနှစ်လောက်တွင် အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးသည် ကမ္ဘာကုန်ထုတ်လုပ်မှုတစ်ခု၏ ဗဟိုချက္များထဲမှ တစ္ခုအပါအဝင္ ဖြစ်လာခ့ဲသည္။ ကုလသမဂ္ဂနှင့် ဒေသတွင်းနိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးအဖွဲ့များက  အွန်လိုင်းဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများမှ လူပေါင်း တစ်သိန်းလောက်ကို အလုပ်အကိုင်အခွင့်အလမ်းအဖြစ်ဖန်တီးပေးပြီး နှစ်စဉ် သန်းပေါင်းထောင်ကျော် လည်ပတ်နေနိုင်သည်ဟု ခန့်မှန်းထားသည်။ အွန်လိုင်းကို အခြေပြုသည့် သက္မွေးဝမ်းကျောင်းများ ကျယ်ပြန့်လာလေလေ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် သားကောင်များကလည်း ကျယ်ပြန့်လာလေပင်ဖြစ်သည်။ သားကောင်ရှာဖွေရေးက တရားစီရင်ရေးမှ ကမ်းကွာအလှမ်းဝေးသည့်နေရာတွင်ရှိနေသည်။ ထိုပြင် အဆိုပါ အွန်လိုင်းလိမ်လည်မှု၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စုဖွဲ့မှုများ၊ အစောင့်အရှောက္များ၊ စီမံခန့်ခွဲသူများကလည်း အရှေ့တောင်အာရှ၏ ဒေသတွင္းအာဏာပိုင္များနှင့္နိုင်ငံတကာအရင်းအနှီးများဖြင့် ကာကွယ်ပေးထားရသော နိုင်ငံရေး၊စီးပွားရေး ပိုင်းတွင် ကုတ်တွယ် အမြစ်ကပ်လျှက်နေရာယူထားကြသည်။


နိုင်ငံအဆင့် ရာဇဝတ်မှုများနှင့် ဆက်စပ်လာခြင်း


ကမ္ဘောဒီယား


ကမ္ဘောဒီယားသည် အရှေ့တောင်အာရှ အွန်လိုင်းစီးပွားရေး လုပ်ငန်းများ၏ ဗဟိုချက်ဖြစ်သည်။ ဆယ်စုနှစ်များအလွန် အာဏာယူထားသော ကမ္ဘောဒီယားပြည်သူ့ပါတီ (Canbodia People Party)မှာ နိုင်ငံ၏ အာဏာအား ပုဂ္ဂလိက စီးပွားရေးပုံစံမျိုး ကိုင်တွယ်မှုဘက်ကို ရောက်နေသည္။ ခရိုနီတိုက်ကွန်းများ၊ စီးပွားရေးအား လက်ဝါးကြီးအုပ်ပေးသည့် ကန်ထရိုက်လုပ်ငန်းများ၊ ခရိုနီတိုက်ကွန်းနှင့် အာဏာပိုင်ကြား အပြန်အလှန်နိုင်ငံရေးအရ အကာအကွယ်ပေးမှုများ စသည့်အချက္များက ကမ္ဘောဒီးယားတွင် အားကောင်းသွားပြီဖြစ်သည်။ တရုတ်နောက်ခံ အိမ်ခြံမြေလုပ်ငန်းများ၊ ကာစီနိုလုပ်ငန်းများအတွက် မြေကို ထိုးပေးသည်။ ထိုသို့မြေကိုထိုးပေးသည့် အကျိုးအမြတ်နှင့် ကျွန်းသစ်ထုတ်ယူသည့် လုပ်ငန်းအကျိုးအမြတ်များပေါ်တွင် စီးပွားရေးကို အထိုင်ချထားသည်။ ထိုသို့ စီးပွားရေးကို အထိုင်ချထားနိုင်ရန် စီးပွားရေးမူဝါဒအား စစ်ပွဲကာလအတွင်း နှင့် ပဋိပက္ခလွန်ကာလ တည်ဆောက်ရေး ပုံစံထဲတွင်သာ တဝဲလည်နေစေရန် ပုံစံချထားသည်။ ဤကား ကမ္ဘောဒီးယား (CPP) ပါတီ၏ စီးပွားရေးအကျင့်အကြံပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်လောက်တွင် အခြေအနေမဟန်မှန်းသိ၍ (CPP) သည် အွန်လိုင်းလောင်းကစားမှုကို တရားဝင်တားမြစ်လိုက်သည်။ အော်ပရေတာ တချို့အား ကမ္ဘောဒီးယားနယ်မြေမှ ကန်ထုတ်လိုက်သည်။ တိုက်ဆိုင်မှုက တဖက်တွင် အွန်လိုင်း စီးပွားရေး အော်ပရေတာများကို အရှိန်မြင့်လမ်းဖွင့်ပေးပြန်သည်။ အကျိုးဆက်က ဘာမှမထူးပေ။ အွန်လိုင်းလောင်းကစားမှုကို ပိတ်ပင်လိုက်ပြီး အွန်လိုင်းလိမ်လည်မှုကို လုပ်ခွင့်ပေးလိုက်သလိုဖြစ်လာသည်။ ဤသို့ဖြင့် ကမ္ဘာတစ်ဝန်းမှ လူကုန်ကူးခံရသည့် လုပ်သားအရင်းအမြစ်များဖြင့် ကမ္ဘာတဝန်းရှိ လူများကို ပစ်မှတ်ထားကာ လိမ်လည်မှုကို ကျူးလွန်ကြတော့သည်။


