အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း-၁
အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအား ရိုက်ချိုးခြင်း-၁
ဝါရှင်တန်နှင့် လန်ဒန်အတွက် လက်ရှိမကြုံစဖူးဆောင်ရွက်ချက်က ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အောင်မြင်နိုင်မှုကိုပြသနေသည်။ ထိုပြင် ဆက်လက်ဆောင်ရွက်ရန်ရှိသော အချက္များကိုလည်းပြသနေသည်။
ပြီးခ့ဲသော လ က အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့သည် အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ရန် တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက္မှုကို မြင့်တင်လိုက်ကြသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကမ္ဘောဒီးယား မင်းသားအုပ်စု (Cambodias Prince Group- CPG) နှင့် ဆက်စပ်သော လူပုဂ္ဂိုလ် ၁၄၆ ဦးနှင့် လုပ်ငန်းစုများကို ပိတ်ဆို့အရေးယူလိုက်သည်။ CPG ၏ ဥက္ကဌမှာ ချင်ဇီ (Chen Zhi) ဖြစ်သည်။ CPG သည် ပျံနှံ့လာသော သတင်းများအရ အွန်လိုင်းပေါ်တွင် ပစ်မှုများ၊ ငွေကြေးခဝါချမှုများနှင့် လူကုန္ကူးမှုများကထိုသို့လုပ္ငန်းများနှင့် သက်ဆိုင်နေသည်ဟုဆိုသည်။ စုံစမ်းစစ်ဆေးသူများက ဗြိတိန်ရှိ တန်ဖိုးကြီး အိမ်ခြံမြေ လုပ်ငန်းတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၄ ဘီလီယံတန်ဖိုးရှိ ဘစ်ကွိုင်ပေါင်း တစ်သိန်းနှစ်သောင်းခုနှစ်ထောင် (၁၂၇,၀၀၀) ကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ပြီးခ့ဲသော ဆယ်စုနှစ်တစ်လျှောက် အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်ရေးလုပ်ငန်းမှာ ကမ္ဘာတဝန်းရှိ သားကောင်များထံမှ အကျိုးအမြတ် ကြီးကြီးမားမားရခ့ဲသည္။ အမေရိကန်တနိုင်ငံထဲမှာပင် ၂၀၂၄ခု နှစ်အတွင်း ဒေါ်လာ ဆယ်ဘီလီယံ လောက္ဆုံးရှုံးခ့ဲရသည္။ ကမ္ဘောဒီယားရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် နိုင်ငံရေးအာဏာရှိသူများ ပါဝင်ပတ်သက်နေမှုများ၊ ၎င်းတို့၏ ပုဂ္ဂလိက ကြွယ်ဝမှုများ၊ တရားမဝင်လုပ်ငန်းများ နှင့် ပတ်သက္မှုများရှိနေမည်ဟုမေရိကန်နှင့် ဗြိတိန်တို့က ယူဆထားသည်။ ရက်သတ္တပတ်အတွင်း အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက္မည္ဟု အစိုးရက အရိပ်လက္ခဏာပြလာသည်။ ထိုသို့ အရိပ်လက္ခဏာပြသော်လည်း ပြဿနာက နက်ရှိင်းနေဆဲဖြစ်သည်။ တရားမဝင်လုပ်ငန်းများက စီးပွားရေး၊ နိုင်ငံရေးတွင် ဩဇာရှိသူများနှင့် ခြိတ်ဆက်နေသည်။ အစစ်အမှန်အရေးယူပြခြင်းက ထိုသို့ ခြိတ်ဆက်နေသူများအတွက် အန္တရာယ်ရှိနေသည်။
အရှေ့တောင်အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်စီးပွားရေး
အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုစီးပွားရေးအား ခြေရာခံပါက အနည်းဆုံး ၎င်းတို့တွင် အင်အားသုံးခုရှိနေသည်ကို တွေ့ရသည်။
ပထမ ၎င်းတို့တွင် အစားထိုးဖြန့်ဝေ ထုတ်ယူနိုင်သော စနစ်နှင့် အကာအကွယ်တို့ရှိသည်။ ထိုစနစ်နှင့် အကာအကွယ်က ဒေသတစ်ခုလုံးကို ဖြတ်ကျော်ကာ ရှည်လျားသော အစိုးရပုံစံမျိုးဖြစ်နေသည်။