၎င်းအော်ပရေတာများက အဆင့်မြင့်အကာအကွယ်များမရှိဘဲ လိမ်လည်နိုင်ကြသည်မဟုတ်ပေ။ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ပါဝင်ပတ်သက္မှုအဝိုင်းအဝန်းတွင် နိုင်ငံရေးနှင့် ဆက်နွယ်သူ စီးပွားရေးသမားများ၊ နိုင်ငံခြားအော်ပရေတာများကို ကမ္ဘောဒီယားက  နိုင်ငံသားဖြစ်ခွင့်ပေးထားပြီး ဘွဲ့ထူးဂုဏ်ဒြပ်များပင် ပေးထားသေးသည်။ ဤဂုဏ်ဒြပ်အဆင့်များက စုံစမ်းထောက်လှမ်းရန်ဝန်လေးစေသည်။ ပွဲပြီးမီးသေကုန်ကြသည်။ ကမ္ဘောဒီယား မင်းသားအုပ်စုမှ ချန်ဇီ (Chen Zhi) မှာကား အကောင်းဆုံးပြယုဂ်ဖြစ်သည်။ အာဏာ၊ ငွေကြေး၊ ပြစ်ဒဏ်မှလွတ်ကင်းမှုတို့နှင့် ဆက်စပ်မှုအတွက် ရှင်းလင်းလှသော ဥပမာတစ်ရပ်လည်းဖြစ်သည်ဟု အမေရိကန်နှင့် ဗြိတိန်က ယုံကြည်ထားသည်။ ချန်ဇီ ကား လက်ရှိ ကမ္ဘောဒီးယား၏ စီးပွားရေးတွင် တရားမဝင်ငွေကြေးဖြင့် ရင်းနှီးမြုပ်နှံလျက် ကျယ်ပြန့်သော ခြေတံလက်တံများရှိနေပြီ။ ထိုကျယ်ပြန့်သော စီးပွားရေး ခြေတံလက်တံများသည် အွန်လိုင်းလိမ်လည်မှုကရသော ဘီလီယံချီ ခရစ်တိုငွေကြေးများကို နောက်ခံပြုထားသည်ဟု စုံစမ်းထောက်လှမ်းအရင်းအမြစ်များက ဆိုကြသည်။ 


ဤကား ကမ္ဘောဒီယား၏ အွန်လိုင်းလိမ်လည်မှု ဇတ်ခုံလည်းဖြစ်သည်။ မြန်မာ၊ လာအိုနှင့် ဖိလစ်ပိုင်တို့၏ ဇတ်ခုံများလည် ရှိသေးသည်။