ဒုတိယ တရုတ်များ၏ မသမာသော အရင်းအနှီး (Gray Capital) ရှိနေသည်။ ထို အရင်းအနှီးငွေများသည် ၂၀၁၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေစျေးကွက္ များ၊ ကာစီနိုများ၊ တွက်ရ ချက်ရသော အွန်လိုင်းလောင်းကစားမှုများ၊ ပြစ်မှုမြောက်သော အွန်လိုင်းလောင်းကစားမှုများထဲသို့ စီးဝင်သွားသော ငွေများဖြစ်သည်။
တတိယ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်နေသော ဒီဂျစ်တယ်နှင့် ခရစ်တိုငွေကြေး (Digital and Crypto) ကို ဘဏ္ဍာရေးအရ အခြေခံထားသည်။ ထိုငွေကြေးစနစ်ဖြင့် မျက်ကွယ် (Opaque) ငွေပေးချေစနစ်၊ ပွင့်လင်းမြင်သာမှု အားနည်းသော ငွေပေးချေစနစ်ကို အသုံးပြု၍ တရားမဝင် အကျိုးအမြတ်များကို ရယူနေသည်။
ထိုအင်အားသုံးခုမှာ တစ်ခုချင်းအလိုက် သီခြားရပ်တည်လည်ပတ်နိုင်သည်။ သို့ရာတွင် ထိုအင်အားသုံးခု ပေါင်း၍ အသေးစား၊ တင်းကျပ်မှုမရှိသော ပြစ်မှုများကို နိုင်ငံရေးနှင့် စီးပွားရေးပါဝါရှိသော နိုင်ငံဖြတ်ကျော် လုပ်ငန်းစုများ၏ အရိပ်ကိုခို၍ အွန်လိုင်းတွင် ကျူးလွန်ကြသည်။
အရှေ့တောင်အာရှ၏ ပျက်ယွင်းဗြူရိုကရေစီ
အရှေ့တောင်အာရှ တစ်ခွင်လုံးတွင် အများစုမှာ အာဏာကို လူပုဂ္ဂိုလ်ဆိုင်ရာ ဩဇာလွမ်းမိုးမှုဖြင့် ထိန်းချုပ်ထားတတ်သည်။ အရင်းအမြစ်များကို ထိန်းချုပ်ထားတတ်သည်။ ပုံမှန်အင်စတီကျူးရှင်းများဖြင့် အာဏာနှင့် အရင်းအမြစ်ကို ထိန်းချုပ်ကြသည်မဟုတ်ပေ။ နိုင်ငံရေးသမားများနှင့် အရာရှိအရာခံများမှာ စီးပွားရေးမိတ်ဖက်အုပ်စုများ၊ စစ်ဘက်အရာရှိများနှင့် ဒေသဆိုင်ရာ ပွဲစားများကို မှီခိုထားသည်။ ငွေကြေး၊ သစ္စာခံမှုနှင့် အငြင်းပွားမှုများ စသည့်ကိစ္စများဖြစ်လာလျှင် နိုင်ငံရေးသမားများနှင့် အရာရှိအရာခံများမှာ ထိုအရာများကို မှီခို အားထားဖြေရှင်းကြသည်ကို ဆိုလိုရင်းဖြစ်သည်။ ထိုက့ဲသို့ အုပ်စုများအချင်းချင်းဆက်ဆံရေးမှာ နိုင်ငံတော်၏ နည်းလမ်းအဖြစ်ပင် များစွာအမြစ်တွယ်နေပြီဖြစ်သည်။ထိုနည်းလမ်းမှာ စစ်အေးခေတ် မဟာမိတ်များ သုံးခ့ဲသည့္ အုပ်ချုပ်မှုစွမ်းရည် နှိမ့်ကျမှု (limited bureaucratic capacity) ဖြင့် ကွဲပြားခြားနားသော နယ်မြေများကို ထိန်းချုပ်ရန် လက်ဝေခံစီမံခန့်ခွဲသူကို ရှာသော နည်းလမ်းမျိုးဖြစ်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့အသုံးပြုနေသော နိုင်ငံရေးစနစ်က ဂွင်ဖန်ရန် ငွေရှာရန် အသုံးတည့်လာတော့သည်။ တရားမဝင်နည်းလမ်းများဖြင့် ဂွင်ဖန် ငွေရှာကာ အကျိုးအမြတ်နှင့် အပြန်အလှန်အကာအကွယ်ပေးမည့် ကွန်ရက်ကို ထူထောင်နိုင်လာတော့သည်။
ဤသည်ကား အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုတွင္ ပထမ အင်အား ဖြစ်သော အစားထိုးဖြန့်ဝေ ထုတ်ယူနိုင်သော စနစ်နှင့် အကာအကွယ်က ဒေသတစ်ခုလုံးကို ဖြတ်ကျော်ကာ ရှည်လျားသော အစိုးရပုံစံမျိုးဖြစ်နေခြင်း အတွက် ရေခံမြေခံကို မြင်သာစေသည်။