မြန်မာ


ဆယ်စုနှစ်ကျော် ပြည်တွင်းစစ်နှင့် အာဏာစက်သူနယ်မြေနှင့်သူရှိနေမှုအပေါ်တွင် အွန်လိုင်းလိမ်လည်မှုက ပဋိသန္ဓေ ပြုလာသည္။ နယ်စပ်တလျှောက် လူမျိုးစုလက်နက်ကိုင်အုပ်စုများ၊ မြန်မာစစ်တပ်၏ ပြည်သူ့စစ်များ ထိန်းချုပ်လျှက်၊ စီမံလျှက်၊ လုပ်ငန်းလိုင်စင်ချပေးလျှက်၊ နယ်မြေအုပ်ချုပ်ရေးကို အကောင်အထည်ဖော်လျှက် ရှိကြသည်။ မူးယစ်ဆေးဝါးမှ ရသည့်ငွေ၊ တရားမဝင်သစ်နှင့် သယံဇာတကုန်သွယ်မှုက ရသည့်ငွေ၊ ကျောက်စိမ်းမှ ရသည့်ငွေ များအတွက် အွန်လိုင်းလိမ်လည်မှုက နောက်ထပ် ရပေါက်ရလမ်း အခွင့်အရေးတစ်ခုဖြစ်လာသည်။ ဇတ်လိုက်အကျော် ရွှေကုက္ကိုမြိုပြသစ်ကား အဆိုပါအခွင့်အရေးအတွက် ရေခံမြေခံကောင်းလှသည်။  မြန်မာစစ်တပ်၏ ပြည်သူ့စစ် ကရင်နယ်ခြားစောင့်တပ်ဟူသည် နိုင်ငံရေးအရ ပါဝါအရေခွံ့အလဲဲမြန်တတ်သလောက် မိမိနယ်မြေတွင်တော့ ကိုယ်ပိုင်အုပ်ချုပ်ရေးက အပြည့်ရှိသည်။ ဤသို့ဖြင့် BGF၏ ပါဝါဇတ်ကွက်တွင် ကိုယ်ပိုင်အစောင့်တပ်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တို့က ကာစီနို၊ အွန်လိုင်းလိမ်လည်မှုများကို တည်ဆောက္မည့် တရုတ်အရင်းအနှီးများအတွက် သဘောတွေ့ မနောခွေ့စရာပင်။ တရုတ်အရင်းအနှီးများဖြင့် လည်ပတ်မည့် လုပ်ငန်းများ၏ အကျိုးအမြတ်အခွန်အခဖြင့် လက်နက်စစ်ပစ္စည်းကို ဝယ်ယူနိုင်သည်။ အင်အားကိုခိုင်မာစေသည်။ တဖက်တွင် မြန်မာစစ်တပ်နှင့် လက်ချင်းခြိတ်လျက် အနေအထားခိုင်မြဲလျက် ရှိနေသည်။ ရှမ်းပြည်တွင်တော့ ၂၀၂၃ခု နှစ်တွင် မြန်မာစစ်တပ် နောက်ခံပေးထားသော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ပြလိုက်သည်။ တိုက်ပြသည်ရည်ရွယ်ချက်က ၎င်းတို့ဆုံးရှုံးသွားသော နယ်မြေကို ပြန်ရလိုသည့်အတွက်ဖြစ်သည်။ " မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းက စစ်စီးပွားရေးအထိ ပုံသဏ္ဍာန်ပြုခ့ဲ ပြီဖြစ်သည္။ နယ်မြေ၏ အာဏာကို ဘယ်သူက ပြန်လည်ထိန်းချုပ်မည်ဆိုသည့် (Reshaping Power)အခြေအနေအထိပင် ပုံဖော်ပေးနိုင်သည်။"