တရုတ်တို့၏ အရင်းအနှီးထုထည်
၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် တရုတ်တို့၏ အရင်းအနှီးများသည် ထိုစနစ်ထဲသို့ လိမ့်ဝင်လာတော့သည်။ အဘယ်ကြောင့် ထို အရင်းအနှီးများမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းသို့ ဝင်သွားရပါသနည်း။ အကြောင်းရင်းခံဇစ်မြစ်က ရှီကျင်ဖျင်၏ တရုတ်ပြည်တွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အရင်းအနှီးများအား ထိန်းချုပ်သည့်စနစ် (Capital control measures) ကြောင့်ဖြစ်သည်။ ရှီကျင့်ဖျင်က ထိုနှစ်ချက်တွင် အောင်မြင်မှုရသည်အထိ လက္သံပြောင္ခ့ဲသည္။ ဤတွင် မဟုတ်တမ်းတရားများဖြင့် ဖောသီအဆီယစ်နေသော သူများက လန့်ဖြတ်ကုန်တော့သည်။ လန့်ဖြတ်ကုန်တော့ ၎င်းတို့၏ မသာမာသော ငွေကြေး (Gray Money)နှင့် ဆုံးရှုံးနိုင်ဖွယ်ရှိသော ငွေကြေး (Speculative Money)တို့ကို ပြည်ပကို ထုတ်တော့သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ဇတ်ရှိန်တက်လာသည်။ ဤတွင် မှတ်ပုံမတင်ထားသော ပိုင်ဆိုင်မှု ဓန (Unregistered Wealth) အပေါ် တရားစီရင်ခံရမှုမှ လုံခြုံစေရန် အွန်လိုင်းလောင်းကစားမှုသို့ ရောက်ကုန်သည်။ ၂၀၁၈- ၁၉ ခုနှစ်များအတွင္းအားပြင်းသော အကန့်အသတ်များဖြင့် တရုတ်ပြည်၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ အပြင်ပတ်ဝန်းကျင်ကမ္ဘာကို စီးဆင်းလာတော့သည်။
ကမ္ဘောဒီယား၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်တို့၏ အခြေအနေက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် ရေခံမြေခံကောင်းလွန်းနေသည်။ မြေယာအရှုပ်အရှင်းကိုလည်း ဂရုစိုက်စရာမလို၊ လုပ်ငန်းလိုင်စင် မရမည်ကိုလည်း ပူစရာမလို၊ လုံခြုံရေးဆိုသည်မှာလည်း ရှာစရာမလို။ အစိုးရအရာရှိများ၊ ခရိုနီတိုက်ကွန်းများ၊ စစ်ဘက်ဆိုင်ရာ ပွဲစားပေါင်းကူများဖြင့် အလွမ်းသင့်ရလွယ်သည်။ ကာစီနိုများ၊ စက်မှုဇုန်များ၊ အိမ်ခြံမြေစျေးကွက္များက မသာမာ ငွေကို သွပ်သွင်းနိုင်သည် ပြွန်ပိုက္များဖြစ်သည်။ အာဏာလုပ်ပိုင်ခွင့်နှင့် နီးစပ်သော ဒေသဆိုင်ရာ အီလစ်လူ့မလိုင် များက ရှယ်ယာယူလျှက် တရားဝင်မှုအရပင် ကာကွယ်ပေးလျက်ရှိသည်။
ကိုဗစ်ကာလအတွင်း ထိုမသာမာငွေကြေးများ စီးဆင်းရန် ခြေခင်းလက်ခင်းက သာလွန်းလှသည်။ နယ်စပ်တွေပိတ်၊ ခရီးသွားလုပ်ငန်းများပြိုလဲချိန် ကာစီနို၊ အိမ်ခြံမြေစျေးကွက်နှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတို့အတွက် လွတ်လွတ်လပ်လပ် ငွေဝင်ငွေထွက် လုပ်နိုင်ကြပြီ။ အတင်းအကြပ်စေခိုင်းရန် လုပ္သားအတွက် လူကုန်ကူးမှုနှင့် ခြိတ်ဆက်လာနိုင်သည်။ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးကို ဖြတ်ကျော်၍ အတင်းအကြပ်ခိုင်းစေမည့် လုပ်သားများကို ရှာဖွေလာကြသည်။
ဆက်ရန်
The diplomat တွင်ဖော္ပြထားသော cracking-southeast-asias-scam-economy ကို ပြန်ဆိုသည်။
Comments
Post a Comment