လက်ရှိ အနေအထားပြယုဂ်တွင်တော့ အွန်လှိုင္းလိမ်လည္မှုလုပ္ငန်းသည် ထိုင်းနယ်စပ် မြဝတီအနီးရှိ ကေကေပါခ့် ( KK Park ) အရပ္ တွင် ဘုံကြိုးပြတ်နေကြသည်။ ကေကေပါခ်ကား ယခုအခါ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်သည်အထိ မျက်စိဒေါက်ထောက်ကြည့်ခံနေရပြီဖြစ်သည်။ လတ်တလော နိုင်ငံအဆင့် ထုတ်ပြန်ချက်က မြန်မာစစ်တပ်က ကုန်လွန္ခ့ဲသည်​့လကပင္ ကေကေပါခ်ရှိ အွန်လိုင်းလိမ်လည်မှု အော်ပရေတာများကို ပိတ် သိမ်းခ့ဲပြီဟုဆိုထားသည္။ သို့သော် ပိတ်သိမ်းရာ ပိတ်သိမ်းကြောင်း အသေးစိတ်လုပ်ငန်းအခြေအနေက မြူဝေရစ်သိုင်း ဂျင်းမီးခိုးလှိုင်း (Murky Details) ပင်ဖြစ်နေသည်။ လေ့လာဆန်းစစ်သူအချို့က အော်ပရေတာများကို ပိတ်သိမ်းမှုမှာ ထိပ်ပိုင်းမှ စီမံခန့်ခွဲမှုဖြစ်နိုင်သည်ဟု အတည်ပြုကြသည့်တိုင်အောင် မြူဝေရစ်သိုင်းအဖြစ် အမြင်ခံနေရသည်။ မြန်မာစစ်တပ်က ကေကေပါခ့်အား ရှင်းလင်းရေးကို ကြေ ငြာနေချိန်တွင်မှာပင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းရှင်များက အကျိုးအမြတ်များကို ယူကာ ထွက်ခွာသွားကြပြီ၊ အခြားနေရာတွင် ပြန်လည်၍ လည်ပတ်နေသည်ဟု ခိုင်မာသော အရင်းအမြစ်များက ဆိုထားကြသည်။ လူပေါင်း ထောင့်ငါးရာကျော်က ထိုင်းဖက်ကိုထွက်ခွာသွားကြသည်။ သို့သော် အချို့က မတူသော နေရာများကို ထွက်ခွာသွားကြသည်။ မတူသည့်နေရာကို ထွက်ခွာခြင်းဆိုသည့် အချက်က အချက်အလက်တစ်ခုကို ပုံဖော်ပြနေသည်။ ထိုအချက်အလက်က ထိုင်း-မြန်မာ နယ်စပ်တွင် အသံမထွက် တိတ်ဆိတ်ပုန်းလျိုနေသော အွန်လိုင်းစီးပွားရေး စုဆုံချက် (Scam-hub Economy) များကရှိနေသည်။ ထို စုဆုံချက္များရှိနေသော နယ်မြေများတွင် ဆိုင်ရာဆိုင်ရာ နယ်မြေထိန်းချုပ်သူများရှိနေသည်။ ထိုနယ်မြေများသည် တရားမဝင်စီးပွားရေးများနှင့် လည်ပတ်နေသည်။ ထိုလည်ပတ်မှုကို ထိန်းချုပ်ထားသော လူ့မလိုင် ကွန်ရက်ကရှိနေသည်။ တရားမဝင်စီးပွားရေးလည်ပတ်မှုနှင့် ထိုလည်ပတ်မှု အဆီအနှစ်ကို စားသုံးသူ လူမလိုင်ကွန်ရက္မှာ  ရင်ချင်းဆက် အမြွာသဖွယ် ဖြစ်နေသည်။ အဆိုပါ ရင်ချင်းဆက် အမြွာများထွန်းရာနယ်မြေများသို့ ကေကေပါခ်ကို စွန့်ခွာသူ အရင်းအမြစ်များက သွားရောက်စုဆုံနေသည်။ " ဤသို့ဖြင့် ထိုနေရာများတွင် (Reshaping Power) အတွက် စုဆုံရပ်များကို လိုက်တမ်း ပြေးတမ်းကစားပွဲများ ရှိနေမည့် ရှေ့ဆက်လက္ခဏာကို တွေ့နေရသည်။"


ဆက်ရန်


The diplomat တွင်ဖော္ပြထားသော cracking-southeast-asias-scam-economy ကို ပြန်ဆိုသည်။






Comments

Popular posts from this blog

စစ်ရာဇဝတ်မှုနှင့် ULA/AA

အနာဂါတ်ရခိုင်နှင့် မျက်နှာချင်းဆိုင်လာရမည့် စကားလုံးဝေါဟာရများ-1

တောင်ကိုးရီးယား၏ (1961)ခုႏွစ္မှ (1988)ခုနှစ် အထိ 27 နှစ်ကာလအကြား စီးပွားရေးတိုးတက်မှုကိုလေ့လာခြင်း